A d v e r t i s e m e n t With Us

လူရည်ချွန် ပြန်လည်ရွေးချယ်

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အစိုးရခေတ်က ရှိခဲ့တဲ့ အခြေခံပညာ အထက်တန်းအဆင့် ဘက်စုံထူးချွန်တဲ့ “လူရည်ချွန်ကျောင်းသား” ရွေးချယ်ပွဲတွေ ပြန်လည် ပြုလုပ်နေပြီဖြစ်ကြောင်း မော်လမြိုင်မြို့ အမှတ် ၉ အထက်တန်းပြဆရာမတဦးက ပြောပါတယ်။ အထက်တန်းကျောင်း တကျောင်းစီက ၈ တန်း၊ ၉ တန်းနဲ့ ၁၀ တန်း ထူးချွန်သူ ၁ ယောက်စီ ရွေးချယ်ပြီး မြို့နယ်အလိုက် ပညာရေး၊ အားကစားနဲ့ အနုပညာ စသဖြင့် ဘာသာစုံ ယှဉ်ပြိုင်ရမှာပါ။ ရွေးချယ်ခံရသူတွေကို မြို့နယ်အဆင့် သတ်မှတ်ပြီး ခရိုင်အဆင့် ပြိုင်စေကြောင်း၊ ခရိုင်အဆင့် ရွေးချယ်ခံရသူတွေကို လူရည်ချွန်အဖြစ် သတ်မှတ်ကာ ဆုချီးမြှင့်ခြင်း၊ တနိုင်ငံလုံး လူရည်ချွန်တွေ စုစည်း အပန်းဖြေ ခရီးထွက်စေခြင်း စသဖြင့် ပြုလုပ်စေမှာ ဖြစ်ကြောင်း သိရပါတယ်။ ၁၉၈၈ မတိုင်မီအထိ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူတွေကို ဘက်စုံထူးချွန်တဲ့ လူရည်ချွန်တွေအဖြစ် ရွေးချယ်ကာ ငပလီ ရွှေဝါချိုင့်စခန်းကို ပို့လွှတ် အပန်းဖြေစေခဲ့ပြီး န၀တ စစ်အစိုးရ လက်ထက်မှာတော့ အစီအစဉ် ရပ်ဆိုင်းသွားခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up