ရှင်ဂမ္ဘီရ(ခေါ်) ကိုညီညီလွင်နဲ့ ဆက်သွယ်မေးမြန်းချက်
အေးနိုင်
·
December 11, 2012
အစိုးရက လက်ပန်းတောင်းတောင်သံဃာသပိတ်ကို အကြမ်းဖက်ဖြိုခွင်းတဲ့ရလဒ်ဟာ သံဃာထုက အစိုးရအပေါ် ယုံကြည်မှုဖြစ်ထွန်းစ အခြေအနေကို ဖျက်ဆီးပစ်လိုက်တာဖြစ်လို့ သံဃာထုနဲ့ အစိုးရအကြား ကွဲလွဲချက် ပိုမိုနက်ရှိုင်းသွားတယ်လို့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတုန်းက ဦးဆောင်သံဃာ ရှင်ဂမ္ဘီရ တဖြစ်လဲ ကိုညီညီလွင်က ပြောပါတယ်။
မန္တလေးတိုင်း မိတ္ထီလာမြို့မှာ မိသားစုနဲ့နေထိုင်ရင်း ကျန်းမာရေးအတွက် ရန်ကုန်ကိုဆင်းလာစဉ်မှာ ဖမ်းဝရမ်းမပါဘဲ ဖမ်းချုပ်ခံရပြီး ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှု၊ တရားမ၀င်ဝင်ရောက်နေထိုင်မှုတွေနဲ့ တရားစွဲဆိုခံရရာက ဒီဇင်ဘာ ၁၀ ရက်နေ့မှာ အာမခံနဲ့ အင်းစိန်ထောင်ကနေ ပြန်လွတ်ခဲ့ပါတယ်။ ကိုညီညီလွင်နဲ့ ဆက်သွယ်မေးမြန်းချက်ကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။