အုပ်ချုပ်ရေးပိုင်းက တရားစီရင်ရေးတွင် စွက်ဖက်
DVB
·
December 10, 2012
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဝင်တွေ ဧရာဝတီတိုင်း ဖျာပုံခရိုင် မြို့နယ်တရားရုံးတွေကို ၀င်ရောက်စစ်ဆေးရာမှာ အုပ်ချုပ်ရေးပိုင်းက တရားစီရင်ရေးမှာ ၀င်ရောက်စွက်ဖက်တာတွေအပြင် တရားရုံးရဲ့ လိုအပ်ချက်များစွာ တွေ့ရတယ်လို့ ကော်မတီအဖွဲ့ဝင် ဦးဝင်းမြင့်က ထုတ်ဖော်ပြောဆိုပါတယ်။
ရဲတွေအနေနဲ့ အမှုကို မှန်မှန်ကန်ကန် တည်ဆောက်ရေးသားခြင်း မရှိဘဲ တရားရုံးကို အမှုတင်တာ၊ တရားသူကြီးတွေဟာ အမှုကို စီရင်ဆုံးဖြတ်ရာမှာ လာဘ်လာပေးတာကို စောင့်နေတတ်ပြီး လာဘ်မလာရင် ဆုံးဖြတ်ချက်တွေ တမျိုးဖြစ်သွားတတ်တာ၊ ဒီမိုကရေစီခေတ်ရောက်ပြီဆိုပေမယ့် တရားရုံးတွေဟာ အရင်ခေတ်ကအတိုင်းပဲ မပြောင်းမလဲ ရှိနေတာ စတာတွေ တွေ့ခဲ့ရတယ်လို့ ရှင်းပြပါတယ်။ ကော်မတီအနေနဲ့ ဒီတွေ့ရှိချက်တွေကို လွှတ်တော်မှာ တင်ပြမယ်လို့ သိရပါတယ်။
ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဟာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ ဧရာဝတီတိုင်းက တရားရုံး ၁၂ ရုံးကို လေ့လာပြီး ဖြစ်တယ်လို့ သိရပါတယ်။