DVB Logo
Home
မြန်မာသတင်း
ရေဘေးသင့် ရွှေ့ပြောင်းလုပ်သားများကို သရုပ်ဆောင် ခိုင်နှင်းဝေ သွားရောက်လှူဒါန်း
DVB
·
August 19, 2019
ရေဘေးသင့် ရွှေ့ပြောင်းလုပ်သားများကို သရုပ်ဆောင် ခိုင်နှင်းဝေ သွားရောက်လှူဒါန်း
Donate to DVB

ဝေးလံပြီး လမ်းပန်းဆက်သွယ်ရေး သွားလာရခက်ခဲတဲ့ ကော့ကရိတ်မြို့နယ်၊ ကော့လျှမ်းကျေးရွာအနီးဝန်းကျင်က ရေဘေးသင့်နေတဲ့ ပြည်တွင်းရွှေ့ပြောင်းလုပ်သား အိမ်ထောင်စု ၃၀၀ အတွက် အဝတ်အထည်၊ စားသောက်ဖွယ်ရာနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေက သွားရောက်လှူဒါန်းခဲ့ပါတယ်။

ကရင်ပြည်နယ်အတွင်း သြဂုတ်လဆန်းပိုင်းက စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှု၊ ဂျိုင်းမြစ်ရေ တက်လာတာတွေကြောင့် ရေနစ်မြုပ်ခဲ့ပြီး စားဝတ်နေရေး ခက်ခဲတဲ့ ကျေးရွာတွေက ရေဘေးသင့်ပြည်သူတွေကို ခိုင်နှင်း‌ဝေ ပရဟိတလူငယ်များအသင်းက အလှူရှင်တွေကိုယ်စား အသင်း တည်ထောင်သူ သရုပ်ဆောင် ခိုင်နှင်းဝေက ဦးဆောင်ပြီး သွားရောက်လှူဒါန်းခဲ့တာပါ။ 

ရုပ်ရှင်သရုပ်ဆောင်၊ ခိုင်နှင်းဝေက “သူတို့တွေအကုန်လုံး ဒုက္ခရောက်နေတဲ့အချိန်မှာ ကျမတို့တွေက အိမ်မှာ အေးဆေးနေရတဲ့အချိန် သူတို့ ဒီမှာ ရေကြီးနေကြတယ်။ စားဖို့ သောက်ဖို့ ပြတ်လပ်နေကြတယ်”လို့ ပြောပါတယ်။

ရေကြီးနစ်မြုပ်ခဲ့တဲ့ ရေဘေးသင့်အိမ်ထောင်စု ၃၀၀ အတွက် အဝတ်အထည်၊ စောင်၊ ဆန်၊ ဆီ၊ ငါးသေတ္တာ၊ မီးဖိုချောင်သုံးပစ္စည်းတွေအပြင် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို ပေးအပ်လှူဒါန်းခဲ့တာပါ။

ခုလို လာရောက်လှူဒါန်းတာနဲ့ပတ်သက်ပြီး ကော့လျှမ်းကျေးရွာနေ ဒေါ်သန်းမြင့်က “ရေကြီးတာ အသွားအလာခက်တော့ အစားအသောက်တွေ နည်းနည်းတော့ ခက်တာပေါ့။ ရန်ကုန်ကနေ ဒီအထိလာပြီးတော့ ကူညီပေးတော့ တော်တော်လေး ဝမ်းသာတာပေါ့”လို့ ပြောပါတယ်။

ဒေသတွင်း အလုပ်အကိုင် ရှားပါးတာ၊ ဝင်ငွေနည်းပါးတာတွေကြောင့် မိသားစု စားဝတ်နေရေးအတွက် ရာဘာခြံ၊ လယ်ယာနဲ့ အခြားလုပ်ငန်းတွေမှာ နေ့စားအလုပ် လာရောက်လုပ်ကိုင်သူတွေ ဖြစ်ကြပြီး ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်နဲ့ မကွေးတိုင်းတွေက အများဆုံး လာရောက်ကြတာပါ။

ကော့လျှမ်းကျေးရွာနေ ရွှေ့ပြောင်းလုပ်သား ကိုကျော်မင်းထွန်းက “ရေတအားကြီးတော့ သနားဖို့ ကောင်းတယ်။ အကုန်လုံး နစ်တဲ့သူနစ်။ ငတ်တဲ့သူလည်း ငတ်ကြတယ်။ အကုန်လုံးက စားဖို့ အနိုင်နိုင်ပဲ”လို့ ပြောပါတယ်။

ရွှေ့ပြောင်းလုပ်သား ဒေါ်စန်းရင်က “တော်တော်အခက်အခဲဖြစ်တယ်။ ရေကလည်း တအားများတယ်။ ဒါပေမဲ့ လှေလေးရှိတော့ သွားလာလို့ နည်းနည်း အဆင်ပြေတယ်။ စားရတာတော့ အခက်အခဲ ဖြစ်တာပေါ့”လို့ ပြောပါတယ်။

သြဂုတ်လဆန်းပိုင်းက စတင်ပြီး ဂျိုင်းမြစ်ရေဟာ ကျုံဒိုးမြို့ရဲ့ စိုးရိမ်ရေအမှတ် ၅၅၀ စင်တီမီတာကို ကျော်လွန်ပြီး ၆၃၄ စင်တီမီတာအထိ ရောက်ရှိခဲ့ရာက သြဂုတ် ၁၃ ရက်က စတင်ပြီး ပြန်လည်ကျဆင်းခဲ့ပေမယ့် နေအိမ်တွေ ရေနစ်မြုပ်နေဆဲ ဖြစ်ပါတယ်။

ရဲမင်းခေါင်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေရေဘးသင့္ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားကို သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝ သြားေရာက္လႉဒါန္း

ေဝးလံၿပီး လမ္းပန္းဆက္သြယ္ေရး သြားလာရခက္ခဲတဲ့ ေကာ့ကရိတ္ၿမိဳ႕နယ္၊ ေကာ့လွ်မ္းေက်း႐ြာအနီးဝန္းက်င္က ေရေဘးသင့္ေနတဲ့ ျပည္တြင္းေ႐ႊ႕ေျပာင္းလုပ္သား အိမ္ေထာင္စု ၃၀၀ အတြက္ အဝတ္အထည္၊ စားေသာက္ဖြယ္ရာနဲ႔ မီးဖိုေခ်ာင္သုံးပစၥည္းေတြကို ႐ုပ္ရွင္သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝက သြားေရာက္လႉဒါန္းခဲ့ပါတယ္။

ကရင္ျပည္နယ္အတြင္း ၾသဂုတ္လဆန္းပိုင္းက စတင္ၿပီး မိုးအဆက္မျပတ္ ႐ြာသြန္းမႈ၊ ဂ်ိဳင္းျမစ္ေရ တက္လာတာေတြေၾကာင့္ ေရနစ္ျမဳပ္ခဲ့ၿပီး စားဝတ္ေနေရး ခက္ခဲတဲ့ ေက်း႐ြာေတြက ေရေဘးသင့္ျပည္သူေတြကို ခိုင္ႏွင္း‌ေဝ ပရဟိတလူငယ္မ်ားအသင္းက အလွူရွင္ေတြကိုယ္စား အသင္း တည္ေထာင္သူ သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝက ဦးေဆာင္ၿပီး သြားေရာက္လႉဒါန္းခဲ့တာပါ။

႐ုပ္ရွင္သ႐ုပ္ေဆာင္၊ ခိုင္ႏွင္းေဝက “သူတို႔ေတြအကုန္လုံး ဒုကၡေရာက္ေနတဲ့အခ်ိန္မွာ က်မတို႔ေတြက အိမ္မွာ ေအးေဆးေနရတဲ့အခ်ိန္ သူတို႔ ဒီမွာ ေရႀကီးေနၾကတယ္။ စားဖို႔ ေသာက္ဖို႔ ျပတ္လပ္ေနၾကတယ္”လို႔ ေျပာပါတယ္။

ေရႀကီးနစ္ျမဳပ္ခဲ့တဲ့ ေရေဘးသင့္အိမ္ေထာင္စု ၃၀၀ အတြက္ အဝတ္အထည္၊ ေစာင္၊ ဆန္၊ ဆီ၊ ငါးေသတၱာ၊ မီးဖိုေခ်ာင္သုံးပစၥည္းေတြအျပင္ အမ်ိဳးသမီးလစဥ္သုံးပစၥည္းေတြကို ေပးအပ္လႉဒါန္းခဲ့တာပါ။

ခုလို လာေရာက္လႉဒါန္းတာနဲ႔ပတ္သက္ၿပီး ေကာ့လွ်မ္းေက်း႐ြာေန ေဒၚသန္းျမင့္က “ေရႀကီးတာ အသြားအလာခက္ေတာ့ အစားအေသာက္ေတြ နည္းနည္းေတာ့ ခက္တာေပါ့။ ရန္ကုန္ကေန ဒီအထိလာၿပီးေတာ့ ကူညီေပးေတာ့ ေတာ္ေတာ္ေလး ဝမ္းသာတာေပါ့”လို႔ ေျပာပါတယ္။

ေဒသတြင္း အလုပ္အကိုင္ ရွားပါးတာ၊ ဝင္ေငြနည္းပါးတာေတြေၾကာင့္ မိသားစု စားဝတ္ေနေရးအတြက္ ရာဘာၿခံ၊ လယ္ယာနဲ႔ အျခားလုပ္ငန္းေတြမွာ ေန႔စားအလုပ္ လာေရာက္လုပ္ကိုင္သူေတြ ျဖစ္ၾကၿပီး ဧရာဝတီ၊ ပဲခူး၊ ရန္ကုန္နဲ႔ မေကြးတိုင္းေတြက အမ်ားဆုံး လာေရာက္ၾကတာပါ။

ေကာ့လွ်မ္းေက်း႐ြာေန ေ႐ႊ႕ေျပာင္းလုပ္သား ကိုေက်ာ္မင္းထြန္းက “ေရတအားႀကီးေတာ့ သနားဖို႔ ေကာင္းတယ္။ အကုန္လုံး နစ္တဲ့သူနစ္။ ငတ္တဲ့သူလည္း ငတ္ၾကတယ္။ အကုန္လုံးက စားဖို႔ အႏိုင္ႏိုင္ပဲ”လို႔ ေျပာပါတယ္။

ေ႐ႊ႕ေျပာင္းလုပ္သား ေဒၚစန္းရင္က “ေတာ္ေတာ္အခက္အခဲျဖစ္တယ္။ ေရကလည္း တအားမ်ားတယ္။ ဒါေပမဲ့ ေလွေလးရွိေတာ့ သြားလာလို႔ နည္းနည္း အဆင္ေျပတယ္။ စားရတာေတာ့ အခက္အခဲ ျဖစ္တာေပါ့”လို႔ ေျပာပါတယ္။

ၾသဂုတ္လဆန္းပိုင္းက စတင္ၿပီး ဂ်ိဳင္းျမစ္ေရဟာ က်ဳံဒိုးၿမိဳ႕ရဲ႕ စိုးရိမ္ေရအမွတ္ ၅၅၀ စင္တီမီတာကို ေက်ာ္လြန္ၿပီး ၆၃၄ စင္တီမီတာအထိ ေရာက္ရွိခဲ့ရာက ၾသဂုတ္ ၁၃ ရက္က စတင္ၿပီး ျပန္လည္က်ဆင္းခဲ့ေပမယ့္ ေနအိမ္ေတြ ေရနစ္ျမဳပ္ေနဆဲ ျဖစ္ပါတယ္။

ရဲမင္းေခါင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013