Home
ရုပ်သံ
ရုပ်သံလွှင့်ကုမ္ပဏီများထံက ငှားရမ်းခ မကောက်ခံနိုင်သည့်အပေါ် လွှတ်တော်တွင် မေးခွန်းထုတ်
နေဖြိုးဝင်း
·
August 19, 2019
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနနဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ ရုပ်သံလွှင့်ကုမ္ပဏီတွေထံက ငှားရမ်းခ ကျပ် ၃ ဒသမ ၂၅ ဘီလီယံကို မကောက်ခံနိုင်ခဲ့တဲ့ကိစ္စအပေါ် လွှတ်တော်ကိုယ်စားလှယ်တဦးက ဒီနေ့ပြည်ထောင်စုလွှတ်တော်မှာ   မေးခွန်းထုတ်လိုက်ပါတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့အရ အသုံးခန့်မှန်းခြေငွေစာရင်းတွေနဲ့ ပတ်သက်ပြီး စာရင်းစစ်ချုပ်ရဲ့ စစ်ဆေးတွေ့ရှိချက်နဲ့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက် အစီရင်ခံစာအပေါ် ဆွေးနွေးကြတာမှာ ဒလမဲဆန္ဒနယ်က ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက အခုလို ထောက်ပြ မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ရုပ်သံလွှင့်ကုမ္ပဏီတွေထံက ရုပ်သံလိုင်းတွေနဲ့ Infrastructure ငှားရမ်းခအဖြစ်  ကျပ် ၃ ဒသမ ၂၅ ဘီလီယံ ကောက်ခံရမှာ ဖြစ်ပေမယ့် ဘဏ္ဍာနှစ်အတွင်း အပြည့်မကောက်နိုင်ခဲ့သလို စာချုပ်စည်းကမ်းအရ သတ်မှတ်ကာလအတွင်း ပေးသွင်းနိုင်ခြင်းမရှိဘဲ သက်သာတဲ့ ဒဏ်ကြေးဆောင်ပြီး နောက်ကျပေးသွင်းနေတယ်လို့ ဒေါက်တာစိန်မြအေးက ပြောပါတယ်။ "စာချုပ်ပါ စည်းကမ်းချက်တွေအရ ၃ လကာလအပြီး ၁၅ ရက်အတွင်း ငှားရမ်းခ ပေးသွင်း ရမှာဖြစ်ပေမယ့် ပေးသွင်းရမယ့် ၃ ဒသမ ၂၅ ဘီလီယံအစား တလကို ဒဏ်ကြေး ၁ ရာခိုင်နှုန်း တစ်နှစ်ကို ၁၂ ရာခိုင်နှုန်း ပေးဆောင်ခွင့်ပြုပေးခဲ့ပါတယ်။ ဒါဟာ ၃ ဒသမ ၂၅ ဘီလီယံကို လှည့်သုံးဖို့ အခွင့်အရေးပေးနေသလားလို့ ထင်မြင်ယူဆစရာ ဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုရင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီမှာ အပေါင်အာမခံနဲ့ ငွေချေးရတဲ့ ချေးငွေအပေါ် အစိုးရဘဏ် အတိုးနှုန်းက ၁၃ ရာခိုင်နှုန်းဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ရောက်မှသာ အပေါင်ပေး တနှစ်ကို အတိုး ၁၂ ရာခိုင်နှုန်း၊ အခြားနည်းနဲ့ ၁၆ ရာခိုင်နှုန်း ပေးရမှာဖြစ်ပါတယ် " လို့ ဆိုပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ စာချုပ်တွေကို ပြန်လည်သုံးသပ်မယ်၊ ပြင်ဆင်ချုပ်ဆိုမယ်လို့ ရှင်းလင်းထားပေမယ့် ဘယ်အဆင့်ထိ ဘယ်လိုဖြေရှင်းပြီးပြီလဲ ထပ်မံရှင်းပြဖို့နဲ့ ဒဏ်ကြေး တိုးမလား၊ တခါတည်း အကြေပေးသွင်းခိုင်းမလား အမြန်ဆုံးဖြတ်ဖို့ သက်ဆိုင်ရာဌာနမှာ တာဝန်ရှိတယ်လို့ ကိုယ်စားလှယ်က ပြောပါတယ်။ ဒလမဲဆန္ဒနယ်က ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက  "ဒဏ်ကြေးဆောင်ရင် ငွေ ၁၀၀ မှာ အစိုးရက တလကို ရှစ်ပြား၊ တနှစ်ကို  ၉၆ ပြား နစ်နာပါတယ်။ ၃ ဒသမ ၂၅ ဘီလီယံအပေါ်မှာ နစ်နာသွားတဲ့ ပမာဏကို တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တွက်ကြည့်နိုင်ပါတယ်။ ကျပ် ၃၂ ဒသမ ၅ သန်းကျော်ပါတယ်။ အဲဒီတန်ဖိုးဟာ အာမခံမလို ဘာမှမလိုဘဲ ရတဲ့ ဝန်ကြီးဌာနက ကုမ္ပဏီကိုပေးတဲ့ အခွင့်ရေး ဖြစ်ပါတယ်။ ဒါအပြင် ကုမ္ပဏီက ၃ ဒသမ ၂၅ ဘီလီယံကိုရင်းပြီး တခြားလုပ်ငန်းကို လှည့်လုပ်မယ် ဆိုရင် သားရွှေအိုးထမ်းယုံတင်မက ကျောက်သံပတ္တမြားအိုးပါ အဆစ်ရတဲ့ အခွင့်အရေးဖြစ်သွားပါပြီ။ ဒါကြောင့် ဒဏ်ကြေးတိုးမလား၊ အကြေသွင်းမလား၊ အမြန်ဆုံးဖြတ်ဖို့ ပြည်သူ့ဘဏ္ဍာ နစ်နာဆုံးရှုံးမှုအတွက် သက်ဆိုင်ရာဌာနမှာ တာဝန်ရှိနေပါတယ်"လို့ ဆိုပါတယ်။ ဒါအပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွန်ကြားမှု ဦးစီးဌာန ကနေ ကောက်ခံနေတဲ့ ဆက်သွယ်ရေးပစ္စည်းလိုင်စင်ခွန် ကောက်ခံတဲ့နှုန်းတွေဟာလည်း ခေတ်နဲ့ လျော်ညီမှု မရှိတဲ့အတွက် ပြင်ဆင်သင့်ပြီလို့လည်း ဒေါက်တာစိန်မြအေးက ထောက်ပြဆွေးနွေး ခဲ့ပါတယ်။ "ခေတ်နဲ့ဆီလျော်မှုမရှိတဲ့ အခွန်နှုန်းထားတွေဟာ ၁၉၆၀ခုနှစ်က ရွှေတကျပ်သား ၁၅၀၊ ၂၀၀ ကျပ် ဈေးပေါက်တဲ့အချိန်က ဖြစ်ပါတယ်။ လွှင့်အားပမာဏ 2KW အထက် ကျပ် ၁၅၀ ပဲ ကောက်ခံနေဦးမယ်ဆိုရင် ရွှေတကျပ်သား ၁၂ သိန်းကျော်နေပြီတဲ့ ယခုအချိန်မှာ တာဝန်ရှိသူတွေအနေနဲ့ ဘယ်လောက်ဖြစ်သင့်သလဲ မသိကြလေသလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။  ၁၉၆၀ ကနေ ၅၉ နှစ်အကြာမှ စာရင်းစစ်ချုပ်က ခေတ်နဲ့မညီဘူး နည်းတယ်လို့ ပြောတာကို ထောက်ခံပေမယ့် ၅၉ နှစ် မေ့သွားလို့ နစ်နာသွားရတဲ့ အခွန်ငွေတွေဟာ ပြည်သူအတွက် ရရှိမယ့် ဘဏ္ဍာငွေတွေဖြစ်ပါ တယ်။ အတိအကျတွက်ကြည့်ရင် ရင်နင့်စရာဖြစ်ကြောင်း မှန်၊ မမှန် စဉ်းစားကြည့်နိုင်ပါတယ် " လို့ ဒေါက်တာစိန်မြအေးက ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ သက်ဆိုင်ရာဝန်ကြီးဌာနကတော့ ဘယ်လိုစီစဉ်ဆောင်ရွက်မယ်ဆိုတာ ဖော်ပြထားတာ မတွေ့ရတဲ့အတွက် နောင်မှာ ဘယ်လို ကောက်ခံမယ် ဆိုတာကို တိတိကျကျ ရှင်းလင်းဖော်ပြပေးစေလိုတယ်လို့လည်း ပြောပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ႐ုပ္သံလႊင့္ကုမၸဏီမ်ားထံက ငွားရမ္းခ မေကာက္ခံႏိုင္သည့္အေပၚ လႊတ္ေတာ္တြင္ ေမးခြန္းထုတ္ ျပန္ၾကားေရးဝန္ႀကီးဌာန၊ ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကားဌာနနဲ႔ ဆက္စပ္လုပ္ကိုင္ေနတဲ့ ႐ုပ္သံလႊင့္ကုမၸဏီေတြထံက ငွားရမ္းခ က်ပ္ ၃ ဒသမ ၂၅ ဘီလီယံကို မေကာက္ခံႏိုင္ခဲ့တဲ့ကိစၥအေပၚ လႊတ္ေတာ္ကိုယ္စားလွယ္တဦးက ဒီေန႔ျပည္ေထာင္စုလႊတ္ေတာ္မွာ   ေမးခြန္းထုတ္လိုက္ပါတယ္။ ၂၀၁၇-၁၈ ဘ႑ာေရးႏွစ္ ျပည္ေထာင္စုရဲ႕အရ အသုံးခန႔္မွန္းေျခေငြစာရင္းေတြနဲ႔ ပတ္သက္ၿပီး စာရင္းစစ္ခ်ဳပ္ရဲ႕ စစ္ေဆးေတြ႕ရွိခ်က္နဲ႔ ျပည္သူ႔ေငြစာရင္းပူးေပါင္းေကာ္မတီရဲ႕ ေလ့လာေတြ႕ရွိခ်က္ အစီရင္ခံစာအေပၚ ေဆြးေႏြးၾကတာမွာ ဒလမဲဆႏၵနယ္က ကိုယ္စားလွယ္ ေဒါက္တာစိန္ျမေအးက အခုလို ေထာက္ျပ ေမးခြန္းထုတ္ခဲ့တာျဖစ္ပါတယ္။ ၂၀၁၇-၁၈ ဘ႑ာေရးႏွစ္မွာ ျပန္ၾကားေရးဝန္ႀကီးဌာနအေနနဲ႔ ႐ုပ္သံလႊင့္ကုမၸဏီေတြထံက ႐ုပ္သံလိုင္းေတြနဲ႔ Infrastructure ငွားရမ္းခအျဖစ္  က်ပ္ ၃ ဒသမ ၂၅ ဘီလီယံ ေကာက္ခံရမွာ ျဖစ္ေပမယ့္ ဘ႑ာႏွစ္အတြင္း အျပည့္မေကာက္ႏိုင္ခဲ့သလို စာခ်ဳပ္စည္းကမ္းအရ သတ္မွတ္ကာလအတြင္း ေပးသြင္းႏိုင္ျခင္းမရွိဘဲ သက္သာတဲ့ ဒဏ္ေၾကးေဆာင္ၿပီး ေနာက္က်ေပးသြင္းေနတယ္လို႔ ေဒါက္တာစိန္ျမေအးက ေျပာပါတယ္။ "စာခ်ဳပ္ပါ စည္းကမ္းခ်က္ေတြအရ ၃ လကာလအၿပီး ၁၅ ရက္အတြင္း ငွားရမ္းခ ေပးသြင္း ရမွာျဖစ္ေပမယ့္ ေပးသြင္းရမယ့္ ၃ ဒသမ ၂၅ ဘီလီယံအစား တလကို ဒဏ္ေၾကး ၁ ရာခိုင္ႏႈန္း တစ္ႏွစ္ကို ၁၂ ရာခိုင္ႏႈန္း ေပးေဆာင္ခြင့္ျပဳေပးခဲ့ပါတယ္။ ဒါဟာ ၃ ဒသမ ၂၅ ဘီလီယံကို လွည့္သုံးဖို႔ အခြင့္အေရးေပးေနသလားလို႔ ထင္ျမင္ယူဆစရာ ျဖစ္လာပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ၂၀၁၇ ခုႏွစ္ ေဖေဖာ္ဝါရီမွာ အေပါင္အာမခံနဲ႔ ေငြေခ်းရတဲ့ ေခ်းေငြအေပၚ အစိုးရဘဏ္ အတိုးႏႈန္းက ၁၃ ရာခိုင္ႏႈန္းျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္ေရာက္မွသာ အေပါင္ေပး တႏွစ္ကို အတိုး ၁၂ ရာခိုင္ႏႈန္း၊ အျခားနည္းနဲ႔ ၁၆ ရာခိုင္ႏႈန္း ေပးရမွာျဖစ္ပါတယ္ " လို႔ ဆိုပါတယ္။ ျပန္ၾကားေရးဝန္ႀကီးဌာနအေနနဲ႔ စာခ်ဳပ္ေတြကို ျပန္လည္သုံးသပ္မယ္၊ ျပင္ဆင္ခ်ဳပ္ဆိုမယ္လို႔ ရွင္းလင္းထားေပမယ့္ ဘယ္အဆင့္ထိ ဘယ္လိုေျဖရွင္းၿပီးၿပီလဲ ထပ္မံရွင္းျပဖို႔နဲ႔ ဒဏ္ေၾကး တိုးမလား၊ တခါတည္း အေၾကေပးသြင္းခိုင္းမလား အျမန္ဆုံးျဖတ္ဖို႔ သက္ဆိုင္ရာဌာနမွာ တာဝန္ရွိတယ္လို႔ ကိုယ္စားလွယ္က ေျပာပါတယ္။ ဒလမဲဆႏၵနယ္က ကိုယ္စားလွယ္ ေဒါက္တာစိန္ျမေအးက  "ဒဏ္ေၾကးေဆာင္ရင္ ေငြ ၁၀၀ မွာ အစိုးရက တလကို ရွစ္ျပား၊ တႏွစ္ကို  ၉၆ ျပား နစ္နာပါတယ္။ ၃ ဒသမ ၂၅ ဘီလီယံအေပၚမွာ နစ္နာသြားတဲ့ ပမာဏကို တာဝန္ရွိပုဂၢိဳလ္ေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ တြက္ၾကည့္ႏိုင္ပါတယ္။ က်ပ္ ၃၂ ဒသမ ၅ သန္းေက်ာ္ပါတယ္။ အဲဒီတန္ဖိုးဟာ အာမခံမလို ဘာမွမလိုဘဲ ရတဲ့ ဝန္ႀကီးဌာနက ကုမၸဏီကိုေပးတဲ့ အခြင့္ေရး ျဖစ္ပါတယ္။ ဒါအျပင္ ကုမၸဏီက ၃ ဒသမ ၂၅ ဘီလီယံကိုရင္းၿပီး တျခားလုပ္ငန္းကို လွည့္လုပ္မယ္ ဆိုရင္ သားေ႐ႊအိုးထမ္းယုံတင္မက ေက်ာက္သံပတၱျမားအိုးပါ အဆစ္ရတဲ့ အခြင့္အေရးျဖစ္သြားပါၿပီ။ ဒါေၾကာင့္ ဒဏ္ေၾကးတိုးမလား၊ အေၾကသြင္းမလား၊ အျမန္ဆုံးျဖတ္ဖို႔ ျပည္သူ႔ဘ႑ာ နစ္နာဆုံးရႈံးမႈအတြက္ သက္ဆိုင္ရာဌာနမွာ တာဝန္ရွိေနပါတယ္"လို႔ ဆိုပါတယ္။ ဒါအျပင္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ဆက္သြယ္ေရးၫြန္ၾကားမႈ ဦးစီးဌာန ကေန ေကာက္ခံေနတဲ့ ဆက္သြယ္ေရးပစၥည္းလိုင္စင္ခြန္ ေကာက္ခံတဲ့ႏႈန္းေတြဟာလည္း ေခတ္နဲ႔ ေလ်ာ္ညီမႈ မရွိတဲ့အတြက္ ျပင္ဆင္သင့္ၿပီလို႔လည္း ေဒါက္တာစိန္ျမေအးက ေထာက္ျပေဆြးေႏြး ခဲ့ပါတယ္။ "ေခတ္နဲ႔ဆီေလ်ာ္မႈမရွိတဲ့ အခြန္ႏႈန္းထားေတြဟာ ၁၉၆၀ခုႏွစ္က ေ႐ႊတက်ပ္သား ၁၅၀၊ ၂၀၀ က်ပ္ ေဈးေပါက္တဲ့အခ်ိန္က ျဖစ္ပါတယ္။ လႊင့္အားပမာဏ 2KW အထက္ က်ပ္ ၁၅၀ ပဲ ေကာက္ခံေနဦးမယ္ဆိုရင္ ေ႐ႊတက်ပ္သား ၁၂ သိန္းေက်ာ္ေနၿပီတဲ့ ယခုအခ်ိန္မွာ တာဝန္ရွိသူေတြအေနနဲ႔ ဘယ္ေလာက္ျဖစ္သင့္သလဲ မသိၾကေလသလားလို႔ ေမးခြန္းထုတ္စရာ ျဖစ္လာပါတယ္။ ၁၉၆၀ ကေန ၅၉ ႏွစ္အၾကာမွ စာရင္းစစ္ခ်ဳပ္က ေခတ္နဲ႔မညီဘူး နည္းတယ္လို႔ ေျပာတာကို ေထာက္ခံေပမယ့္ ၅၉ ႏွစ္ ေမ့သြားလို႔ နစ္နာသြားရတဲ့ အခြန္ေငြေတြဟာ ျပည္သူအတြက္ ရရွိမယ့္ ဘ႑ာေငြေတြျဖစ္ပါ တယ္။ အတိအက်တြက္ၾကည့္ရင္ ရင္နင့္စရာျဖစ္ေၾကာင္း မွန္၊ မမွန္ စဥ္းစားၾကည့္ႏိုင္ပါတယ္ " လို႔ ေဒါက္တာစိန္ျမေအးက ဆိုပါတယ္။ ဒါနဲ႔ပတ္သက္လို႔ သက္ဆိုင္ရာဝန္ႀကီးဌာနကေတာ့ ဘယ္လိုစီစဥ္ေဆာင္႐ြက္မယ္ဆိုတာ ေဖာ္ျပထားတာ မေတြ႕ရတဲ့အတြက္ ေနာင္မွာ ဘယ္လို ေကာက္ခံမယ္ ဆိုတာကို တိတိက်က် ရွင္းလင္းေဖာ္ျပေပးေစလိုတယ္လို႔လည္း ေျပာပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024