လွှတ်တော်အမတ်များ၏ နေ့တွက်စရိတ်ကို ရေဘေးသင့်သူများအတွက် ကူညီလှူဒါန်း
ပိုင်စိုး
·
August 13, 2019
မွန်နဲ့ ကရင်ပြည်နယ်က သဘာဝဘေးသင့် ပြည်သူတွေအတွက် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တရက်စာ နေ့တွက်စရိတ်ကို ကူညီထောက်ပံ့ဖို့ ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
အောင်မြေသာဇံ မဲဆန္ဒနယ်က ကိုယ်စားလှယ် ဒေါက်တာလှမိုးက တိုင်းရင်းသားဒေသခံ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးရတာအတွက် ပြည်ထောင်စု လွှတ်တော်ကြီးနဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးက စာနာထောက်ထား ကြေကွဲဝမ်းနည်းကြောင်း အရေးကြီးအဆိုကို တင်ခဲ့ပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။
လွှတ်တော်နာယက ဦးတီခွန်မြတ်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစည်းအဝေး ခန်းမမှာ ရှိနေသူ အားလုံး မတ်တတ်ရပ် တမိနစ်ငြိမ်သက် မေတ္တာ ပို့ဖို့ပြောပြီး အားလုံး မတ်တတ်ရပ် မေတ္တာပို့ကြပါတယ်။
တမိနစ်အပြီးမှာ တနင်္သာရီတိုင်း လွှတ်တော်ကိုယ်စားလှယ်တယောက်က သူတို့ တနင်္သာရီတိုင်းမှာလည်း ရေကြီးရေလျှံနေတာဖြစ်လို့ အခု အဆိုမှာ တနင်္သာရီတိုင်းကိုလည်း ထည့်သွင်းမှတ်တမ်းတင်ပေးဖို့ တောင်းဆိုခဲ့ပြီး နာယက ကခွင့်ပြုခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ကျပ် ၆၃ သိန်း ၆ သောင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကျပ် ၈၆ သိန်း ၄ သောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေက ကျပ် ၄၄ သိန်း ၈ သောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက သိန်း ၃၀ နဲ့ ၂ သောင်း၊ စုစုပေါင်း ကျပ် ၂၂၅ သိန်း ကူညီလှူဒါန်းမယ်လို့ ဆိုပါတယ်။