နေမာ နေရာအတွက် ပဲလေ့စ်တိုက်စစ်မှူး ဇာဟာကိုခေါ်ရန် PSG ပြင်ဆင်

Photo : Getty Images
အသင်းကနေ ထွက်ခွာတော့မယ့် တိုက်စစ်မှူး နေမာ နေရာမှာ အစားထိုးနိုင်ဖို့ ခရစ္စတယ်ပဲလေ့စ့်အသင်း တိုက်စစ်မှူး ဇာဟာကို ပေါင်သန်း ၁၀၀ နဲ့ ခေါ်ယူနိုင်ရေး ပီအက်စ်ဂျီက ပြင်ဆင်လာပါတယ်။ ဇာဟာကို ခေါ်ယူဖို့ အာဆင်နယ် အပါအဝင် ဥရောပအသင်းကြီး အတော်များများက မျက်စိကျနေပေမယ့် ပီအက်စ်ဂျီအသင်းရဲ့ စိတ်ဝင်စားမှုကတော့ ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။  ဇာဟာဟာ ပဲလေစ့်အသင်းနဲ့ တပတ်လုပ်ခ ပေါင် ၁၃၀၀၀၀ တန်ကြေးရှိ ၅ နှစ်စာချုပ်ကို မကြာသေးခင်ကမှ ချုပ်ဆိုထားခဲ့တာကြောင့် သူ့ရဲ့ ပြောင်းရွှေ့ကြေးကတော့ ပေါင်သန်း ၁၀၀ နီးပါးရှိနေခဲ့တာ ဖြစ်ပါတယ်။  ပီအက်စ်ဂျီအသင်းကတော့ နေမာထံကနေ ပေါင်သန်း ၂၀၀ လောက်ရရှိမှာ ဖြစ်တာကြောင့် ဇာဟာအတွက် ပေါင်သန်း ၁၀၀ လောက်ကိုတော့ မျက်စိမှိတ်ပေးချေနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ပေါ်လိုဒီဘားလားနဲ့ စပါး ကွင်းလယ်ကစားသမား ခရစ္စတီယန်အဲရစ်ခ်ဆင်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့လည်း သတင်းတွေ ထွက်နေခဲ့ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ေနမာ ေနရာအတြက္ ပဲေလ့စ္တိုက္စစ္မႉး ဇာဟာကိုေခၚရန္ PSG ျပင္ဆင္ အသင္းကေန ထြက္ခြာေတာ့မယ့္ တိုက္စစ္မႉး ေနမာ ေနရာမွာ အစားထိုးႏိုင္ဖို႔ ခရစၥတယ္ပဲေလ့စ့္အသင္း တိုက္စစ္မႉး ဇာဟာကို ေပါင္သန္း ၁၀၀ နဲ႔ ေခၚယူႏိုင္ေရး ပီအက္စ္ဂ်ီက ျပင္ဆင္လာပါတယ္။ ဇာဟာကို ေခၚယူဖို႔ အာဆင္နယ္ အပါအဝင္ ဥေရာပအသင္းႀကီး အေတာ္မ်ားမ်ားက မ်က္စိက်ေနေပမယ့္ ပီအက္စ္ဂ်ီအသင္းရဲ႕ စိတ္ဝင္စားမႈကေတာ့ ပထမဆုံးအႀကိမ္ပဲ ျဖစ္ပါတယ္။ ဇာဟာဟာ ပဲေလစ့္အသင္းနဲ႔ တပတ္လုပ္ခ ေပါင္ ၁၃၀၀၀၀ တန္ေၾကးရွိ ၅ ႏွစ္စာခ်ဳပ္ကို မၾကာေသးခင္ကမွ ခ်ဳပ္ဆိုထားခဲ့တာေၾကာင့္ သူ႔ရဲ႕ ေျပာင္းေ႐ႊ႕ေၾကးကေတာ့ ေပါင္သန္း ၁၀၀ နီးပါးရွိေနခဲ့တာ ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းကေတာ့ ေနမာထံကေန ေပါင္သန္း ၂၀၀ ေလာက္ရရွိမွာ ျဖစ္တာေၾကာင့္ ဇာဟာအတြက္ ေပါင္သန္း ၁၀၀ ေလာက္ကိုေတာ့ မ်က္စိမွိတ္ေပးေခ်ႏိုင္တယ္လို႔ သုံးသပ္ေနၾကပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ ဂ်ဴဗင္တပ္စ္တိုက္စစ္မႉး ေပၚလိုဒီဘားလားနဲ႔ စပါး ကြင္းလယ္ကစားသမား ခရစၥတီယန္အဲရစ္ခ္ဆင္ကို ေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔လည္း သတင္းေတြ ထြက္ေနခဲ့ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up