Home
အနုပညာ
နေတိုးကို ကနားစီးနတ်ဆရာတယောက်အဖြစ် ရှုစားကြရမည့် “အထက်တန်းစား”ရုပ်ရှင်(နမူနာ)
DVB
·
August 16, 2019
ပရိသတ်ကြိုက် ဝါရင့်နာမည်ကြီးမင်းသားတယောက်ဖြစ်တဲ့ နေတိုးခေါင်းဆောင် ပါဝင်တဲ့ အထက်တန်းစားရုပ်ရှင်ကားကို လာမယ့်သြဂုတ်လ ၂၂ ရက်နေ့မှာ ရုံတင်ပြသ တော့မှာ ဖြစ်ပါတယ်။ ရွှန်းရမီမိုးရဲ့ ဇာတ်လမ်းကို မိုးနီလွင်က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ နေပိုင် က ရိုက်ကူးပုံဖော်ပေးထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ Lucky Smile ရုပ်ရှင်ထုတ်လုပ်ရေး က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ အကျင့်သီလနဲ့ပြည့်စုံတဲ့ နတ်ဆရာတစ်ယောက်ရဲ့ ဘဝ ဖြတ်သန်းမှုအကြောင်းတွေကို ရိုက်ကူးပုံဖော်ပေးထားခဲ့တာဖြစ်ပြီး နေတိုးကို ပရိသတ် တွေ တခါမှမတွေ့မြင်ဖူးတဲ့ နတ်ဆရာကနားစီး အောင်စည်အနေနဲ့ ရှုစားကြရမှာ ဖြစ်ပါ တယ်။ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာ ယုံကြည်ကိုးကွယ်မှုတွေဖြစ်တဲ့ ဓာတ်၊ နတ်၊ သိုက်၊ ပ ယောဂနဲ့ အကြားမြင်စတဲ့ လျှို့ဝှက်ဆန်းကျယ်မှုတွေအပြင် ကနားစီးတစ်ယောက်ရဲ့ ခံ ယူမှုတွေ၊ ယုံကြည်မှုတွေ၊ နတ်လောကအပေါ်မှာ ယုံကြည်သက်ဝင်သူတွေရဲ့ အ ကြောင်းတွေကိုပါ ဒီဇာတ်ကားထဲမှာ ပရိသတ်တွေက တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ နေတိုးနဲ့အတူ တခြား သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ် ကြတဲ့ ညီထွဋ်ခေါင်၊ သူရိယ၊ မြတ်ကေသီအောင်၊ စိုးမိုးကြည်၊ ပိုးအိအိခန့်တို့က အတွဲညီ ညီ ခေါင်းဆောင် ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က ရန်ကုန် မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းခွဲကျော်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
Zawgyi Version နေတိုးကို ကနားစီးနတ်ဆရာတယောက်အဖြစ် ရှုစားကြရမည့် “အထက်တန်းစား”ရုပ်ရှင်(နမူနာ) DVB ပရိသတ်ကြိုက် ဝါရင့်နာမည်ကြီးမင်းသားတယောက်ဖြစ်တဲ့ နေတိုးခေါင်းဆောင် ပါဝင်တဲ့ အထက်တန်းစားရုပ်ရှင်ကားကို လာမယ့်သြဂုတ်လ ၂၂ ရက်နေ့မှာ ရုံတင်ပြသ တော့မှာ ဖြစ်ပါတယ်။ ရွှန်းရမီမိုးရဲ့ ဇာတ်လမ်းကို မိုးနီလွင်က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ နေပိုင် က ရိုက်ကူးပုံဖော်ပေးထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ Lucky Smile ရုပ်ရှင်ထုတ်လုပ်ရေး က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ အကျင့်သီလနဲ့ပြည့်စုံတဲ့ နတ်ဆရာတစ်ယောက်ရဲ့ ဘဝ ဖြတ်သန်းမှုအကြောင်းတွေကို ရိုက်ကူးပုံဖော်ပေးထားခဲ့တာဖြစ်ပြီး နေတိုးကို ပရိသတ် တွေ တခါမှမတွေ့မြင်ဖူးတဲ့ နတ်ဆရာကနားစီး အောင်စည်အနေနဲ့ ရှုစားကြရမှာ ဖြစ်ပါ တယ်။ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာ ယုံကြည်ကိုးကွယ်မှုတွေဖြစ်တဲ့ ဓာတ်၊ နတ်၊ သိုက်၊ ပ ယောဂနဲ့ အကြားမြင်စတဲ့ လျှို့ဝှက်ဆန်းကျယ်မှုတွေအပြင် ကနားစီးတစ်ယောက်ရဲ့ ခံ ယူမှုတွေ၊ ယုံကြည်မှုတွေ၊ နတ်လောကအပေါ်မှာ ယုံကြည်သက်ဝင်သူတွေရဲ့ အ ကြောင်းတွေကိုပါ ဒီဇာတ်ကားထဲမှာ ပရိသတ်တွေက တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ နေတိုးနဲ့အတူ တခြား သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ် ကြတဲ့ ညီထွဋ်ခေါင်၊ သူရိယ၊ မြတ်ကေသီအောင်၊ စိုးမိုးကြည်၊ ပိုးအိအိခန့်တို့က အတွဲညီ ညီ ခေါင်းဆောင် ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က ရန်ကုန် မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းခွဲကျော်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024