Sunday, June 11, 2023
Homeဆောင်းပါးအာရှဒေသဖိလစ္ပိုင္နွင့္ တရုတ်တို့ကြား တောင်တရုတ်ပင်လယ်အငြင်းပွားမှု

ဖိလစ်ပိုင်နှင့် တရုတ်တို့ကြား တောင်တရုတ်ပင်လယ်အငြင်းပွားမှု

တောင်တရုတ်ပင်လယ်က တချို့အစိတ်အပိုင်းတွေကို တရုတ်က သူ့အပိုင်လို့ ပြောနေပါတယ်။ တချိန်တည်းမှာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ ဘရူနိုင်းနဲ့ မလေးရှားတို့ကလည်း အဲဒီအစိတ်အပိုင်းတွေကို သူတို့ အပိုင်လို့ ဆိုနေပါတယ်။ အငြင်းပွားနေတဲ့ အဲဒီတောင်တရုတ်ပင်လယ်ရဲ့ အောက်ခြေမှာ ရေနံနဲ့ ဓာတ်ငွေ့သိုက်တွေ တော်တော်များများရှိတယ်လို့ ယူဆတာတွေလည်း ရှိနေပါတယ်။

ဒီနှစ်တွေအတွင်းမှာ တောင်တရုတ်ပင်လယ်ကိစ္စအငြင်းပွားမှုက ပြင်းထန်လာပါတယ်။ တရုတ်ကလည်း အလျှော့မပေးပါဘူး။ ဖိလစ်ပိုင်ကလည်း ဒီကိစ္စမှာ အာဆီယံရဲ့ ထောက်ခံမှု ရဖို့ ကြိုးစားပေမယ့် အပြည့်အ၀ထောက်ခံမှုမရပါဘူး။

အခုတော့ ဖိလစ်ပိုင်က အင်အားကြီးတဲ့ မဟာမိတ် အမေရိကန်ပြည်ထောင်စုဆီက အကူအညီရဖို့ ကြိုးစားနေပါတယ်။

သတင်းထောက် ဂျိုးဖဲလီ တီဆုရီအိုနဲ့ အေရီရယ် ကားလို့စ်က အမေရိကန်နဲ့ ဖိလစ်ပိုင်တပ်တွေ စစ်ရေးလေ့ကျင့်တဲ့ နေရာဖြစ်တဲ့ ပါလာဝန်းဆီကို သွားရောက်လေ့လာပြီး သတင်းဆောင်းပါး တင်ပြထားပါတယ်။ မယုယမိုး တင်ဆက်ထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular