Live
Home
မြန်မာသတင်း
မြန်မာလူမှုကွန်ရက်စာမျက်နှာ ၂၀၀ ကျော်ကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှား
DVB
·
August 23, 2019
ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အငြင်းပွားဖွယ် လှုံ့ဆော်မှုတွေနဲ့ မခိုင်လုံ၊ ယုံကြည်လို့မရတဲ့ မြန်မာလူမှုကွန်ရက်စာမျက်နှာ ၂၁၆ ခုကို ဖယ်ရှားခဲ့တယ်လို့ သြဂုတ် ၂၂ ရက်မှာ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ထုတ်ပြန်လိုက်ပါတယ်။ ခုဖယ်ရှားခဲ့တာတွေထဲမှာ ပရိသတ်(Followers) ထောင်သောင်းချီရှိနေတဲ့ အစစ်အမှန် မဟုတ်တဲ့ ဖေ့စ်ဘွတ်ခ်အကောင့် ၈၉ ခု၊ စာမျက်နှာ ၁၀၇ ခု၊ ဖေ့စ်ဘွတ်ခ်အုပ်စု ၁၅ ခု၊ အင်စတာ ဂရမ်အကောင့် ၅ ခုပါဝင်တယ်လို့ ဖေ့စ်ဘွတ်ခ်ရဲ့ ဘလော့ဂ်ပို့စ်မှာ ဖော်ပြလိုက်တာပါ။ ဖေ့စ်ဘွတ်ခ်အနေနဲ့ အရင်ကလည်း မြန်မာပြည်က ရာနဲ့ချီတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်တွေကို ဖယ် ရှားခဲ့ဖူးပြီး အဲဒီအကောင့်တွေထဲမှာ နိုင်ငံတွင်း ဘာသာရေး အကြမ်းဖက်မှု လှုံ့ဆော်တဲ့ အမုန်းစကားတွေ ရေးသားဖော်ပြတဲ့ အကောင့်တွေ၊ မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အကောင့်တွေလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ခုနောက်ဆုံး ဖယ်ရှားပစ်ခဲ့တဲ့ မြန်မာလူမှုကွန်ရက်စာမျက်နှာနဲ့ အကောင့်တွေကတော့ ဖျော်ဖြေရေးနဲ့ သတင်းစာမျက်နှာတွေပေါ်ကတဆင့် တင်တဲ့ပို့စ်ရဲ့ အကြောင်းအရာကြောင့် မဟုတ်ဘဲ သူတို့ရဲ့ ဖေ့ဘွတ်ခ်ပေါ် လှုပ်ရှားဆောင်ရွက်မှုတွေကို အခြေခံပြီး ဖယ်ရှားတာဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ အကောင့်တွေက တဆင့် ရည်ရွယ်ချက်ရှိရှိ တဆင့်ပြန်လည် ကူးယူဖော်ပြတာတွေထဲမှာတော့ ရာဇဝတ်ပြစ်မှုဆိုင်ရာ၊ လူနည်းစုတိုင်းရင်းသားရေးရာ၊ ကျော်ကြားသူတွေနဲ့ စစ်တပ်နဲ့ဆိုင်တဲ့ အကြောင်းအရာတွေ ပါဝင်ပြီး ပုံမှန်မဟုတ်တဲ့ လှုံ့ဆော်မှုတွေ ပါဝင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ျမန္မာလူမႈကြန္ရက္စာမ်က္ႏွာ ၂၀၀ ေက်ာ္ကို ေဖ့စ္ဘြတ္ခ္က ဖယ္ရွား DVB ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ အျငင္းပြားဖြယ္ လႈံ႕ေဆာ္မႈေတြနဲ႔ မခိုင္လုံ၊ ယုံၾကည္လို႔မရတဲ့ ျမန္မာလူမႈကြန္ရက္စာမ်က္ႏွာ ၂၁၆ ခုကို ဖယ္ရွားခဲ့တယ္လို႔ ၾသဂုတ္ ၂၂ ရက္မွာ ေဖ့စ္ဘြတ္ခ္ကုမၸဏီက ထုတ္ျပန္လိုက္ပါတယ္။ ခုဖယ္ရွားခဲ့တာေတြထဲမွာ ပရိသတ္(Followers) ေထာင္ေသာင္းခ်ီရွိေနတဲ့ အစစ္အမွန္ မဟုတ္တဲ့ ေဖ့စ္ဘြတ္ခ္အေကာင့္ ၈၉ ခု၊ စာမ်က္ႏွာ ၁၀၇ ခု၊ ေဖ့စ္ဘြတ္ခ္အုပ္စု ၁၅ ခု၊ အင္စတာ ဂရမ္အေကာင့္ ၅ ခုပါဝင္တယ္လို႔ ေဖ့စ္ဘြတ္ခ္ရဲ႕ ဘေလာ့ဂ္ပို႔စ္မွာ ေဖာ္ျပလိုက္တာပါ။ ေဖ့စ္ဘြတ္ခ္အေနနဲ႔ အရင္ကလည္း ျမန္မာျပည္က ရာနဲ႔ခ်ီတဲ့ ေဖ့စ္ဘြတ္ခ္အေကာင့္ေတြကို ဖယ္ ရွားခဲ့ဖူးၿပီး အဲဒီအေကာင့္ေတြထဲမွာ ႏိုင္ငံတြင္း ဘာသာေရး အၾကမ္းဖက္မႈ လႈံ႕ေဆာ္တဲ့ အမုန္းစကားေတြ ေရးသားေဖာ္ျပတဲ့ အေကာင့္ေတြ၊ ျမန္မာ့တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ရဲ႕ အေကာင့္ေတြလည္း ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ ခုေနာက္ဆုံး ဖယ္ရွားပစ္ခဲ့တဲ့ ျမန္မာလူမႈကြန္ရက္စာမ်က္ႏွာနဲ႔ အေကာင့္ေတြကေတာ့ ေဖ်ာ္ေျဖေရးနဲ႔ သတင္းစာမ်က္ႏွာေတြေပၚကတဆင့္ တင္တဲ့ပို႔စ္ရဲ႕ အေၾကာင္းအရာေၾကာင့္ မဟုတ္ဘဲ သူတို႔ရဲ႕ ေဖ့ဘြတ္ခ္ေပၚ လႈပ္ရွားေဆာင္႐ြက္မႈေတြကို အေျခခံၿပီး ဖယ္ရွားတာျဖစ္တယ္လို႔ ဆိုပါတယ္။ အဆိုပါ အေကာင့္ေတြက တဆင့္ ရည္႐ြယ္ခ်က္ရွိရွိ တဆင့္ျပန္လည္ ကူးယူေဖာ္ျပတာေတြထဲမွာေတာ့ ရာဇဝတ္ျပစ္မႈဆိုင္ရာ၊ လူနည္းစုတိုင္းရင္းသားေရးရာ၊ ေက်ာ္ၾကားသူေတြနဲ႔ စစ္တပ္နဲ႔ဆိုင္တဲ့ အေၾကာင္းအရာေတြ ပါဝင္ၿပီး ပုံမွန္မဟုတ္တဲ့ လႈံ႕ေဆာ္မႈေတြ ပါဝင္ေနတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024