A d v e r t i s e m e n t With Us

မက်စ်မြန်မာကုမ္ပဏီ ငွေဆောင် လယ်သမားတွေကို လျော်ကြေးပေး

ဟိုတယ်ဆောက်ဖို့အတွက် မက်စ်မြန်မာ ကုမ္ပဏီက ငွေဆောင်မှာ သိမ်းထားတဲ့ မြေဧက ၁၀၀ ကျော်အတွက် ဒေသခံ တောင်သူ ၁၃ ယောက်ကို ကျပ်ငွေသိန်း ၇၀၀၀ ကျော် လျော်ကြေး ပေးခဲ့ကြောင်း မျက်မြင်သက်သေအဖြစ် လိုက်ပါခဲ့သူ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးထွန်းမြင့်အောင်က ဒီဗွီဘီ ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့က ဧရာဝတီတိုင်း ပုသိမ်မြို့က ပုသိမ်ဟိုတယ်မှာ အသိသက်သေတွေ ရှေ့မှောက် လယ်မြေ ၁ ဧက ကျပ် ၂၅ သိန်းနှုန်း၊ တောင်မြေ ၁ ဧက ကျပ် သိန်း ၁၀၀ နှုန်းနဲ့ တွက်ချက် ပေးခဲ့တာဖြစ်ပါတယ်။ အရင် စစ်အစိုးရလက်ထက်က ငွေဆောင်မှာ ဟိုတယ်ဇုန် ဖွင့်တဲ့အခါ အစိုးရနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်ကြီးတွေဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ မြေယာနဲ့ အုန်းပင်တွေကို လျော်ကြေးငွေ မဆိုစလောက် ပေးပြီး သိမ်းပိုက်ခဲ့ပါတယ်။ အဲလို ကုမ္ပဏီကြီး အများအပြားရှိတဲ့အနက် မက်စ်မြန်မာ ကုမ္ပဏီဟာ ဒေသခံတွေ ကျေနပ်လောက်အောင် လျော်ကြေးပေးတဲ့ ပထမဦးဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။

A d v e r t i s e m e n t With Us

More News
Up