A d v e r t i s e m e n t With Us

မဲဆောက်-ဘန်ကောက်သွား ခရီးသည်တင်ကားမှောက်၊ မြန်မာ ၂ ဦးသေဆုံး

ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ ဘန်ကောက်ကိုသွားတဲ့ ခရီးသည်တင်ကား ၁ စီးတိမ်း မှောက်ရာမှာ မြန်မာ ၂ ဦးနဲ့ ထိုင်း ၂ ဦး သေဆုံးပြီး လူ ၅၀ လောက် ဒဏ်ရာသွားခဲ့တယ်လို့ မဲဆောက် ဆေးရုံမှာ သွားရောက် သတင်းယူတဲ့ ဒီဗွီဘီသတင်းထောက် ကိုဖိုးစီက ပြောပါတယ်။ ခရီးသည်အပြည့်တင်ဆောင်ထားတဲ့ ကားဟာ မနက် ၈ နာရီမှာ မဲဆောက်က နေထွက်ခဲ့တာဖြစ်ပြီး ၂၉ ကီလိုမီတာအကွာမှာ လမ်းချော်တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူ မြန်မာ ၂ ဦးဟာ ကိုနေ၀င်းဌေး (၃၂ နှစ်) နဲ့ ဒေးဖိုး (၃၀ နှစ်) တို့ ဖြစ်ပြီး ဒဏ်ရာရ လူနာတွေကိုတော့  မဲဆောက်ဆေးရုံမှာ ဆေးကုသပေးနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up