DVB Logo
Home
မြန်မာသတင်း
တိုင်းနှင့်ပြည်နယ်အချို့တွင် ရေကြီးမြေပြိုပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်
DVB
·
August 10, 2019
တိုင်းနှင့်ပြည်နယ်အချို့တွင် ရေကြီးမြေပြိုပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်
Donate to DVB

ဒီရက်ပိုင်းမှာ မိုးသည်းထန်နေတာကြောင့် တိုင်းနဲ့ပြည်နယ် ၆ ခုမှာ ရေကြီးမြေပြိုတာ၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်တာတွေ ဖြစ်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ်မှာ မနေ့က မိုးသည်းထန်ပြီး တောင်ကျရေကျော်လို့ ဘားအံမြို့နယ်က ရွာ ၇ ရွာ နစ်မြုပ်နေသလို ဘားအံ-ဇာသပြင်-မော်လမြိုင် ကားလမ်းမှာ ရေအနက် ၆ လက်မကနေ ၁ ပေခွဲလောက်ထိ၊ ဘားအံ-အိန္ဒု-ဇာသပြင်ကားလမ်း၊ ဘားအံ-အိန္ဒု-ကော့ကရိတ်ကားလမ်းတို့မှာ ရေအနက် ၃ ပေခွဲလောက်ထိ ရေကျော်နေပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်မှာတော့ ရွာ ၄ ရွာ နစ်မြုပ်နေပြီး  ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းပေါ်က ချောင်းကူးဘေလီ တံတား ၂ စင်း၊ ချောင်းကူးကွန်ကရစ်တံတား ချဉ်းကပ် မြေသားလမ်းနဲ့ အရှည် ၂၂၉ ပေ ရှိတဲ့ ဝိန့်ရော်ချောင်းကူးတံတား မျောပါဆုံးရှုံးခဲ့သလို  ကြာအင်းဆိပ်ကြီး-ကျိုက်ဒုံသွား လမ်းမပေါ်မှာလည်း ရေနစ်မြုပ်နေပါတယ်။

ကော့ကရိတ်မြို့နယ်မှာတော့ ရွာ ၃ ရွာ ရေနစ်နေပြီး လူ ၂၆၀ ကျော် နီးစပ်ရာအိမ်တွေမှာ ပြောင်းရွှေ့နေထိုင်နေရပါတယ်။

တနင်္သာရီတိုင်းမှာတော့ ဩဂုတ်လ ၈ ရက်ကနေ ၉ ရက်အထိ မိုးကြီးခဲ့ပြီး ရေဖြူမြို့နယ်မှာ ရွာ ၈ ရွာ၊ တနင်္သာရီမြို့နယ်မှာ ရပ်ကွက်နဲ့ ရွာ ၁၂ ခု၊ ပုလောမြို့နယ်မှာ ရပ်ကွက်နဲ့ရွာ ၄ ခု ရေနစ်မြုပ်ခဲ့ပြီး ကျောက်ကမ်းဖဲရွာမှာ အိမ်တချို့ ပြိုကျခဲ့ပါတယ်။ မြိတ်-ထားဝယ်ကားလမ်းမှာလည်း ရေလျှံနေသလို မိုင်တိုင်အမှတ် (၉၉/၅) နဲ့ (၁၀၀/၁)ကြား ကားလမ်းပေါ်မှာ တောင်မြေပြိုကျပြီး အမြင့် ၁၂ လောက် မြေကြီးတွေ ပိတ်မိနေပါတယ်။

မြိတ်မြို့နယ်မှာတော့ ရွာ ၃ ရွာ ရေနစ်နေပြီး ထားဝယ်မြို့နယ်မှာတော့ ရပ်ကွက် ၅ ခု ရေနစ်နေပါတယ်။ ထားဝယ်-မေတ္တာကားလမ်းမှာလည်း ရေ အနက် ၈ လက်မလောက်ကနေ ၅ ပေအထိ ရေကျော်နေလို့ ကားတွေ သွားမရဖြစ်နေပါတယ်။

ထားဝယ်ခရိုင် သရက်ချောင်း မြို့နယ်က ရွာ ၃ လည်း ရေနစ်နေတယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်၊ ရွှေကျင်မြို့နယ်က ရွာ ၆ ရွာမှာ ရေကြီးနေပြီး မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်က ရွာ ၂ ရွာမှာ ရေကြီးနေပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ရပ်ကွက်နဲ့ ရွာ ၁၀ ရွာမှာ ရေကြီးခဲ့ပြီး  ဘုန်းကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်းနဲ့ နေအိမ် ၈ လုံး ရေမျောပြိုကျခဲ့ပါတယ်။

မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်က ဝေဇယန္တာပရိယတ္တိစာသင်တိုက် အနောက်ဘက် အုတ်တံတိုင်းပြိုကျလို့ ၁ ထပ် ဘုန်းကြီးကျောင်း ပြိုကျခဲ့ပြီး သက်တော် ၈၂ နှစ်အရွယ် ဘုန်းတော်ကြီး ပျံလွန်သွားပါတယ်။ ဒါ့အပြင် နောက်ထပ် ဘုန်းကြီးကျောင်း တကျောင်းနဲ့ ကွန်ကရစ် တံတားတစင်းလည်း ပြိုကျခဲ့ပါတယ်။

ဒါ့အပြင် ပေါင်မြို့နယ်၊ မုဒုံမြို့နယ်တို့မှာလည်း ရေကြီးမြေပြိုတာတွေရှိပြီး သံဖြူဇရပ်မြို့နယ်မှာတော့ ကျေးရွာနဲ့ ရပ်ကွက် ၂၁ ခုမှာ ရေကြီးနေပါတယ်။ သံဖြူဇရပ်မြို့နယ်မှာ လမ်းနဲ့ တံတား တချို့ပျက်စီးခဲ့သလို နေအိမ် ၂ လုံး ရေမျော၊ နေအိမ် ၁၀ လုံး၊ စေတီ ၁ ဆူ၊ ကွန်ကရစ်တံတား ၁ စင်း ပြိုကျပျက်စီးခဲ့ပြီး မိသားစု ၄ ယောက် ရေမျောပါသွားခဲ့တာမှာ အဖေနဲ့ အသက် ၇ နှစ်အရွယ် သမီးတို့ကို ဆယ်ယူနိုင်ခဲ့ပြီး အမေနဲ့ အသက် ၁ နှစ်အရွယ်သမီးတို့ ပျောက်ဆုံးနေပါတယ်။

ကျိုက်မရောမြို့နယ်က ရွာပေါင်း ၂၀ မှာ ရေကြီးနေသလို ရှမ်းပြည်နယ် မိုင်းတုံမြို့မှာတော့ တောင်ကျရေတိုက်စားလို့ မြို့မရပ်ကွက်က အရှည် ၆၆ ပေ ရှိတဲ့ နမ့်တုံချောင်းကူး သစ်သား တံတား ရေစီးမျောပါခဲ့ပါတယ်။




Zawgyi Version

ဒီရက္ပိုင္းမွာ မိုးသည္းထန္ေနတာေၾကာင့္ တိုင္းနဲ႔ျပည္နယ္ ၆ ခုမွာ ေရႀကီးေျမၿပိဳတာ၊ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္တာေတြ ျဖစ္ေနတယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

ကရင္ျပည္နယ္မွာ မေန႔က မိုးသည္းထန္ၿပီး ေတာင္က်ေရေက်ာ္လို႔ ဘားအံၿမိဳ႕နယ္က ႐ြာ ၇ ႐ြာ နစ္ျမဳပ္ေနသလို ဘားအံ-ဇာသျပင္-ေမာ္လၿမိဳင္ ကားလမ္းမွာ ေရအနက္ ၆ လက္မကေန ၁ ေပခြဲေလာက္ထိ၊ ဘားအံ-အိႏၵဳ-ဇာသျပင္ကားလမ္း၊ ဘားအံ-အိႏၵဳ-ေကာ့ကရိတ္ကားလမ္းတို႔မွာ ေရအနက္ ၃ ေပခြဲေလာက္ထိ ေရေက်ာ္ေနပါတယ္။

ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္မွာေတာ့ ႐ြာ ၄ ႐ြာ နစ္ျမဳပ္ေနၿပီး  ဘုရားသုံးဆူ-သံျဖဴဇရပ္ ကားလမ္းေပၚက ေခ်ာင္းကူးေဘလီ တံတား ၂ စင္း၊ ေခ်ာင္းကူးကြန္ကရစ္တံတား ခ်ဥ္းကပ္ ေျမသားလမ္းနဲ႔ အရွည္ ၂၂၉ ေပ ရွိတဲ့ ဝိန႔္ေရာ္ေခ်ာင္းကူးတံတား ေမ်ာပါဆုံးရႈံးခဲ့သလို  ၾကာအင္းဆိပ္ႀကီး-က်ိဳက္ဒုံသြား လမ္းမေပၚမွာလည္း ေရနစ္ျမဳပ္ေနပါတယ္။

ေကာ့ကရိတ္ၿမိဳ႕နယ္မွာေတာ့ ႐ြာ ၃ ႐ြာ ေရနစ္ေနၿပီး လူ ၂၆၀ ေက်ာ္ နီးစပ္ရာအိမ္ေတြမွာ ေျပာင္းေ႐ႊ႕ေနထိုင္ေနရပါတယ္။

တနသၤာရီတိုင္းမွာေတာ့ ဩဂုတ္လ ၈ ရက္ကေန ၉ ရက္အထိ မိုးႀကီးခဲ့ၿပီး ေရျဖဴၿမိဳ႕နယ္မွာ ႐ြာ ၈ ႐ြာ၊ တနသၤာရီၿမိဳ႕နယ္မွာ ရပ္ကြက္နဲ႔ ႐ြာ ၁၂ ခု၊ ပုေလာၿမိဳ႕နယ္မွာ ရပ္ကြက္နဲ႔႐ြာ ၄ ခု ေရနစ္ျမဳပ္ခဲ့ၿပီး ေက်ာက္ကမ္းဖဲ႐ြာမွာ အိမ္တခ်ိဳ႕ ၿပိဳက်ခဲ့ပါတယ္။ ၿမိတ္-ထားဝယ္ကားလမ္းမွာလည္း ေရလွ်ံေနသလို မိုင္တိုင္အမွတ္ (၉၉/၅) နဲ႔ (၁၀၀/၁)ၾကား ကားလမ္းေပၚမွာ ေတာင္ေျမၿပိဳက်ၿပီး အျမင့္ ၁၂ ေလာက္ ေျမႀကီးေတြ ပိတ္မိေနပါတယ္။

ၿမိတ္ၿမိဳ႕နယ္မွာေတာ့ ႐ြာ ၃ ႐ြာ ေရနစ္ေနၿပီး ထားဝယ္ၿမိဳ႕နယ္မွာေတာ့ ရပ္ကြက္ ၅ ခု ေရနစ္ေနပါတယ္။ ထားဝယ္-ေမတၱာကားလမ္းမွာလည္း ေရ အနက္ ၈ လက္မေလာက္ကေန ၅ ေပအထိ ေရေက်ာ္ေနလို႔ ကားေတြ သြားမရျဖစ္ေနပါတယ္။

ထားဝယ္ခ႐ိုင္ သရက္ေခ်ာင္း ၿမိဳ႕နယ္က ႐ြာ ၃ လည္း ေရနစ္ေနတယ္လို႔ ဆိုပါတယ္။

ပဲခူးတိုင္၊ ေ႐ႊက်င္ၿမိဳ႕နယ္က ႐ြာ ၆ ႐ြာမွာ ေရႀကီးေနၿပီး မေကြးတိုင္း၊ ေရနံေခ်ာင္းၿမိဳ႕နယ္က ႐ြာ ၂ ႐ြာမွာ ေရႀကီးေနပါတယ္။

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္မွာ ရပ္ကြက္နဲ႔ ႐ြာ ၁၀ ႐ြာမွာ ေရႀကီးခဲ့ၿပီး  ဘုန္းႀကီးေက်ာင္း ၁ ေက်ာင္း၊ စာသင္ေက်ာင္း ၁ ေက်ာင္းနဲ႔ ေနအိမ္ ၈ လုံး ေရေမ်ာၿပိဳက်ခဲ့ပါတယ္။

ေမာ္လၿမိဳင္ၿမိဳ႕၊ မရမ္းကုန္းရပ္ကြက္က ေဝဇယႏၲာပရိယတၱိစာသင္တိုက္ အေနာက္ဘက္ အုတ္တံတိုင္းၿပိဳက်လို႔ ၁ ထပ္ ဘုန္းႀကီးေက်ာင္း ၿပိဳက်ခဲ့ၿပီး သက္ေတာ္ ၈၂ ႏွစ္အ႐ြယ္ ဘုန္းေတာ္ႀကီး ပ်ံလြန္သြားပါတယ္။ ဒါ့အျပင္ ေနာက္ထပ္ ဘုန္းႀကီးေက်ာင္း တေက်ာင္းနဲ႔ ကြန္ကရစ္ တံတားတစင္းလည္း ၿပိဳက်ခဲ့ပါတယ္။

ဒါ့အျပင္ ေပါင္ၿမိဳ႕နယ္၊ မုဒုံၿမိဳ႕နယ္တို႔မွာလည္း ေရႀကီးေျမၿပိဳတာေတြရွိၿပီး သံျဖဴဇရပ္ၿမိဳ႕နယ္မွာေတာ့ ေက်း႐ြာနဲ႔ ရပ္ကြက္ ၂၁ ခုမွာ ေရႀကီးေနပါတယ္။ သံျဖဴဇရပ္ၿမိဳ႕နယ္မွာ လမ္းနဲ႔ တံတား တခ်ိဳ႕ပ်က္စီးခဲ့သလို ေနအိမ္ ၂ လုံး ေရေမ်ာ၊ ေနအိမ္ ၁၀ လုံး၊ ေစတီ ၁ ဆူ၊ ကြန္ကရစ္တံတား ၁ စင္း ၿပိဳက်ပ်က္စီးခဲ့ၿပီး မိသားစု ၄ ေယာက္ ေရေမ်ာပါသြားခဲ့တာမွာ အေဖနဲ႔ အသက္ ၇ ႏွစ္အ႐ြယ္ သမီးတို႔ကို ဆယ္ယူႏိုင္ခဲ့ၿပီး အေမနဲ႔ အသက္ ၁ ႏွစ္အ႐ြယ္သမီးတို႔ ေပ်ာက္ဆုံးေနပါတယ္။

က်ိဳက္မေရာၿမိဳ႕နယ္က ႐ြာေပါင္း ၂၀ မွာ ေရႀကီးေနသလို ရွမ္းျပည္နယ္ မိုင္းတုံၿမိဳ႕မွာေတာ့ ေတာင္က်ေရတိုက္စားလို႔ ၿမိဳ႕မရပ္ကြက္က အရွည္ ၆၆ ေပ ရွိတဲ့ နမ့္တုံေခ်ာင္းကူး သစ္သား တံတား ေရစီးေမ်ာပါခဲ့ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013