DVB Logo
Home
မြန်မာသတင်း
ကရင်လူထုကောင်းစားရေးအတွက် ကေအန်ယူ အပေါ်သစ္စာဖောက်ခဲ့ရဟု ဗိုလ်မှူးကြီး စောချစ်သူပြော 
DVB
·
August 21, 2019
ကရင်လူထုကောင်းစားရေးအတွက် ကေအန်ယူ အပေါ်သစ္စာဖောက်ခဲ့ရဟု ဗိုလ်မှူးကြီး စောချစ်သူပြော 
Donate to DVB

ကရင်ပြည်သူလူထု ကောင်းစားရေးအတွက် ကေအန်ယူအပေါ် သစ္စာဖောက်ခဲ့ရတယ်လို့ ကရင်ပြည်နယ်ခြားစောင့်တပ်(BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက ပြောပါတယ်။ 

သြဂုတ် ၂၀ ရက်နေ့က ကရင်ပြည်နယ် မြဝတီ ရွှေကုက္ကိုဒေသမှာ ကျင်းပခဲ့တဲ့ ကရင် နယ်ခြားစောင့်တပ်ထူထောင်ခြင်း ၉ နှစ်ပြည့် အခမ်းအနားမှာ နယ်ခြားစောင့်တပ်တွေရဲ့ အထွေထွေအတွင်းရေးမှူး ဗဟိုအကြံပေးဖြစ်သူ ဗိုလ်မှူးကြီး စောချစ်သူက ပြောဆိုခဲ့တာပါ။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကနေ ခွဲထွက်ခဲ့တဲ့ ဒီကေဘီအေ တပ်ဖွဲ့ကတဆင့် ထပ်မံခွဲထွက်ဖွဲ့စည်းခဲ့ပြီး မြန်မာ့တပ်မတော်နဲ့ ပူးပေါင်းထူထောင်ခဲ့တဲ့ နယ်ခြားစောင့်တပ်ဟာ မူလမိခင် တပ်ရင်းဖြစ်တဲ့ ကေအန်ယူကနေမူဝါဒလမ်းကြောင်း ခွဲထွက်ပြီး လုပ်ဆောင်ရတာဟာ ကရင်ပြည်သူကောင်းစားရေး အတွက်သာ ရည်ရွယ်ခဲ့တာကြောင့် သစ္စာဖောက်သလို ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

နယ်ခြားစောင့် တပ်ထူထောင်နိုင်ခဲ့ပြီး ကာလတွေမှာ ကရင်ပြည်နယ်အတွင်းမှာ လူထုက ကောင်းကျိုးဆောင်ရွက်ချက်တွေ များစွာလုပ်နိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီး စောချစ်သူက ပြောပါတယ်။ 

ထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ်အတွင်းမှာ ဒေသခံ ပြည်သူလူထုအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးခဲ့သလို မူးယစ်ဆေးဝါး ကိစ္စတွေနဲ့ ပတ်သက်ပြီး တားဆီး နှိမ်နှင်းရေးကိစ္စတွေ များစွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ပြောပါတယ်။

လက်ရှိအချိန်မှာ ကရင်နယ်ခြားစောင့်တပ်ရဲ့ဆောင်ရွက်ချက်တွေအပေါ် ဒေသခံ ကရင်လူထုကလည်း ထောက်ခံမှုရှိတယ်လို့ဆိုပါတယ်။ 

ကရင်ပြည့်နယ်အဆင့် အပစ်ရပ်ပူးတွဲစောင့်ကြည့်အဖွဲ့ဝင် ဒေါ်နန်းစေးအွာ က"တဖက်က မိခင်အဖွဲ့အစည်းပေါ်မှာ သစ္စာဖောက်တာမှန်ပေမယ့် ကျမတို့ရဲ့ လူမျိုးအပေါ်သစ္စာမဖောက်ဖို့ လိုတယ်"လို့ ပြောပါတယ်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ကို ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်၂၀၁၀ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ကရင်ပြည်နယ်အတွင်း တပ်ရင်း ၁၃ ခုရှိပါတယ်။

သတင်း- ရဲမင်းခေါင်




ကရင္လူထုေကာင္းစားေရးအတြက္ ေကအန္ယူ အေပၚသစၥာေဖာက္ခဲ့ရဟု ဗိုလ္မႉးႀကီး ေစာခ်စ္သူေျပာ
DVB

ကရင္ျပည္သူလူထု ေကာင္းစားေရးအတြက္ ေကအန္ယူအေပၚ သစၥာေဖာက္ခဲ့ရတယ္လို႔ ကရင္ျပည္နယ္ျခားေစာင့္တပ္(BGF) အေထြေထြအတြင္းေရးမႉး ဗိုလ္မႉးႀကီး ေစာခ်စ္သူက ေျပာပါတယ္။

ၾသဂုတ္ ၂၀ ရက္ေန႔က ကရင္ျပည္နယ္ ျမဝတီ ေ႐ႊကုကၠိဳေဒသမွာ က်င္းပခဲ့တဲ့ ကရင္ နယ္ျခားေစာင့္တပ္ထူေထာင္ျခင္း ၉ ႏွစ္ျပည့္ အခမ္းအနားမွာ နယ္ျခားေစာင့္တပ္ေတြရဲ႕ အေထြေထြအတြင္းေရးမႉး ဗဟိုအႀကံေပးျဖစ္သူ ဗိုလ္မႉးႀကီး ေစာခ်စ္သူက ေျပာဆိုခဲ့တာပါ။

ကရင္အမ်ိဳးသားအစည္းအ႐ုံး (ေကအန္ယူ) ကေန ခြဲထြက္ခဲ့တဲ့ ဒီေကဘီေအ တပ္ဖြဲ႕ကတဆင့္ ထပ္မံခြဲထြက္ဖြဲ႕စည္းခဲ့ၿပီး ျမန္မာ့တပ္မေတာ္နဲ႔ ပူးေပါင္းထူေထာင္ခဲ့တဲ့ နယ္ျခားေစာင့္တပ္ဟာ မူလမိခင္ တပ္ရင္းျဖစ္တဲ့ ေကအန္ယူကေနမူဝါဒလမ္းေၾကာင္း ခြဲထြက္ၿပီး လုပ္ေဆာင္ရတာဟာ ကရင္ျပည္သူေကာင္းစားေရး အတြက္သာ ရည္႐ြယ္ခဲ့တာေၾကာင့္ သစၥာေဖာက္သလို ျဖစ္ခဲ့တာလို႔ ဆိုပါတယ္။

နယ္ျခားေစာင့္ တပ္ထူေထာင္ႏိုင္ခဲ့ၿပီး ကာလေတြမွာ ကရင္ျပည္နယ္အတြင္းမွာ လူထုက ေကာင္းက်ိဳးေဆာင္႐ြက္ခ်က္ေတြ မ်ားစြာလုပ္ႏိုင္ခဲ့တယ္လို႔ ဗိုလ္မႉးႀကီး ေစာခ်စ္သူက ေျပာပါတယ္။

ထိန္းခ်ဳပ္ထားတဲ့ ကရင္ျပည္နယ္အတြင္းမွာ ေဒသခံ ျပည္သူလူထုအတြက္ အလုပ္အကိုင္ အခြင့္အလမ္းေတြ ေဖာ္ေဆာင္ေပးခဲ့သလို မူးယစ္ေဆးဝါး ကိစၥေတြနဲ႔ ပတ္သက္ၿပီး တားဆီး ႏွိမ္ႏွင္းေရးကိစၥေတြ မ်ားစြာ ေဆာင္႐ြက္ႏိုင္ခဲ့တယ္လို႔ေျပာပါတယ္။

လက္ရွိအခ်ိန္မွာ ကရင္နယ္ျခားေစာင့္တပ္ရဲ႕ေဆာင္႐ြက္ခ်က္ေတြအေပၚ ေဒသခံ ကရင္လူထုကလည္း ေထာက္ခံမႈရွိတယ္လို႔ဆိုပါတယ္။

ကရင္ျပည့္နယ္အဆင့္ အပစ္ရပ္ပူးတြဲေစာင့္ၾကည့္အဖြဲ႕ဝင္ ေဒၚနန္းေစးအြာ က"တဖက္က မိခင္အဖြဲ႕အစည္းေပၚမွာ သစၥာေဖာက္တာမွန္ေပမယ့္ က်မတို႔ရဲ႕ လူမ်ိဳးအေပၚသစၥာမေဖာက္ဖို႔ လိုတယ္"လို႔ ေျပာပါတယ္။

ကရင္ျပည္နယ္ နယ္ျခားေစာင့္တပ္ကို ၿပီးခဲ့တဲ့ စစ္အစိုးရလက္ထက္၂၀၁၀ ခုႏွစ္က စတင္ဖြဲ႕စည္းခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္မွာ ကရင္ျပည္နယ္အတြင္း တပ္ရင္း ၁၃ ခုရွိပါတယ္။
သတင္း- ရဲမင္းေခါင္

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013