
AFF Women’s Championship ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း ဆီမီးဖိုင်နယ်တက်

Email This Story :
ထိုင်းနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်း ဆီမီးဖိုင်နယ်ကို ၁၀ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့ပါတယ်။
သြဂုတ် ၁၈ ရက်က ကစားခဲ့တဲ့ ကမ္ဘောဒီးယားနဲ့ အုပ်စုပွဲစဉ်မှာ မြန်မာအမျိုးသမီးအသင်းက ၁၀ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်တက်ဖို့ သေချာသွားတာပါ။
မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်တုန်းကလည်း အင်ဒိုနီးရှားအသင်းကို ၇ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
မြန်မာအသင်းဟာ အုပ်စု ဘီမှာ ဗီယက်နမ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်အရ အုပ်စုဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
မြန်မာအမျိုးသမီးအသင်းအနေနဲ့ ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံပြိုင်ပွဲ ၁၁ ကြိမ်မှာ ၁၀ ကြိမ်မြောက် ဆီမီးဖိုင်နယ် တက်နိုင်တာ ဖြစ်ပါတယ်။
အုပ်စုနောက်ဆုံးပွဲစဉ်ကိုတော့ သြဂုတ် ၂၀ ရက်မှာ ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပြီး မြန်မာအသင်းက ဗီယက်နမ်နဲ့ အုပ်စုပထမနေရာအတွက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
တဖက်အုပ်စုမှာတော့ ဖိလစ်ပိုင် အမျိုးသမီးအသင်းက ၂ ပွဲကစား ၂ ပွဲနိုင်ရလဒ်နဲ့ ဦးဆောင်နေပြီး အိမ်ရှင် ထိုင်းအမျိုးသမီးအသင်းက ၁ ပွဲကစား ၁ ပွဲ အနိုင်ရထားပါတယ်။
Zawgyi Version
AFF Women’s Championship ၿပိဳင္ပြဲတြင္ ျမန္မာအမ်ိဳးသမီးအသင္း ဆီမီးဖိုင္နယ္တက္
DVB
ထိုင္းႏိုင္ငံမွာက်င္းပေနတဲ့ အာဆီယံ အမ်ိဳးသမီး ခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာ ျမန္မာအမ်ိဳးသမီးအသင္း ဆီမီးဖိုင္နယ္ကို ၁၀ ႀကိမ္ေျမာက္ တက္ေရာက္ႏိုင္ခဲ့ပါတယ္။
ၾသဂုတ္ ၁၈ ရက္က ကစားခဲ့တဲ့ ကေမာၻဒီးယားနဲ႔ အုပ္စုပြဲစဥ္မွာ ျမန္မာအမ်ိဳးသမီးအသင္းက ၁၀ ဂိုး ၁ ဂိုးနဲ႔ အႏိုင္ရခဲ့ၿပီး ဆီမီးဖိုင္နယ္တက္ဖို႔ ေသခ်ာသြားတာပါ။
ျမန္မာအသင္းဟာ အုပ္စုအဖြင့္ပြဲစဥ္တုန္းကလည္း အင္ဒိုနီးရွားအသင္းကို ၇ ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရခဲ့ပါတယ္။
ျမန္မာအသင္းဟာ အုပ္စု ဘီမွာ ဗီယက္နမ္နဲ႔ ရမွတ္တူ ဂိုးကြာျခားခ်က္အရ အုပ္စုဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။
ျမန္မာအမ်ိဳးသမီးအသင္းအေနနဲ႔ က်င္းပၿပီးစီးခဲ့တဲ့ အာဆီယံၿပိဳင္ပြဲ ၁၁ ႀကိမ္မွာ ၁၀ ႀကိမ္ေျမာက္ ဆီမီးဖိုင္နယ္ တက္ႏိုင္တာ ျဖစ္ပါတယ္။
အုပ္စုေနာက္ဆုံးပြဲစဥ္ကိုေတာ့ ၾသဂုတ္ ၂၀ ရက္မွာ ဆက္လက္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး ျမန္မာအသင္းက ဗီယက္နမ္နဲ႔ အုပ္စုပထမေနရာအတြက္ ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။
တဖက္အုပ္စုမွာေတာ့ ဖိလစ္ပိုင္ အမ်ိဳးသမီးအသင္းက ၂ ပြဲကစား ၂ ပြဲႏိုင္ရလဒ္နဲ႔ ဦးေဆာင္ေနၿပီး အိမ္ရွင္ ထိုင္းအမ်ိဳးသမီးအသင္းက ၁ ပြဲကစား ၁ ပြဲ အႏိုင္ရထားပါတယ္။