DVB Logo
Home
မြန်မာသတင်း
ကေအိုင်အိုဌာနချုပ်အနီး အစိုးရတပ်နဲ့ ကေအိုင်အို ထိတွေ့တိုက်ပွဲဖြစ်
DVB
·
December 11, 2012
ကေအိုင်အိုဌာနချုပ်အနီး အစိုးရတပ်နဲ့ ကေအိုင်အို ထိတွေ့တိုက်ပွဲဖြစ်
Donate to DVB

ဒီလကုန်မှာ နိုင်ငံရေးဆွေးနွေးကြဖို့ သဘောတူထားပေမယ့် အင်အားဖြည့်ထားတဲ့ အစိုးရတပ် တွေဟာ ဒီဇင်ဘာလ ၁၀ ရက်နေ့က  ကေအိုင်အိုဌာနချုပ် အနားထိတိုးလာပြီး လက်နက်ကြီးနဲ့ ပစ်နေတယ်လို့  ကေအိုင်အိုနဲ့ မဟာမိတ်ပူးတွဲတိုက်နေတဲ့ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ကပြောပါတယ်။

အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ကေအိုင်အိုကိုယ်စားလှယ်တွေနဲ့ တရုတ်နိုင်ငံ ရွှေလီမှာ တွေ့ကြတုန်းက ၁ လ အတွင်း နိုင်ငံရေးဆွေးနွေးဖို့  သဘောတူခဲ့ပါတယ်။ ဒါပေမယ့် အောက်ခြေမှာတော့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့ပြင်နေတယ်လို့ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) တာဝန်ခံ လဗျလဆိုင်းက ပြောပါတယ်။

[caption id="attachment_34197" align="alignright" width="300" caption="ကျောင်းသားတပ်မတော် (မြောက်ပိုင်း) တာဝန်ခံ လဗျလဆိုင်း (ဓာတ်ပုံ- ဒီဗွီဘီ)"][/caption]

လဗျလဆိုင်းက “သူတို့ အင်အားအများကြီး ထပ်ဖြည့်ထားတယ်။ သူတို့ရဲ့လက်နက်ကြီးကုန်း ကနေပြီးတော့ ဒီဘက် လဂျားယန် ကျနော်တို့ ကျောင်းသားတပ်မတော် နေရာယူထားတဲ့ဘက်ကို မနေ့က လက်နက်ကြီးတွေနဲ့ ပစ်နေတာ မနက် ၄ လုံး၊ ည ၄ လုံး ပုံမှန်ပစ်နေတယ်။ ဒီကနေ့လည်း အခြေအနေက နေရာ ယူထားရတာပေါ့။”  လို့ ပြောပါတယ်။

အစိုးရတပ်တွေ ရောက်ရှိနေရာယူထားတဲ့ နေရာဟာ ကေအိုင်အို ဗဟိုဌာနချုပ်နဲ့ ၁၀ မိုင်ခန့် အကွာ နေရာလောက်မှာဖြစ်ပြီး ကေအိုင်အိုဘက်ကလည်း ခုခံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ အစိုးရဘက်က သတင်းမထုတ်ပြန်သလို သတင်းထုတ်ပြန်ရေးအဖွဲ့ကို မေးမြန်းလို့လည်း မရပါဘူး။

သမ္မတက မနှစ် ဒီဇင်ဘာလဆန်းပိုင်းကတည်းက ထိုးစစ်မဆင်ဖို့ တပ်ကို ညွှန်ကြားထားတယ်ဆိုပေမယ့် အောက်ခြေတပ်တွေက ကေအိုင်အိုဌာချုပ်အနီးထိ ချဉ်းကပ်ပစ်ခတ်နေတာဟာ  စစ်ရေးအရ ဖိအားပေးတာလို့ လဗျလဆိုင်းက ခန့်မှန်း ဖြေဆိုပါတယ်။

“ကျနော်တို့ ခန့်မှန်းတာကတော့ ရွှေလီဆွေးနွေးပွဲမှာတော့ ၀န်ကြီးဦးအောင်မင်းက ပြောတာပေါ့နော်။ ‘ဒီဇင်ဘာလကုန်ရင် နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်’လို့။ ဒါပေမယ့် လက်တွေ့ အခြေအနေမှာက ကျနော်တို့ထင်တာက သူတို့ တပ်အင်အားတွေ ဒီလောက်ဖြည့်တင်းပြီးမှ လုပ်နေတဲ့အနေအထားက စစ်ရေးဖိအားပေးပြီးမှ နိုင်ငံရေးစကားပြောမယ့်ပုံစံ၊ အဲဒါမျိုးပုံစံတွေ့နေရတယ်။” လို့ ပြောပါတယ်။

ကေအိုင်အို တပ်မဟာ ၁ ပန်ဝါဒေသမှာ အစိုးရတပ်က စစ်ရဟတ်ယာဉ်တွေသုံးပြီး တိုက်နေသလို ကေအိုင်အို တပ်မဟာ ၂ ဘက် တနိုင်း-လီဒိုလမ်းမဘက်မှာလည်း အစိုးရဘက်က တပ်အင်အားဖြည့်တင်းပြီး တက်လာနေတယ်လို့ဆိုပါတယ်။
အစိုးရနဲ့ ကေအိုင်အိုအကြား ၁၉၉၄ ခုနှစ်က ရခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ အစိုးရက ကေအိုင်အိုကို လက်နက်ချခိုင်းတာကြောင့် နှစ်ဘက် ပြန်တိုက်ကြပြီး စစ်ရှောင်ဒုက္ခသည် ၁ သိန်းလောက် ထွက်ပြေးနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013