Home
ဆောင်းပါး
ဆင်တုပ်ကွေး (Chikungunya) ဆိုတာ တုပ်ကွေးကာကွယ်ဆေးထိုးထားလည်း ကူးစက်ခံရနိုင်ပါတယ်
DVB
·
August 18, 2019
မိုးရာသီဆို တုပ်ကွေးလေးတွေတန်းစီ လို့ပြောရမလိုပဲနော်။ တုပ်ကွေးမျိုးစုံဖြစ်ကြတဲ့အထဲမှာ ဆင်တုပ်ကွေး(ဆင်ဖြူတော်တုပ်ကွေးလို့လည်းခေါ်ကြတယ်) လို့သိကြတဲ့ Chikungunya ကလည်း ခုနောက်ပိုင်း နေရာဝင်ယူလာပါတယ်။ ခြင်တွေကလည်း ပေါလာတာကိုး။ Chikungunya ဟာ သွေးလွန်တုပ်ကွေးခြင်လို့သိကြတဲ့ Aedes aegypti နဲ့ Aedes albopictus ခြင်မျိုးစိတ်တွေကတဆင့် လူတွေဆီကူးစက်တာဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးနဲ့ ဆင်တူတဲ့ရောဂါလည်းဖြစ်ပါတယ်။ လူလူချင်းမကူးနိုင်ပေမယ့် ဒီတုပ်ကွေးဖြစ်နေသူကို ကိုက်ခဲ့တဲ့ခြင်က နောက်တစ်ယောက်ဆီ ကူးစက်ပေးတာပါ။ ဆင်တုပ်ကွေးဖြစ်ရင် စစချင်းမှာ ကိုယ်ပူတာ၊ အဆစ်အမြစ်တွေကိုက်ခဲတာခံစားရတယ်၊ နောက်တော့ နုံးတာ၊ ကြွက်သားနာကျင်တာ၊ ခေါင်းကိုက်တာ၊ အရေပြားအနီကွက်ဖြစ်တာတွေဖြစ်လာနိုင်ပါတယ်။ ရောဂါပိုးသယ်ဆောင်လာတဲ့ခြင်ကိုက်တာခံရပြီး ၂ ရက်ကနေ ၇ ရက်အတွင်း ဆင်တုပ်ကွေးရဲ့ လက္ခဏာတွေပေါ်လာတတ်ပါတယ်။ ကာကွယ်ဆေး မရှိ Chikungunya ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးမရှိသလို သူ့အတွက်သီးသန့်ကုသတဲ့ဆေးမရှိပါဘူး။ အခုထိုးနေကြတဲ့ ကာကွယ်ဆေးတွေနဲ့လည်း မကာကွယ်နိုင်ပါဘူးတဲ့။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာမို့ ပဋိဇီဝဆေးတွေလည်း သောက်လို့မထူးပါဘူး။ ဖြစ်လာခဲ့ရင် သူ့အချိန်အတိုင်းအတာတစ်ခုအတွင်း သက်သာပျောက်ကင်းသွားတတ်ပြီး နောက်ဆက်တွဲပြဿနာဆိုးဆိုးတွေ ဖြစ်ခဲပါတယ်။ စိုးရိမ်ရလား အများစုကတော့ ၃ ရက်ကနေ ၁၀ ရက်အတွင်း လက္ခဏာတွေသက်သာပျောက်ကင်းသွားကြပါတယ်။ တချို့တွေမှာတော့ အဆစ်နာကျင်ကိုက်ခဲမှုအကြွင်းအကျန်တွေကို လနဲ့ချီ၊ နှစ်နဲ့ချီပြီး ခံစားရနိုင်ပါတယ်။ Chikungunya ရဲ့နောက်ဆက်တွဲပြဿနာကြောင့် သေဆုံးမှုဖြစ်တာရှားပါတယ်။ ဒါပေမယ့် နာတာရှည်ရောဂါတွေရှိတဲ့ သက်ကြီးပိုင်းအရွယ်တွေမှာ တစ်ခါတလေ ရောဂါပိုပြင်းထန်တတ်ပါတယ်။ လက္ခဏာတွေက ကူးစက်ခံရတဲ့သူအများစုမှာ ခြင်ကိုက်ခံရပြီး ၃ ရက်ကနေ ၇ ရက် အကြာမှာ လက္ခဏာပြတတ်ပါတယ်။ အသိသာဆုံးက အဖျားတက်ခြင်းနဲ့ အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းတို့ဖြစ်ပြီး ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အဆစ်ရောင်ရမ်းခြင်း၊ အနီစက်၊အနီကွက်ထွက်ခြင်းလက္ခဏာတွေပါဝင်ပါတယ်။ လူနာအများစုကတော့ တစ်ပတ်အတွင်းသက်သာသွားတတ်ပါတယ်။ Chikungunya က သေဆုံးတဲ့အထိ မဖြစ်တတ်ပေမယ့် ဂရုစိုက်ကုသမှုမရှိဘဲ လက္ခဏာအရမ်းပြင်းထန်ရင်တော့ ဆိုးကျိုးတွေရှိပါတယ်။ ပိုပြင်းပြင်းထန်ထန်ခံစားရဖို့ အန္တရာယ်ရှိသူတွေကတော့ မွေးကင်းစအရွယ်တွေ၊သက်ကြီးပိုင်းအရွယ်တွေ(၆၅နှစ်နဲ့အထက်)နဲ့ သွေးတိုး၊ဆီးချို၊နှလုံးရောဂါတို့လို ရောဂါရှိသူတွေပါဝင်ပါတယ်။ ကုသမှု ကုသမှုကတော့ အဖျားကျဖို့၊ အကိုက်အခဲသက်သာဖို့ ဆေးဝါးတွေပဲ ဆရာဝန်က ကုသပေးပြီး အကြံပြုချက်တွေပေးပါလိမ့်မယ်။ မြန်မြန်သက်သာဖို့ကတော့ ဆင်ခြင်နေထိုင်ရမှာ ကျန်တာကိုယ့်အပိုင်းဖြစ်ပါတယ်။ ဘယ်လိုနေထိုင်ရမလဲဆိုတော့ – နားနားနေနေ နေပါ။ ရေများများသောက်ပါ။ ဆရာဝန်ညွှန်ကြားတဲ့ ဆေးကိုပဲသောက်ပါ။ ကိုယ်ထင်ရာအကိုက်အခဲပျောက်ဆေး၊အဖျားကျဆေးတွေမသောက်ပါနဲ့။ အာဟာရပြည့်ဝအောင်စားပါ။ Chikungunya ဖြစ်ပြီးပြီဆိုလည်း ပေါ့ပေါ့ဆဆမနေပါနဲ့။ လက္ခဏာစတင်ပြီး တစ်ပတ်အတွင်းမှာခြင်ထပ်အကိုက်မခံရအောင် ဂရုစိုက်ပါ။ နေမကောင်းဖြစ်နေတဲ့ကိုယ့်ကိုကိုက်သွားတဲ့ ခြင်ကတဆင့် ကိုယ့်မိသားစု သို့မဟုတ် တခြားသူတွေဆီ ဆက်ပြီးကူးစက်နိုင်လို့ပါ။ ကြိုတင်ကာကွယ်ဖို့ အဓိကကတော့ ခြင်ကိုက်မခံရအောင် ကာကွယ်ရမှာပါပဲ။ ခြင်ကိုက်မခံရအောင် ဆိုရင် – အင်္ကျီလက်ရှည်၊ဘောင်းဘီရှည်ဝတ်ပါ။ လုံလုံခြုံခြုံဝတ်ပါ။ ခြင်ဆေးလိမ်းပါ။ ခြင်ဆေးထွန်းပါ။ လေအေးစက်သုံးပါ သို့မဟုတ် ခြင်လုံဇကာတပ်ပါ။ အိမ်ဝန်းကျင် ခြင်ကင်းစင်ဖို့ ဂရုစိုက်ရှင်းလင်းပါ။ ပုံး သို့မဟုတ်ပန်းအိုး၊ ရေပုံးတွေကနေ ရေအသစ်လဲပါ၊ ရေကျန်တွေကို သွန်ပစ်ပါ။
ေရးသားသူ   ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win ဤေဆာင္းပါးကို DVB ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။ ---------------------------------------------------- Zawgyi Version မိုးရာသီဆို တုပ္ေကြးေလးေတြတန္းစီ လို႔ေျပာရမလိုပဲေနာ္။ တုပ္ေကြးမ်ိဳးစုံျဖစ္ၾကတဲ့အထဲမွာ ဆင္တုပ္ေကြး(ဆင္ျဖဴေတာ္တုပ္ေကြးလို႔လည္းေခၚၾကတယ္) လို႔သိၾကတဲ့ Chikungunya ကလည္း ခုေနာက္ပိုင္း ေနရာဝင္ယူလာပါတယ္။ ျခင္ေတြကလည္း ေပါလာတာကိုး။ Chikungunya ဟာ ေသြးလြန္တုပ္ေကြးျခင္လို႔သိၾကတဲ့ Aedes aegypti နဲ႔ Aedes albopictus ျခင္မ်ိဳးစိတ္ေတြကတဆင့္ လူေတြဆီကူးစက္တာျဖစ္ပါတယ္။ ေသြးလြန္တုပ္ေကြးနဲ႔ ဆင္တူတဲ့ေရာဂါလည္းျဖစ္ပါတယ္။ လူလူခ်င္းမကူးႏိုင္ေပမယ့္ ဒီတုပ္ေကြးျဖစ္ေနသူကို ကိုက္ခဲ့တဲ့ျခင္က ေနာက္တစ္ေယာက္ဆီ ကူးစက္ေပးတာပါ။ ဆင္တုပ္ေကြးျဖစ္ရင္ စစခ်င္းမွာ ကိုယ္ပူတာ၊ အဆစ္အျမစ္ေတြကိုက္ခဲတာခံစားရတယ္၊ ေနာက္ေတာ့ ႏုံးတာ၊ ႂကြက္သားနာက်င္တာ၊ ေခါင္းကိုက္တာ၊ အေရျပားအနီကြက္ျဖစ္တာေတြျဖစ္လာႏိုင္ပါတယ္။ ေရာဂါပိုးသယ္ေဆာင္လာတဲ့ျခင္ကိုက္တာခံရၿပီး ၂ ရက္ကေန ၇ ရက္အတြင္း ဆင္တုပ္ေကြးရဲ႕ လကၡဏာေတြေပၚလာတတ္ပါတယ္။ ကာကြယ္ေဆး မရွိ Chikungunya ဗိုင္းရပ္စ္အတြက္ ကာကြယ္ေဆးမရွိသလို သူ႔အတြက္သီးသန႔္ကုသတဲ့ေဆးမရွိပါဘူး။ အခုထိုးေနၾကတဲ့ ကာကြယ္ေဆးေတြနဲ႔လည္း မကာကြယ္ႏိုင္ပါဘူးတဲ့။ ဗိုင္းရပ္စ္ေၾကာင့္ျဖစ္တာမို႔ ပဋိဇီဝေဆးေတြလည္း ေသာက္လို႔မထူးပါဘူး။ ျဖစ္လာခဲ့ရင္ သူ႔အခ်ိန္အတိုင္းအတာတစ္ခုအတြင္း သက္သာေပ်ာက္ကင္းသြားတတ္ၿပီး ေနာက္ဆက္တြဲျပႆနာဆိုးဆိုးေတြ ျဖစ္ခဲပါတယ္။ စိုးရိမ္ရလား အမ်ားစုကေတာ့ ၃ ရက္ကေန ၁၀ ရက္အတြင္း လကၡဏာေတြသက္သာေပ်ာက္ကင္းသြားၾကပါတယ္။ တခ်ိဳ႕ေတြမွာေတာ့ အဆစ္နာက်င္ကိုက္ခဲမႈအႂကြင္းအက်န္ေတြကို လနဲ႔ခ်ီ၊ ႏွစ္နဲ႔ခ်ီၿပီး ခံစားရႏိုင္ပါတယ္။ Chikungunya ရဲ႕ေနာက္ဆက္တြဲျပႆနာေၾကာင့္ ေသဆုံးမႈျဖစ္တာရွားပါတယ္။ ဒါေပမယ့္ နာတာရွည္ေရာဂါေတြရွိတဲ့ သက္ႀကီးပိုင္းအ႐ြယ္ေတြမွာ တစ္ခါတေလ ေရာဂါပိုျပင္းထန္တတ္ပါတယ္။ လကၡဏာေတြက ကူးစက္ခံရတဲ့သူအမ်ားစုမွာ ျခင္ကိုက္ခံရၿပီး ၃ ရက္ကေန ၇ ရက္ အၾကာမွာ လကၡဏာျပတတ္ပါတယ္။ အသိသာဆုံးက အဖ်ားတက္ျခင္းနဲ႔ အဆစ္အျမစ္နာက်င္ကိုက္ခဲျခင္းတို႔ျဖစ္ၿပီး ေခါင္းကိုက္ျခင္း၊ ႂကြက္သားနာက်င္ျခင္း၊ အဆစ္ေရာင္ရမ္းျခင္း၊ အနီစက္၊အနီကြက္ထြက္ျခင္းလကၡဏာေတြပါဝင္ပါတယ္။ လူနာအမ်ားစုကေတာ့ တစ္ပတ္အတြင္းသက္သာသြားတတ္ပါတယ္။ Chikungunya က ေသဆုံးတဲ့အထိ မျဖစ္တတ္ေပမယ့္ ဂ႐ုစိုက္ကုသမႈမရွိဘဲ လကၡဏာအရမ္းျပင္းထန္ရင္ေတာ့ ဆိုးက်ိဳးေတြရွိပါတယ္။ ပိုျပင္းျပင္းထန္ထန္ခံစားရဖို႔ အႏၲရာယ္ရွိသူေတြကေတာ့ ေမြးကင္းစအ႐ြယ္ေတြ၊သက္ႀကီးပိုင္းအ႐ြယ္ေတြ(၆၅ႏွစ္နဲ႔အထက္)နဲ႔ ေသြးတိုး၊ဆီးခ်ိဳ၊ႏွလုံးေရာဂါတို႔လို ေရာဂါရွိသူေတြပါဝင္ပါတယ္။ ကုသမႈ ကုသမႈကေတာ့ အဖ်ားက်ဖို႔၊ အကိုက္အခဲသက္သာဖို႔ ေဆးဝါးေတြပဲ ဆရာဝန္က ကုသေပးၿပီး အႀကံျပဳခ်က္ေတြေပးပါလိမ့္မယ္။ ျမန္ျမန္သက္သာဖို႔ကေတာ့ ဆင္ျခင္ေနထိုင္ရမွာ က်န္တာကိုယ့္အပိုင္းျဖစ္ပါတယ္။ ဘယ္လိုေနထိုင္ရမလဲဆိုေတာ့ – နားနားေနေန ေနပါ။ ေရမ်ားမ်ားေသာက္ပါ။ ဆရာဝန္ၫႊန္ၾကားတဲ့ ေဆးကိုပဲေသာက္ပါ။ ကိုယ္ထင္ရာအကိုက္အခဲေပ်ာက္ေဆး၊အဖ်ားက်ေဆးေတြမေသာက္ပါနဲ႔။ အာဟာရျပည့္ဝေအာင္စားပါ။ Chikungunya ျဖစ္ၿပီးၿပီဆိုလည္း ေပါ့ေပါ့ဆဆမေနပါနဲ႔။ လကၡဏာစတင္ၿပီး တစ္ပတ္အတြင္းမွာျခင္ထပ္အကိုက္မခံရေအာင္ ဂ႐ုစိုက္ပါ။ ေနမေကာင္းျဖစ္ေနတဲ့ကိုယ့္ကိုကိုက္သြားတဲ့ ျခင္ကတဆင့္ ကိုယ့္မိသားစု သို႔မဟုတ္ တျခားသူေတြဆီ ဆက္ၿပီးကူးစက္ႏိုင္လို႔ပါ။ ႀကိဳတင္ကာကြယ္ဖို႔ အဓိကကေတာ့ ျခင္ကိုက္မခံရေအာင္ ကာကြယ္ရမွာပါပဲ။ ျခင္ကိုက္မခံရေအာင္ ဆိုရင္ – အက်ႌလက္ရွည္၊ေဘာင္းဘီရွည္ဝတ္ပါ။ လုံလုံၿခဳံၿခဳံဝတ္ပါ။ ျခင္ေဆးလိမ္းပါ။ ျခင္ေဆးထြန္းပါ။ ေလေအးစက္သုံးပါ သို႔မဟုတ္ ျခင္လုံဇကာတပ္ပါ။ အိမ္ဝန္းက်င္ ျခင္ကင္းစင္ဖို႔ ဂ႐ုစိုက္ရွင္းလင္းပါ။ ပုံး သို႔မဟုတ္ပန္းအိုး၊ ေရပုံးေတြကေန ေရအသစ္လဲပါ၊ ေရက်န္ေတြကို သြန္ပစ္ပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024