Home
မြန်မာသတင်း
စီးပွားရေးလုပ်ငန်းများတွင် ဝင်ရောက်မစွက်ဖက်ရန် နယ်ခြားစောင့်တပ်ကို တပ်မတော် သတိပေး
DVB
·
August 22, 2019
စီးပွားရေးလုပ်ငန်းတွေမှာ ဝင်ရောက်မစွက်ဖက်ဖို့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ကို တပ်မတော်က သတိပေးလိုက်ပါတယ်။ တပ်မတော်အနေနဲ့ နယ်ခြားစောင့်တွေကို ရသင့်ရထိုက်တဲ့ အဆောင်အယောင်နဲ့ ရိက္ခာတွေကို ထောက် ပံ့ပေးထားတာကြောင့် တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် ကိစ္စတွေကို မလုပ်ဆောင်သင့်ပဲ စီးပွားရေးလုပ်ငန်းတွေမှာ ဝင်ရောက်မစွက်ဖက်ဖို့ တပ်မတော်က သတိပေး လိုက်တာပါ။ ကရင်ပြည်နယ်က နယ်ခြားစောင့်တပ်တွေ ထူထောင်ခြင်း ၉ နှစ်ပြည့် အခမ်းအနားမှာ ဒုညွန်မှူး ဗိုလ်မှူးကြီး မျိုးထွဋ္ဋ်က အခုလို သတိပေး ပြောဆိုခဲ့တာပါ။  ကရင်ပြည်နယ် အရှေ့တောင်ပိုင်းစစ်ဌာနချုပ် လက်အောက်မှာ ဖွဲ့စည်းထားတဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ရင်း ၁၃ ရင်း ရှိပါတယ်။ ဒီတပ်ရင်းတွေကိုတော့ အရင် DKBA ခေါင်းဆောင်ဟောင်း  ဗိုလ်မှူးကြီး စောချစ်သူက ဦးဆောင်နေတာပါ။ ဗိုလ်မှူးကြီးစောချစ်သူကတော့ သူတာဝန်ယူဆောင်ရွက်နေတဲ့ နယ်မြေဖွံ့ဖြိုးရေး ဆောင်ရွက်ချက်တွေကို သက်ဆိုင်ရာ ခေါင်းဆောင်တွေအနေနဲ့ ထောက်ပြပေးဖို့ ပြောဆိုခဲ့ပါတယ်။  မြဝတီမြို့နယ်၊ ရွှေကုက္ကိုအထူးဒေသမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်တဲ့ နယ်ခြားစောင့်တပ်ရင်း ၄ ခုပေါင်း အခမ်းအနားကိုတော့ ကရင်ပြည်နယ်အစိုးရအဖွဲ့ အပါအဝင် တပ်မတော်ခေါင်းဆောင်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ပါတယ်။ သတင်း- ရဲမင်းခေါင်
စီးပြားေရးလုပ္ငန္းမ်ားတြင္ ဝင္ေရာက္မစြက္ဖက္ရန္ နယ္ျခားေစာင့္တပ္ကို တပ္မေတာ္ သတိေပး DVB စီးပြားေရးလုပ္ငန္းေတြမွာ ဝင္ေရာက္မစြက္ဖက္ဖို႔ ကရင္ျပည္နယ္ နယ္ျခားေစာင့္တပ္ (BGF) ကို တပ္မေတာ္က သတိေပးလိုက္ပါတယ္။ တပ္မေတာ္အေနနဲ႔ နယ္ျခားေစာင့္ေတြကို ရသင့္ရထိုက္တဲ့ အေဆာင္အေယာင္နဲ႔ ရိကၡာေတြကို ေထာက္ ပံ့ေပးထားတာေၾကာင့္ တပ္မေတာ္ရဲ႕ ဂုဏ္သိကၡာကို ထိခိုက္ေစမယ့္ ကိစၥေတြကို မလုပ္ေဆာင္သင့္ပဲ စီးပြားေရးလုပ္ငန္းေတြမွာ ဝင္ေရာက္မစြက္ဖက္ဖို႔ တပ္မေတာ္က သတိေပး လိုက္တာပါ။ ကရင္ျပည္နယ္က နယ္ျခားေစာင့္တပ္ေတြ ထူေထာင္ျခင္း ၉ ႏွစ္ျပည့္ အခမ္းအနားမွာ ဒုၫြန္မႉး ဗိုလ္မႉးႀကီး မ်ိဳးထြဋၬ္က အခုလို သတိေပး ေျပာဆိုခဲ့တာပါ။ ကရင္ျပည္နယ္ အေရွ႕ေတာင္ပိုင္းစစ္ဌာနခ်ဳပ္ လက္ေအာက္မွာ ဖြဲ႕စည္းထားတဲ့ ကရင္ျပည္နယ္ နယ္ျခားေစာင့္တပ္ရင္း ၁၃ ရင္း ရွိပါတယ္။ ဒီတပ္ရင္းေတြကိုေတာ့ အရင္ DKBA ေခါင္းေဆာင္ေဟာင္း ဗိုလ္မႉးႀကီး ေစာခ်စ္သူက ဦးေဆာင္ေနတာပါ။ ဗိုလ္မႉးႀကီးေစာခ်စ္သူကေတာ့ သူတာဝန္ယူေဆာင္႐ြက္ေနတဲ့ နယ္ေျမဖြံ႕ၿဖိဳးေရး ေဆာင္႐ြက္ခ်က္ေတြကို သက္ဆိုင္ရာ ေခါင္းေဆာင္ေတြအေနနဲ႔ ေထာက္ျပေပးဖို႔ ေျပာဆိုခဲ့ပါတယ္။ ျမဝတီၿမိဳ႕နယ္၊ ေ႐ႊကုကၠိဳအထူးေဒသမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက ျပဳလုပ္တဲ့ နယ္ျခားေစာင့္တပ္ရင္း ၄ ခုေပါင္း အခမ္းအနားကိုေတာ့ ကရင္ျပည္နယ္အစိုးရအဖြဲ႕ အပါအဝင္ တပ္မေတာ္ေခါင္းေဆာင္ေတြ၊ တိုင္းရင္းသား လက္နက္ကိုင္ေခါင္းေဆာင္ေတြနဲ႔ ျပည္တြင္းျပည္ပ စီးပြားေရးလုပ္ငန္းရွင္ေတြ တက္ေရာက္ခဲ့ပါတယ္။ သတင္း- ရဲမင္းေခါင္
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024