မြန်မာယူ-၁၈ အသင်း တီမောကို ၁ ဂိုးဂိုးမရှိဖြင့် အနိုင်ရ

ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု အေ တတိယပွဲစဉ်အဖြစ် ဒီနေ့ညနေ ယှဉ်ပြိုင်ကစားရာမှာ မြန်မာအသင်းက တီမောအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ပထမပိုင်းမှာ မြန်မာအသင်းက ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ဒုတိယပိုင်း မိနစ် ၇၀ မှာ အနိုင်ဂိုးကို ကျောနံပါတ် ၁၂ မိုးဆွေက သွင်းယူပေးခဲ့တာပါ။ အုပ်စု အေ မှာ မြန်မာအသင်းဟာ ဖိလစ်ပိုင်ကို ၄-၁ ဂိုး၊ လာအိုကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိထားတာကြောင့် အုပ်စုတွင်းမှာ ၃ ပွဲကစား ၃ ပွဲ အနိုင်ရရှိထားပါတယ်။ အုပ်စုအေမှာ မြန်မာအသင်းဟာ အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ တီမောတို့ တအုပ်စုတည်း ကျရောက်နေတာဖြစ်ပါတယ်။ ၃ ပွဲစီ ကစားအပြီးမှာတော့ မြန်မာနဲ့ အင်ဒိုနီးရှားက ၃ စလုံး အနိုင်ရထားပြီး ၉ မှတ်စီ တူနေပေမယ့် အင်ဒိုနီးရှားက ဂိုးကွာခြားချက်အသာနဲ့ အုပ်စု ပထမ၊ မြန်မာက ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ကျန်အသင်းတွေဖြစ်တဲ့ တီမောနဲ့ လာအိုအသင်းက တပွဲစီနိုင် သုံးမှတ်စီရထားပြီး ဘရူနိုင်းနဲ့ ဖိလစ်ပိုင်တို့ကတော့ အမှတ်မရသေးပါဘူး။ ဒီနေ့ည ၆ နာရီခွဲမှာ ဖိလစ်ပိုင်နဲ့ လာအိုအသင်းတို့ အုပ်စုအေ တတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
Zawgyi Version ျမန္မာယူ-၁၈ အသင္း တီေမာကို ၁ ဂိုးဂိုးမရွိျဖင့္ အႏိုင္ရ DVB ဗီယက္နမ္ႏိုင္ငံမွာ က်င္းပေနတဲ့ အာဆီယံ ယူ-၁၈ ခ်န္ပီယံရွစ္ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ အုပ္စု ေအ တတိယပြဲစဥ္အျဖစ္ ဒီေန႔ညေန ယွဥ္ၿပိဳင္ကစားရာမွာ ျမန္မာအသင္းက တီေမာအသင္းကို ၁ ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရသြားပါတယ္။ ပထမပိုင္းမွာ ျမန္မာအသင္းက ဖိအားေပးကစားႏိုင္ခဲ့ေပမယ့္ ဂိုးသြင္းယူႏိုင္ခဲ့ျခင္းမရွိဘဲ ဒုတိယပိုင္း မိနစ္ ၇၀ မွာ အႏိုင္ဂိုးကို ေက်ာနံပါတ္ ၁၂ မိုးေဆြက သြင္းယူေပးခဲ့တာပါ။ အုပ္စု ေအ မွာ ျမန္မာအသင္းဟာ ဖိလစ္ပိုင္ကို ၄-၁ ဂိုး၊ လာအိုကို ၃-၁ ဂိုးနဲ႔ အႏိုင္ရရွိထားတာေၾကာင့္ အုပ္စုတြင္းမွာ ၃ ပြဲကစား ၃ ပြဲ အႏိုင္ရရွိထားပါတယ္။ အုပ္စုေအမွာ ျမန္မာအသင္းဟာ အင္ဒိုနီးရွား၊ လာအို၊ ဖိလစ္ပိုင္၊ ဘ႐ူႏိုင္း၊ တီေမာတို႔ တအုပ္စုတည္း က်ေရာက္ေနတာျဖစ္ပါတယ္။ ၃ ပြဲစီ ကစားအၿပီးမွာေတာ့ ျမန္မာနဲ႔ အင္ဒိုနီးရွားက ၃ စလုံး အႏိုင္ရထားၿပီး ၉ မွတ္စီ တူေနေပမယ့္ အင္ဒိုနီးရွားက ဂိုးကြာျခားခ်က္အသာနဲ႔ အုပ္စု ပထမ၊ ျမန္မာက ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။ က်န္အသင္းေတြျဖစ္တဲ့ တီေမာနဲ႔ လာအိုအသင္းက တပြဲစီႏိုင္ သုံးမွတ္စီရထားၿပီး ဘ႐ူႏိုင္းနဲ႔ ဖိလစ္ပိုင္တို႔ကေတာ့ အမွတ္မရေသးပါဘူး။ ဒီေန႔ည ၆ နာရီခြဲမွာ ဖိလစ္ပိုင္နဲ႔ လာအိုအသင္းတို႔ အုပ္စုေအ တတိယပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားရမွာ ျဖစ္ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up