DVB Logo
Home
မြန်မာသတင်း
ဓာတ်တော်ချိုင့်ရေတံခွန် ရေပြန်လည် စီးဆင်း
DVB
·
August 13, 2019
ဓာတ်တော်ချိုင့်ရေတံခွန် ရေပြန်လည် စီးဆင်း
1 / 7
Donate to DVB

မန္တလေးတိုင်း၊  ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်းမှာရှိတဲ့ ဓာတ်တော်ချိုင့်ရေတံခွန်ဟာ  ဩဂုတ် ၁၁ရက် နေ့လည်က ရေကျဆင်းမှု မရှိတော့တဲ့ ဩဂုတ်လ ၁၂ရက်နေ့ နေ့လယ်ပိုင်းမှာ ရေပြန်လည်စီးဆင်းနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်တော်ချိုင့်ရေတံခွန်ထိပ်ကို စီးဆင်းနေတဲ့ရေလမ်းကြောင်းမှာ ဂလိုင်ပေါက်(တွင်း) ဖြစ်ပေါ်ခဲ့ပြီးအဆိုပါ ဂလိုင်ပေါက်(တွင်း)ထဲကို ရေလမ်းကြောင်း စီးဝင်သွားတဲ့အတွက် ရေတံခွန်ထိပ်ကို ရေရောက်မလာတော့တာဖြစ်တယ်လို့ ရွှေဘိုစုကျေးရွာ ရာအိမ်မှူး ဦးမောင်ပြုံး  ဆိုပါတယ်။

ရေစီးဆင်းမှု နှစ်ကာလကြာရှည်လာတဲ့အခါ အခုလို တွင်းပေါက်တွေ ဖြစ်ပေါ်လာပြီး မြေအောက်ထဲကို ရေကြောပြန်ဝင်သွားတာကြောင့်လို့ သိရပါတယ်။ 

ရေစီးဆင်းမှု မရှိတော့တဲ့အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ဒေသခံတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဩဂုတ်လ ၁၂ရက်နေ့ မနက်ပိုင်းက သွားရောက်စစ်ဆေး ခဲ့တယ်လို့ သိရပါတယ်။ ရေစီးဝင်နေတဲ့ တွင်းပေါက်ကို သဲအိတ်တွေ၊ကျောက်အိတ်တွေနဲ့ ပတ်ဆိုခဲ့တာကြောင့် မူလအတိုင်း ရေတံခွန်ထံ ရေစီးဆင်းလာပြီဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ရေကြော ပြတ်တောက်တာဟာ ပထမဆုံး အကြိမ်ဖြစ်ပြီး ရေတံခွန်ရဲ့ အခြေအနေကို စောင့်ကြည့်နေမှာဖြစ်ကာ အန္တရာယ် မရှိပေမယ့် ရေထဲကို ဆင်းမချိုးကြဖို့ကိုတော့ သတိပေးဆိုင်းဘုတ်တွေ စိုက်ထူထားမှာ ဖြစ်တယ်လို့ ရပ်ကွက်ကြီး ၁၇၊အနီးစခန်း အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ ပြောပါတယ်။

ဒါ့အပြင် ခရိုင်အဆင့်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ထံ ဆက်လက်တင်ပြပြီး တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ ဆွေးနွေးကာ မြေအောက်ရေပေါက်ကို ဖာထေးဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဓာတ်တော်ချိုင့်ရေတံခွန်ဟာ ပြင်ဦးလွင် မြို့နယ်၊အနီးစခန်း မှာ တည်ရှိတာဖြစ်ပြီး ရာသီဥတု သာယာပြီး၊တောင်ဆင်းတောင်တက်ခရီးစဉ်ကြောင့် ကျန်းမာရေး လိုက်စားသူတွေ၊ သဘာဝ ပတ်ဝန်းကျင်ကို လေ့လာသူတွေ၊ ပြည်တွင်း ခရီးသွားတွေတင်မက ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တွေပါ လာရောက်လည်ပတ်မှု များပြားတဲ့ ဒေသလည်း ဖြစ်ပါတယ်။

သတင်း- ထိန်ထိန်လင်း ဓာတ်ပုံ- FSD




ဓာတ္ေတာ္ခ်ိဳင့္ေရတံခြန္ ေရျပန္လည္ စီးဆင္း
DVB
မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕နယ္၊ အနီးစခန္းမွာရွိတဲ့ ဓာတ္ေတာ္ခ်ိဳင့္ေရတံခြန္ဟာ ဩဂုတ္ ၁၁ရက္ ေန႔လည္က ေရက်ဆင္းမႈ မရွိေတာ့တဲ့ ဩဂုတ္လ ၁၂ရက္ေန႔ ေန႔လယ္ပိုင္းမွာ ေရျပန္လည္စီးဆင္းေနၿပီလို႔ ေဒသခံေတြက ေျပာပါတယ္။

ဓာတ္ေတာ္ခ်ိဳင့္ေရတံခြန္ထိပ္ကို စီးဆင္းေနတဲ့ေရလမ္းေၾကာင္းမွာ ဂလိုင္ေပါက္(တြင္း) ျဖစ္ေပၚခဲ့ၿပီးအဆိုပါ ဂလိုင္ေပါက္(တြင္း)ထဲကို ေရလမ္းေၾကာင္း စီးဝင္သြားတဲ့အတြက္ ေရတံခြန္ထိပ္ကို ေရေရာက္မလာေတာ့တာျဖစ္တယ္လို႔ ေ႐ႊဘိုစုေက်း႐ြာ ရာအိမ္မႉး ဦးေမာင္ၿပဳံး ဆိုပါတယ္။

ေရစီးဆင္းမႈ ႏွစ္ကာလၾကာရွည္လာတဲ့အခါ အခုလို တြင္းေပါက္ေတြ ျဖစ္ေပၚလာၿပီး ေျမေအာက္ထဲကို ေရေၾကာျပန္ဝင္သြားတာေၾကာင့္လို႔ သိရပါတယ္။

ေရစီးဆင္းမႈ မရွိေတာ့တဲ့အတြက္ ဌာနဆိုင္ရာ တာဝန္ရွိသူေတြ၊ ေဒသခံေတြ၊ မီးသတ္တပ္ဖြဲ႕ဝင္ေတြ ပူးေပါင္းၿပီး ဩဂုတ္လ ၁၂ရက္ေန႔ မနက္ပိုင္းက သြားေရာက္စစ္ေဆး ခဲ့တယ္လို႔ သိရပါတယ္။ ေရစီးဝင္ေနတဲ့ တြင္းေပါက္ကို သဲအိတ္ေတြ၊ေက်ာက္အိတ္ေတြနဲ႔ ပတ္ဆိုခဲ့တာေၾကာင့္ မူလအတိုင္း ေရတံခြန္ထံ ေရစီးဆင္းလာၿပီျဖစ္တယ္လို႔ ဆိုပါတယ္။

အခုလို ေရေၾကာ ျပတ္ေတာက္တာဟာ ပထမဆုံး အႀကိမ္ျဖစ္ၿပီး ေရတံခြန္ရဲ႕ အေျခအေနကို ေစာင့္ၾကည့္ေနမွာျဖစ္ကာ အႏၲရာယ္ မရွိေပမယ့္ ေရထဲကို ဆင္းမခ်ိဳးၾကဖို႔ကိုေတာ့ သတိေပးဆိုင္းဘုတ္ေတြ စိုက္ထူထားမွာ ျဖစ္တယ္လို႔ ရပ္ကြက္ႀကီး ၁၇၊အနီးစခန္း အုပ္ခ်ဳပ္ေရးမႉး ဦးတင္ေမာင္ေဆြ ေျပာပါတယ္။

ဒါ့အျပင္ ခ႐ိုင္အဆင့္နဲ႔ တိုင္းေဒသႀကီး အစိုးရအဖြဲ႕တို႔ထံ ဆက္လက္တင္ျပၿပီး တတ္ကြၽမ္းတဲ့ ပညာရွင္ေတြနဲ႔ ေဆြးေႏြးကာ ေျမေအာက္ေရေပါက္ကို ဖာေထးဖို႔ ဆက္လက္ေဆာင္႐ြက္သြားမယ္လို႔ သိရပါတယ္။

ဓာတ္ေတာ္ခ်ိဳင့္ေရတံခြန္ဟာ ျပင္ဦးလြင္ ၿမိဳ႕နယ္၊အနီးစခန္း မွာ တည္ရွိတာျဖစ္ၿပီး ရာသီဥတု သာယာၿပီး၊ေတာင္ဆင္းေတာင္တက္ခရီးစဥ္ေၾကာင့္ က်န္းမာေရး လိုက္စားသူေတြ၊ သဘာဝ ပတ္ဝန္းက်င္ကို ေလ့လာသူေတြ၊ ျပည္တြင္း ခရီးသြားေတြတင္မက ကမာၻလွည့္ခရီးသြား ဧည့္သည္ေတြပါ လာေရာက္လည္ပတ္မႈ မ်ားျပားတဲ့ ေဒသလည္း ျဖစ္ပါတယ္။
သတင္း- ထိန္ထိန္လင္း
ဓာတ္ပုံ- FSD

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013