Home
မြန်မာသတင်း
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအစီရင်ခံစာ ပြည်ထောင်စုလွှတ်တော် အတည်ပြု
DVB
·
August 9, 2019
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ထောက်ခံမဲအများစုနဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအပေါ် သြဂုတ် ၉ ရက် ပြည်ထောင်စုလွှတ်တော်မှာ မဲဆွဲဆုံးဖြတ်တဲ့အခါ မဲပေးတဲ့ ကိုယ်စားလှယ် ၆၀၈ ဦးအနက် ကိုယ်စားလှယ် ၄၀၁ ဦးက ထောက်ခံပြီး ၁၉၇ ဦးက ကန့်ကွက်ခဲ့ကြပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က အစီရင်ခံစာအပေါ် ထောက်ခံသူများတဲ့အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုတယ်လို့ လွှတ်တော်မှာ ကြေညာခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအဖွဲ့ဝင် ဦးရည်မွန်က ရှေဆက်လုပ်ရမယ့် လုပ်ငန်းစဉ်ကို ခုလို ပြောပြပါတယ်။ "အစိုးရဌာနဆိုင်ရာတွေရော နောက် တိုင်းဒေသကြီးပြည်နယ်ဝန်ကြီးချုပ်တို့ လွှတ်တော်ဥက္ကဋ္ဌတို့ပေါ့ဗျာ။ ပြီးရင် ပညာရှင်တွေလည်း ပါမယ်၊ ကျနော်တို့က သူတို့ကို ခေါ်တွေ့ပြီးတော့ အကြံဉာဏ်ယူမယ့် အစီအစဉ် ရှိတယ်၊ ပြီးရင်တော့ ၄၅ ဦးကော်မတီထဲမှာ ပုဒ်မတခုခြင်းနဲ့ပတ်သက်ပြီးတော့ ညှိနှိုင်းရမှာပေါ့။ ညှိနှိုင်းတဲ့အခါမှာ ဘုံသဘောတူညီချက် ရတယ်ဆိုရင်တော့ အဲ့ဒီပုဒ်မက ပြင်ဆင်လို့ရတဲ့ ပုဒ်ဖြစ်လာမှာပေါ့။" ၄၅ ဦးကော်မတီကပဲ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းကိုရေးဆွဲပြီး ပြည်ထောင်စု လွှတ်တော်တင်ရမယ်လို့လည်း ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ၄၅ ဦးပါဝင်တဲ့ အဖွဲ့က အခြေခံဥပဒေပါ ပုဒ်မအားလုံးကို လေ့လာစိစစ်ခဲ့တာဖြစ်ပါတယ်။
၂၀၀၈ ဖြဲ႕စည္းပုံျပင္ဆင္ေရးအစီရင္ခံစာ ျပည္ေထာင္စုလႊတ္ေတာ္ အတည္ျပဳ ဒီဗီဘီ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီရဲ႕ အစီရင္ခံစာကို ေထာက္ခံမဲအမ်ားစုနဲ႔ ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳလိုက္ပါတယ္။ ဖြဲ႕စည္းပုံျပင္ဆင္ေရးပူးေပါင္းေကာ္မတီရဲ႕ အစီရင္ခံစာအေပၚ ၾသဂုတ္ ၉ ရက္ ျပည္ေထာင္စုလႊတ္ေတာ္မွာ မဲဆြဲဆုံးျဖတ္တဲ့အခါ မဲေပးတဲ့ ကိုယ္စားလွယ္ ၆၀၈ ဦးအနက္ ကိုယ္စားလွယ္ ၄၀၁ ဦးက ေထာက္ခံၿပီး ၁၉၇ ဦးက ကန႔္ကြက္ခဲ့ၾကပါတယ္။ ျပည္ေထာင္စုလႊတ္ေတာ္နာယက ဦးတီခြန္ျမတ္က အစီရင္ခံစာအေပၚ ေထာက္ခံသူမ်ားတဲ့အတြက္ ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳတယ္လို႔ လႊတ္ေတာ္မွာ ေၾကညာခဲ့ပါတယ္။ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီအဖြဲ႕ဝင္ ဦးရည္မြန္က ေရွဆက္လုပ္ရမယ့္ လုပ္ငန္းစဥ္ကို ခုလို ေျပာျပပါတယ္။ "အစိုးရဌာနဆိုင္ရာေတြေရာ ေနာက္ တိုင္းေဒသႀကီးျပည္နယ္ဝန္ႀကီးခ်ဳပ္တို႔ လႊတ္ေတာ္ဥကၠ႒တို႔ေပါ့ဗ်ာ။ ၿပီးရင္ ပညာရွင္ေတြလည္း ပါမယ္၊ က်ေနာ္တို႔က သူတို႔ကို ေခၚေတြ႕ၿပီးေတာ့ အႀကံဉာဏ္ယူမယ့္ အစီအစဥ္ ရွိတယ္၊ ၿပီးရင္ေတာ့ ၄၅ ဦးေကာ္မတီထဲမွာ ပုဒ္မတခုျခင္းနဲ႔ပတ္သက္ၿပီးေတာ့ ညႇိႏႈိင္းရမွာေပါ့။ ညႇိႏႈိင္းတဲ့အခါမွာ ဘုံသေဘာတူညီခ်က္ ရတယ္ဆိုရင္ေတာ့ အဲ့ဒီပုဒ္မက ျပင္ဆင္လို႔ရတဲ့ ပုဒ္ျဖစ္လာမွာေပါ့။" ၄၅ ဦးေကာ္မတီကပဲ ဖြဲ႕စည္းပုံျပင္ဆင္ေရး ဥပေဒမူၾကမ္းကိုေရးဆြဲၿပီး ျပည္ေထာင္စု လႊတ္ေတာ္တင္ရမယ္လို႔လည္း ေျပာပါတယ္။ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီမွာ ျပည္ေထာင္စု လႊတ္ေတာ္ ဒုတိယ နာယက ဦးထြန္းထြန္းဟိန္က ဥကၠ႒အျဖစ္ တာဝန္ယူၿပီး ၄၅ ဦးပါဝင္တဲ့ အဖြဲ႕က အေျခခံဥပေဒပါ ပုဒ္မအားလုံးကို ေလ့လာစိစစ္ခဲ့တာျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024