A d v e r t i s e m e n t With Us

ဒိုမီနီကန်နိုင်ငံ၏ အကြီးဆုံး မူးယစ်ဂိုဏ်းကို ဖြိုခွင်း

ဒိုရီနီကန်နိုင်ငံရဲ့ အကြီးဆုံး မူးယစ်ဂိုဏ်းကို ဖြိုခွင်းလိုက်ပြီလို့ ထိပ်တန်း အစိုးရရှေ့နေက သြဂုတ် ၂၀ ရက်နေ့မှာ ပြောပါတယ်။ အဲဒီမူးယစ်ဂိုဏ်းအဖွဲ့ဟာ ငွေကြေးခဝါချဖို့ ဘေ့စ်ဘော ကစားသမားဟောင်း နှစ်ယောက်ရဲ့ ပိုင်ဆိုင်မှုတွေကို အသုံးချခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာပါ။ အဲဒီ မူးယစ်ဂိုဏ်းထဲမှာ ပါဝင်ပတ်သက်မှုနဲ့ Major League ဘေ့စ်ဘော ကစားသမားဟောင်းတွေဖြစ်ကြတဲ့ အိုတာဗီယို ဒိုတယ်လ်နဲ့ လူဝီ ကာစတီလိုတို့ကို ဒိုမီနီကန် အာဏာပိုင်တွေက အင်္ဂါနေ့ အစောပိုင်းမှာ ဖမ်းဆီးခဲ့ပါတယ်။ ဒါဟာ ဒိုမီနီကန်နိုင်ငံရဲ့ လတ်တလော သမိုင်းမှာ အကြီးမားဆုံး မူးယစ်နှိမ်နင်းရေး စီမံကိန်းဖြစ်ပြီး တနိုင်ငံလုံးမှာ ဝင်ရောက်စီးနင်း ဖမ်းဆီးတာတွေ အကြိမ် ၄၀ ကျော် ပြုလုပ်ခဲ့တယ်လို့ ရှေ့နေချုပ် ယန်း အလိန်း ရိုဒရီဂိုက ပြောပါတယ်။ တောင်အမေရိက ကနေ အမေရိကန်နဲ့ ဥရောပကို တရားမဝင် မူးယစ်ဆေးဝါးတွေပို့တာ အပါအဝင် ဒိုမီနီကန်နိုင်ငံရဲ့ အကြီးဆုံး မူးယစ်မှောင်ခို လုပ်ငန်းတခုကို ထိန်းချုပ်ထားတဲ့ နိုက်ကလပ်ပိုင်ရှင် ဆီဇာ အီမီလီယို ပီယာလ်တာက အဲဒီမူးယစ်ဂိုဏ်းကို ဦးစီးနေတာလို့ ရိုဒရီဂိုက ဆက်ပြောပါတယ်။ ဘေ့စ်ဘော ကစားသမားဟောင်းတွေနဲ့ သူတို့ရှေ့နေတွေကို ဆက်သွယ်လို့ မရသေးပါဘူး။
Zawgyi Version ဒိုမီနီကန္ႏိုင္ငံ၏ အႀကီးဆုံး မူးယစ္ဂိုဏ္းကို ၿဖဳိခြင္း DVB ဒိုရီနီကန္ႏိုင္ငံရဲ႕ အႀကီးဆုံး မူးယစ္ဂိုဏ္းကို ၿဖိဳခြင္းလိုက္ၿပီလို႔ ထိပ္တန္း အစိုးရေရွ႕ေနက ၾသဂုတ္ ၂၀ ရက္ေန႔မွာ ေျပာပါတယ္။ အဲဒီမူးယစ္ဂိုဏ္းအဖြဲ႔ဟာ ေငြေၾကးခဝါခ်ဖို႔ ေဘ့စ္ေဘာ ကစားသမားေဟာင္း ႏွစ္ေယာက္ရဲ႕ ပိုင္ဆိုင္မႈေတြကို အသုံးခ်ခဲ့တယ္လို႔ စြပ္စြဲခံရၿပီးေနာက္ ရဲတပ္ဖြဲ႔က ဝင္ေရာက္စီးနင္းခဲ့တာပါ။ အဲဒီ မူးယစ္ဂိုဏ္းထဲမွာ ပါဝင္ပတ္သက္မႈနဲ႔ Major League ေဘ့စ္ေဘာ ကစားသမားေဟာင္းေတြျဖစ္ၾကတဲ့ အိုတာဗီယို ဒိုတယ္လ္နဲ႔ လူဝီ ကာစတီလိုတို႔ကို ဒိုမီနီကန္ အာဏာပိုင္ေတြက အဂၤါေန႔ အေစာပိုင္းမွာ ဖမ္းဆီးခဲ့ပါတယ္။ ဒါဟာ ဒိုမီနီကန္ႏိုင္ငံရဲ႕ လတ္တေလာ သမိုင္းမွာ အႀကီးမားဆုံး မူးယစ္ႏွိမ္နင္းေရး စီမံကိန္းျဖစ္ၿပီး တႏိုင္ငံလုံးမွာ ဝင္ေရာက္စီးနင္း ဖမ္းဆီးတာေတြ အႀကိမ္ ၄၀ ေက်ာ္ ျပဳလုပ္ခဲ့တယ္လို႔ ေရွ႕ေနခ်ဳပ္ ယန္း အလိန္း ႐ိုဒရီဂိုက ေျပာပါတယ္။ ေတာင္အေမရိက ကေန အေမရိကန္နဲ႔ ဥေရာပကို တရားမဝင္ မူးယစ္ေဆးဝါးေတြပို႔တာ အပါအဝင္ ဒိုမီနီကန္ႏိုင္ငံရဲ႕ အႀကီးဆုံး မူးယစ္ေမွာင္ခို လုပ္ငန္းတခုကို ထိန္းခ်ဳပ္ထားတဲ့ ႏိုက္ကလပ္ပိုင္ရွင္ ဆီဇာ အီမီလီယို ပီယာလ္တာက အဲဒီမူးယစ္ဂိုဏ္းကို ဦးစီးေနတာလို႔ ႐ိုဒရီဂိုက ဆက္ေျပာပါတယ္။ ေဘ့စ္ေဘာ ကစားသမားေဟာင္းေတြနဲ႔ သူတို႔ေရွ႕ေနေတြကို ဆက္သြယ္လို႔ မရေသးပါဘူး။

A d v e r t i s e m e n t With Us

More News
Up