Home
ဆောင်းပါး
သွေးလွန်တုပ်ကွေးအကြောင်း သင်သိထားသင့်သမျှ
DVB
·
August 10, 2019
သည်းသည်းမည်းမည်းရွာလိုက်တဲ့မိုးနဲ့ မိုးရာသီတောင်ရောက်လာပြန်ပြီနော်။ မိုးရာသီက နွေရဲ့ပူပြင်းတဲ့ဒဏ်ကို သက်သာစေတယ်ဆိုပေမယ့် မိုးရာသီမှာအဖြစ်များတဲ့ ရောဂါတွေရဲ့ ပြဿနာကလည်းရှိနေတယ်။ ခြင်ကြောင့်ဖြစ်တဲ့ရောဂါတွေနဲ့ယင်ကြောင့်ဖြစ်တဲ့ရောဂါတွေက မဖိတ်ခေါ်ဘဲကို မိုးရာသီနဲ့အတူ လိုက်ပါလာတတ်ပါတယ်။ မိုးရာသီက ပောျ်ရွှင်စရာတွေ စိတ်ကြည်နူးစရာတွေနဲ့ပြည့်စုံနေတဲ့ရာသီပါ။ ဒီလိုမျိုး ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ရာသီမှာ ကိုယ်တိုင်ရော မိသားစုမှာပါရောဂါကင်းပြီး ပျော်ရွှင်ချင်တယ်ဆိုရင် ဒီဆောင်းပါးလေးကိုဖတ်ကြည့်ပါ။ သွေးလွန်တုပ်ကွေး (Dengue Fever) ဆိုတာ သွေးလွန်တုပ်ကွေးရောဂါ ဆိုတာက ခြင်ကနေတဆင့် ကူးစက်ခံရတဲ့ရောဂါတစ်မျိုးပါ။ ကမ္ဘာပေါ်မှာရှိတဲ့ အပူပိုင်းဇုန်နဲ့သမပိုင်းဇုန်ဒေသတွေမှာ ရောဂါအဖြစ်များပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဆိုတဲ့နေရာမှာလည်း “ Break-Bone” Fever လို့ခေါ်တဲ့ အပျော့စားသွေးလွန်တုပ်ကွေးရောဂါ နဲ့ Dengue Hemorrhagic Fever လို့ခေါ်တဲ့ အပြင်းစားသွေးလွန်တုပ်ကွေးရောဂါဆိုပြီး နှစ်မျိုးရှိပါတယ်။ -“ Break-Bone” Fever (အပျော့စားသွေးလွန်တုပ်ကွေးရောဂါ) ခံစားရတဲ့အခါ ဒီဝေဒနာခံစားရတဲ့အခါ အဖျားတက်တာ အရေပြားမှာ အနီရောင် အဖုအပိမ့်တွေထွက်တာ ကြွက်သားနဲ့အဆစ်တွေနာကျင်ကိုက်ခဲမှုတွေ ကိုခံစားရနိုင်ပါတယ်။ – Dengue Hemorrhagic Fever (အပြင်းစားသွေးလွန်တုပ်ကွေးရောဂါ) ခံစားရတဲ့အခါ ဒီဝေဒနာခံစားရတဲ့အခါ သွေးထွက်လွန်မယ် အဖျားတက်မယ် သွေးပေါင်ချိန်ကျတာလိုမျိုးဝေဒနာတွေခံစားရနိုင်ပါတယ်။ အဆိုးဆုံးအနေနဲ့ကတော့ အသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။ သွေးလွန်တုပ်ကွေးဖြစ်တဲ့အခါ အခုလိုလက္ခဏာတွေခံစားရနိုင်ပါတယ် သွေးလွန်တုပ်ကွေးခံစားနေရသူအများစု အထူးသဖြင့်တော့ ကလေးငယ်တွေ နဲ့ ဆယ်ကျော်သက်တွေမှာ ရောဂါသိပ်မပြင်းထန်ဘူးဆိုရင် ရောဂါလက္ခဏာတွေက သိသိသာသာမတွေ့ရတတ်ပါဘူး။ ခြင်ကိုက်ခံရပြီး ပြီးချင်းမှာလည်း ရောဂါလက္ခဏာတွေမပြတတ်ပါဘူး။ ရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင်ကိုက်ခံရပြီး ၄ ရက်ကနေ ၇ ရက်အတွင်းမှာမှ ရောဂါလက္ခဏာစပြီး ပြတတ်တာဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဖြစ်တဲ့အခါ – ခေါင်းကိုက်မယ် ကြွက်သားတွေ၊ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲမယ် မအီမသာဖြစ်မယ် အော့အန်မယ် မျက်လုံးအနောက်ဘက်က နာကျင်မယ် ဂလင်းတွေ ရောင်ရမ်းမယ် အရေပြားမှာ အနီရောင်အဖုအပိမ့်တွေထွက်မယ် အရမ်းပြင်းထန်လာမယ်ဆိုရင်တော့ – ဗိုက်ထဲကနာကျင်မယ် အဆက်မပြတ်အော့အန်နေမယ် သွားဖုံးနဲ့နှာခေါင်းက သွေးထွက်မယ် ဆီးသွားရင်သွေးပါမယ်၊ ဝမ်းသွားရင်သွေးပါမယ်၊ အန်တဲ့အခါ သွေးစတွေပါလာမယ် အရေပြားအောက်မှာသွေးယိုစိမ့်မှုဖြစ်ပြီး အညိုအမဲစွဲသလို အကွက်တွေဖြစ်မယ် အသက်ရှုရခက်မယ် အသက်ရှုတာအရမ်းမြန်နေမယ် ခန္ဓာကိုယ်က အေးစက်နေမယ် ခြေကုန်လက်ပန်းကျမယ် အိပ်မပျော်ဘဲ စိတ်မတည်ငြိမ်တာမျိုးဖြစ်နေမယ်။ ဒီလိုအခြေအနေမျိုးဖြစ်နေပြီဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားပြဖို့လိုအပ်ပါတယ်။ အရေးပေါ် အခြေအနေဖြစ်တာကြောင့် အခန့်မသင့်ရင် အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။ သွေးလွန်တုပ်ကွေးကို ဒီလိုကာကွယ်လို့ရပါတယ် သွေးလွန်တုပ်ကွေးကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးရယ်လို့မရှိသေးပါဘူး။ ရောဂါကိုကာကွယ်နိုင်မယ့် အကောင်းဆုံးသောနည်းလမ်းက ခြင်ကိုက်မခံရအောင်ဂရုစိုက်တာနဲ့ ရောဂါပိုးရှိတဲ့နေရာတွေကိုရှောင်ကြဉ်တာပါ။ ခြင်ကိုက်မခံရအောင်ကာကွယ်မှုက အထိရောက်ဆုံးသော ရောဂါကာကွယ်နည်းပါ။ ဖြစ်နိုင်ရင် လူထူထပ်တဲေ့နရာတွေကိုရှောင်ရှားပါ – လူထူထပ်တဲ့နေရာတွေက ရောဂါပိုးအလွယ်တကူ ကူးစက်ပြန့်နှံ့နိုင်တာကြောင့် လူထူထပ်တဲ့နေရာတွေကိုရှောင်ကြဉ်တာကလည်း ရောဂါကာကွယ်တဲ့နည်းလမ်းတစ်ခုပါ။ အိပ်စက်ချိန်မှာ ခြင်ထောင်ဖြင့်အိပ်စက်ပါ – နေ့ဘက်မှာဖြစ်ဖြစ် ညဘက်မှာဖြစ်ဖြစ် အိပ်စက်တဲ့အခါတိုင်း ခြင်ထောင်ထောင်အိပ်တတ်တဲ့ အကျင့်ကိုမွေးမြူပါ။ ဒီအကျင့်က သွေးလွန်တုပ်ကွေးတင်မဟုတ်ဘဲ ခြင်ကြောင့်ဖြစ်တဲ့ရောဂါတိုင်းကို ကာကွယ်ပြီးသားဖြစ်ပါတယ်။ နေအိမ်တွင်းကို ခြင်မဝင်နိုင်အောင်လုပ်ဆောင်ပါ – နေဝင်ချိန်နဲ့ညဘက်တွေမှာ လေအေးပေးစနစ်ဖွင့်ထားပြီး ခြင်မဝင်နိုင်အောင် သေချာစီမံထားတဲ့ နေရာမှာနေပါ။ နေအိမ်မှာ ခြင်လုံဇကာတပ်ဆင်ပြီး ခြင်မဝင်ရောက်နိုင်အောင် ဂရုစိုက်လုပ်ဆောင်တာမျိုးတွေလုပ်ဆောင်ပြီး နေအိမ်ကို ခြင်ကင်းစင်ဇုန်အဖြစ်ဖန်တီးပါ။ လုံခြုံစွာဝတ်ဆင်ပါ – ခြင်ကိုက်ခံရတာမျိုးမဖြစ်စေဖို့အတွက် ညနေဘက်နဲ့ညဘက်အချိန်တွေမှာ အင်္ကျီလက်ရှည်၊ဘောင်းဘီရှည်တွေဝတ်ဆင်ပြီး ခြင်ကိုက်မခံရအောင်ကာကွယ်ပေးပါ။ ခြင်နိုင်ဆေးသုံးပါ – ဒါကတော့ အသုံးအများဆုံးသော ခြင်ကာကွယ်နည်းလမ်းတစ်ခုပါ။ ခြင်ကိုကာကွယ်ဖို့အတွက် နေအိမ်တွင်းမှာ ခြင်ဆေးထွန်းလို့ရသလို ခြင်ဆေးဖြန်းဆေးကို အသုံးပြုလို့လည်းရပါတယ်။ နေအိမ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ – နေအိမ်ပတ်ဝန်းကျင်မှာ အမှိုက်တွေသန့်ရှင်းနေအောင်ထားပေးပါ။ ခြင်ခိုအောင်းနိုင်တဲ့နေရာတွေကိုရှင်းလင်းပါ။ သွေးလွန်တုပ်ကွေးရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင်တွေက အိမ်အတွင်းပိုင်းနဲ့ အိမ်အနီးတဝိုက်ကနေရာတွေမှာနေထိုင်ပြီး ကားတာယာအဟောင်းလိုမျိုး မိုးရေတွေဝပ်နေနိုင်တဲ့နေရာတွေထဲမှာ ပေါက်ဖွားနိုင်တာကြောင့် နေအိမ်ပတ်ဝန်းကျင်က ခြင်ခိုအောင်းနိုင်တဲ့နေရာတွေကို ရှင်းလင်းထားပါ။ ခြင်မကိုက်တဲ့လူးဆေးလူးပေးပါ – သွေးလွန်တုပ်ကွေးအပါအဝင် ခြင်ကြောင့်ဖြစ်တဲ့ရောဂါတွေကို မဖြစ်အောင်ကာကွယ်ဖို့ဆိုရင် အရင်ဆုံးလုပ်ရမှာက ခြင်မကိုက်အောင်ဂရုစိုက်ဖို့ပါ။ ကိုယ်တိုင်မှာရော မိမိချစ်ရသူတွေမှာပါ မတော်တဆခြင်ကိုက်ခံရတာမျိုး မဖြစ်စေဖို့အတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အရေပြားမှာ ခြင်မကိုက်အောင်လူးတဲ့ဆေးလေးလူးပေးပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ပါ – ခန္ဓာကိုယ်မှာ ချွေးနံ့ကင်းစင်နေမယ်ဆိုရင် ခြင်ကိုက်ခံရတာသက်သာပါတယ်။ ဒါကြောင့် ခြင်ကိုက်ခံရတာနဲ့ ရောဂါဘယတွေဘေးကနေ ကင်းဝေးစေဖို့ဆိုရင် တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ဖို့လိုပါမယ်။ သွေးလွန်တုပ်ကွေးအပါအဝင် ခြင်ကြောင့်ဖြစ်တဲ့ရောဂါတွေကင်းဝေးပြီး သာယာကြည်နူးစရာကောင်းတဲ့ မိုးရာသီကို ပိုင်ဆိုင်နိုင်ကြပါစေ။ ေရးသားသူ ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win ဤေဆာင္းပါးကို DVB ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။
Zawgyi Version

သည္းသည္းမည္းမည္းရြာလိုက္တဲ့မိုးနဲ႔ မိုးရာသီေတာင္ေရာက္လာျပန္ျပီေနာ္။ မိုးရာသီက ေႏြရဲ႕ပူျပင္းတဲ့ဒဏ္ကို သက္သာေစတယ္ဆိုေပမယ့္ မိုးရာသီမွာအျဖစ္မ်ားတဲ့ ေရာဂါေတြရဲ႕ ျပႆနာကလည္းရွိေနတယ္။ ျခင္ေၾကာင့္ျဖစ္တဲ့ေရာဂါေတြနဲ႔ယင္ေၾကာင့္ျဖစ္တဲ့ေရာဂါေတြက မဖိတ္ေခၚဘဲကို မိုးရာသီနဲ႔အတူ လိုက္ပါလာတတ္ပါတယ္။ မိုးရာသီက ေပာ်္ရႊင္စရာေတြ စိတ္ၾကည္ႏူးစရာေတြနဲ႔ျပည့္စံုေနတဲ့ရာသီပါ။ ဒီလိုမ်ိဳး ေပ်ာ္ရႊင္ၾကည္ႏူးစရာေကာင္းတဲ့ ရာသီမွာ ကိုယ္တိုင္ေရာ မိသားစုမွာပါေရာဂါကင္းျပီး ေပ်ာ္ရႊင္ခ်င္တယ္ဆိုရင္ ဒီေဆာင္းပါးေလးကိုဖတ္ၾကည့္ပါ။

ေသြးလြန္တုပ္ေကြး (Dengue Fever) ဆိုတာ

ေသြးလြန္တုပ္ေကြးေရာဂါ ဆိုတာက ျခင္ကေနတဆင့္ ကူးစက္ခံရတဲ့ေရာဂါတစ္မ်ိဳးပါ။ ကမာၻေပၚမွာရွိတဲ့ အပူပိုင္းဇုန္နဲ႔သမပိုင္းဇုန္ေဒသေတြမွာ ေရာဂါအျဖစ္မ်ားပါတယ္။ ေသြးလြန္တုပ္ေကြးေရာဂါဆိုတဲ့ေနရာမွာလည္း “ Break-Bone” Fever လို႔ေခၚတဲ့ အေပ်ာ႔စားေသြးလြန္တုပ္ေကြးေရာဂါ နဲ႔ Dengue Hemorrhagic Fever လို႔ေခၚတဲ့ အျပင္းစားေသြးလြန္တုပ္ေကြးေရာဂါဆိုျပီး ႏွစ္မ်ိဳးရွိပါတယ္။

-“ Break-Bone” Fever (အေပ်ာ႔စားေသြးလြန္တုပ္ေကြးေရာဂါ) ခံစားရတဲ့အခါ

ဒီေဝဒနာခံစားရတဲ့အခါ

– Dengue Hemorrhagic Fever (အျပင္းစားေသြးလြန္တုပ္ေကြးေရာဂါ) ခံစားရတဲ့အခါ

ဒီေဝဒနာခံစားရတဲ့အခါ

  • ေသြးထြက္လြန္မယ္
  • အဖ်ားတက္မယ္
  • ေသြးေပါင္ခ်ိန္က်တာလိုမ်ိဳးေဝဒနာေတြခံစားရႏိုင္ပါတယ္။ အဆိုးဆံုးအေနနဲ႔ကေတာ့ အသက္ေသဆံုးသည္အထိျဖစ္ႏိုင္ပါတယ္။

ေသြးလြန္တုပ္ေကြးျဖစ္တဲ့အခါ အခုလိုလကၡဏာေတြခံစားရႏိုင္ပါတယ္

ေသြးလြန္တုပ္ေကြးခံစားေနရသူအမ်ားစု အထူးသျဖင့္ေတာ့ ကေလးငယ္ေတြ နဲ႔ ဆယ္ေက်ာ္သက္ေတြမွာ ေရာဂါသိပ္မျပင္းထန္ဘူးဆိုရင္ ေရာဂါလကၡဏာေတြက သိသိသာသာမေတြ႔ရတတ္ပါဘူး။ ျခင္ကိုက္ခံရျပီး ျပီးခ်င္းမွာလည္း ေရာဂါလကၡဏာေတြမျပတတ္ပါဘူး။ ေရာဂါပိုးသယ္ေဆာင္ထားတဲ့ ျခင္ကိုက္ခံရျပီး ၄ ရက္ကေန ၇ ရက္အတြင္းမွာမွ ေရာဂါလကၡဏာစျပီး ျပတတ္တာျဖစ္ပါတယ္။

ေသြးလြန္တုပ္ေကြးေရာဂါျဖစ္တဲ့အခါ –

  • ေခါင္းကိုက္မယ္
  • ၾကြက္သားေတြ၊ အရိုးအဆစ္ေတြ နာက်င္ကိုက္ခဲမယ္
  • မအီမသာျဖစ္မယ္
  • ေအာ့အန္မယ္
  • မ်က္လံုးအေနာက္ဘက္က နာက်င္မယ္
  • ဂလင္းေတြ ေရာင္ရမ္းမယ္
  • အေရျပားမွာ အနီေရာင္အဖုအပိမ့္ေတြထြက္မယ္

အရမ္းျပင္းထန္လာမယ္ဆိုရင္ေတာ့ –

  • ဗိုက္ထဲကနာက်င္မယ္
  • အဆက္မျပတ္ေအာ့အန္ေနမယ္
  • သြားဖံုးနဲ႔ႏွာေခါင္းက ေသြးထြက္မယ္
  • ဆီးသြားရင္ေသြးပါမယ္၊ ဝမ္းသြားရင္ေသြးပါမယ္၊ အန္တဲ့အခါ ေသြးစေတြပါလာမယ္
  • အေရျပားေအာက္မွာေသြးယိုစိမ့္မႈျဖစ္ျပီး အညိဳအမဲစြဲသလို အကြက္ေတြျဖစ္မယ္
  • အသက္ရႈရခက္မယ္
  • အသက္ရႈတာအရမ္းျမန္ေနမယ္
  • ခႏၶာကိုယ္က ေအးစက္ေနမယ္
  • ေျခကုန္လက္ပန္းက်မယ္
  • အိပ္မေပ်ာ္ဘဲ စိတ္မတည္ျငိမ္တာမ်ိဳးျဖစ္ေနမယ္။ ဒီလိုအေျခအေနမ်ိဳးျဖစ္ေနျပီဆိုရင္ေတာ့ နီးစပ္ရာေဆးရံုေဆးခန္းကို အျမန္ဆံုးသြားျပဖို႔လိုအပ္ပါတယ္။ အေရးေပၚ အေျခအေနျဖစ္တာေၾကာင့္ အခန္႔မသင့္ရင္ အသက္အႏၱရာယ္ထိခိုက္နိုင္ပါတယ္။

ေသြးလြန္တုပ္ေကြးကို ဒီလိုကာကြယ္လို႔ရပါတယ္

ေသြးလြန္တုပ္ေကြးကို ကာကြယ္နိုင္တဲ့ ကာကြယ္ေဆးရယ္လို႔မရွိေသးပါဘူး။ ေရာဂါကိုကာကြယ္ႏိုင္မယ့္ အေကာင္းဆံုးေသာနည္းလမ္းက ျခင္ကိုက္မခံရေအာင္ဂရုစိုက္တာနဲ႔ ေရာဂါပိုးရွိတဲ့ေနရာေတြကိုေရွာင္ၾကဥ္တာပါ။ ျခင္ကိုက္မခံရေအာင္ကာကြယ္မႈက အထိေရာက္ဆံုးေသာ ေရာဂါကာကြယ္နည္းပါ။

ျဖစ္ႏိုင္ရင္ လူထူထပ္တဲေ့နရာေတြကိုေရွာင္ရွားပါ – လူထူထပ္တဲ့ေနရာေတြက ေရာဂါပိုးအလြယ္တကူ ကူးစက္ျပန္႔ႏွံ႔ႏိုင္တာေၾကာင့္ လူထူထပ္တဲ့ေနရာေတြကိုေရွာင္ၾကဥ္တာကလည္း ေရာဂါကာကြယ္တဲ့နည္းလမ္းတစ္ခုပါ။

အိပ္စက္ခ်ိန္မွာ ျခင္ေထာင္ျဖင့္အိပ္စက္ပါ – ေန႔ဘက္မွာျဖစ္ျဖစ္ ညဘက္မွာျဖစ္ျဖစ္ အိပ္စက္တဲ့အခါတိုင္း ျခင္ေထာင္ေထာင္အိပ္တတ္တဲ့ အက်င့္ကိုေမြးျမဴပါ။ ဒီအက်င့္က ေသြးလြန္တုပ္ေကြးတင္မဟုတ္ဘဲ ျခင္ေၾကာင့္ျဖစ္တဲ့ေရာဂါတိုင္းကို ကာကြယ္ျပီးသားျဖစ္ပါတယ္။

ေနအိမ္တြင္းကို ျခင္မဝင္ႏိုင္ေအာင္လုပ္ေဆာင္ပါ – ေနဝင္ခ်ိန္နဲ႔ညဘက္ေတြမွာ ေလေအးေပးစနစ္ဖြင့္ထားျပီး ျခင္မဝင္ႏုိင္ေအာင္ ေသခ်ာစီမံထားတဲ့ ေနရာမွာေနပါ။ ေနအိမ္မွာ ျခင္လံုဇကာတပ္ဆင္ျပီး ျခင္မဝင္ေရာက္နိုင္ေအာင္ ဂရုစိုက္လုပ္ေဆာင္တာမ်ိဳးေတြလုပ္ေဆာင္ျပီး ေနအိမ္ကို ျခင္ကင္းစင္ဇုန္အျဖစ္ဖန္တီးပါ။

လံုျခံဳစြာဝတ္ဆင္ပါ – ျခင္ကိုက္ခံရတာမ်ိဳးမျဖစ္ေစဖို႔အတြက္ ညေနဘက္နဲ႔ညဘက္အခ်ိန္ေတြမွာ အကႌ်လက္ရွည္၊ေဘာင္းဘီရွည္ေတြဝတ္ဆင္ျပီး ျခင္ကိုက္မခံရေအာင္ကာကြယ္ေပးပါ။

ျခင္ႏိုင္ေဆးသံုးပါ – ဒါကေတာ့ အသံုးအမ်ားဆံုးေသာ ျခင္ကာကြယ္နည္းလမ္းတစ္ခုပါ။ ျခင္ကိုကာကြယ္ဖို႔အတြက္ ေနအိမ္တြင္းမွာ ျခင္ေဆးထြန္းလို႔ရသလို ျခင္ေဆးျဖန္းေဆးကို အသံုးျပဳလို႔လည္းရပါတယ္။

ေနအိမ္ဝန္းက်င္ကို သန္႔ရွင္းေအာင္ထားပါ – ေနအိမ္ပတ္ဝန္းက်င္မွာ အမိႈက္ေတြသန္႔ရွင္းေနေအာင္ထားေပးပါ။ ျခင္ခိုေအာင္းႏိုင္တဲ့ေနရာေတြကိုရွင္းလင္းပါ။ ေသြးလြန္တုပ္ေကြးေရာဂါပိုးသယ္ေဆာင္ထားတဲ့ ျခင္ေတြက အိမ္အတြင္းပိုင္းနဲ႔ အိမ္အနီးတဝိုက္ကေနရာေတြမွာေနထိုင္ျပီး  ကားတာယာအေဟာင္းလိုမ်ိဳး မိုးေရေတြဝပ္ေနႏိုင္တဲ့ေနရာေတြထဲမွာ ေပါက္ဖြားႏိုင္္တာေၾကာင့္ ေနအိမ္ပတ္ဝန္းက်င္က ျခင္ခိုေအာင္းႏိုင္တဲ့ေနရာေတြကို ရွင္းလင္းထားပါ။

ျခင္မကိုက္တဲ့လူးေဆးလူးေပးပါ – ေသြးလြန္တုပ္ေကြးအပါအဝင္ ျခင္ေၾကာင့္ျဖစ္တဲ့ေရာဂါေတြကို မျဖစ္ေအာင္ကာကြယ္ဖို႔ဆိုရင္ အရင္ဆံုးလုပ္ရမွာက ျခင္မကိုက္ေအာင္ဂရုစိုက္ဖို႔ပါ။ ကိုယ္တိုင္မွာေရာ မိမိခ်စ္ရသူေတြမွာပါ မေတာ္တဆျခင္ကိုက္ခံရတာမ်ိဳး မျဖစ္ေစဖို႔အတြက္ ၾကိဳတင္ကာကြယ္တဲ့အေနနဲ႔ အေရျပားမွာ ျခင္မကိုက္ေအာင္လူးတဲ့ေဆးေလးလူးေပးပါ။

တစ္ကိုယ္ရည္သန္႔ရွင္းေရးဂရုစိုက္ပါ – ခႏၶာကိုယ္မွာ ေခၽြးနံ႔ကင္းစင္ေနမယ္ဆိုရင္ ျခင္ကုိက္ခံရတာသက္သာပါတယ္။ ဒါေၾကာင့္ ျခင္ကိုက္ခံရတာနဲ႔ ေရာဂါဘယေတြေဘးကေန ကင္းေဝးေစဖို႔ဆိုရင္ တစ္ကိုယ္ရည္သန္႔ရွင္းမႈကို ဂရုစိုက္ဖို႔လိုပါမယ္။

ေသြးလြန္တုပ္ေကြးအပါအဝင္ ျခင္ေၾကာင့္ျဖစ္တဲ့ေရာဂါေတြကင္းေဝးျပီး သာယာၾကည္နူးစရာေကာင္းတဲ့ မိုးရာသီကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024