Home
ဆောင်းပါး
လစာမဲ့ အိမ်တွင်းလုပ်အား အသိအမှတ်ပြုမှုနည်းပါး
DVB
·
August 20, 2019
မီးဖိုချောင်အတွင်းက ထွက်လာသည့် ‘ဒုံး .. ဒုံး’ ဟူသော ငရုပ်ဆုံသံက အိမ်ဦးခန်း၌ စာဖတ်နေသည့် ကိုမောင်သန်းနားထဲသို့ ရထားတစင်း ခုတ်မောင်းနေသည့်အလား တိုးဝင်လာသည်။ ငရုတ်ဆုံသံ သာမန်ထက် ပိုကျယ်နေရခြင်းက အလုပ်ပိတ်ရက်တိုင်း အိမ်မှုကိစ္စ တခုတလေပင် ကူညီပေးခြင်းမရှိသည့် ကိုမောင်သန်းကို ဇနီးဖြစ်သူ မခင်မိတယောက် စိတ်တိုနေသောကြောင့် ဖြစ်သည်။ ခဏအကြာတွင် မခင်မိထွက်လာပြီး ကိုမောင်သန်းအား ကြက်သွန်ဖြူကူခွာပေးရန် ပြောဆိုရာ စာဖတ်နေသည့်အတွက် မအားဟု ငြင်းဆိုလိုက်သည်။ အိမ်မှုကိစ္စထက် အရေးကြီးသော ဝင်ငွေရှာသည့်အလုပ်ကို လုပ်ရသူဖြစ်၍ အပြည့်အဝ အနားယူရန် လိုသည်ဆိုသော ကိုမောင်သန်း၏ ခံယူချက်ကြောင့် လင်မယားချင်း စကားအချေအတင်ဖြစ်ရာမှ ရန်ပွဲစတော့သည်။ ‘ငါတို့က အပြင်ထွက် စီးပွားရှာနေတာကွ။ ပင်ပန်းတယ်။ မင်းတို့လို အိမ်မှာ အေးအေးဆေးဆေး နေနေရတာမဟုတ်ဘူး’ ဆိုသည့် ကိုမောင်သန်း၏ လက်သုံးစကားကြောင့် ပြောစရာစကား မရှိလောက်အောင် နာကျင်ရသည်ဟု မခင်မိက မျက်ရည်စတို့ကိုသုတ်ရင်း ပြောဆိုသည်။ HI က သွားရောက်ကွင်းဆင်း မေးမြန်းခဲ့သည့် အသက် ၃၀ မှ အသက် ၄၅ ကြား အိမ်ထောင်သည်အမျိုးသား ၁၀ ဦး တွင် ၇ ဦးက ကိုမောင်သန်းကဲ့သို့ပင် သဘောထားအမြင်ရှိကြောင်း ပြန်လည်ဖြေဆိုခဲ့ကြသည်။ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ဦးစားပေး အလေးထားသည့် မြန်မာ့လူ့အသိုင်းအဝိုင်းတွင် အိမ်ထောင်ထိန်းသိမ်းမှုအလုပ်ကို လုပ်နေကြသည့် အမျိုးသမီးများ၏ လုပ်အားအင်အားကို အသိအမှတ်ပြုမှု မရှိသလောက် နည်းပါးနေသည်ဟု အမျိုးသမီးအရေး တက်ကြွလှုပ်ရှားနေသူများနှင့် အိမ်ထောင်ရှင်မများက ပြောကြသည်။ အခရာ အမျိုးသမီးအဖွဲ့မှ ဒါရိုက်တာ မထားက အိမ်ထောင်တခုတွင် အမျိုးသားက စီးပွားရှာရပြီး အမျိုးသမီးက အိမ်မှုကိစ္စ လုပ်ရမည်ဟု ဆိုခြင်းက ကျား၊ မ ခွဲခြားမှု ရှိနေခြင်းကြောင့်ဖြစ်ပြီး တန်းတူအခွင့်အရေး မရရှိခြင်းကို ပြဆိုနေကြောင်း ထောက်ပြသည်။ “ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ကျား၊ မ တန်းတူမညီမှုကြောင့် အမျိုးသမီးသည် အနှိပ်စက်မခံရရင်တောင်မှ တန်းတူမညီတဲ့ အလုပ်တာဝန်တွေကို ထမ်းဆောင်ရတယ်။ ပြီးတော့ ဒုတိယတန်းစားမှာထားတဲ့အတွက် အနိုင်ကျင့်ခံရတာတွေ အများကြီး” ဟု သူက ရှင်းပြသည်။ အိမ်ထောင်သက် ၇ နှစ်ကျော်ရှိပြီဖြစ်သည့် ကိုမောင်သန်းနှင့် မခင်မိတို့တွင် သားနှစ်ဦးရှိသည်။ သူတို့မိသားစု၏ စားဝတ်နေရေးက သွင်းကုန်ထုတ်ကုန် ကုမ္ပဏီတခုတွင် မန်နေဂျာအဖြစ် လုပ်ကိုင်နေသည့် အိမ်ထောင်ဦးစီးဖြစ်သူ ကိုမောင်သန်း၏ လစာအပေါ် လုံးလုံးလျားလျား မှီခိုနေရသည်။ ကိုမောင်သန်းရသည့် လစာ ၇ သိန်းကျပ်ဆိုသည်မှာ မနည်းလှသော်လည်း မခင်မိအတွက်တော့ တလ တလ ဆီဖိုး၊ ဆန်ဖိုး၊ ကလေးအသုံးစရိတ်တို့အပြင် အသေးသုံးများအထိ ဝင်ငွေထွက်ငွေ လည်ပတ်နိုင်အောင် ခေါင်းခြောက်မတတ် စဉ်းစားတွက်ချက်ရသည်။ ထို့ပြင် နေ့စဉ် အိမ်သားများမနိုးမီ အိပ်ယာထရပြီး ဈေးသွား၊ ထမင်းချက်၊ အဝတ်လျှော်၊ အိမ်သန့်ရှင်းရေးလုပ် စသည့် အလုပ်များကိုလည်း တနေဝင်၊ တနေထွက် မနားတမ်း လုပ်ကိုင်ရသည်။ ယင်းသို့သော လောကဓံအထုအထောင်းများကြောင့်လည်း ရှိရင်းစွဲအသက်ထက် ပိုမိုရင့်ရော်စေသည့် အရေးအကြောင်းတို့က သူ၏မျက်နှာပေါ်တွင် နေရာယူနေကြပြီဖြစ်သည်။ ဖီးလိမ်းခြယ်သမှုမရှိသည့် သူ့ပုံစံကလည်း အလှအပအပေါ် မည်မျှဥပက္ခာပြုထားကြောင်းကို သိသာထင်ရှားစေသည်။ ယင်းသို့ အိမ်အလုပ်တာဝန်များကို မနိုင်ဝန်ထမ်းထားရသည့် အမျိုးသမီးတို့မှာ စိတ်ကြည်လင်မှု မရှိတော့ဘဲ မြည်တွန်တောက်တီးတတ်လာကြသည်။ ၎င်းတို့၏လုပ်အားကို အသိအမှတ် မပြုသည့်အပြင် ကူညီလုပ်ကိုင်ပေးမှု မရှိသည့် အိမ်ထောင်ရှင် အမျိုးသားများကြောင့်လည်း မကြာခဏ စကားများပြီး ရန်ပွဲကို ဦးတည်စေသည်ဟု အိမ်ရှင်မများက ပြောကြသည်။ “တခါတရံဆို ပန်းကန်တွေ၊ ဇလုံတွေ လွင့်လာတဲ့အထိ ဖြစ်တယ်ဗျာ” ဟု ကိုမောင်သန်းက ရယ်ရယ်မောမောဖြင့် ပြောသည်။ ထိုအိမ်မှုကိစ္စသည် ဝင်ငွေမရသည့်အလုပ်၊ အမျိုးသားများက အသိအမှတ်ပြုခြင်း မရှိသော်လည်း ၎င်းတို့အမျိုးသား လုပ်ငန်းခွင်တွင် စိတ်အေးသက်သာစွာ အလုပ်လုပ်နိုင်ရန် တဖက်တလမ်းမှ အကူအညီ ပေးနေသူအဖြစ် အသိအမှတ်ပြုပေးစေလိုကြောင်း မခင်မိက ရင်ဖွင့်သည်။ မခင်မိက ခင်ပွန်းသည်နှင့် ပတ်သက်၍လည်း “သူ ကိုယ့်ကို ကူလုပ်ပေးတာက ကိုယ့်ကိုချစ်တယ်လို့ အခါတသောင်း၊ တသိန်း ပြောတာနဲ့ အတူတူပဲ” ဟု ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရှက်ပြုံးလေးဖြင့် ပြောသည်။ ကုလသမဂ္ဂ၏ အစီရင်ခံစာအရ အမျိုးသမီးများလုပ်သည့် အလုပ်၏ ၅၁ ရာခိုင်နှုန်းသည် လုပ်ခလစာ မရသည့်အပြင် တနိုင်ငံလုံး၏ ထုတ်ကုန်ပမာဏနှင့် အခြား စာရင်းအချက်အလက်များတွင်လည်း ထည့်သွင်းခံရခြင်းမရှိကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။ ကမ္ဘာ့လူဦးရေအများဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယတွင်လည်း အိမ်မှုကိစ္စကို အလုပ်ဟု အသိအမှတ်ပြု မခံရကြောင်း အမျိုးသမီးဆောင်းပါးရှင် Aishwarya Javalgekar ၏ Unpaid Domestic Labour And The Invisibilisation Of Women’s Work ဆောင်းပါးတွင် ရေးသားဖော်ပြထားသည်။ ယင်းဆောင်းပါးတွင် ဖော်ပြထားသည့် စစ်တမ်းအရ အိန္ဒိယတွင် အမျိုးသမီးများ၏ ၈၀ ရာခိုင်နှုန်းသည် လုပ်ခမရသည့် အိမ်တွင်းမှုအလုပ် လုပ်နေကြရပြီး ယင်းလုပ်အားက အမျိုးသားများလုပ်အားထက် ၇ ဆပိုများကြောင်း သိရသည်။ အိမ်တွင်းမှုအလုပ်မှ လုပ်ခမရသည့် လုပ်အားများကို အသိအမှတ်ပြုခြင်းသည် စီးပွားရေးအရ အကျိုးရှိရုံသာမက အိမ်အပြင်က အလုပ်များကိုပါ ပိုမိုချောမွေ့စေသည်ဟု ဆောင်းပါးရှင် Aishwarya Javalgekar က သုံးသပ်ထားပါသည်။ အမျိုးသားများ၌ အိမ်မှုကိစ္စအလုပ်ကို အမျိုးသမီးများ၏အလုပ်ဟု ခံယူထားသူ အများအပြား ရှိသကဲ့သို့ အမျိုးသမီးအလုပ်ဟု မမြင်ကြသူအချို့လည်း ရှိနေပါသည်။ ကိုမောင်သန်းကဲ့သို့ အိမ်မှုကိစ္စကို အမျိုးသားအလုပ်မဟုတ်ဟု ခံယူထားသည့် နောက်တဦးမှာ ဦးမောင်ကြီး ဖြစ်သည်။ သို့သော်လည်း ၎င်း၏အမျိုးသမီးဖြစ်သူ ဆေးရုံတက်ရသည့်အချိန်တွင် သုံးနှစ်အရွယ် သားငယ်ကို ထိန်းရသည့် အတွေ့အကြုံကြောင့် အိမ်အလုပ်ပေါ်ထားသည့် သူ၏အယူအဆ ပြောင်းသွားပြီး အမျိုးသမီးများအပေါ် ကိုယ်ချင်းစာမှု ဖြစ်ခဲ့သည်ဟု ဆိုသည်။ “ကလေး ရေချိုးပေးတာတခုနဲ့တင် အတော်လေး မောနေပြီ။ သူတော့ ကလေးတဖက်နဲ့ အလုပ်လုပ်နေတာ တွေ့တော့ လွယ်မယ်ထင်တာလေ။ နို့ဘူးတိုက်တော့လည်း ဒီအတိုင်းပဲ။ နောက်ဆုံး မိန်းမကို ဖုန်းဆက်ပြီးမေးမှ သက်ပြင်းချနိုင်တော့တယ်” ဟု သူကြုံခဲ့ရသည့် အခက်အခဲကို ပြန်ပြောင်းပြောပြသည်။ ထို့ကြောင့် ၎င်း၏အမျိုးသမီးကို တပတ်လျှင်တရက် လည်ပတ်ခွင့်ပြုထားသည့်အပြင် သူငယ်ချင်းများနှင့် ဈေးဝယ်ထွက်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ မုန့်ဝယ်စားကြခြင်း စသည်တို့ကို ခွင့်ပြုပေးလိုက်ရုံမျှဖြင့် အိမ်ထောင်ရေး သာယာစိုပြည်သွားစေသည်ဟု သူကဆိုသည်။ အိမ်ထောင်တခုတွင် ချစ်ခြင်းမေတ္တာဖြင့်စပြီး နားလည်မှုနှင့် အဆုံးသတ်မှသာ အိမ်ထောင်ရေး သာယာချမ်းမြေ့မည်ဟုလည်း ဦးမောင်ကြီးက အကြုံပြုသည်။ သင်္ယန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ကိုနေဘုန်းလတ်က ကျား၊ မ ခွဲခြားမှုကြောင့် အကြမ်းဖက်မှုများ ဖြစ်ပွားနိုင်ကြောင်း ‘အမျိုးသားများပြောသည့် အမျိုးသားများအကြောင်း’ စကားဝိုင်းတွင် ပြောကြားခဲ့သည်။ ဖြတ်သန်းလာခဲ့သည့် ဘုရင်စနစ်၊ ကိုလိုနီစနစ် စသည့်ခေတ်စနစ်များတွင် မဟာဖိုဝါဒ ထွန်းကားခဲ့သည့်အတွက် အမျိုးသားများက တိုင်းပြည်အုပ်ချုပ်ရသည့် နေရာများတွင် တာဝန်ထမ်းဆောင်ရပြီး အင်အားကြီးသည့်သဘောမျိုး သက်ရောက်ခဲ့သည့်အတွက် ယခုအချိန်ထိ အရိုးစွဲနေခြင်းဖြစ်ကြောင်း သူက ရှင်းပြသည်။ ရှေးဘိုးဘွားဘီဘင် လက်ထက်ကတည်းက သွန်သင်ဆုံးမလာသည့် အမျိုးသမီးတိုင်းသည် အိမ်မှုကိစ္စ ကျွမ်းကျင်နိုင်နင်းရမည်ဆိုသည့် အချက်ကလည်း အမျိုးသားများကို အိမ်မှုကိစ္စသည် ၎င်းတို့နှင့်မဆိုင်ဟု ထင်မြင်ယူဆစေသည်။ မြန်မာ့အယူအဆအရ အိမ်ထောင်စုတခုတွင် အမျိုးသားများမှာ အင်အားကြီးသည် ဆိုခြင်းထက် မိသားစုကို ရှာဖွေကျွေးမွေးခြင်းကြောင့် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေခြင်းဖြစ်သည်ဟု ကိုနေဘုန်းလတ်က ပြောဆိုသည်။ အိမ်ထောင်သည်တဦးဖြစ်သူ မခင်မိကတော့ လင်မယားရန်ပွဲများတွင် ဝင်ငွေမညီမျှမှုကြောင့် ဖြစ်ရသည်က များပြီး ထိုဝင်ငွေမညီမျှခြင်းကြောင့်လည်း အမျိုးသား၏ အနိုင်ကျင့်မှုကို ခံနေရသည်ဟု ဆိုသည်။ ရန်ဖြစ်တိုင်း ‘လုပ်လေ။ နင်အရည်အချင်းရှိရင် လုပ်လေ’ ဆိုသည့် ခင်ပွန်းဖြစ်သူ၏ စကားက မခင်မိရင်ကို ခွဲလိုက်သလို ခံစားရသည်ဟု ခေါင်းလေးငုံ့ကာ ပြောသည်။ ထိုစကားကြောင့် မခံချင်စိတ်ဖြင့် အပြင်ထွက်လုပ်မည်ဟု ကြံလေတိုင်း အလုပ်ခေါ်စာများ၏ ကန့်သတ်ချက်အချို့ကြောင့် မိမိကိုယ်ကို ယုံကြည်မှု မရှိတော့ကြောင်း သူက ဆက်ပြောသည်။ အခရာ အမျိုးသမီးအဖွဲ့မှ ဒါရိုက်တာ မထားထားကတော့ ပညာတတ်များ အပါအဝင် အမျိုးသမီးများသည် အိမ်မှုကိစ္စများထဲ၌သာ စိတ်နစ်မြုပ်ထားသည့်အတွက် ထွက်ပေါက်မရှိဖြစ်ပြီး အိမ်ထဲမှာပင် တဖြည်းဖြည်းချင်း အချိန်ကုန်ဆုံးသွားရကြောင်း ရှင်းပြသည်။ Cardno Myanmar မှ HR Coordinator မပန်းဝတ်ရည်ကလည်း “အိမ်ထောင်ရှင်အမျိုးသမီးက အိမ်မှာပဲနေရမယ်။ ကလေးကိုပဲ ဂရုစိုက် စောင့်ရှောက်ရမယ်ဆိုတဲ့ အတွေးအမြင်တွေ ရှိနေတဲ့အခါကျ အမျိုးသမီးတွေအနေနဲ့ ဦးဆောင်မှုပိုင်းရောက်ဖို့ နှောင့်နှေးသွားတယ်” ဟု ဝေဖန်ထောက်ပြသည်။ ထိုသို့သော အခြေအနေများကြောင့် နိုင်ငံတော်၏ ဆုံးဖြတ်ချက်ချမှတ်သည့် နေရာတိုင်းတွင် အမျိုးသမီးများ၏ ပါဝင်မှု နည်းလာခဲ့ခြင်းဖြစ်ကြောင်း အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူအချို့က သုံးသပ်ထားသည်။ အမျိုးသမီးများသည် အိမ်မှုကိစ္စများကြားတွင် ထွက်ပေါက်ပိတ်မိနေသဖြင့် ၎င်းတို့၏ လုပ်ဆောင်နိုင်မှု စွမ်းရည်များ ကျဆင်းသွားရပြီး အင်အားများစွာ ဆုံးရှုံးသွားရသည်ဟု ဒါရိုက်တာ မထားထားက ထောက်ပြသည်။ သူက အမျိုးသမီးများ လုပ်ကိုင်နေကြသည့် အိမ်တွင်းအလုပ်နှင့် ပတ်သက်၍လည်း ယခုလို မှတ်ချက်ပြု ပြောဆိုသည်။ “ဝင်ငွေမရဘူးဆိုပေမယ့် အဲဒီအမျိုးသားတွေ လုပ်နိုင်ကိုင်နိုင်အောင် ဒီဘက်က အမျိုးသမီးတွေက ထမ်းထားလို့။ အဲဒီအမျိုးသားရဲ့ဝင်ငွေ အနည်းဆုံး တဝက်လောက်က အဲဒီအမျိုးသမီးနဲ့ဆိုင်တယ်။” (hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။)
Zawgyi Version လစာမဲ့ အိမ္တြင္းလုပ္အား အသိအမွတ္ျပဳမႈနည္းပါး မီးဖိုေခ်ာင္အတြင္းက ထြက္လာသည့္ ‘ဒုံး .. ဒုံး’ ဟူေသာ င႐ုပ္ဆုံသံက အိမ္ဦးခန္း၌ စာဖတ္ေနသည့္ ကိုေမာင္သန္းနားထဲသို႔ ရထားတစင္း ခုတ္ေမာင္းေနသည့္အလား တိုးဝင္လာသည္။ င႐ုတ္ဆုံသံ သာမန္ထက္ ပိုက်ယ္ေနရျခင္းက အလုပ္ပိတ္ရက္တိုင္း အိမ္မႈကိစၥ တခုတေလပင္ ကူညီေပးျခင္းမရွိသည့္ ကိုေမာင္သန္းကို ဇနီးျဖစ္သူ မခင္မိတေယာက္ စိတ္တိုေနေသာေၾကာင့္ ျဖစ္သည္။ ခဏအၾကာတြင္ မခင္မိထြက္လာၿပီး ကိုေမာင္သန္းအား ၾကက္သြန္ျဖဴကူခြာေပးရန္ ေျပာဆိုရာ စာဖတ္ေနသည့္အတြက္ မအားဟု ျငင္းဆိုလိုက္သည္။ အိမ္မႈကိစၥထက္ အေရးႀကီးေသာ ဝင္ေငြရွာသည့္အလုပ္ကို လုပ္ရသူျဖစ္၍ အျပည့္အဝ အနားယူရန္ လိုသည္ဆိုေသာ ကိုေမာင္သန္း၏ ခံယူခ်က္ေၾကာင့္ လင္မယားခ်င္း စကားအေခ်အတင္ျဖစ္ရာမွ ရန္ပြဲစေတာ့သည္။ ‘ငါတို႔က အျပင္ထြက္ စီးပြားရွာေနတာကြ။ ပင္ပန္းတယ္။ မင္းတို႔လို အိမ္မွာ ေအးေအးေဆးေဆး ေနေနရတာမဟုတ္ဘူး’ ဆိုသည့္ ကိုေမာင္သန္း၏ လက္သုံးစကားေၾကာင့္ ေျပာစရာစကား မရွိေလာက္ေအာင္ နာက်င္ရသည္ဟု မခင္မိက မ်က္ရည္စတို႔ကိုသုတ္ရင္း ေျပာဆိုသည္။ HI က သြားေရာက္ကြင္းဆင္း ေမးျမန္းခဲ့သည့္ အသက္ ၃၀ မွ အသက္ ၄၅ ၾကား အိမ္ေထာင္သည္အမ်ိဳးသား ၁၀ ဦး တြင္ ၇ ဦးက ကိုေမာင္သန္းကဲ့သို႔ပင္ သေဘာထားအျမင္ရွိေၾကာင္း ျပန္လည္ေျဖဆိုခဲ့ၾကသည္။ ယဥ္ေက်းမႈ၊ ဓေလ့ထုံးတမ္းမ်ားကို ဦးစားေပး အေလးထားသည့္ ျမန္မာ့လူ႔အသိုင္းအဝိုင္းတြင္ အိမ္ေထာင္ထိန္းသိမ္းမႈအလုပ္ကို လုပ္ေနၾကသည့္ အမ်ိဳးသမီးမ်ား၏ လုပ္အားအင္အားကို အသိအမွတ္ျပဳမႈ မရွိသေလာက္ နည္းပါးေနသည္ဟု အမ်ိဳးသမီးအေရး တက္ႂကြလႈပ္ရွားေနသူမ်ားႏွင့္ အိမ္ေထာင္ရွင္မမ်ားက ေျပာၾကသည္။ အခရာ အမ်ိဳးသမီးအဖြဲ႔မွ ဒါ႐ိုက္တာ မထားက အိမ္ေထာင္တခုတြင္ အမ်ိဳးသားက စီးပြားရွာရၿပီး အမ်ိဳးသမီးက အိမ္မႈကိစၥ လုပ္ရမည္ဟု ဆိုျခင္းက က်ား၊ မ ခြဲျခားမႈ ရွိေနျခင္းေၾကာင့္ျဖစ္ၿပီး တန္းတူအခြင့္အေရး မရရွိျခင္းကို ျပဆိုေနေၾကာင္း ေထာက္ျပသည္။ “ဆုံးျဖတ္ခ်က္ခ်တဲ့ေနရာမွာ က်ား၊ မ တန္းတူမညီမႈေၾကာင့္ အမ်ိဳးသမီးသည္ အႏွိပ္စက္မခံရရင္ေတာင္မွ တန္းတူမညီတဲ့ အလုပ္တာဝန္ေတြကို ထမ္းေဆာင္ရတယ္။ ၿပီးေတာ့ ဒုတိယတန္းစားမွာထားတဲ့အတြက္ အႏိုင္က်င့္ခံရတာေတြ အမ်ားႀကီး” ဟု သူက ရွင္းျပသည္။ အိမ္ေထာင္သက္ ၇ ႏွစ္ေက်ာ္ရွိၿပီျဖစ္သည့္ ကိုေမာင္သန္းႏွင့္ မခင္မိတို႔တြင္ သားႏွစ္ဦးရွိသည္။ သူတို႔မိသားစု၏ စားဝတ္ေနေရးက သြင္းကုန္ထုတ္ကုန္ ကုမၸဏီတခုတြင္ မန္ေနဂ်ာအျဖစ္ လုပ္ကိုင္ေနသည့္ အိမ္ေထာင္ဦးစီးျဖစ္သူ ကိုေမာင္သန္း၏ လစာအေပၚ လုံးလုံးလ်ားလ်ား မွီခိုေနရသည္။ ကိုေမာင္သန္းရသည့္ လစာ ၇ သိန္းက်ပ္ဆိုသည္မွာ မနည္းလွေသာ္လည္း မခင္မိအတြက္ေတာ့ တလ တလ ဆီဖိုး၊ ဆန္ဖိုး၊ ကေလးအသုံးစရိတ္တို႔အျပင္ အေသးသုံးမ်ားအထိ ဝင္ေငြထြက္ေငြ လည္ပတ္ႏိုင္ေအာင္ ေခါင္းေျခာက္မတတ္ စဥ္းစားတြက္ခ်က္ရသည္။ ထို႔ျပင္ ေန႔စဥ္ အိမ္သားမ်ားမႏိုးမီ အိပ္ယာထရၿပီး ေဈးသြား၊ ထမင္းခ်က္၊ အဝတ္ေလွ်ာ္၊ အိမ္သန္႔ရွင္းေရးလုပ္ စသည့္ အလုပ္မ်ားကိုလည္း တေနဝင္၊ တေနထြက္ မနားတမ္း လုပ္ကိုင္ရသည္။ ယင္းသို႔ေသာ ေလာကဓံအထုအေထာင္းမ်ားေၾကာင့္လည္း ရွိရင္းစြဲအသက္ထက္ ပိုမိုရင့္ေရာ္ေစသည့္ အေရးအေၾကာင္းတို႔က သူ၏မ်က္ႏွာေပၚတြင္ ေနရာယူေနၾကၿပီျဖစ္သည္။ ဖီးလိမ္းျခယ္သမႈမရွိသည့္ သူ႔ပုံစံကလည္း အလွအပအေပၚ မည္မွ်ဥပကၡာျပဳထားေၾကာင္းကို သိသာထင္ရွားေစသည္။ ယင္းသို႔ အိမ္အလုပ္တာဝန္မ်ားကို မႏိုင္ဝန္ထမ္းထားရသည့္ အမ်ိဳးသမီးတို႔မွာ စိတ္ၾကည္လင္မႈ မရွိေတာ့ဘဲ ျမည္တြန္ေတာက္တီးတတ္လာၾကသည္။ ၎တို႔၏လုပ္အားကို အသိအမွတ္ မျပဳသည့္အျပင္ ကူညီလုပ္ကိုင္ေပးမႈ မရွိသည့္ အိမ္ေထာင္ရွင္ အမ်ိဳးသားမ်ားေၾကာင့္လည္း မၾကာခဏ စကားမ်ားၿပီး ရန္ပြဲကို ဦးတည္ေစသည္ဟု အိမ္ရွင္မမ်ားက ေျပာၾကသည္။ “တခါတရံဆို ပန္းကန္ေတြ၊ ဇလုံေတြ လြင့္လာတဲ့အထိ ျဖစ္တယ္ဗ်ာ” ဟု ကိုေမာင္သန္းက ရယ္ရယ္ေမာေမာျဖင့္ ေျပာသည္။ ထိုအိမ္မႈကိစၥသည္ ဝင္ေငြမရသည့္အလုပ္၊ အမ်ိဳးသားမ်ားက အသိအမွတ္ျပဳျခင္း မရွိေသာ္လည္း ၎တို႔အမ်ိဳးသား လုပ္ငန္းခြင္တြင္ စိတ္ေအးသက္သာစြာ အလုပ္လုပ္ႏိုင္ရန္ တဖက္တလမ္းမွ အကူအညီ ေပးေနသူအျဖစ္ အသိအမွတ္ျပဳေပးေစလိုေၾကာင္း မခင္မိက ရင္ဖြင့္သည္။ မခင္မိက ခင္ပြန္းသည္ႏွင့္ ပတ္သက္၍လည္း “သူ ကိုယ့္ကို ကူလုပ္ေပးတာက ကိုယ့္ကိုခ်စ္တယ္လို႔ အခါတေသာင္း၊ တသိန္း ေျပာတာနဲ႔ အတူတူပဲ” ဟု ပါးစပ္ကို လက္ျဖင့္အုပ္ကာ ရွက္ၿပဳံးေလးျဖင့္ ေျပာသည္။ ကုလသမဂၢ၏ အစီရင္ခံစာအရ အမ်ိဳးသမီးမ်ားလုပ္သည့္ အလုပ္၏ ၅၁ ရာခိုင္ႏႈန္းသည္ လုပ္ခလစာ မရသည့္အျပင္ တႏိုင္ငံလုံး၏ ထုတ္ကုန္ပမာဏႏွင့္ အျခား စာရင္းအခ်က္အလက္မ်ားတြင္လည္း ထည့္သြင္းခံရျခင္းမရွိေၾကာင္း ေဖာ္ျပထားသည္ကို ေတြ႔ရသည္။ ကမာၻ႔လူဦးေရအမ်ားဆုံး ဒီမိုကေရစီႏိုင္ငံျဖစ္သည့္ အိႏၵိယတြင္လည္း အိမ္မႈကိစၥကို အလုပ္ဟု အသိအမွတ္ျပဳ မခံရေၾကာင္း အမ်ိဳးသမီးေဆာင္းပါးရွင္ Aishwarya Javalgekar ၏ Unpaid Domestic Labour And The Invisibilisation Of Women’s Work ေဆာင္းပါးတြင္ ေရးသားေဖာ္ျပထားသည္။ ယင္းေဆာင္းပါးတြင္ ေဖာ္ျပထားသည့္ စစ္တမ္းအရ အိႏၵိယတြင္ အမ်ိဳးသမီးမ်ား၏ ၈၀ ရာခိုင္ႏႈန္းသည္ လုပ္ခမရသည့္ အိမ္တြင္းမႈအလုပ္ လုပ္ေနၾကရၿပီး ယင္းလုပ္အားက အမ်ိဳးသားမ်ားလုပ္အားထက္ ၇ ဆပိုမ်ားေၾကာင္း သိရသည္။ အိမ္တြင္းမႈအလုပ္မွ လုပ္ခမရသည့္ လုပ္အားမ်ားကို အသိအမွတ္ျပဳျခင္းသည္ စီးပြားေရးအရ အက်ိဳးရွိ႐ုံသာမက အိမ္အျပင္က အလုပ္မ်ားကိုပါ ပိုမိုေခ်ာေမြ႔ေစသည္ဟု ေဆာင္းပါးရွင္ Aishwarya Javalgekar က သုံးသပ္ထားပါသည္။ အမ်ိဳးသားမ်ား၌ အိမ္မႈကိစၥအလုပ္ကို အမ်ိဳးသမီးမ်ား၏အလုပ္ဟု ခံယူထားသူ အမ်ားအျပား ရွိသကဲ့သို႔ အမ်ိဳးသမီးအလုပ္ဟု မျမင္ၾကသူအခ်ိဳ႕လည္း ရွိေနပါသည္။ ကိုေမာင္သန္းကဲ့သို႔ အိမ္မႈကိစၥကို အမ်ိဳးသားအလုပ္မဟုတ္ဟု ခံယူထားသည့္ ေနာက္တဦးမွာ ဦးေမာင္ႀကီး ျဖစ္သည္။ သို႔ေသာ္လည္း ၎၏အမ်ိဳးသမီးျဖစ္သူ ေဆး႐ုံတက္ရသည့္အခ်ိန္တြင္ သုံးႏွစ္အရြယ္ သားငယ္ကို ထိန္းရသည့္ အေတြ႕အႀကဳံေၾကာင့္ အိမ္အလုပ္ေပၚထားသည့္ သူ၏အယူအဆ ေျပာင္းသြားၿပီး အမ်ိဳးသမီးမ်ားအေပၚ ကိုယ္ခ်င္းစာမႈ ျဖစ္ခဲ့သည္ဟု ဆိုသည္။ “ကေလး ေရခ်ိဳးေပးတာတခုနဲ႔တင္ အေတာ္ေလး ေမာေနၿပီ။ သူေတာ့ ကေလးတဖက္နဲ႔ အလုပ္လုပ္ေနတာ ေတြ႔ေတာ့ လြယ္မယ္ထင္တာေလ။ ႏို႔ဘူးတိုက္ေတာ့လည္း ဒီအတိုင္းပဲ။ ေနာက္ဆုံး မိန္းမကို ဖုန္းဆက္ၿပီးေမးမွ သက္ျပင္းခ်ႏိုင္ေတာ့တယ္” ဟု သူႀကဳံခဲ့ရသည့္ အခက္အခဲကို ျပန္ေျပာင္းေျပာျပသည္။ ထို႔ေၾကာင့္ ၎၏အမ်ိဳးသမီးကို တပတ္လွ်င္တရက္ လည္ပတ္ခြင့္ျပဳထားသည့္အျပင္ သူငယ္ခ်င္းမ်ားႏွင့္ ေဈးဝယ္ထြက္ျခင္း၊ ႐ုပ္ရွင္ၾကည့္ျခင္း၊ မုန္႔ဝယ္စားၾကျခင္း စသည္တို႔ကို ခြင့္ျပဳေပးလိုက္႐ုံမွ်ျဖင့္ အိမ္ေထာင္ေရး သာယာစိုျပည္သြားေစသည္ဟု သူကဆိုသည္။ အိမ္ေထာင္တခုတြင္ ခ်စ္ျခင္းေမတၱာျဖင့္စၿပီး နားလည္မႈႏွင့္ အဆုံးသတ္မွသာ အိမ္ေထာင္ေရး သာယာခ်မ္းေျမ့မည္ဟုလည္း ဦးေမာင္ႀကီးက အႀကဳံျပဳသည္။ သယၤန္းကြၽန္းၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ကိုေနဘုန္းလတ္က က်ား၊ မ ခြဲျခားမႈေၾကာင့္ အၾကမ္းဖက္မႈမ်ား ျဖစ္ပြားႏိုင္ေၾကာင္း ‘အမ်ိဳးသားမ်ားေျပာသည့္ အမ်ိဳးသားမ်ားအေၾကာင္း’ စကားဝိုင္းတြင္ ေျပာၾကားခဲ့သည္။ ျဖတ္သန္းလာခဲ့သည့္ ဘုရင္စနစ္၊ ကိုလိုနီစနစ္ စသည့္ေခတ္စနစ္မ်ားတြင္ မဟာဖိုဝါဒ ထြန္းကားခဲ့သည့္အတြက္ အမ်ိဳးသားမ်ားက တိုင္းျပည္အုပ္ခ်ဳပ္ရသည့္ ေနရာမ်ားတြင္ တာဝန္ထမ္းေဆာင္ရၿပီး အင္အားႀကီးသည့္သေဘာမ်ိဳး သက္ေရာက္ခဲ့သည့္အတြက္ ယခုအခ်ိန္ထိ အ႐ိုးစြဲေနျခင္းျဖစ္ေၾကာင္း သူက ရွင္းျပသည္။ ေရွးဘိုးဘြားဘီဘင္ လက္ထက္ကတည္းက သြန္သင္ဆုံးမလာသည့္ အမ်ိဳးသမီးတိုင္းသည္ အိမ္မႈကိစၥ ကြၽမ္းက်င္ႏိုင္နင္းရမည္ဆိုသည့္ အခ်က္ကလည္း အမ်ိဳးသားမ်ားကို အိမ္မႈကိစၥသည္ ၎တို႔ႏွင့္မဆိုင္ဟု ထင္ျမင္ယူဆေစသည္။ ျမန္မာ့အယူအဆအရ အိမ္ေထာင္စုတခုတြင္ အမ်ိဳးသားမ်ားမွာ အင္အားႀကီးသည္ ဆိုျခင္းထက္ မိသားစုကို ရွာေဖြေကြၽးေမြးျခင္းေၾကာင့္ အေရးပါသည့္ အခန္းက႑တြင္ ရွိေနျခင္းျဖစ္သည္ဟု ကိုေနဘုန္းလတ္က ေျပာဆိုသည္။ အိမ္ေထာင္သည္တဦးျဖစ္သူ မခင္မိကေတာ့ လင္မယားရန္ပြဲမ်ားတြင္ ဝင္ေငြမညီမွ်မႈေၾကာင့္ ျဖစ္ရသည္က မ်ားၿပီး ထိုဝင္ေငြမညီမွ်ျခင္းေၾကာင့္လည္း အမ်ိဳးသား၏ အႏိုင္က်င့္မႈကို ခံေနရသည္ဟု ဆိုသည္။ ရန္ျဖစ္တိုင္း ‘လုပ္ေလ။ နင္အရည္အခ်င္းရွိရင္ လုပ္ေလ’ ဆိုသည့္ ခင္ပြန္းျဖစ္သူ၏ စကားက မခင္မိရင္ကို ခြဲလိုက္သလို ခံစားရသည္ဟု ေခါင္းေလးငုံ႔ကာ ေျပာသည္။ ထိုစကားေၾကာင့္ မခံခ်င္စိတ္ျဖင့္ အျပင္ထြက္လုပ္မည္ဟု ႀကံေလတိုင္း အလုပ္ေခၚစာမ်ား၏ ကန္႔သတ္ခ်က္အခ်ိဳ႕ေၾကာင့္ မိမိကိုယ္ကို ယုံၾကည္မႈ မရွိေတာ့ေၾကာင္း သူက ဆက္ေျပာသည္။ အခရာ အမ်ိဳးသမီးအဖြဲ႔မွ ဒါ႐ိုက္တာ မထားထားကေတာ့ ပညာတတ္မ်ား အပါအဝင္ အမ်ိဳးသမီးမ်ားသည္ အိမ္မႈကိစၥမ်ားထဲ၌သာ စိတ္နစ္ျမဳပ္ထားသည့္အတြက္ ထြက္ေပါက္မရွိျဖစ္ၿပီး အိမ္ထဲမွာပင္ တျဖည္းျဖည္းခ်င္း အခ်ိန္ကုန္ဆုံးသြားရေၾကာင္း ရွင္းျပသည္။ Cardno Myanmar မွ HR Coordinator မပန္းဝတ္ရည္ကလည္း “အိမ္ေထာင္ရွင္အမ်ိဳးသမီးက အိမ္မွာပဲေနရမယ္။ ကေလးကိုပဲ ဂ႐ုစိုက္ ေစာင့္ေရွာက္ရမယ္ဆိုတဲ့ အေတြးအျမင္ေတြ ရွိေနတဲ့အခါက် အမ်ိဳးသမီးေတြအေနနဲ႔ ဦးေဆာင္မႈပိုင္းေရာက္ဖို႔ ေႏွာင့္ေႏွးသြားတယ္” ဟု ေဝဖန္ေထာက္ျပသည္။ ထိုသို႔ေသာ အေျခအေနမ်ားေၾကာင့္ ႏိုင္ငံေတာ္၏ ဆုံးျဖတ္ခ်က္ခ်မွတ္သည့္ ေနရာတိုင္းတြင္ အမ်ိဳးသမီးမ်ား၏ ပါဝင္မႈ နည္းလာခဲ့ျခင္းျဖစ္ေၾကာင္း အမ်ိဳးသမီးအေရး တက္ႂကြလႈပ္ရွားသူအခ်ိဳ႕က သုံးသပ္ထားသည္။ အမ်ိဳးသမီးမ်ားသည္ အိမ္မႈကိစၥမ်ားၾကားတြင္ ထြက္ေပါက္ပိတ္မိေနသျဖင့္ ၎တို႔၏ လုပ္ေဆာင္ႏိုင္မႈ စြမ္းရည္မ်ား က်ဆင္းသြားရၿပီး အင္အားမ်ားစြာ ဆုံး႐ႈံးသြားရသည္ဟု ဒါ႐ိုက္တာ မထားထားက ေထာက္ျပသည္။ သူက အမ်ိဳးသမီးမ်ား လုပ္ကိုင္ေနၾကသည့္ အိမ္တြင္းအလုပ္ႏွင့္ ပတ္သက္၍လည္း ယခုလို မွတ္ခ်က္ျပဳ ေျပာဆိုသည္။ “ဝင္ေငြမရဘူးဆိုေပမယ့္ အဲဒီအမ်ိဳးသားေတြ လုပ္ႏိုင္ကိုင္ႏိုင္ေအာင္ ဒီဘက္က အမ်ိဳးသမီးေတြက ထမ္းထားလို႔။ အဲဒီအမ်ိဳးသားရဲ႕ဝင္ေငြ အနည္းဆုံး တဝက္ေလာက္က အဲဒီအမ်ိဳးသမီးနဲ႔ဆိုင္တယ္။” (hiburma.net ဝက္ဘ္ဆိုက္မွ ျပန္လည္ေဖာ္ျပသည္။)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024