Home
မြန်မာသတင်း
ထောင်တွင်း အကျဉ်းသားအချင်းချင်း ရိုက်နှက်မှုကြောင့် အောင်သပြေရွာသား သေဆုံးခြင်းဖြစ်ဟု ရဲတပ်ဖွဲ့ပြော
DVB
·
August 25, 2019
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းက အောင်သပြေကျေးရွာ ပဋိပက္ခဖြစ်စဉ်ကြောင့် အိုးဘိုထောင်အတွင်းကနေ အမှုရင်ဆိုင်စဉ် သေဆုံးခဲ့ရတဲ့ အောင်သပြေကျေးရွာသားတဦးဟာ အကျဉ်းစခန်းအတွင်း အရက်ကြောင့် စိတ်ကစဉ့််ကလျား ဖြစ်နေစဉ် အကျဉ်းသားအချင်းချင်း ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ မန္တ​လေးတိုင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ အောင်သပြေကျေးရွာ ပဋိပက္ခ ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အိုးဘိုထောင်အတွင်း ထိန်းသိမ်းခံထားရစဉ် သေဆုံးခဲ့ရတဲ့ အောင်သပြေကျေးရွာသား ကိုထွန်းမြင့်ဝင်း ခေါ် ကိုထွန်းနဲ့ ပတ်သက်လို့ နှစ်လကြာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးတဲ့နောက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၂၄ ရက်နေ့က မန္တ​လေးတိုင်း ရဲတပ်ဖွဲ့ရုံးမှာ ပြုလုပ်စဉ် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုလွင်က ခုလို ပြောကြားခဲ့တာပါ။ ကိုထွန်းမြင့်ဝင်း သေဆုံးမှုအပေါ် လူမှုကွန်ရက်ပေါ်မှာ ထင်မြင်ချက်မျိုးစုံနဲ့ ဝေဖန်ရေးသား ပြောဆိုနေတာကို တွေ့ရပြီး အဆိုပါ သေဆုံးမှုဟာ အကျဉ်းသားအချင်းချင်းကြောင့် သေဆုံးတာ မဟုတ်ဘဲ ရဲနဲ့ အကျဉ်းစခန်းက ဝန်ထမ်းတွေရဲ့ နှိပ်စက်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ ရေးသားမှုတွေဟာ ဖတ်ရှုသူတွေကို ထင်ယောင်ထင်မှား ဖြစ်စေတာကြောင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရတာလို့ ဆိုပါတယ်။ ကိုထွန်းမြင့်ဝင်းဟာ မေ ၁၅ ရက်နေ့က အယ်လ်ဖာဘိလပ်မြေစက်ရုံအတွင်း ဆိုင်ကယ် ၄ စီး၊ မီးစက် ၂ လုံး၊ ကား ၂ စီးကို မီးရှို့ဖျက်ဆီးပြီး၊ ကား ၅ စီးကို မှန်တွေ ရိုက်ခွဲဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ်မှာ ပါဝင်ခဲ့တာကြောင့် အမှုဖွင့်လှစ် ဖမ်းဆီးခံထားရတာလို့ ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။ ကိုထွန်းမြင့်ဝင်းကို ဇွန် ၂ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးစဉ်ကလည်း အသာတကြည် အဖမ်းခံခဲ့တာ ဖြစ်ကြောင်း၊ ဖမ်းမိတဲ့နေ့ဟာ တနင်္ဂနွေနေ့ ဖြစ်တာကြောင့် ရဲစခန်းမှာပဲ ထိန်းသိမ်းစစ်ဆေးကာ ဇွန်လ ၃ရက်နေ့မှာ တရားရုံးရဲ့ ချုပ်မိန့် ရမန်တောင်းယူခဲ့တယ်လို့ ဆိုပါတယ်။  အဲဒီနေ့ ညနေ လေးနာရီခွဲမှာ ဗဟိုအကျဉ်းထောင်ကို ပို့ဆောင်ခဲ့ပြီး အိုးဘိုအကျဉ်းထောင်က အဆောင် ၃ အခန်း ၄ မှာ နေရာချထားခဲ့တယ်လို့ ပြောပါတယ်။ အဲဒီနေ့ ည ၉ နာရီခန့်မှာ ကိုထွန်းမြင့်ဝင်းဟာ စိတ်ကစဉ့်ကလျားဖြစ်ပြီး အချုပ်ခန်းအတွင်း ပတ်ပြေးနေကြောင်းနဲ့ တံခါးမကြီးရဲ့ တံခါးပေါက်သံတိုင်တွေကို လှုပ်ယမ်းနေတာကြောင့် အဆိုပါ အချုပ်ခန်းအတွင်းက အကျဉ်းသား စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေက ထိန်းသိမ်းခဲ့တယ်လို့ ရဲမှူးကြီး ကိုကိုလွင်က ပြောပါတယ်။ ဇွန် ၄ ရက်နေ့ နေ့လယ် ၂ နာရီမှာ အရက်ကြောင့် စိတ်ကစဉ့်ကလျားဖြစ်နေတဲ့ ကိုထွန်းမြင့်ဝင်းကို အကျဉ်းထောင်အတွင်းက ဆေးရုံကို ပို့ဆောင်ကာ ဆေးကုသပေးနေတုန်းမှာ ဇွန် ၅ ရက်နေ့ မနက် ခုနစ်နာရီမှာ သေဆုံးသွားတာလို့ ရဲမှူးကြီးကိုကိုလွင်က ပြောပါတယ်။ “ထောင်ထဲမှာ စစ်ဆေးတဲ့အချိန်မှာ သူရဲ့ စိတ်ကစဉ့်ကလျားဖြစ်မှုတွေကြောင့် တခြားသူတွေပါ အနှောင့်အယှက်ဖြစ်ရတဲ့ အနေအထား၊ တညလုံး ပတ်ပြေးနေတာတို့ သံတိုင်တံခါးတွေကို လှုပ်ယမ်းတာတို့ ဒီလိုအခြေအနေတွေလည်း တွေ့ရတယ်ဆိုတဲ့အကြောင်း ဖြေကြားလိုပါတယ်” လို့ ရဲမှူးကြီး ကိုကိုလွင်က ပြောပါတယ်။ သေဆုံးမှုကြောင့် သေမှုသေခင်းရေးဖွင့်ကာ မန္တ​လေးဆေးရုံကြီးမှာ ရင်ခွဲစစ်ဆေးတဲ့အခါ လည်ပင်းမှာရရှိတဲ့ ဒဏ်ရာကြောင့် ဦးနှောက် အမြှေးပါးအောက် သွေးလွန်ပြီး ဦးနှောက်ပိညှပ်  သေဆုံးခဲ့ရတယ်လို့ ဆေးစာအရ သိရတဲ့အတွက် အမှတ် ၂ နယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေအရ ပုဒ်မ ၃၀၂ နဲ့ ပြောင်းလဲဖွင့်လှစ်ခဲ့တယ်လို့ ဆိုပါတယ်။ အကျဉ်းသား သေဆုံးမှုအတွက် အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့အပြင် အထူးအမှုစစ်အဖွဲ့တို့က စစ်ဆေးတဲ့အခါ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် ၁၅ နှစ်ကျခံနေရတဲ့ အကျဉ်းသား ကိုမြတ်ကိုဦး ခေါ် မြတ်ကိုနဲ့ ခိုက်ရန်ဖြစ်ပွားပြီး ထိုးကြိတ်ရိုက်နှက်တာ၊ တုတ်နဲ့ ရိုက်နှက်တာတွေကြောင့် သေဆုံးမှုကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။ ဒီဖြစ်စဉ်မှာ အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကိုယ်ထိလက်ရောက် ရိုက်နှက်တာ မရှိကြောင်းနဲ့ အကျဉ်းသား သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အတွက် အိပ်ဆောင်တာဝန်ခံ၊ အိပ်ဆောင်ဒုတိယတာဝန်ခံ အပါအဝင် အိပ်ဆောင်တာဝန်ကျ ဝန်ထမ်း ၆ ဦးကို ဌာနတွင်း စုံစမ်းစစ်ဆေးပြီး ထိရောက်စွာ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ရဲမှူးကြီးကိုကိုလွင်က ပြောပါတယ်။ ကျောက်မီးသွေးလောင်စာသုံး ဘိလပ်မြေစက်ရုံကို ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီး တည်ဆောက်ဖို့ ဆောင်ရွက်နေတာနဲ့ ပက်သက်လို့ အောင်သပြေကျေးရွာ ဒေသခံတချိုက ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြတာဖြစ်ပြီး ဒေသခံတချို့ဟာ တည်ဆဲဥပဒေတွေအရ ဖမ်းဆီးခံရမှုတွေ၊ ထောင်ဒဏ်ကျခံရမှုတွေအပြင် ထွက်ပြေး တိမ်းရှောင်နေရသူတွေ ရှိတယ်လို့လည်း သိရပါတယ်။ ထိန်ထိန်လင်း ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ေထာင္တြင္း အက်ဥ္းသားအခ်င္းခ်င္း ႐ိုက္ႏွက္မႈေၾကာင့္ ေအာင္သေျပ႐ြာသား ေသဆုံးျခင္းျဖစ္ဟု ရဲတပ္ဖြဲ႕ေျပာ မႏၲေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္အတြင္းက ေအာင္သေျပေက်း႐ြာ ပဋိပကၡျဖစ္စဥ္ေၾကာင့္ အိုးဘိုေထာင္အတြင္းကေန အမႈရင္ဆိုင္စဥ္ ေသဆုံးခဲ့ရတဲ့ ေအာင္သေျပေက်း႐ြာသားတဦးဟာ အက်ဥ္းစခန္းအတြင္း အရက္ေၾကာင့္ စိတ္ကစဥ့္္ကလ်ား ျဖစ္ေနစဥ္ အက်ဥ္းသားအခ်င္းခ်င္း ႐ိုက္ႏွက္မႈေၾကာင့္ ေသဆုံးခဲ့ရတယ္လို႔ မႏၲ​ေလးတိုင္း ရဲတပ္ဖြဲ႕ကေျပာပါတယ္။ ေအာင္သေျပေက်း႐ြာ ပဋိပကၡ ျဖစ္စဥ္မွာ ပါဝင္ခဲ့တဲ့အတြက္ ၿပီးခဲ့တဲ့ ဇြန္လ ၂ ရက္ေန႔မွာ ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ၿပီး အိုးဘိုေထာင္အတြင္း ထိန္းသိမ္းခံထားရစဥ္ ေသဆုံးခဲ့ရတဲ့ ေအာင္သေျပေက်း႐ြာသား ကိုထြန္းျမင့္ဝင္း ေခၚ ကိုထြန္းနဲ႔ ပတ္သက္လို႔ ႏွစ္လၾကာ စုံစမ္းစစ္ေဆးမႈ ျပဳလုပ္ၿပီးတဲ့ေနာက္ သတင္းစာရွင္းလင္းပြဲကို ဩဂုတ္ ၂၄ ရက္ေန႔က မႏၲ​ေလးတိုင္း ရဲတပ္ဖြဲ႕႐ုံးမွာ ျပဳလုပ္စဥ္ တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕ ဒုတိယတိုင္းရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီး ကိုကိုလြင္က ခုလို ေျပာၾကားခဲ့တာပါ။ ကိုထြန္းျမင့္ဝင္း ေသဆုံးမႈအေပၚ လူမႈကြန္ရက္ေပၚမွာ ထင္ျမင္ခ်က္မ်ိဳးစုံနဲ႔ ေဝဖန္ေရးသား ေျပာဆိုေနတာကို ေတြ႕ရၿပီး အဆိုပါ ေသဆုံးမႈဟာ အက်ဥ္းသားအခ်င္းခ်င္းေၾကာင့္ ေသဆုံးတာ မဟုတ္ဘဲ ရဲနဲ႔ အက်ဥ္းစခန္းက ဝန္ထမ္းေတြရဲ႕ ႏွိပ္စက္မႈေၾကာင့္ ေသဆုံးခဲ့ရတယ္လို႔ ေရးသားမႈေတြဟာ ဖတ္ရႈသူေတြကို ထင္ေယာင္ထင္မွား ျဖစ္ေစတာေၾကာင့္ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ရတာလို႔ ဆိုပါတယ္။ ကိုထြန္းျမင့္ဝင္းဟာ ေမ ၁၅ ရက္ေန႔က အယ္လ္ဖာဘိလပ္ေျမစက္႐ုံအတြင္း ဆိုင္ကယ္ ၄ စီး၊ မီးစက္ ၂ လုံး၊ ကား ၂ စီးကို မီးရႈိ႕ဖ်က္ဆီးၿပီး၊ ကား ၅ စီးကို မွန္ေတြ ႐ိုက္ခြဲဖ်က္ဆီးခဲ့တဲ့ ျဖစ္စဥ္မွာ ပါဝင္ခဲ့တာေၾကာင့္ အမႈဖြင့္လွစ္ ဖမ္းဆီးခံထားရတာလို႔ ရဲတပ္ဖြဲ႕မႉးက ေျပာပါတယ္။ ကိုထြန္းျမင့္ဝင္းကို ဇြန္ ၂ ရက္ေန႔မွာ ဖမ္းဆီးခဲ့ၿပီး ဖမ္းဆီးစဥ္ကလည္း အသာတၾကည္ အဖမ္းခံခဲ့တာ ျဖစ္ေၾကာင္း၊ ဖမ္းမိတဲ့ေန႔ဟာ တနဂၤေႏြေန႔ ျဖစ္တာေၾကာင့္ ရဲစခန္းမွာပဲ ထိန္းသိမ္းစစ္ေဆးကာ ဇြန္လ ၃ရက္ေန႔မွာ တရား႐ုံးရဲ႕ ခ်ဳပ္မိန႔္ ရမန္ေတာင္းယူခဲ့တယ္လို႔ ဆိုပါတယ္။ အဲဒီေန႔ ညေန ေလးနာရီခြဲမွာ ဗဟိုအက်ဥ္းေထာင္ကို ပို႔ေဆာင္ခဲ့ၿပီး အိုးဘိုအက်ဥ္းေထာင္က အေဆာင္ ၃ အခန္း ၄ မွာ ေနရာခ်ထားခဲ့တယ္လို႔ ေျပာပါတယ္။ အဲဒီေန႔ ည ၉ နာရီခန႔္မွာ ကိုထြန္းျမင့္ဝင္းဟာ စိတ္ကစဥ့္ကလ်ားျဖစ္ၿပီး အခ်ဳပ္ခန္းအတြင္း ပတ္ေျပးေနေၾကာင္းနဲ႔ တံခါးမႀကီးရဲ႕ တံခါးေပါက္သံတိုင္ေတြကို လႈပ္ယမ္းေနတာေၾကာင့္ အဆိုပါ အခ်ဳပ္ခန္းအတြင္းက အက်ဥ္းသား စည္းကမ္းထိန္းသိမ္းေရးအဖြဲ႕ေတြက ထိန္းသိမ္းခဲ့တယ္လို႔ ရဲမႉးႀကီး ကိုကိုလြင္က ေျပာပါတယ္။ ဇြန္ ၄ ရက္ေန႔ ေန႔လယ္ ၂ နာရီမွာ အရက္ေၾကာင့္ စိတ္ကစဥ့္ကလ်ားျဖစ္ေနတဲ့ ကိုထြန္းျမင့္ဝင္းကို အက်ဥ္းေထာင္အတြင္းက ေဆး႐ုံကို ပို႔ေဆာင္ကာ ေဆးကုသေပးေနတုန္းမွာ ဇြန္ ၅ ရက္ေန႔ မနက္ ခုနစ္နာရီမွာ ေသဆုံးသြားတာလို႔ ရဲမႉးႀကီးကိုကိုလြင္က ေျပာပါတယ္။ “ေထာင္ထဲမွာ စစ္ေဆးတဲ့အခ်ိန္မွာ သူရဲ႕ စိတ္ကစဥ့္ကလ်ားျဖစ္မႈေတြေၾကာင့္ တျခားသူေတြပါ အေႏွာင့္အယွက္ျဖစ္ရတဲ့ အေနအထား၊ တညလုံး ပတ္ေျပးေနတာတို႔ သံတိုင္တံခါးေတြကို လႈပ္ယမ္းတာတို႔ ဒီလိုအေျခအေနေတြလည္း ေတြ႕ရတယ္ဆိုတဲ့အေၾကာင္း ေျဖၾကားလိုပါတယ္” လို႔ ရဲမႉးႀကီး ကိုကိုလြင္က ေျပာပါတယ္။ ေသဆုံးမႈေၾကာင့္ ေသမႈေသခင္းေရးဖြင့္ကာ မႏၲ​ေလးေဆး႐ုံႀကီးမွာ ရင္ခြဲစစ္ေဆးတဲ့အခါ လည္ပင္းမွာရရွိတဲ့ ဒဏ္ရာေၾကာင့္ ဦးေႏွာက္ အေျမႇးပါးေအာက္ ေသြးလြန္ၿပီး ဦးေႏွာက္ပိညႇပ္  ေသဆုံးခဲ့ရတယ္လို႔ ေဆးစာအရ သိရတဲ့အတြက္ အမွတ္ ၂ နယ္ေျမရဲစခန္းမွာ ရာဇသတ္ႀကီးဥပေဒအရ ပုဒ္မ ၃၀၂ နဲ႔ ေျပာင္းလဲဖြင့္လွစ္ခဲ့တယ္လို႔ ဆိုပါတယ္။ အက်ဥ္းသား ေသဆုံးမႈအတြက္ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးတဦးပါဝင္တဲ့ စုံစမ္းစစ္ေဆးေရးအဖြဲ႕အျပင္ အထူးအမႈစစ္အဖြဲ႕တို႔က စစ္ေဆးတဲ့အခါ မူးယစ္ေဆးဝါးမႈနဲ႔ ေထာင္ဒဏ္ ၁၅ ႏွစ္က်ခံေနရတဲ့ အက်ဥ္းသား ကိုျမတ္ကိုဦး ေခၚ ျမတ္ကိုနဲ႔ ခိုက္ရန္ျဖစ္ပြားၿပီး ထိုးႀကိတ္႐ိုက္ႏွက္တာ၊ တုတ္နဲ႔ ႐ိုက္ႏွက္တာေတြေၾကာင့္ ေသဆုံးမႈကို စစ္ေဆးေတြ႕ရွိခဲ့ရတယ္လို႔ ရဲမႉးႀကီးက ေျပာပါတယ္။ ဒီျဖစ္စဥ္မွာ အက်ဥ္းဦးစီးဌာန ဝန္ထမ္းေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြက ကိုယ္ထိလက္ေရာက္ ႐ိုက္ႏွက္တာ မရွိေၾကာင္းနဲ႔ အက်ဥ္းသား ေသဆုံးခဲ့ရတဲ့ ျဖစ္စဥ္အတြက္ အိပ္ေဆာင္တာဝန္ခံ၊ အိပ္ေဆာင္ဒုတိယတာဝန္ခံ အပါအဝင္ အိပ္ေဆာင္တာဝန္က် ဝန္ထမ္း ၆ ဦးကို ဌာနတြင္း စုံစမ္းစစ္ေဆးၿပီး ထိေရာက္စြာ အေရးယူဖို႔ ေဆာင္႐ြက္ေနတယ္လို႔ ရဲမႉးႀကီးကိုကိုလြင္က ေျပာပါတယ္။ ေက်ာက္မီးေသြးေလာင္စာသုံး ဘိလပ္ေျမစက္႐ုံကို ပုသိမ္ႀကီးၿမိဳ႕နယ္၊ ေအာင္သေျပေက်း႐ြာအနီး တည္ေဆာက္ဖို႔ ေဆာင္႐ြက္ေနတာနဲ႔ ပက္သက္လို႔ ေအာင္သေျပေက်း႐ြာ ေဒသခံတခ်ိဳက ျပင္းျပင္းထန္ထန္ ကန႔္ကြက္ေနၾကတာျဖစ္ၿပီး ေဒသခံတခ်ိဳ႕ဟာ တည္ဆဲဥပေဒေတြအရ ဖမ္းဆီးခံရမႈေတြ၊ ေထာင္ဒဏ္က်ခံရမႈေတြအျပင္ ထြက္ေျပး တိမ္းေရွာင္ေနရသူေတြ ရွိတယ္လို႔လည္း သိရပါတယ္။ ထိန္ထိန္လင္း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024