A d v e r t i s e m e n t With Us

ဂတ်စ်အိုးအတုတွေရောင်းချမှု စွမ်းအင်ဝန်ကြီးဌာနသတိပေးကြေညာ

မြန်မာပြည်တွင်းဈေးကွက်ထဲမှာ  LPG Cylinder ဂတ်စ်အိုးအတုတွေ  ရောင်းချနေတဲ့ အကြောင်း စွမ်းအင်ဝန်ကြီးဌာနက  ဒီဇင်ဘာ ၁၀ရက်နေ့ နေ့စွဲနဲ့သတိပေး ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ မသမာတဲ့ စီးပွားရေးသမားတွေက LPG ဓာတ်ငွေ့တွေ  တရားမ၀င်တင်သွင်းပြီး LPG Cylinder ဂတ်စ်အိုးမဟုတ်တဲ့ အိုးတွေထဲမှာ ထည့်သွင်းကာ ဈေးကွက်ထဲမှာ  လိမ်လည်ရောင်းချနေတယ်လို့ စွမ်းအင်ဝန်ကြီးဌာန ၀က်ဆိုက်မှာ ထုတ်ပြန်ထားတဲ့  ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အရည်အသွေးမပြည့်မီတဲ့ LPG ဂတ်စ်အိုးတွေ သုံးစွဲတာဟာ လုံခြုံမှုမရှိနိုင်တဲ့အတွက် ပြည်သူတွေအနေဖြင့် အထူးသတိပြု စိစစ်ရွေးချယ် ၀ယ်ယူသင့်တဲ့အကြောင်း သတိပေး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up