A d v e r t i s e m e n t With Us

ကလေးသူငယ် လိင်ပိုင်းစော်ကားမှုနဲ့ ပြစ်ဒဏ်ချခံရသည့် ကာဒီနယ် ဂျော့ဂျ်ပဲလ် အယူခံရှုံးနိမ့်

ဓာတ်ပုံ - Reuters
ကလေးသူငယ်တွေကို လိင်ပိုင်းစော်ကားမှုနဲ့ ပြစ်ဒဏ်ချခံရတဲ့ ဗာတီကန် ဘဏ္ဍာထိန်းဟောင်း ကာဒီနယ် ဂျော့ဂျ်ပဲလ်ရဲ့ အယူခံ ရှုံးနိမ့်ပြီးနောက် သြဂုတ် ၂၁ ရက်နေ့က ဂျော့ဂျ်ပဲလ်ဟာ အကျဉ်းထောင်ကို ပြန်သွားခဲ့ရပါတယ်။ တရားရုံးဆုံးဖြတ်ချက်အရ ဂျော့ဂျ်ပဲလ်ဟာ နောက် ၃ နှစ်ထက်မနည်း ထောင်ဒဏ် ဆက်လက်ကျခံရမှာပါ။ ၁၉၉၀ နှောင်းပိုင်းကာလ မဲလ်ဘုန်းဂိုဏ်းချုပ်အဖြစ် တာဝန်ယူစဉ်က ပဲလ်ဟာ စိန့်ပက်ထရစ်ဘုရားကျောင်းမှာ ဆယ်ကျော်သက် ယောကျာ်းလေးနှစ်ယောက်ကို လိင်ပိုင်းစော်ကားမှုနဲ့ ပြီးခဲ့တဲ့ မတ်လတုန်းက ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ်ချမှတ်ခံရပါတယ်။ အဲဒီလို ပြစ်ဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး ပဲလ်က ဗစ်တိုးရီးယား အယူခံတရားရုံးမှာ အယူခံဝင်ခဲ့တာပါ။ ဂျော့ဂျ်ပဲလ် အယူခံဟာ အကြောင်းပြချက် ၃ ချက်အပေါ် အခြေခံပေမယ့် အဓိကကတော့ ရုံးတင်စစ်ဆေးစဉ်ကာလ သက်သေပေါ်အခြေခံပြီး ဂျူရီအဖွဲ့ ချမှတ်တာဟာ ကြောင်းကျိုးမဆီလျော်ဘူးဆိုပြီး တင်ပြပါတယ်။ ဒါ့အပြင် ပဲလ်က တရားသူကြီးဟာ တရားခံရဲ့ အပိတ်လျှောက်လဲချက်ကိ အထောက်အပံ့ပြုတဲ့ ဗွီဒီယိုအန်နီမေးရှင်း ပြသခွင့်ကို တားဆီးခဲ့တယ်လို့လည်း အယူခံဝင်ခဲ့ပါတယ်။ နောက်ပြီး ရုံးတော် ဗွီဒီယိုလင့်ခ်ကနေ အယူခံဝင်တာထက် ပဲလ်အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ရုံးတော် ဂျူရီတွေရှေ့မှာ အယူခံတင်သင့်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ပဲလ်ရဲ့ အယူခံအပေါ် တရားသူကြီး ၃ ယောက်က ကြားနာဆုံးဖြတ်ပြီး အယူခံရှုံးနိမ့်ခဲ့တာပါ။ ပဲလ်အပေါ် ချမှတ်လိုက်တဲ့ ပြစ်ဒဏ်အရ သူ့ကို ၂၀၂၂ အောက်တိုဘာလမှ ခံဝန်ချက်နဲ့ လွှတ်ပေးမှာ ဖြစ်ပြီး အဲဒီအချိန် ပဲလ်ရဲ့အသက်ဟာ ၈၁ နှစ် ရှိလိမ့်မယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
Zawgyi Version ကေလးသူငယ္ လိင္ပိုင္းေစာ္ကားမႈနဲ႔ ျပစ္ဒဏ္ခ်ခံရသည့္ ကာဒီနယ္ ေဂ်ာ့ဂ်္ပဲလ္ အယူခံ႐ႈံးနိမ့္ DVB ကေလးသူငယ္ေတြကို လိင္ပိုင္းေစာ္ကားမႈနဲ႔ ျပစ္ဒဏ္ခ်ခံရတဲ့ ဗာတီကန္ ဘ႑ာထိန္းေဟာင္း ကာဒီနယ္ ေဂ်ာ့ဂ်္ပဲလ္ရဲ႕ အယူခံ ႐ႈံးနိမ့္ၿပီးေနာက္ ၾသဂုတ္ ၂၁ ရက္ေန႔က ေဂ်ာ့ဂ်္ပဲလ္ဟာ အက်ဥ္းေထာင္ကို ျပန္သြားခဲ့ရပါတယ္။ တရား႐ုံးဆုံးျဖတ္ခ်က္အရ ေဂ်ာ့ဂ်္ပဲလ္ဟာ ေနာက္ ၃ ႏွစ္ထက္မနည္း ေထာင္ဒဏ္ ဆက္လက္က်ခံရမွာပါ။ ၁၉၉၀ ေႏွာင္းပိုင္းကာလ မဲလ္ဘုန္းဂိုဏ္းခ်ဳပ္အျဖစ္ တာဝန္ယူစဥ္က ပဲလ္ဟာ စိန္႔ပက္ထရစ္ဘုရားေက်ာင္းမွာ ဆယ္ေက်ာ္သက္ ေယာက်ာ္းေလးႏွစ္ေယာက္ကို လိင္ပိုင္းေစာ္ကားမႈနဲ႔ ၿပီးခဲ့တဲ့ မတ္လတုန္းက ေထာင္ဒဏ္ ၆ ႏွစ္ ျပစ္ဒဏ္ခ်မွတ္ခံရပါတယ္။ အဲဒီလို ျပစ္ဒဏ္ခ်မွတ္ခံရတာနဲ႔ ပတ္သက္ၿပီး ပဲလ္က ဗစ္တိုးရီးယား အယူခံတရား႐ုံးမွာ အယူခံဝင္ခဲ့တာပါ။ ေဂ်ာ့ဂ်္ပဲလ္ အယူခံဟာ အေၾကာင္းျပခ်က္ ၃ ခ်က္အေပၚ အေျခခံေပမယ့္ အဓိကကေတာ့ ႐ုံးတင္စစ္ေဆးစဥ္ကာလ သက္ေသေပၚအေျခခံၿပီး ဂ်ဴရီအဖြဲ႔ ခ်မွတ္တာဟာ ေၾကာင္းက်ိဳးမဆီေလ်ာ္ဘူးဆိုၿပီး တင္ျပပါတယ္။ ဒါ့အျပင္ ပဲလ္က တရားသူႀကီးဟာ တရားခံရဲ႕ အပိတ္ေလွ်ာက္လဲခ်က္ကိ အေထာက္အပံ့ျပဳတဲ့ ဗြီဒီယိုအန္နီေမးရွင္း ျပသခြင့္ကို တားဆီးခဲ့တယ္လို႔လည္း အယူခံဝင္ခဲ့ပါတယ္။ ေနာက္ၿပီး ႐ုံးေတာ္ ဗြီဒီယိုလင့္ခ္ကေန အယူခံဝင္တာထက္ ပဲလ္အေနနဲ႔ ကိုယ္တိုင္ကိုယ္က် ႐ုံးေတာ္ ဂ်ဴရီေတြေရွ႕မွာ အယူခံတင္သင့္တယ္လို႔လည္း ေျပာဆိုခဲ့ပါတယ္။ ပဲလ္ရဲ႕ အယူခံအေပၚ တရားသူႀကီး ၃ ေယာက္က ၾကားနာဆုံးျဖတ္ၿပီး အယူခံ႐ႈံးနိမ့္ခဲ့တာပါ။ ပဲလ္အေပၚ ခ်မွတ္လိုက္တဲ့ ျပစ္ဒဏ္အရ သူ႔ကို ၂၀၂၂ ေအာက္တိုဘာလမွ ခံဝန္ခ်က္နဲ႔ လႊတ္ေပးမွာ ျဖစ္ၿပီး အဲဒီအခ်ိန္ ပဲလ္ရဲ႕အသက္ဟာ ၈၁ ႏွစ္ ရွိလိမ့္မယ္လို႔ ႐ိုက္တာသတင္းက ဆိုပါတယ္။

A d v e r t i s e m e n t With Us

More News
Up