တရုတ်ပြည် တီယန်ဂျင်း မြို့က အသက် ၂၅ နှစ်အရွယ် အဆုတ်ကင်ဆာရောဂါခံစားနေတဲ့ အမျိုးသားတဦးကို HIV positive ရှိလို့ဆိုပြီး ဆေးဝါးကုသခွင့် ငြင်းပယ်လိုက်တဲ့ သတင်းတပုဒ်ကို တရုတ်မီဒီယာတွေက မကြာခင်တုန်းကပဲ ဖော်ပြခဲ့ကြပါတယ်။
အဲဒီလူရွယ်ရဲ့ အဖြစ်အပျက်က တရုတ်ပြည်မှာ HIV/AIDSနဲ့ အသက်ရှင်နေသူတွေရဲ့ ဘ၀တွေကို ရောင်ပြန်ဟပ်နေပါတယ်။ သူတို့ကို ဆေးရုံတွေက ဆေးဝါးကုသမပေးတာ၊ လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံတာတွေကို လုပ်လေ့ရှိပါတယ်။ ဒီလို ခွဲခြားဆက်ဆံတာတွေ မလုပ်ဖို့ တရုတ်အစိုးရက ဥပဒေတွေ ထုတ်နေပေမယ့် တရုတ်ပြည်မှာ HIV/AIDS ဝေဒနာရှင်တွေကို နှိမ်တဲ့ အမြင်တွေက ကျယ်ပြန့်နေတုန်းပါပဲ။
ဒီအကြောင်း ရီဗက်ကာ ဗေလီက ဘေဂျင်းက HIV/AIDS နဲ့ အသက်ရှင်နေတဲ့ လူတွေနဲ့ တွေ့ဆုံပြီး သတင်းဆောင်းပါး ပေးပို့ထားပါတယ်။ မယုယမိုး တင်ဆက်ထားပါတယ်။