Home
ဆောင်းပါး
ကိုယ်ဝန်ဆောင်မေမေတို့ သိချင်နေမယ့် ဆင်တုပ်ကွေးအကြောင်း
DVB
·
August 21, 2019
မေမေတယောက်မှာ ကိုယ်တိုင်ထက် ဘေဘီလေးကို စိတ်ပူတာက မေမေ့ရဲ့ မေတ္တာလို့ပဲ ပြောရမလား။ ကိုယ်ဝန်ရှိလာပြီဆိုတာနဲ့ မေမေတွေက ကိုယ့်အတွက်ထက် ဘေဘီလေးအတွက် ပိုတွေးမိနေတတ်ကြပါတယ်။ ဖျားရင်တောင် ဘေဘီလေးကို ထိခိုက်သွားမှာစိုးလို့ဆိုပြီး ဆေးမသောက်ဘဲ နေတာမျိုးလေ။ အခုဗခါက်တော့ မိုးနဲ့အတူ မဖိတ်ခေါ်ဘဲေ ရောက်လာတဲ့ ဆင်တုပ်ကွေး ကိုယ်ဝန်ဆောင်မေမေ ကူးစက်ခံရရင် ဘာတွေဖြစ်လာနိုင်လဲဆိုတာကို ပြောပြပေးပါရစေ။ ကိုယ်ဝန်ဆောင်မေမေ ဆင်တုပ်ကွေး ကူးစက်ခံရရင် ဘေဘီလေးကို ထိခိုက်နိုင်လား…….. ပုံမှန်အားဖြင့်ကတော့ ဆင်တုပ်ကွေးက ကိုယ်ဝန်ဆောင်ကာလအတွင်းမှာဆိုရင် မိခင်ကနေ ကလေးဆီကို ကူးစက်နိုင်ခြေက တော်တေ်ာလေးနည်းပါတယ်။ ဒါပေမယ့် ကလေးမမွေးခင်မှာ ရောဂါပိုး ကူးစက်ခံရတာဖြစ်တာကြောင့် တခါတလေမှာ မေမေ့ဆီကနေ ဘေဘီလေးကို ကူးစက်နိုင်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ခြေတခုက ကိုယ်ဝန်ဆောင် တတိယကာလပတ်မှာ ဆင်တုပ်ကွေးရောဂါ ကူးစက်ခံရမယ်ဆိုရင် ကိုယ်ဝန်ပျက်ကျနိုင်တာပါ။ ဒါကလည်း ဖြစ်ခဲတာကြောင့် အရမ်းကြီးတော့ မစိုးရိမ်စေချင်ပါဘူး။ ကိုယ်ဝန်ဆောင်ကာလမှာ မေမေက ရောဂါတခုခု ခံစားရမယ်ဆိုရင် ဘေဘီလေးကို တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်တဲ့နည်းနဲ့ ထိခိုက်နိုင်ပါတယ်။ ဆင်တုပ်ကွေးကလည်း ဒီလိုပါပဲ။ ဒါပေမယ့်ဆင်တုပ်ကွေးကို ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းချိန်မှာ ခံစားရမယ်ဆိုရင်တော့ ဘေဘီလေးကို ထိခိုက်နိုင်ခြေက ပိုများနေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ ကိုယ်ဝန်ဆောင်ကာလမှာ ဆင်တုပ်ကွေး ကူးစက်မခံရအောင် ကာကွယ်တာက အကောင်းဆုံးဖြစ်မှာပါ။ တကယ်လို့ ကူးစက်ခံလိုက်ရမယ် ဆိုရင်လည်း အခုပြောပြတဲ့ နည်းလမ်းလေးတွေအတိုင်း နေထိုင်စေချင်ပါတယ်။ ဆင်တုပ်ကွေးကူးစက်ခံရမှုက ကိုယ်ဝန်ဆောင်မေမေတွေမှာရော အတူတူပဲလား…… ဆင်တုပ်ကွေးကူးစက်ခံရမှုက ကိုယ်ဝန်ဆောင်မေမေတွေမှာလည်း အတူတူပါပဲ။ ရောဂါပိုး သယ်ဆောင်ထားတဲ့ ခြင်အကိုက်ခံရပြီး ၃ ရက်ကနေ ၇ ရက်အတွင်း ရောဂါလက္ခဏာတွေ စပြလာနိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အခြားသူတွေနဲ့ အတူတူပါပဲ။ အဆစ်နဲ့ ကြွက်သားတွေ နာကျင်မယ် ဆင်တုပ်ကွေးရောဂါ ကူးစက်ခံရတဲ့အခါ အဆစ်တွေနဲ့ ကြွက်သားတွေမှာ ပြင်းထန်တဲ့ နာကျင်ကိုက်ခဲမှုတွေ ခံစားရနိုင်ပါ။ မနက်ခင်းတိုင်း လက်ကောက်ဝတ်နဲ့ တံတောင်ဆစ်တွေမှာ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒီနာကျင်မှုက ရက်သတ္တပတ် ၁ ပတ် ဒါမှမဟုတ် လပေါင်းများစွာ ကြာနိုင်ပါတယ်။ အဆစ်တဝိုက်မှာ ရောင်ရမ်းနေတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ အဖျားတက်မယ် ဆင်တုပ်ကွေး ကူးစက်ခံရတဲ့အခါ အဖျားက ၁၀၄ ဒီဂရီ ဆဲလ်စီးရပ်စ်အထိ မြင့်တက်သွားနိုင်ပါတယ်။ ချမ်းတုန်မယ် ဆင်တုပ်ကွေး ကူးစက်ခံရတဲ့အခါ ငှက်ဖျားကူးစက်ခံရသလို ချမ်းတုန်တာမျိုးကိုလည်း ခံစားရနိုင်ပါတယ်။ အဖုအပိမ့်တွေ ထွက်မယ် ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ အနီရောင် အဖုအပိမ့်တွေ ဖြစ်လာနိုင်ပါတယ်။ ခေါင်းကိုက်မယ် ဆင်တုပ်ကွေး ကူးစက်ခံရတဲ့အခါ ပြင်းထန်စွာ ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ခါးနာမယ် ခေါင်းကိုက်တာနဲ့အတူ ခါးနာတာမျိုးကိုလည်း ခံစားရနိုင်ပါတယ်။ နုံးချိမယ်၊ အော့အန်မယ် ဗိုက်ထဲမှာ မအီမသာဖြစ်ပြီး အော့အန်တာမျိုးလည်း ခံစားရနိုင်ပါတယ်။ ခြေကုန်လက်ပမ်းကျမယ် ဆင်တုပ်ကွေးဖြစ်တဲ့အခါ အဖျားတက်တာ၊ ခေါင်းကိုက်တာ၊ အနီရောင် အဖုအပိမ့်တွေ ထွက်တာအပြင် ခန္ဓာကိုယ်ထဲမှာ အားမရှိသလိုဖြစ်ပြီး ခြေကုန်လက်ပမ်း ကျတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဘယ်လိုသက်သာအောင်လုပ်မလဲ……. ကိုယ်ဝန်ဆောင်မေမေအနေနဲ့ ဆင်တုပ်ကွေး ကူးစက်ခံရတဲ့အခါ သေသေချာချာ ဂရုစိုက်မှ မေမေရော ကလေးပါ ကျန်းမာစေမှာပါ။ ပြည့်ပြည့်ဝဝအနားယူပါ ဆရာဝန်နဲ့ပြသပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုခံယူပါ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ အဆစ်တွေကို ရေခဲဝတ်ကပ်ပေးပါ အကိုက်အခဲသက်သာစေဖို့ ဆားရည်စိမ်ပါ နာကျင်မှုနဲ့ အဖျားသက်သာစေဖို့ ကြက်သွန်ဖြူစားပေးပါ နွားနို့ထဲမှာ နနွင်းထည့်ပြီး သောက်ပေးပါ ဗီတာမင် C နဲ့ ဗီတာမင် E ပါဝင်နေတဲ့ အစားအစာတွေ များများစားပေးပါ။ ရေးသားသူ Aye Thi Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ဤေဆာင္းပါးကို DVB ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။
Zawgyi Version ကိုယ္ဝန္ေဆာင္ေမေမတို႔ သိခ်င္ေနမယ့္ ဆင္တုပ္ေကြးအေၾကာင္း DVB ေမေမတေယာက္မွာ ကိုယ္တိုင္ထက္ ေဘဘီေလးကို စိတ္ပူတာက ေမေမ့ရဲ႕ ေမတၱာလို႔ပဲ ေျပာရမလား။ ကိုယ္ဝန္ရွိလာၿပီဆိုတာနဲ႔ ေမေမေတြက ကိုယ့္အတြက္ထက္ ေဘဘီေလးအတြက္ ပိုေတြးမိေနတတ္ၾကပါတယ္။ ဖ်ားရင္ေတာင္ ေဘဘီေလးကို ထိခိုက္သြားမွာစိုးလို႔ဆိုၿပီး ေဆးမေသာက္ဘဲ ေနတာမ်ိဳးေလ။ အခုဗခါက္ေတာ့ မိုးနဲ႔အတူ မဖိတ္ေခၚဘဲေ ေရာက္လာတဲ့ ဆင္တုပ္ေကြး ကိုယ္ဝန္ေဆာင္ေမေမ ကူးစက္ခံရရင္ ဘာေတြြျဖစ္လာႏိုင္လဲဆိုတာကို ေျပာျပေပးပါရေစ။ ကိုယ္ဝန္ေဆာင္ေမေမ ဆင္တုပ္ေကြး ကူးစက္ခံရရင္ ေဘဘီေလးကို ထိခိုက္ႏိုင္လား…….. ပုံမွန္အားျဖင့္ကေတာ့ ဆင္တုပ္ေကြးက ကိုယ္ဝန္ေဆာင္ကာလအတြင္းမွာဆိုရင္ မိခင္ကေန ကေလးဆီကို ကူးစက္ႏိုင္ေျခက ေတာ္ေတ္ာေလးနည္းပါတယ္။ ဒါေပမယ့္ ကေလးမေမြးခင္မွာ ေရာဂါပိုး ကူးစက္ခံရတာျဖစ္တာေၾကာင့္ တခါတေလမွာ ေမေမ့ဆီကေန ေဘဘီေလးကို ကူးစက္ႏိုင္ပါတယ္။ ေနာက္ထပ္ ျဖစ္ႏိုင္ေျခတခုက ကိုယ္ဝန္ေဆာင္ တတိယကာလပတ္မွာ ဆင္တုပ္ေကြးေရာဂါ ကူးစက္ခံရမယ္ဆိုရင္ ကိုယ္ဝန္ပ်က္က်ႏိုင္တာပါ။ ဒါကလည္း ျဖစ္ခဲတာေၾကာင့္ အရမ္းႀကီးေတာ့ မစိုးရိမ္ေစခ်င္ပါဘူး။ ကိုယ္ဝန္ေဆာင္ကာလမွာ ေမေမက ေရာဂါတခုခု ခံစားရမယ္ဆိုရင္ ေဘဘီေလးကို တိုက္႐ိုက္မဟုတ္ေတာင္ သြယ္ဝိုက္တဲ့နည္းနဲ႔ ထိခိုက္ႏိုင္ပါတယ္။ ဆင္တုပ္ေကြးကလည္း ဒီလိုပါပဲ။ ဒါေပမယ့္ဆင္တုပ္ေကြးကို ကိုယ္ဝန္ေဆာင္ကာလ အေစာပိုင္းခ်ိန္မွာ ခံစားရမယ္ဆိုရင္ေတာ့ ေဘဘီေလးကို ထိခိုက္ႏိုင္ေျခက ပိုမ်ားေနႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္ေမေမေတြ အေနနဲ႔ ကိုယ္ဝန္ေဆာင္ကာလမွာ ဆင္တုပ္ေကြး ကူးစက္မခံရေအာင္ ကာကြယ္တာက အေကာင္းဆုံးျဖစ္မွာပါ။ တကယ္လို႔ ကူးစက္ခံလိုက္ရမယ္ ဆိုရင္လည္း အခုေျပာျပတဲ့ နည္းလမ္းေလးေတြအတိုင္း ေနထိုင္ေစခ်င္ပါတယ္။ ဆင္တုပ္ေကြးကူးစက္ခံရမႈက ကိုယ္ဝန္ေဆာင္ေမေမေတြမွာေရာ အတူတူပဲလား…… ဆင္တုပ္ေကြးကူးစက္ခံရမႈက ကိုယ္ဝန္ေဆာင္ေမေမေတြမွာလည္း အတူတူပါပဲ။ ေရာဂါပိုး သယ္ေဆာင္ထားတဲ့ ျခင္အကိုက္ခံရၿပီး ၃ ရက္ကေန ၇ ရက္အတြင္း ေရာဂါလကၡဏာေတြ စျပလာႏိုင္ပါတယ္။ ေရာဂါလကၡဏာေတြကေတာ့ အျခားသူေတြနဲ႔ အတူတူပါပဲ။ အဆစ္နဲ႔ ႂကြက္သားေတြ နာက်င္မယ္ ဆင္တုပ္ေကြးေရာဂါ ကူးစက္ခံရတဲ့အခါ အဆစ္ေတြနဲ႔ ႂကြက္သားေတြမွာ ျပင္းထန္တဲ့ နာက်င္ကိုက္ခဲမႈေတြ ခံစားရႏိုင္ပါ။ မနက္ခင္းတိုင္း လက္ေကာက္ဝတ္နဲ႔ တံေတာင္ဆစ္ေတြမွာ ျပင္းထန္တဲ့ နာက်င္မႈကို ခံစားရႏိုင္ပါတယ္။ ဒီနာက်င္မႈက ရက္သတၱပတ္ ၁ ပတ္ ဒါမွမဟုတ္ လေပါင္းမ်ားစြာ ၾကာႏိုင္ပါတယ္။ အဆစ္တဝိုက္မွာ ေရာင္ရမ္းေနတာမ်ိဳးေတြလည္း ရွိႏိုင္ပါတယ္။ အဖ်ားတက္မယ္ ဆင္တုပ္ေကြး ကူးစက္ခံရတဲ့အခါ အဖ်ားက ၁၀၄ ဒီဂရီ ဆဲလ္စီးရပ္စ္အထိ ျမင့္တက္သြားႏိုင္ပါတယ္။ ခ်မ္းတုန္မယ္ ဆင္တုပ္ေကြး ကူးစက္ခံရတဲ့အခါ ငွက္ဖ်ားကူးစက္ခံရသလို ခ်မ္းတုန္တာမ်ိဳးကိုလည္း ခံစားရႏိုင္ပါတယ္။ အဖုအပိမ့္ေတြ ထြက္မယ္ ခႏၶာကိုယ္ရဲ႕ ေနရာအႏွံ႔မွာ အနီေရာင္ အဖုအပိမ့္ေတြ ျဖစ္လာႏိုင္ပါတယ္။ ေခါင္းကိုက္မယ္ ဆင္တုပ္ေကြး ကူးစက္ခံရတဲ့အခါ ျပင္းထန္စြာ ေခါင္းကိုက္တာကို ခံစားရႏိုင္ပါတယ္။ ခါးနာမယ္ ေခါင္းကိုက္တာနဲ႔အတူ ခါးနာတာမ်ိဳးကိုလည္း ခံစားရႏိုင္ပါတယ္။ ႏုံးခ်ိမယ္၊ ေအာ့အန္မယ္ ဗိုက္ထဲမွာ မအီမသာျဖစ္ၿပီး ေအာ့အန္တာမ်ိဳးလည္း ခံစားရႏိုင္ပါတယ္။ ေျခကုန္လက္ပမ္းက်မယ္ ဆင္တုပ္ေကြးျဖစ္တဲ့အခါ အဖ်ားတက္တာ၊ ေခါင္းကိုက္တာ၊ အနီေရာင္ အဖုအပိမ့္ေတြ ထြက္တာအျပင္ ခႏၶာကိုယ္ထဲမွာ အားမရွိသလိုျဖစ္ၿပီး ေျခကုန္လက္ပမ္း က်တာမ်ိဳးေတြ ခံစားရႏိုင္ပါတယ္။ ဘယ္လိုသက္သာေအာင္လုပ္မလဲ……. ကိုယ္ဝန္ေဆာင္ေမေမအေနနဲ႔ ဆင္တုပ္ေကြး ကူးစက္ခံရတဲ့အခါ ေသေသခ်ာခ်ာ ဂ႐ုစိုက္မွ ေမေမေရာ ကေလးပါ က်န္းမာေစမွာပါ။ ျပည့္ျပည့္ဝဝအနားယူပါ ဆရာဝန္နဲ႔ျပသၿပီး လိုအပ္တဲ့ ေဆးဝါးကုသမႈခံယူပါ ကိုယ္လက္လႈပ္ရွားမႈလုပ္ပါ အဆစ္ေတြကို ေရခဲဝတ္ကပ္ေပးပါ အကိုက္အခဲသက္သာေစဖို႔ ဆားရည္စိမ္ပါ နာက်င္မႈနဲ႔ အဖ်ားသက္သာေစဖို႔ ၾကက္သြန္ျဖဴစားေပးပါ ႏြားႏို႔ထဲမွာ နႏြင္းထည့္ၿပီး ေသာက္ေပးပါ ဗီတာမင္ C နဲ႔ ဗီတာမင္ E ပါဝင္ေနတဲ့ အစားအစာေတြ မ်ားမ်ားစားေပးပါ။ ေရးသားသူ Aye Thi Mon ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024