A d v e r t i s e m e n t With Us

အမျိုးသား ၁ ဦး ဒိုင်းမွန်းပလာဇာအပေါ်ထပ်မှ ခုန်ချ သေကြောင်းကြံဖို့ ကြိုးစား

မန္တလေးမြို့မှာ ဒီဇင်ဘာ ၁၁ ရက် မနက် ၁၁ နာရီ မိနစ် ၃၀ ဝန်းကျင်အချိန်က အမျိုးသားတဦး ဒိုင်းမွန်းပလာဇာ အပေါ်ထပ်ကနေ  သေကြောင်းကြံ ခုန်ချဖို့ ကြိုးစားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ နေရာကို  သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ မီးသတ်တပ်ဖွဲ့ဝင်များ လာရောက် အချိန်မီတားဆီးနိုင်ခဲ့ပြီး ခုန်ချဖို့ ကြိုးစားသူဟာ အသက် ၃၀ ၀န်းကျင် အမျိုးသား ဖြစ်ပြီး ပတ်ဝန်းကျင်အနီးအနားမှာ ဆိုင်ကယ်ကယ်ရီမောင်းသူလို့ သိရပါတယ်။ သူ့ကို အမှတ် ၈ ရဲစခန်းက ခေါ်ဆောင်သွားပြီး စစ်ဆေးအရေးယူနေကြောင်း သတင်းရရှိပါတယ်။ သတင်းဓာတ်ပုံ - ဒီပုတ် Read more

A d v e r t i s e m e n t With Us

More News
Up