Saturday, June 10, 2023
Homeသတငျးတိုရန်ကုန်သံဃာတော်များ လက်ပန်းတောင်းအရေး ဆန္ဒထုတ်ဖော်ကြွချီဖို့ပြင်

ရန်ကုန်သံဃာတော်များ လက်ပန်းတောင်းအရေး ဆန္ဒထုတ်ဖော်ကြွချီဖို့ပြင်

ရန်ကုန် ရွှေတိဂုံစေတီတော်က ကြေးသွန်းဘုရားမှာ သံဃာတော်တွေ စုဝေးနေပြီး ဆူးလေဘုရားဘက်ကို လမ်းလျှောက်ကြွချီဖို့ ပြင်ဆင်နေတယ်လို့ ရောက်ရှိသတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။

နေ့ခင်း ၂ နာရီမှာ စတင်ထွက်ဖို့ ပြင်ဆင်နေပြီး လတ်တလောမှာ သံဃာအပါး ၁၀၀ ကျော်လောက် ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

ဒီသံဃာတွေဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွင်းတုန်းက ဒဏ်ရာရသံဃာတွေကို အစိုးရက ၀န်ချတောင်းပန်ဖို့ ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ်။

ဒီနေ့ နေ့ခင်း ၁ နာရီကစလို့ မန္တလေး၊ ချောက်၊ မုံရွာနဲ့ ပခုက္ကူမြို့တွေမှာလည်း သံဃာတွေ ချီတက်ကြွချီ ဆန္ဒပြနေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular