DVB Logo
Home
ရင်ဖွင့်စာ/ပေးစာ
မတရားတဲ့ တရားသူၾကီး
DVB
·
December 14, 2012
မတရားတဲ့ တရားသူၾကီး
Donate to DVB

ကျမက မန္တလေးတိုင်း မိတ္ထီလာခရိုင် မလှိုင်မြို့နယ်ကပါ။ အကြောင်းကတော့ ကျမအမေက လွန်ခဲ့တဲ့ ၁၅ နှစ်က ကျမတို့နေအိမ်နဲ့ ဆက်လျက်  ဝိုင်းခြံမြေကို အသိသက်သေများနဲ့ တကွ တရားဝင် ဝယ်ယူခဲ့တာပါ။  အခုထိလည်း စာချုပ်ထဲမှာပါတဲ့ သက်သေအားလုံး သက်ရှိထင်ရှားရှိနေပါသေးတယ်။

အခု အဲဒီဝိုင်းမြေနဲ့ ပတ်သက်ပြီး  အမှုဖြစ်တာပါ။ ကျမအမေက အဲဒီဝိုင်းခြံကို ခြံစည်းရိုးကာတာကို မူလဝိုင်းပိုင်ရှင်ရဲ့သမီးက လက်မခံနိုင်ဘူးဆိုပြီး အမေ့ကို တရားစွဲတာပါ။

ဒီအမှုကို ကိုင်တာက မြို့နယ် လက်ထောက်တရားသူကြီးမပါ။ အမှုကို ဟိုဘက်ရော၊ ဒီဘက်ရော၊ သက်သေတွေရော စစ်ပြီးပါပြီ။  အဲဒီမှာ ဒီဝိုင်းခြံဟာ အမေပိုင်ဆိုင်ကြောင်း သိသာထင်ရှားနေပါတယ်။ ဒါပေမယ့် အမှုကို အချိန်ဆွဲထားပြီး နှစ်ဘက် ခွစားနေတာပါ။

ဘယ်လိုသိလဲဆိုတော့ ကျမတို့က သာမန်လူတန်းစားတွေပါ။ အမေက ပညာမတတ်ပါဘူး။ ဒီလိုအမှုဖြစ်တယ်ဆိုတော့ တရားသူကြီးဆီ ဝင်ရတယ်လို့ပြောကြတော့ အမေက တရားသူကြီးမဆီ သွားတာပေါ့။   တရားသူကြီးမက အခန်းထဲကနေ မမြင့်ဌေးလား ထိုင်ပါဦးတဲ့။ အမေက မမြင့်ဌေးမဟုတ်ပါဘူး။ အမေကဒေါ်ခင်စန်းဌေးပါ။ မမြင့်ဌေးဆိုတာ အမေကို စွဲဆိုထားတဲ့ တဖက်ကလူပါ။ အဲဒီမှာနှစ်ဘက်စလုံးကို သူလက်ခံနေတာပါ။

တရားသူကြီးတယောက်က အဲဒီလိုအမှုကို အချိန်ဆွဲထားပြီး နှစ်ဘက် မစားသင့်ပါဘူး။ နောက်ပြီး ဒီအမှုနဲ့ ပက်သက်ပြီး အမှန်အားလုံးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက အကုန်သိထားပါတယ်။

သူကဒီအမှုနဲ့ ပက်သက်ပြီး အမှန်ဘက်ကနေ သူလိုက်ပေးမယ်လို့  အစကတော့ ပြောထားတာပါ။ တကယ်လိုအပ်လို့ သွားခေါ်တော့မရပါဘူး။  ကျမတို့သိရတာက တဖက်က သူ့ကို ငွေပေးထားတယ်လို့ သိရပါတယ်။

အဲဒါကြောင့် ကျမတို့မှာ မှန်ကန်နေရဲ့သားနဲ့ မတရားတာခံနေရပါတယ်။ ကျမတို့က သားအမိ ၂ ယောက်ထဲရှိတာပါ။  အားကိုးစရာအဖေ မရှိတော့ပါဘူး။ ဘာလုပ်ရမှန်းလဲမသိဘူး။ ဘယ်သူ့ကို အားကိုးရမှန်းလဲ  မသိပါဘူး။ ဒါကြောင့် ဒီဗွီဘီက တဆင့် တင်ပြလိုက်ရပါတယ်။ ကျမတို့ အမှန်တရားအတိုင်း ဖြစ်ချင်ပါတယ်။ အားကိုးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013