Home
မြန်မာသတင်း
လူကုန်ကူးခံရသူ အမျိုးသမီးငယ် ၇ ဦး တရားရင်ဆိုင်နိုင်ရန် အကူအညီလိုအပ်နေ
DVB
·
August 18, 2019
စစ်ကိုင်းတိုင်း မုံရွာမြို့က လူကုန်ကူးခံရတဲ့ အမျိုးသမီးငယ် ၇ ဦး တရားရင်ဆိုင်နိုင်ဖို့ အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။ မုံရွာမြို့၊ ထန်းတောရပ်ကွက်ကနေ ဖောင်းပြင်မြို့ရှိ ဟန်မိသားစု စတိုးဆိုင်မှာ သွားရောက်အလုပ်လုပ်နေတဲ့ မိန်းကလေးငယ် ၇ ဦးကို လူကုန်ကူးမှုကာကွယ်တားဆီးရေးဥပဒေပါ အင်္ဂါရပ်တွေနဲ့ ညိစွန်းတာကြောင့် အမှတ် ၁ လူကုန်တားရဲတပ်ဖွဲ့ ရဲတပ်ဖွဲ့စိပ် ၁ (ကလေး) က တရားလိုပြုလုပ်ကာ လူကုန်တားဥပဒေပုဒ်မ ၂၄ နဲ့ ဖောင်းပြင်မြို့မရဲစခန်းမှာ အခုလ ၇ ရက်နေ့က အမှုဖွင့်ခဲ့တာပါ။  လူကုန်ကူးခံရသူတွေက အသက်အငယ်ဆုံး ၁၃ နှစ်ကနေ အကြီးဆုံး ၂၅ နှစ်အရွယ် မိန်းကလေးတွေဖြစ်ပြီး လုပ်သက်အနေနဲ့ အနည်းဆုံး ၆ နှစ်ကနေ ၁၀ နှစ်အထိ ကြာပြီလည်း ဖြစ်ပါတယ်။  မိန်းကလေး ၁ ယောက် ရိုက်နှက်ဒဏ်ရာရတာကနေ စတင်ကာ ခွဲစိတ်ကုသမှုခံယူရတဲ့အထိ ဖြစ်တဲ့အတွက် တဖြည်းဖြည်း လူသိများလာတာလည်းဖြစ်ကာ ကလေးတွေရဲ့ ဆွေးမျိုးတော်စပ်သူ ဒေါ်ဝင်းဆိုသူကလည်း ဇူလိုင်လကတည်းက နှိပ်စက်ညှဉ်းပန်းမှုနဲ့ မုံရွာမြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။  လက်ရှိအချိန်မှာ ဆိုင်ရှင်လင်မယားက တိမ်းရှောင်နေတာကြောင့် ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။ ဒါနဲ့ပတ်သက်ပြီး တိုင်းရဲတပ်ဖွဲ့မှုးရုံးကို သွားရောက်မေးမြန်းရာမှာတော့ အမြန်ဆုံး ဖမ်းဆီးတရားရုံးတင်နိုင်ရေး ညွှန်ကြားထားတယ်လို့ ဒုတိယရဲမှုးကြီးအဆင့်ရှိ ရဲအရာရှိတဦးက ပြောပါတယ်။ အမှုဖွင့်ပြီးနောက်ပိုင်း တဆင့်ခံတွေနဲ့ ညှိနှိုင်းတာ ၂ ကြိမ်ရှိပြီလို့ သိရပါတယ်။ ဒါပေမယ့် ငွေဘယ်လောက်ပေးပေး လက်မခံနိုင်တဲ့အတွက် အမှုဖွင့်ထားတာလို့ ဒေါ်ဝင်းက ပြောပါတယ်။ လတ်တလောမှာတော့ အမှုရင်ဆိုင်ဖို့ သွားလာ နေထိုင်စားသောက်ရေးမှာ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။ "ကလေးတွေကတော့ ရောက်စကတော့ ဗိုက်အောင့်တာ၊ ထမင်းမစားနိုင်တာတွေ ဖြစ်ကြတယ်။ အခုတော့ ပုံမှန်နီးပါးပြန်ဖြစ်ပါပြီ။ ရိုက်နှက်ခံရသူ ၂ ယောက်ကတော့ အနာက ရှင်းရှင်းမပျောက်သေးဘူး။ ကျန်တဲ့အခက်အခဲတော့ မရှိပေမယ့် အမှုတရားရုံး ရုံးချိန်းသွားရတဲ့အချိန်ကျရင်တော့ ငွေကြေးမပြည့်စုံတဲ့အတွက် အခက်အခဲရှိတယ်။ မုံရွာကနေ မော်လိုက်ခရိုင်တရားရုံးထိ သွားရမှာပြောတယ်။ ဆွေးမျိုးမရှိ ဘာမရှိနဲ့ ကလေး ၇ ယောက်နဲ့ မိဘတွေနဲ့ဆို ၁ ခေါက်ကို အနည်းဆုံး ၁၀ ယောက်လောက်တော့ပါမှာ။ အဲဒီအတွက် လမ်းစရိတ်၊ နေစရိတ်တော့ အခက်အခဲရှိတယ်" လို့ ဒေါ်ဝင်းက ပြောပါတယ်။ နှိပ်စက်ဒဏ်ရာကြောင့် ဆေးရုံတက်နေစဉ်ကလည်း ကျန်တဲ့ကလေးတွေလည်း ခေါ်ခွင့်ပေးမယ်။ ငွေကြိုယူထားလို့ လုပ်အားကျန်နေသေးတာကိုလည်း လျော်ပေးမယ်ဆိုပြီး အမှုမဖွင့်ဖို့ ညှိနှိုင်းတာ ရှိခဲ့သေးတယ်လို့ ဆိုပါတယ်။  ဒါ့အပြင် သြဂုတ် ၁၅ ရက်နေ့ကလည်း ရပ်ကွက်နေသူတဦးက ခေါ်ယူကာ ၁ ယောက်ကို ၁၅ သိန်း နစ်နာကြေးပေးမယ်ဆိုပြီး အမှုကြေအေးဖို့ ညှိနှိုင်းတာ ရှိခဲ့သေးတယ်လို့လည်း ပြောပါတယ်။  လတ်တလောမှာတော့ မိန်းကလေး ၇ ယောက် လူကုန်ကူးခံရတဲ့ ကိစ္စအပေါ် စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီကလည်း သွားရောက်တွေ့ဆုံကာ အားပေးနှစ်သိမ့် ပညာပေးတာတွေ ပြုလုပ်နေပြီး လိုအပ်တဲ့ အကူအညီတွေပေးနိုင်အောင် ချိတ်ဆက်တာတွေ လုပ်ဆောင်နေပါတယ်။  ဒါ့အပြင် မုံရွာမြို့ ၈၈ ငြိမ်းပွင့်၊ Future Light အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့တွေကလည်း သွားရောက်အားပေးနှစ်သိမ့်တာတွေ လုပ်ဆောင်နေပြီး ဥပဒေအရ အကူအညီပေးနိုင်အောင် စီစဉ်နေကြပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနကတော့ သက်သေအဖြစ်လိုက်ပေးရတာတွေရှိပြီး နှိပ်စက်ရိုက်နှက်ခံရလို့ ဆေးရုံတက်ရတဲ့ မိန်းကလေးအတွက်ကိုတော့ ပြည်ထောင်စုအဆင့်အထိ အစီရင်ခံစာ တင်ထားပေးပြီဖြစ်ကာ နောက်ထပ် လူကုန်ကူးနဲ့ အမှုဖွင့်ထားတာကိုတော့ ဆောင်ရွက်တာ မရှိသေးဘူးလို့ တိုင်းလူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ရှိသူကလည်း ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ အခုနှစ်အတွင်း ပြည်တွင်းပြည်မ လူကုန်ကူးမှု ၃ မှုရှိတယ်လို့ မုံရွာလူကုန်တားရဲတပ်ဖွဲ့က သိရပါတယ်။ အဲဒီထဲမှာ တရုတ်မယားအဖြစ် ၃ မှု၊ အဓမ္မစေခိုင်းမှု ၂ ခုတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုကိစ္စကိုလည်း သူတို့ဆီကို အမှုတွဲရောက်လာရင်တော့ လိုအပ်တာတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းမှာ လူခေါ်ပွဲစားတွေကတဆင့် တရုတ်နိုင်ငံကို တရားမဝင် အလုပ်သွားလုပ်ရာက ဒုက္ခရောက်လို့ နေရပ်ပြန်နိုင်ရေး အစိုးရက ပါဝင်ကူညီရတာတွေလည်း အများကြီးရှိကာ လူဦးရေ ၁၀၀ နီးပါး ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြည်ပအလုပ်အကိုင်အလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မနဲ့ တရားစွဲဆိုတဲ့ အမှုတွေလည်း ရှိနေပါသေးတယ်။
Zawgyi Version လူကုန္ကူးခံရသူ အမ်ိဳးသမီးငယ္ ၇ ဦး တရားရင္ဆိုင္ႏိုင္ရန္ အကူအညီလိုအပ္ေန ေအာင္ကိုလတ္ စစ္ကိုင္းတိုင္း မုံ႐ြာၿမိဳ႕က လူကုန္ကူးခံရတဲ့ အမ်ိဳးသမီးငယ္ ၇ ဦး တရားရင္ဆိုင္ႏိုင္ဖို႔ အကူအညီလိုအပ္ေနတယ္လို႔ သိရပါတယ္။ မုံ႐ြာၿမိဳ႕၊ ထန္းေတာရပ္ကြက္ကေန ေဖာင္းျပင္ၿမိဳ႕ရွိ ဟန္မိသားစု စတိုးဆိုင္မွာ သြားေရာက္အလုပ္လုပ္ေနတဲ့ မိန္းကေလးငယ္ ၇ ဦးကို လူကုန္ကူးမႈကာကြယ္တားဆီးေရးဥပေဒပါ အဂၤါရပ္ေတြနဲ႔ ညိစြန္းတာေၾကာင့္ အမွတ္ ၁ လူကုန္တားရဲတပ္ဖြဲ႕ ရဲတပ္ဖြဲ႕စိပ္ ၁ (ကေလး) က တရားလိုျပဳလုပ္ကာ လူကုန္တားဥပေဒပုဒ္မ ၂၄ နဲ႔ ေဖာင္းျပင္ၿမိဳ႕မရဲစခန္းမွာ အခုလ ၇ ရက္ေန႔က အမႈဖြင့္ခဲ့တာပါ။ လူကုန္ကူးခံရသူေတြက အသက္အငယ္ဆုံး ၁၃ ႏွစ္ကေန အႀကီးဆုံး ၂၅ ႏွစ္အ႐ြယ္ မိန္းကေလးေတြျဖစ္ၿပီး လုပ္သက္အေနနဲ႔ အနည္းဆုံး ၆ ႏွစ္ကေန ၁၀ ႏွစ္အထိ ၾကာၿပီလည္း ျဖစ္ပါတယ္။ မိန္းကေလး ၁ ေယာက္ ႐ိုက္ႏွက္ဒဏ္ရာရတာကေန စတင္ကာ ခြဲစိတ္ကုသမႈခံယူရတဲ့အထိ ျဖစ္တဲ့အတြက္ တျဖည္းျဖည္း လူသိမ်ားလာတာလည္းျဖစ္ကာ ကေလးေတြရဲ႕ ေဆြးမ်ိဳးေတာ္စပ္သူ ေဒၚဝင္းဆိုသူကလည္း ဇူလိုင္လကတည္းက ႏွိပ္စက္ညႇဥ္းပန္းမႈနဲ႔ မုံ႐ြာၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္ထားပါတယ္။ လက္ရွိအခ်ိန္မွာ ဆိုင္ရွင္လင္မယားက တိမ္းေရွာင္ေနတာေၾကာင့္ ဖမ္းဆီးရမိျခင္း မရွိေသးပါဘူး။ ဒါနဲ႔ပတ္သက္ၿပီး တိုင္းရဲတပ္ဖြဲ႕မႈး႐ုံးကို သြားေရာက္ေမးျမန္းရာမွာေတာ့ အျမန္ဆုံး ဖမ္းဆီးတရား႐ုံးတင္ႏိုင္ေရး ၫႊန္ၾကားထားတယ္လို႔ ဒုတိယရဲမႈးႀကီးအဆင့္ရွိ ရဲအရာရွိတဦးက ေျပာပါတယ္။ အမႈဖြင့္ၿပီးေနာက္ပိုင္း တဆင့္ခံေတြနဲ႔ ညႇိႏႈိင္းတာ ၂ ႀကိမ္ရွိၿပီလို႔ သိရပါတယ္။ ဒါေပမယ့္ ေငြဘယ္ေလာက္ေပးေပး လက္မခံႏိုင္တဲ့အတြက္ အမႈဖြင့္ထားတာလို႔ ေဒၚဝင္းက ေျပာပါတယ္။ လတ္တေလာမွာေတာ့ အမႈရင္ဆိုင္ဖို႔ သြားလာ ေနထိုင္စားေသာက္ေရးမွာ အခက္အခဲရွိေနတယ္လို႔ ဆိုပါတယ္။ "ကေလးေတြကေတာ့ ေရာက္စကေတာ့ ဗိုက္ေအာင့္တာ၊ ထမင္းမစားႏိုင္တာေတြ ျဖစ္ၾကတယ္။ အခုေတာ့ ပုံမွန္နီးပါးျပန္ျဖစ္ပါၿပီ။ ႐ိုက္ႏွက္ခံရသူ ၂ ေယာက္ကေတာ့ အနာက ရွင္းရွင္းမေပ်ာက္ေသးဘူး။ က်န္တဲ့အခက္အခဲေတာ့ မရွိေပမယ့္ အမႈတရား႐ုံး ႐ုံးခ်ိန္းသြားရတဲ့အခ်ိန္က်ရင္ေတာ့ ေငြေၾကးမျပည့္စုံတဲ့အတြက္ အခက္အခဲရွိတယ္။ မုံ႐ြာကေန ေမာ္လိုက္ခ႐ိုင္တရား႐ုံးထိ သြားရမွာေျပာတယ္။ ေဆြးမ်ိဳးမရွိ ဘာမရွိနဲ႔ ကေလး ၇ ေယာက္နဲ႔ မိဘေတြနဲ႔ဆို ၁ ေခါက္ကို အနည္းဆုံး ၁၀ ေယာက္ေလာက္ေတာ့ပါမွာ။ အဲဒီအတြက္ လမ္းစရိတ္၊ ေနစရိတ္ေတာ့ အခက္အခဲရွိတယ္" လို႔ ေဒၚဝင္းက ေျပာပါတယ္။ ႏွိပ္စက္ဒဏ္ရာေၾကာင့္ ေဆး႐ုံတက္ေနစဥ္ကလည္း က်န္တဲ့ကေလးေတြလည္း ေခၚခြင့္ေပးမယ္။ ေငြႀကိဳယူထားလို႔ လုပ္အားက်န္ေနေသးတာကိုလည္း ေလ်ာ္ေပးမယ္ဆိုၿပီး အမႈမဖြင့္ဖို႔ ညႇိႏႈိင္းတာ ရွိခဲ့ေသးတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ၾသဂုတ္ ၁၅ ရက္ေန႔ကလည္း ရပ္ကြက္ေနသူတဦးက ေခၚယူကာ ၁ ေယာက္ကို ၁၅ သိန္း နစ္နာေၾကးေပးမယ္ဆိုၿပီး အမႈေၾကေအးဖို႔ ညႇိႏႈိင္းတာ ရွိခဲ့ေသးတယ္လို႔လည္း ေျပာပါတယ္။ လတ္တေလာမွာေတာ့ မိန္းကေလး ၇ ေယာက္ လူကုန္ကူးခံရတဲ့ ကိစၥအေပၚ စစ္ကိုင္းတိုင္းေဒသႀကီး လူငယ္ေရးရာေကာ္မတီကလည္း သြားေရာက္ေတြ႕ဆုံကာ အားေပးႏွစ္သိမ့္ ပညာေပးတာေတြ ျပဳလုပ္ေနၿပီး လိုအပ္တဲ့ အကူအညီေတြေပးႏိုင္ေအာင္ ခ်ိတ္ဆက္တာေတြ လုပ္ေဆာင္ေနပါတယ္။ ဒါ့အျပင္ မုံ႐ြာၿမိဳ႕ ၈၈ ၿငိမ္းပြင့္၊ Future Light အမ်ိဳးသမီးႏွင့္ ကေလးသူငယ္အခြင့္အေရး လႈပ္ရွားတဲ့အဖြဲ႕ေတြကလည္း သြားေရာက္အားေပးႏွစ္သိမ့္တာေတြ လုပ္ေဆာင္ေနၿပီး ဥပေဒအရ အကူအညီေပးႏိုင္ေအာင္ စီစဥ္ေနၾကပါတယ္။ လူမႈဝန္ထမ္းဦးစီးဌာနကေတာ့ သက္ေသအျဖစ္လိုက္ေပးရတာေတြရွိၿပီး ႏွိပ္စက္႐ိုက္ႏွက္ခံရလို႔ ေဆး႐ုံတက္ရတဲ့ မိန္းကေလးအတြက္ကိုေတာ့ ျပည္ေထာင္စုအဆင့္အထိ အစီရင္ခံစာ တင္ထားေပးၿပီျဖစ္ကာ ေနာက္ထပ္ လူကုန္ကူးနဲ႔ အမႈဖြင့္ထားတာကိုေတာ့ ေဆာင္႐ြက္တာ မရွိေသးဘူးလို႔ တိုင္းလူမႈဝန္ထမ္းဦးစီးဌာနက တာဝန္ရွိသူကလည္း ေျပာပါတယ္။ စစ္ကိုင္းတိုင္းေဒသႀကီးမွာ အခုႏွစ္အတြင္း ျပည္တြင္းျပည္မ လူကုန္ကူးမႈ ၃ မႈရွိတယ္လို႔ မုံ႐ြာလူကုန္တားရဲတပ္ဖြဲ႕က သိရပါတယ္။ အဲဒီထဲမွာ တ႐ုတ္မယားအျဖစ္ ၃ မႈ၊ အဓမၼေစခိုင္းမႈ ၂ ခုတို႔ ျဖစ္တယ္လို႔ ဆိုပါတယ္။ အခုကိစၥကိုလည္း သူတို႔ဆီကို အမႈတြဲေရာက္လာရင္ေတာ့ လိုအပ္တာေတြ ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ဆိုပါတယ္။ ၂၀၁၉ ခုႏွစ္အတြင္း စစ္ကိုင္းတိုင္းမွာ လူေခၚပြဲစားေတြကတဆင့္ တ႐ုတ္ႏိုင္ငံကို တရားမဝင္ အလုပ္သြားလုပ္ရာက ဒုကၡေရာက္လို႔ ေနရပ္ျပန္ႏိုင္ေရး အစိုးရက ပါဝင္ကူညီရတာေတြလည္း အမ်ားႀကီးရွိကာ လူဦးေရ ၁၀၀ နီးပါး ျပန္လည္ကယ္ထုတ္ႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ျပည္ပအလုပ္အကိုင္အလုပ္အကိုင္ဆိုင္ရာ ဥပေဒပုဒ္မနဲ႔ တရားစြဲဆိုတဲ့ အမႈေတြလည္း ရွိေနပါေသးတယ္။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024