Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ပိတ်မိနေသည့်နိုင်ငံခြားသားများကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်သို့ ပို့ဆောင်
DVB
·
August 23, 2019
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေကို လားရှိုးမြို့ကတဆင့် ရန်ကုန်မြို့ကို ဩဂုတ် ၂၂ ရက်က တပ်မတော်လေယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။ ကွတ်ခိုင်မြို့နယ်မှာ မြန်မာနိုင်ငံရဲ့ ပညာရည်မြှင့်တင်ရေး လုပ်ငန်းတွေကို ကူညီဆောင်ရွက်ဖို့ ရောက်ရှိနေတဲ့ Go and Love Foundation မှ  Mrs. Chou Wei Kuo ဦးစီးတဲ့ ၂၈ ဦးကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ကွတ်ခိုင် အခြေခံပညာကျောင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်က စပြီး ပညာရည်မြှင့်တင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ် တီအန်အယ်လ်အေ၊ အေအေနဲ့ ကိုးကန့်  အဖွဲ့တွေက မြို့/ရွာတွေကို တိုက်ခိုက်၊ လမ်း၊ တံတာတွေ မိုင်းခွဲဖျက်ဆီးမှုကြောင့် ကွတ်ခိုင်မြို့ရှိ K.KK Guest House မှာ သြဂုတ် ၁၅ ရက်နေ့ကစပြီး ပိတ်မိနေခဲ့တာလို့ သိရပါတယ်။ အဆိုပါနိုင်ငံခြားသားတွေကို တပ်မတော်(လေ)က ရဟတ်ယာဉ်နဲ့ ကွတ်ခိုင်မြို့မှ လားရှိုးမြို့၊ လားရှိုးမြို့ကနေ ရန်ကုန်မြို့ကိုတော့ တပ်မတော်လေယာဉ်နဲ့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ကွတ်ခိုင်မြို့ကနေ ရန်ကုန်မြို့ကို ပြန်လည်ရောက်လာတဲ့ နိုင်ငံခြားသားတွေကတော့ တရုတ်နိုင်ငံသား ၁၄ ဦး၊ အမေရိကန် ၉ ဦး၊ တိုင်ပေ ၂ ဦး၊ ဟောင်ကောင် ၂ ဦးနဲ့ ကနေဒါ နိုင်ငံသား ၁ ဦးတို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက်ကလည်း  ရှမ်းပြည်နယ်မြောက်ပိုင်း၊ တိုက်ပွဲဖြစ်ပွားရာဒေသတွေ ဖြစ်တဲ့ လားရှိုးမြို့နဲ့သီပေါမြို့တို့ကို ရောက်ရှိနေတဲ့ နိင်ငံခြားသားခရီးသွားဧည့်သည် ၅၇ ဦးကို့ Air KBZ လေကြောင်းလိုင်းနဲ့ ရန်ကုန် မန္တလေး ဟဲဟိုးတို့ကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားရာ လားရှိုးမြို့နဲ့သီပေါမြို့တို့ကို အလည်အပတ် ရောက်ရှိနေတဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည်အတွက် မော်တော်ကားလမ်း ပြတ်တောက်နေတဲ့အတွက် အခုလိုစီစဉ်ပေးခဲ့တာပါ။ ကွတ်ခိုင်မြို့နယ်ထဲမှာ တီအန်အယ်လ်အေ၊ အေအေနဲ့ ကိုးကန့် မဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့နဲ့ မြန်မာ့တပ်မတော်ကြား ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က စပြီး တိုက်ပွဲဖြစ်ပွားနေတာကြောင့် အနီးနား ပတ်ဝန်းကျင်က ရွာသား ၃၀၀ ကျော် ထွက်ပြေးပုန်းရှောင်နေရပါတယ်။ လားရှိုးမြို့ပေါ် မန်ဆူကျောင်းတိုက်၊ လားရှိုးမြို့နယ် မိုင်းတင်၊ ပန်နား၊ မတ်ခီနူ၊ တာယောင် စတဲ့ ကျောင်းတိုက်တွေမှာလည်း စစ်ရှောင် စုစုပေါင်း ၁၀၀၀ ကျော် ဝင်ရောက်ခိုလှုံနေကြပါတယ်။
တိုက္ပြဲေၾကာင့္ ပိတ္မိေနသည့္ႏိုင္ငံျခားသားမ်ားကို တပ္မေတာ္ေလယာဥ္ျဖင့္ ရန္ကုန္သို႔ ပို႔ေဆာင္ DVB ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း တိုက္ပြဲေတြေၾကာင့္ ပိတ္မိေနတဲ့ ႏိုင္ငံျခားသားေတြကို လားရႈိးၿမိဳ႕ကတဆင့္ ရန္ကုန္ၿမိဳ႕ကို ဩဂုတ္ ၂၂ ရက္က တပ္မေတာ္ေလယာဥ္နဲ႔ ပို႔ေဆာင္ေပးခဲ့တယ္လို႔ တပ္မေတာ္က ထုတ္ျပန္ပါတယ္။ ကြတ္ခိုင္ၿမိဳ႕နယ္မွာ ျမန္မာႏိုင္ငံရဲ႕ ပညာရည္ျမႇင့္တင္ေရး လုပ္ငန္းေတြကို ကူညီေဆာင္႐ြက္ဖို႔ ေရာက္ရွိေနတဲ့ Go and Love Foundation မွ Mrs. Chou Wei Kuo ဦးစီးတဲ့ ၂၈ ဦးကို ျပန္လည္ပို႔ေဆာင္ေပးခဲ့တယ္လို႔ ဆိုပါတယ္။ ကြတ္ခိုင္ အေျခခံပညာေက်ာင္းမွာ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၃ ရက္က စၿပီး ပညာရည္ျမႇင့္တင္ေရးလုပ္ငန္းေတြ ေဆာင္႐ြက္ေနစဥ္ တီအန္အယ္လ္ေအ၊ ေအေအနဲ႔ ကိုးကန႔္ အဖြဲ႕ေတြက ၿမိဳ႕/႐ြာေတြကို တိုက္ခိုက္၊ လမ္း၊ တံတာေတြ မိုင္းခြဲဖ်က္ဆီးမႈေၾကာင့္ ကြတ္ခိုင္ၿမိဳ႕ရွိ K.KK Guest House မွာ ၾသဂုတ္ ၁၅ ရက္ေန႔ကစၿပီး ပိတ္မိေနခဲ့တာလို႔ သိရပါတယ္။ အဆိုပါႏိုင္ငံျခားသားေတြကို တပ္မေတာ္(ေလ)က ရဟတ္ယာဥ္နဲ႔ ကြတ္ခိုင္ၿမိဳ႕မွ လားရႈိးၿမိဳ႕၊ လားရႈိးၿမိဳ႕ကေန ရန္ကုန္ၿမိဳ႕ကိုေတာ့ တပ္မေတာ္ေလယာဥ္နဲ႔ ကူညီပို႔ေဆာင္ေပးခဲ့တယ္လို႔ ဆိုပါတယ္။ ကြတ္ခိုင္ၿမိဳ႕ကေန ရန္ကုန္ၿမိဳ႕ကို ျပန္လည္ေရာက္လာတဲ့ ႏိုင္ငံျခားသားေတြကေတာ့ တ႐ုတ္ႏိုင္ငံသား ၁၄ ဦး၊ အေမရိကန္ ၉ ဦး၊ တိုင္ေပ ၂ ဦး၊ ေဟာင္ေကာင္ ၂ ဦးနဲ႔ ကေနဒါ ႏိုင္ငံသား ၁ ဦးတို႔ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဩဂုတ္ ၁၇ ရက္ကလည္း ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ တိုက္ပြဲျဖစ္ပြားရာေဒသေတြ ျဖစ္တဲ့ လားရႈိးၿမိဳ႕နဲ႔သီေပါၿမိဳ႕တို႔ကို ေရာက္ရွိေနတဲ့ နိင္ငံျခားသားခရီးသြားဧည့္သည္ ၅၇ ဦးကို႔ Air KBZ ေလေၾကာင္းလိုင္းနဲ႔ ရန္ကုန္ မႏၲေလး ဟဲဟိုးတို႔ကို ျပန္လည္ပို႔ေဆာင္ေပးခဲ့ပါတယ္။ တိုက္ပြဲျဖစ္ပြားရာ လားရႈိးၿမိဳ႕နဲ႔သီေပါၿမိဳ႕တို႔ကို အလည္အပတ္ ေရာက္ရွိေနတဲ့ ႏိုင္ငံျခားသားခရီးသြားဧည့္သည္အတြက္ ေမာ္ေတာ္ကားလမ္း ျပတ္ေတာက္ေနတဲ့အတြက္ အခုလိုစီစဥ္ေပးခဲ့တာပါ။ ကြတ္ခိုင္ၿမိဳ႕နယ္ထဲမွာ တီအန္အယ္လ္ေအ၊ ေအေအနဲ႔ ကိုးကန႔္ မဟာမိတ္တပ္ဖြဲ႕ ၃ ဖြဲ႕နဲ႔ ျမန္မာ့တပ္မေတာ္ၾကား ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၅ ရက္ေန႔က စၿပီး တိုက္ပြဲျဖစ္ပြားေနတာေၾကာင့္ အနီးနား ပတ္ဝန္းက်င္က ႐ြာသား ၃၀၀ ေက်ာ္ ထြက္ေျပးပုန္းေရွာင္ေနရပါတယ္။ လားရႈိးၿမိဳ႕ေပၚ မန္ဆူေက်ာင္းတိုက္၊ လားရႈိးၿမိဳ႕နယ္ မိုင္းတင္၊ ပန္နား၊ မတ္ခီႏူ၊ တာေယာင္ စတဲ့ ေက်ာင္းတိုက္ေတြမွာလည္း စစ္ေရွာင္ စုစုေပါင္း ၁၀၀၀ ေက်ာ္ ဝင္ေရာက္ခိုလႈံေနၾကပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024