A d v e r t i s e m e n t With Us

ဒဏ်ရာရ သံဃာတော်တွေအတွက် One More အဖွဲ့ငွေလှူဒါန်း

လူ တဦး ၁ လ ကျပ် ၁၀၀၀ ထည့်ဝင်ငွေနဲ့ စုဆောင်း လှူဒါန်းနေတဲ့ One More အဖွဲ့ဟာ ၂၀၁၂ နိုဝင်ဘာလအတွင်း စုဆောင်းရငွေထဲက ကျပ် ၁၉ သိန်းကျော်ကို ကြေးနီတောင် စီမံကိန်း သပိတ်စခန်း ဖြိုခွဲခံရစဉ် ဒဏ်ရာရခဲ့တဲ့ သံဃာတော်တွေ ဆေးကုသစရိတ်အဖြစ် လှူဒါန်းခဲ့ကြောင်း အဖွဲ့တည်ထောင်သူ စာရေးဆရာ မောင်သာချိုက ဒီဗွီဘီကို ပြောပါတယ်။ နိုဝင်ဘာလ အလှူရငွေနဲ့ပဲ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းက ငလျင်ဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေကို ကျပ် ငွေ ၁၀၅ သိန်း လှူဒါန်းခဲ့ပါသေးတယ်။ One More အဖွဲ့ကို ကာတွန်းဆရာ အော်ပီကျယ်၊ စာရေးဆရာ မောင်သာချိုနဲ့ မိတ်ဆွေများက ၂၀၁၁ ခုနှစ်အတွင်း တည်ထောင်ခဲ့ကြပြီး လူတဦး ၁ လ ကျပ် ၁၀၀၀ စီလှူဒါန်းကြဖို့ လှုံ့ဆော်ခဲ့ကြပါတယ်။ ရရှိငွေတွေကို ၁ လ ၁ ကြိမ် မြန်မာနိုင်ငံ အနှံ့အပြားက ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေနဲ့ အတိဒုက္ခရောက်နေသူတွေကို အစရှိသဖြင့် ခွဲဝေလှူဒါန်းလေ့ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up