Home
မြန်မာသတင်း
ရှမ်းပြည်နယ်တွင် ဘိန်းဖြူနှင့် အိုက်စ် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
DVB
·
August 26, 2019
68959572_3439696272722629_8297155965740908544_n
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်နဲ့   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်မှာ ဘိန်းဖြူတွေနဲ့ အိုက်စ်မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ ဩဂုတ် ၂၅ ရက် ညနေ ၄ နာရီလောက်က မိုင်းပျဉ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ  ကျိုင်းတုံ-တောင်ကြီးသွား ကားလမ်း(၁၆)မိုင် လမ်းဆုံအနီးမှာ လီဟား(၃၆)နှစ် မောင်းနှင်လာတဲ့ Revo ယာဉ်ကို စစ်ဆေးရာ ယာဉ်နောက်ခန်းမှာ ကျောပိုးအိတ် ၃၈ လုံးနဲ့ထည့်ထားတဲ့  အိုက်စ် ၇၆၂ ကီလိုကို ဖမ်းဆီးရမိခဲ့တာပါ။ အလားတူ နမ့်ခမ်းမြို့မှာလည်း  ဩဂုတ် ၂၅ ရက် ၆နာရီခွဲအချိန်လောက်က  ဘိန်းဖြူ ၂၂၀ ဂရမ်နဲ့ စိတ်ကြွဆေးပြား ၅၇၀၀ ပြားဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ နမ့်ခမ်းမြို့အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေက သတင်းအရ နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက် အစွန်လယ်ကွင်းတောစပ်ရှိ ယာယီတဲတွေထဲ ဝင်ရောက်ရှာဖွေရာ ယောထုံ(ခ)အောင်ဂျာ(၃၈)နှစ်ပါ ကျား ၄ ဦးကို တွေ့ရှိရပြီး ခရီးဆောင်အိတ်ထဲကနေ ဘိန်းဖြူ ၂၂၀ ဂရမ်၊ 88/1 စာတမ်းပါ စိတ်ကြွဆေးပြား ၅၇၀၀ ပြား၊ ငွေ ၅၀,၀၀၀ ကျပ်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးသတင်းအရ သိရပါတယ်။  အဆိုပါမူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိသူတွေကို မူးယစ်ဆေးဝါးနှ င့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ သက်ဆိုင်ရာ  ရဲစခန်းတွေက အမှုဖွင့် အရေးယူထားပါတယ်။ ဓာတ်ပုံ- MOH
ရွမ္းျပည္နယ္တြင္ ဘိန္းျဖဴႏွင့္ အိုက္စ္ မူးယစ္ေဆးဝါးမ်ားဖမ္းဆီးရမိ DVB ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းပ်ဥ္းၿမိဳ႕နယ္နဲ႔ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ နမ့္ခမ္းၿမိဳ႕နယ္မွာ ဘိန္းျဖဴေတြနဲ႔ အိုက္စ္မူးယစ္ေဆးဝါးေတြ ဖမ္းဆီးရမိခဲ့တယ္လို႔ ျပည္ထဲေရးက သတင္းထုတ္ျပန္ပါတယ္။ ဩဂုတ္ ၂၅ ရက္ ညေန ၄ နာရီေလာက္က မိုင္းပ်ဥ္းၿမိဳ႕နယ္အတြင္း လုံၿခဳံေရးေဆာင္႐ြက္ေနတဲ့ တပ္ဖြဲ႕ဝင္ေတြဟာ က်ိဳင္းတုံ-ေတာင္ႀကီးသြား ကားလမ္း(၁၆)မိုင္ လမ္းဆုံအနီးမွာ လီဟား(၃၆)ႏွစ္ ေမာင္းႏွင္လာတဲ့ Revo ယာဥ္ကို စစ္ေဆးရာ ယာဥ္ေနာက္ခန္းမွာ ေက်ာပိုးအိတ္ ၃၈ လုံးနဲ႔ထည့္ထားတဲ့ အိုက္စ္ ၇၆၂ ကီလိုကို ဖမ္းဆီးရမိခဲ့ပါသည္။ အလားတူ နမ့္ခမ္းၿမိဳ႕မွာလည္း ဩဂုတ္ ၂၅ ရက္ ၆နာရီခြဲအခ်ိန္ေလာက္က ဘိန္းျဖဴ ၂၂၀ ဂရမ္နဲ႔ စိတ္ႂကြေဆးျပား ၅၇၀၀ ျပားဖမ္းဆီးရမိခဲ့တယ္လို႔ ဆိုပါတယ္။ နမ့္ခမ္းၿမိဳ႕အတြင္း လုံၿခဳံေရးေဆာင္႐ြက္ေနတဲ့ တပ္ဖြဲ႕ဝင္ေတြက သတင္းအရ နမ့္ခမ္းၿမိဳ႕၊ သာယာကုန္းရပ္ကြက္ အစြန္လယ္ကြင္းေတာစပ္ရွိ ယာယီတဲေတြထဲ ဝင္ေရာက္ရွာေဖြရာ ေယာထုံ(ခ)ေအာင္ဂ်ာ(၃၈)ႏွစ္ပါ က်ား ၄ ဦးကို ေတြ႕ရွိရၿပီး ခရီးေဆာင္အိတ္ထဲကေန ဘိန္းျဖဴ ၂၂၀ ဂရမ္၊ 88/1 စာတမ္းပါ စိတ္ႂကြေဆးျပား ၅၇၀၀ ျပား၊ ေငြ ၅၀,၀၀၀ က်ပ္တို႔ကို ေတြ႕ရွိသိမ္းဆည္းရမိခဲ့တယ္လို႔ ျပည္ထဲေရးသတင္းအရ သိရပါတယ္။ အဆိုပါမူးယစ္ေဆးဝါးေတြနဲ႔ ဖမ္းဆီးရမိသူေတြကို မူးယစ္ေဆးဝါးႏွ င့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ သက္ဆိုင္ရာ ရဲစခန္းေတြက အမႈဖြင့္ အေရးယူထားပါတယ္။ ဓာတ္ပုံ- MOH
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024