လစ်ဗျားနိုင်ငံ ထရီပိုလီလေဆိပ် ယာဉ်ရပ်နားစခန်း ဒုံးကျည်ထိမှန်

Workers remove a damaged civilian vehicle, after a missile hit the terminal's park of Mitiga airport in Tripoli, Libya August 24, 2019. REUTERS/Ismail Zitouny
လစ်ဗျားနိုင်ငံရဲ့ မြို့တော် ထရီပိုလီမှာရှိတဲ့ လေဆိပ်ရဲ့ ယာဉ်ရပ်နားစခန်းကို သြဂုတ် ၂၄ ရက်က ဒုံးကျည်တစင်း ထိမှန်ခဲ့ပါတယ်။  ဒီလေဆိပ်ဟာ တနိုင်ငံလုံးမှာ လုပ်ငန်းလည်ပတ်နေတဲ့ တကွင်းတည်းသော လေဆိပ်ပါ။ လေကြောင်းခရီးစဉ် ၂ ခုက လေယာဉ်တွေ ဆိုက်ရောက်ချိန်မှာ မီတီဂါလေဆိပ်ကို ဒုံးကျည်သင့် ခဲ့တယ်လို့ လေဆိပ်ရဲ့ အင်တာနက် စာမျက်နှာက ဖော်ပြပါတယ်။ လေဆိပ် ယာဉ်ရပ်နားစခန်း ဒုံးကျည်ထိမှန်တာကြောင့် ဒဏ်ရာရသူတော့ မရှိဘူးလို့ မျက်မြင်သက်သေက ပြောပါတယ်။ ဗိုလ်ချုပ်ကြီး ခါလီဖှာဟဲ့ဖှ်တာကို သစ္စာခံတဲ့ နိုင်ငံအရှေ့ပိုင်း စစ်တပ်တွေက လစ်ဗျားမြို့တော် ကို သိမ်းဖို့ ထိုးစစ်ဆင်လာပြီးတည်းက မီတီဂါ လေဆိပ်ဟာ အကြိမ်ကြိမ် ပစ်ခတ်ခံ နေရတာပါ။  ခုတော့ ထရီပိုလီမြို့တော်ကို နိုင်ငံတကာ အသိအမှတ်ပြု အစိုးရက တပ်စွဲထားပါတယ်။ တိုက်ခိုက်နေတဲ့ စစ်တပ်တွေက ထရီပိုလီ တောင်ပိုင်း ခံတပ်တွေကို မထိုးဖောက်နိုင်ခဲ့ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version လစ္ဗ်ားႏိုင္ငံ ထရီပိုလီေလဆိပ္ ယာဥ္ရပ္နားစခန္း ဒုံးက်ည္ထိမွန္ လစ္ဗ်ားႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ ထရီပိုလီမွာရွိတဲ့ ေလဆိပ္ရဲ႕ ယာဥ္ရပ္နားစခန္းကို ၾသဂုတ္ ၂၄ ရက္က ဒုံးက်ည္တစင္း ထိမွန္ခဲ့ပါတယ္။ ဒီေလဆိပ္ဟာ တႏိုင္ငံလုံးမွာ လုပ္ငန္းလည္ပတ္ေနတဲ့ တကြင္းတည္းေသာ ေလဆိပ္ပါ။ ေလေၾကာင္းခရီးစဥ္ ၂ ခုက ေလယာဥ္ေတြ ဆိုက္ေရာက္ခ်ိန္မွာ မီတီဂါေလဆိပ္ကို ဒုံးက်ည္သင့္ ခဲ့တယ္လို႔ ေလဆိပ္ရဲ႕ အင္တာနက္ စာမ်က္ႏွာက ေဖာ္ျပပါတယ္။ ေလဆိပ္ ယာဥ္ရပ္နားစခန္း ဒုံးက်ည္ထိမွန္တာေၾကာင့္ ဒဏ္ရာရသူေတာ့ မရွိဘူးလို႔ မ်က္ျမင္သက္ေသက ေျပာပါတယ္။ ဗိုလ္ခ်ဳပ္ႀကီး ခါလီဖွာဟဲ့ဖွ္တာကို သစၥာခံတဲ့ ႏိုင္ငံအေရွ႕ပိုင္း စစ္တပ္ေတြက လစ္ဗ်ားၿမိဳ႕ေတာ္ ကို သိမ္းဖို႔ ထိုးစစ္ဆင္လာၿပီးတည္းက မီတီဂါ ေလဆိပ္ဟာ အႀကိမ္ႀကိမ္ ပစ္ခတ္ခံ ေနရတာပါ။ ခုေတာ့ ထရီပိုလီၿမိဳ႕ေတာ္ကို ႏိုင္ငံတကာ အသိအမွတ္ျပဳ အစိုးရက တပ္စြဲထားပါတယ္။ တိုက္ခိုက္ေနတဲ့ စစ္တပ္ေတြက ထရီပိုလီ ေတာင္ပိုင္း ခံတပ္ေတြကို မထိုးေဖာက္ႏိုင္ခဲ့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up