ရှစ်လေးလုံးအရေးတော်ပုံအတွင်း အသက်ပေးဆပ်ခဲ့ကြတဲ့ အညတရ ပြည်သူတွေကို မမေ့ကြရန် ဦးမင်းကိုနိုင် တိုက်တွန်း

၃၁ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနားကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။  အာ ၈၈ မျိုးဆောက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့  ဦးမင်းကိုနိုင်က လက်ရှိ ဒီမိုကရေစီဖြစ်စဉ်တွေဟာ ရှစ်လေးလုံးအရေးတော်ပုံမှာ အသက်ပေးဆပ်ခဲ့ကြတဲ့ အညတရ ပြည်သူတွေရဲ့ စွမ်းဆောင်မှုကြောင့်ဖြစ်ပြီး အဲဒီလူတွေအပေါ် လက်ရှိတာဝန်ထမ်းဆောင်သူတွေအနေနဲ့ မမေ့ဖို့ တိုက်တွန်းလိုက်ပါတယ်။  ဦးမင်းကိုနိုင် ပြောကြားချက် အပြည့်အစုံ ဖတ်ရှုရန်– “ခံပြင်းဖွယ်၊ ကြေကွဲဖွယ်၊ သမိုင်းမှာ မှတ်တမ်းတင်ဖွယ် ကိစ္စတွေကို ၃၁ နှစ်ကာလကတည်းကနေ အကျဉ်းထောင်တွေထဲမှာ၊ တောတွေမှာ၊ နယ်စပ်မှာ၊ နိုင်ငံတကာမှာ နှစ်စဉ်နှစ်တိုင်း ပြန်ပြောင်း ပြောခဲ့ကြပါတယ်။ ဒီနှစ်တော့ ၃၁ နှစ်ကြာက ဖြစ်ခဲ့သမျှ‌ ကိစ္စတွေကို ဒီမြို့တော်ခန်းမရှေ့မှာပဲ ပြန်ပြီး ပြောကြဖို့ အခွင့်အရေးကြုံပြန်ပါပြီ။ အဲဒီအခါ ပြောတဲ့သူတွေက ဘယ်စိတ်တွေနဲ့ ပြောကြမှာလဲ။ နားထောင်တဲ့ လူတွေကကော ဘယ်စိတ်တွေနဲ့ နားထောင်ကြမှာလဲ။ စဉ်းစားပါတယ်။ ၃၁ နှစ် ဆိုတဲ့အချိန်ဟာ ကျနော်တို့ကိုယ်တိုင် ဒါတွေကို ပြောရမယ့်အစား နောက်မျိုးဆက်တွေက ဟောဒီအဖြစ်အပျက်တွေကို ကောင်းစွာသိရှိပြီး သူတို့ကိုယ်တိုင် ဝေဖန်သုံးသပ်ကြ၊ အနာဂတ်ကို မျှော်ရည်ပြီး သူတို့ရဲ့ စိတ်ကူးနိုင်ငံတော်သစ်ကို တည်ဆောက်ကြရမယ့် အချိန်လည်းသင့်ပြီလို့ ကျနော် နားလည်ပါတယ်။ ကျနော်တို့နိုင်ငံဟာ တာထွက် အင်မတန် စောခဲ့ပါတယ်။ ၁၉၈၈ မှာ ကျနော်တို့နိုင်ငံက တပါတီ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို တောင်းတယ်ဆိုတာ အင်မတန် စောပါတယ်။ အရှေ့ဥရောပတခုလုံးဟာ ကျနော်တို့ရဲ့နောက်မှာ ဒီမိုကရေးစီရေးတွေ တောင်းဆိုပြီးတော့ မြန်ဆန်တဲ့ ကာလတခုအတွင်းမှာ အထိအခိုက် အကျအဆုံး အနည်းဆုံးနဲ့ ပြောင်းလဲနိုင်ခဲ့တာကို တွေ့ရပါတယ်။ ကျနော်တို့အားလုံးရဲ့ တိုက်ပွဲဝင်သီချင်း ဖြစ်တဲ့ ကမ္ဘာမကြေဘူးဆိုတဲ့ သီချင်းကို ဆိုနေရင်း ကိုရီးယားနိုင်ငံမှာ ဂွမ်ကျူးအရေးတော်ပုံတုန်းက ပါခဲ့တဲ့ ကျောင်းသားတွေ ဒီကနေ့အထိ ဂွမ်ကျူးမြို့မှာ နှစ်စဉ် နှစ်စဉ် ရောက်တိုင်း သူတို့ရဲ့ တိုက်ပွဲဝင်သီချင်းကို ရာသီဥတု ဘယ်လောက်ကြမ်းကြမ်း၊ တချို့အမျိုးသမီးတွေဆိုရင် ဆံပင်ဖြူပြီးတော့ အဘွားကြီးတွေ ဖြစ်တဲ့အရွယ်ထဲကို ရောက်နေပြီ။ ဒါပေမဲ့ သူတို့ အားနဲ့မာန်နဲ့အပြည့် ဆိုနေတုန်းပဲ။ သူတို့တွေလည်း စိုးရိမ်တာက နှောင်းလူတွေ တန်ဖိုးထားမှု လျော့မှာကို စိုးရိမ်တယ်။ ဘယ်လောက် ကြမ်းကြမ်းတမ်းတမ်း ပေးဆပ်ခဲ့ရတယ် ဆိုတာကို သိစေချင်တယ်။  အရှေ့ဥရောပမှာဆိုရင် ဘယ်လောက် ညင်ညင်သာသာ ကူးပြောင်းခဲ့သလဲဆိုရင် ကတ္တီပါတော်လှန်ရေးလို့ ခေါ်ရလောက်အောင် သွေးထွက်သံယို အထိအခိုက် အကျအဆုံး အနည်းဆုံးလမ်းကို ရွေးနိုင်ခဲ့တဲ့ နိုင်ငံတွေ၊ အောင်အောင်မြင်မြင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြောင်းနိုင်ခဲ့တဲ့ နိုင်ငံတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဘာတွေ ကွာသလဲဆိုတော့ လူတွေ အသက်တွေ ရာ ထောင်သောင်းချီပြီး စတေးမှ နှစ်ပေါင်းများစွာ တိုင်းပြည်ဟာ တလိမ့်ခေါက်ကွေး နာကျင်ပြီးမှ အပြောင်းအလဲတွေ ရတဲ့ တိုင်းပြည်ရှိသလို ဉာဏ်အမြော်အမြင် ကြီးကြီးနဲ့ ပြောင်းနိုင်ခဲ့တဲ့ တိုင်းပြည်များကိုလည်း တွေ့ရပါလိမ့်မယ်။ အညင်သာဆုံးနဲ့ အမြန်ဆုံး  ပြောင်းနိုင်ခဲ့တဲ့ တိုင်းပြည်တွေကို ကြည့်ရင် အဲဒီတိုင်းပြည်က ပြည်သူတွေနဲ့ အာဏာရှင်အစိုးရနဲ့ ထိပ်တိုက်တွေ့တဲ့ပွဲမှာ ပြည်သူတွေက ပြန်ပြီး နှစ်ပေါင်းများစွာ ဖိနှိပ်ခဲ့သမျှ၊ အနိုင်ကျင့်သမျှကို ပြန်တွန်းလှန်တဲ့အခါမှာ လက်နက်ကိုင်အဖွဲ့အစည်းများဟာ အဲဒီအာဏာရှင်အစိုးရကို မကာကွယ်ခဲ့သလို ပြည်သူကိုလည်း လက်လွတ်စပယ် အနိုင်ကျင့် အကြမ်းဖက် မဖြိုခွင်းခဲ့ဘူး ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ တသားတည်း အတူပူးပေါင်းပြီးတော့ အာဏာရှင်တွေကို မျက်နှာချင်းဆိုင်တဲ့ ပြည်သူ့ဘက်တော်သားများအဖြစ် ပြတ်ပြတ်သားသား ရပ်ခဲ့တာကို တွေ့ရပါလိမ့်မယ်။  ဒါကြောင့် နိုင်ငံတနိုင်ငံရဲ့ အကူးအပြောင်းဟာ ဘယ်လောက် ညင်သာတယ်၊ ဘယ်လောက် ကြမ်းတမ်းတယ်၊ ဘယ်လောက် လွယ်တယ်၊ ခက်တယ်၊ ဘယ်လောက် နာတယ်၊ ဘယ်လောက် သာတယ် ဆိုတာဟာ အဲဒီနိုင်ငံမှာ ရှိနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ဉာဏ်အမြော်အမြင်၊ ရှေ့ရေးကို တွေးတောနိုင်မှုနဲ့ စိတ်စေတနာအပေါ်မှာလည်း များစွာ မူတည်တယ် ဆိုတာလည်း တွေ့ကြရမှာပါ။ ကျနော်တို့ ပြည်သူတွေဘက်ကတော့ ယုံကြည်တာ ရှိပါတယ်။ ပြည်သူတွေနဲ့ ပူးပေါင်းမယ့်၊ ပြည်သူတွေ ဆန္ဒအမှန်ကို တရားမျှတမှုအတွက် လိုက်လျောမယ့် လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပူးပေါင်းမယ့် အဖွဲ့အစည်းတွေကို  ပြည်သူတွေက ကြိုနေမှာ ဖြစ်သလို၊ ပြည်သူတွေနဲ့ ဆန့်ကျင်မှ၊ ပြည်သူတွေနဲ့ မျက်နှာချင်းဆိုင်ပြီး ပြည်သူ့အရေးတော်ပုံကို ဖျက်လိုဖျက်ဆီး အနှောင့်အယှက်ပေးမယ်ဆိုတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ပြည်သူလူထုရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံက ကောင်းစွာ ဆုံးဖြတ်ပေးမှာပါ။  လွန်ခဲ့တဲ့ ၃၁ နှစ်တုန်းက ကြိုးဖုန်းတလုံးကို တရပ်ကွက်လုံး စုပြီး သုံးခဲ့ရတဲ့ဘဝ၊ အဆက်အသွယ် အင်မတန် ခက်တယ်။ အဲဒီကြားထဲက ရအောင် ကျနော်တို့ တွန်းလှန်ခဲ့တယ်။ အဲဒီအချိန်မှာ အတိုက်အခံပါတီရယ်လို့ ရှိဖို့ဝေးစွ၊ နိုင်ငံရေးအရ ဘာမှ ဖွဲ့စည်းခွင့်မရတဲ့အချိန် ပြည်သူလူထုဟာ နိုင်ငံရေးနောက်ခံ အဖွဲ့အစည်း မရှိဘဲနဲ့ အာဏာရတဲ့ တခုတည်းသော ပါတီကို ဆန့်ကျင်ရတယ်၊ အန်တုရတယ်ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အချင်းချင်း သစ္စာရှိမှု၊ အလုပ်လုပ်မှု၊ စည်းရုံးနိုင်မှုတွေဟာ ဘာတွေနဲ့ လုပ်ခဲ့ကြလဲဆိုတော့ သေချာတာက ဓနအင်အားနဲ့လည်း လုပ်လို့မရဘူး၊ ဆက်သွယ်ရေးကိရိယာတွေလည်း အင်မတန် ချို့ငဲ့တဲ့ခေတ်၊ စာတစောင် ထုတ်ချင်တယ်ဆိုရင်တောင် ကျနော်တို့ဟာ မီးချောင်းနဲ့ဖိပြီးတော့ မင်ခံစက္ကူပေါ်မှာ ဘောပန်ကို နစ်သွားချွန်ချွန်နဲ့ ရေးခဲ့ရတဲ့ခေတ်။ စာတစောင် မိတ္တူကူးပြီးထွက်လာရင် ကျနော်တို့မှာ အင်မတန် ပျော်ခဲ့ရတာ။ ဒီကနေ့လို ကလစ် တချက်နှိပ်လိုက်ရုံနဲ့ တကမ္ဘာလုံး ပြန့်တာ မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ ကျနော်တို့ ရအောင် လုပ်နိုင်ခဲ့တယ်။ ကျနော်တို့လူထုက အဲဒီအချိန်မှာ စိတ်အားဖြင့် ညွှတ်လိုက်ပြီဆိုရင် တရားမျှတ လွတ်လပ်ခြင်းနဲ့ တန်းတူညီမျှခြင်း ဆိုတဲ့ အားလုံးအတွက် မည်သူ သဘောတူတဲ့အချက်ကို ညွှတ်လို့ရတယ်။ ဘယ်တစုံတယောက်ကမှ၊ ဘယ်တစုတဖွဲ့ကမှ အမိန့်ပေးစရာမလိုလောက်အောင် ကျနော်တို့ ပြည်သူတွေ သိတတ်ခဲ့တယ်၊ ညီခဲ့ကြတယ်။ ဒါနဲ့ ကျနော်တို့ရဲ့ မွဲတေနေတဲ့ အခြေအနေကနေပဲ ပိုစတာတွေ ရအောင် ကပ်ခဲ့ကြတယ်။ နံရံမှာ ဆေးနဲ့ မရေးနိုင်‌ပေမယ့် ပေတရာလမ်းပေါ်မှာ သွေးနဲ့ ရေးနိုင်တယ်၊ ကျနော်တို့မှာ စက္ကူကောင်းကောင်း မရှိပေမယ့် အိမ်တွေမှာရှိတဲ့ ပြက္ခဒိန်နောက်ကျောတွေကို ဖြုတ်ပြီးတော့ ကျနော်တို့ ပိုစတာရေးခဲ့ကြပါတယ်။ အခုလို စပီကာကောင်းကောင်းနဲ့ စကားမပြောနိုင်ပေမယ့် တိုက်ပွဲရဲ့အစမှာ ကြုံးအော်တဲ့အချိန်မှာ အရပ်ထဲမှာ ရေနံဆီရောင်းတဲ့ အော်လံလေးနဲ့ ကျနော်တို့ တိုက်ပွဲခေါ်နိုင်ခဲ့ကြတယ်။ ဟောဒီ မြို့တော်ခန်းမတဝိုက် ရှစ်လေးလုံးမှာ စပြီးတော့ ချီတက်ကြပြီဆိုတဲ့အချိန်မှာ အလံတွေ မရှိတုန်းကလည်း ကျနော်တို့ရဲ့ စိတ်ဓာတ်ကို အောင်လံလို သဘောထားပြီးတော့ တက်ခဲ့ကြတယ်။ တိုက်နံရံ လှေကားကပ်ထောင်ပြီးတော့ တယောက်ပြီးတယောက် လှုံ့ဆော်နိုင်ခဲ့တယ်။ စည်းရုံးနိုင်ခဲ့တယ်။ အဲဒီလောက် အရည်အသွေးပြည့်တဲ့ ပြည်သူတွေ နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံပြီးတော့ ရင်ဆိုင်လာတာ ဒီကနေ့ ဒီအချိန်တော့ ရောက်ပြီ။ လွှတ်တော်ဆိုတာ ပေါ်လာပြီ။ ဒီမိုကရေစီအစိုးရ အမည်ခေါ်ကြတဲ့ အစိုးရအဖွဲ့တွေလည်း ရှိလာပြီ။ ရာနှုန်းပြည့်မရောက်သေးဘူး ဆိုတာလည်း သိပါလိမ့်မယ်။ များစွာသော အခက်အခဲတွေ အတားအဆီးတွေ ရှိနေတာလည်း ကျနော်တို့ သဘောပေါက်ပြီးသားပါ။ ကျနော်တို့ပြည်သူတွေ ဆက်လျှောက်ရမယ့်ခရီးမှာ ဘယ်သို့သော ခြိမ်းခြောက်မှုတွေ ရှိပါစေ၊ အခက်အခဲတွေ ရှိပါစေ၊ ကျနော်တို့ရဲ့ အတွေ့အကြုံတွေ နှစ်ပေါင်းများစွာ ကျွန်မခံဘူးဆိုတဲ့ စိတ်နဲ့ ရုန်းကန်ခဲ့ရတဲ့ လူတွေကတော့ ပြောင်းလဲမှာ မဟုတ်ဘူး။ ငုပ်လျှိုးသွားမှာ မဟုတ်ဘူး။ ရှစ်လေးလုံးဆိုတဲ့ သမိုင်းဟာ ကမ္ဘာကြီးက အသိအမှတ်ပြုရတဲ့ တကယ့်အချိုးအကွေ့ကြီးပါ။ ကျနော်တို့နိုင်ငံမှာ ဖြစ်ပြီးတဲ့နောက်မှာ ဥရောပ၊ အရှေ့ဥရောပ တတိုက်လုံးနီးပါး ပြောင်းလဲခဲ့တယ်။ ဘာလင်တံတိုင်း ပြိုကျတယ်။ ကျနော်တို့ထက် စောခဲ့တဲ့ ဖိလစ်ပိုင်လို၊ ကိုရီးယားလို ရှေ့ခေတ်က လုပ်သွားခဲ့တဲ့ ပြည်သူတွေရဲ့ သတ္တိကိုလည်း ကျနော်တို့ အတုယူခဲ့တယ်။ အချိန်တန်လို့ လူ့ရဲ့ ဇရာသဘောအရ ပျောက်ကြ၊ သေကြမယ်ဆိုရင်တောင် ပြည်သူတွေရဲ့သတ္တိကို ကမ္ဘာကြီးက သတိရနေမှာပါ။ ကမ္ဘာကြီး တုန်လှုပ်အောင် ပြောင်းလဲနိုင်ခဲ့တဲ့ လူသတ်ပွဲတွေကြားထဲက၊ တယောက်ကျ တယောက်တက်ခဲ့တဲ့ ပြည်သူတွေရဲ့သတ္တိ၊ စွမ်းဆောင်မှုတွေကြောင် ဒီကနေ့ ဒီအခြေအနေကို ရောက်တယ်ဆိုတာ ဝန်ခံချင်ပါတယ်။ အဲဒီအညတရ ပြည်သူတွေရဲ့နာမည်ကို အကုန်လုံး ကျနော်တို့ လိုက်မမေးနိုင်ပါဘူး။ တချို့တွေလည်း မသိကြတော့ပါဘူး။ အဓိကကတော့ ခေတ်တိုင်း စနစ်တိုင်း တော်လှန်ရေး အရေးတော်ပုံတိုင်းမှာ အညတရ နာမည်မသိလိုက်ရတဲ့ ပြည်သူတွေရဲ့ ပေးဆပ်မှုသာလျှင် အောက်ဆုံးက အရိုးတွေအပြည့် ခင်းရတာ ဖြစ်ပါတယ်။ အဖွဲ့အစည်းတွေ၊ လက်ရှိ ဦးဆောင်နေသူတွေ တာဝန်အသီးသီး ယူနေရသူတွေရဲ့ နှုတ်ထွက်စကား၊ စိတ်သဘောထားတွေတိုင်းမှာ အဲဒီကျဆုံးခဲ့တဲ့၊ ပေးဆပ်ခဲ့တဲ့ အညတရ ပြည်သူတွေရဲ့ တန်ဖိုးနဲ့ ဂုဏ်သိက္ခာ၊ သူတို့ရဲ့ စွမ်းဆောင်မှုတွေကို ဘယ်တော့မှ မမေ့မလျော့စတမ်း ဂုဏ်ပြုနိုင်ပါစေလို့လည်း ဆန္ဒပြုပါတယ်။ ရှစ်လေးလုံးဟာ ဘယ်လောက်ပင် အကျအဆုံး များခဲ့လည်း ကျနော်တို့တွေရဲ့ အောင်ပွဲလို့ မြဲမြဲမှတ်ပါ။ ကျနော်တို့လူထု တကယ်ညီရင် ဘယ်လောက် အားကြီးတဲ့ အာဏာရှင် ဖြစ်ပါစေ၊ ဘယ်လောက် ငြင်းဆန်ပါစေ၊ ကျနော်တို့ ရအောင် တက်နိုင်ခဲ့တယ်၊ ရောက်အောင် ချီနိုင်ခဲ့တယ် ဆိုတာ ပြတာက ရှစ်လေးလုံး စိတ်ပါ။ ရှစ်လေးလုံးဟာ တကယ်တော့ အောင်စိတ်ပါ။ အဲဒီအောင်စိတ်နဲ့သာ ဆက်ပြီး ချွန်ကြပါစို့လို့ တိုက်တွန်းရင်း အဆုံးသတ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ရွစ္ေလးလုံးအေရးေတာ္ပုံအတြင္း အသက္ေပးဆပ္ခဲ့ၾကတဲ့ အညတရ ျပည္သူေတြကို မေမ့ၾကရန္ ဦးမင္းကိုႏိုင္ တိုက္တြန္း ၃၁ ႏွစ္ေျမာက္ ရွစ္ေလးလုံး ဒီမိုကေရစီအေရးေတာ္ပုံေန႔ အခမ္းအနားကို ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလပန္းၿခံမွာ ဒီေန႔မနက္ပိုင္းက က်င္းပခဲ့ပါတယ္။ အာ ၈၈ မ်ိဳးေဆာက္ ေက်ာင္းသားေခါင္းေဆာင္တဦးျဖစ္တဲ့  ဦးမင္းကိုႏိုင္က လက္ရွိ ဒီမိုကေရစီျဖစ္စဥ္ေတြဟာ ရွစ္ေလးလုံးအေရးေတာ္ပုံမွာ အသက္ေပးဆပ္ခဲ့ၾကတဲ့ အညတရ ျပည္သူေတြရဲ႕ စြမ္းေဆာင္မႈေၾကာင့္ျဖစ္ၿပီး အဲဒီလူေတြအေပၚ လက္ရွိတာဝန္ထမ္းေဆာင္သူေတြအေနနဲ႔ မေမ့ဖို႔ တိုက္တြန္းလိုက္ပါတယ္။ ဦးမင္းကိုႏိုင္ ေျပာၾကားခ်က္ အျပည့္အစုံ ဖတ္ရႈရန္– “ခံျပင္းဖြယ္၊ ေၾကကြဲဖြယ္၊ သမိုင္းမွာ မွတ္တမ္းတင္ဖြယ္ ကိစၥေတြကို ၃၁ ႏွစ္ကာလကတည္းကေန အက်ဥ္းေထာင္ေတြထဲမွာ၊ ေတာေတြမွာ၊ နယ္စပ္မွာ၊ ႏိုင္ငံတကာမွာ ႏွစ္စဥ္ႏွစ္တိုင္း ျပန္ေျပာင္း ေျပာခဲ့ၾကပါတယ္။ ဒီႏွစ္ေတာ့ ၃၁ ႏွစ္ၾကာက ျဖစ္ခဲ့သမွ်‌ ကိစၥေတြကို ဒီၿမိဳ႕ေတာ္ခန္းမေရွ႕မွာပဲ ျပန္ၿပီး ေျပာၾကဖို႔ အခြင့္အေရးႀကဳံျပန္ပါၿပီ။ အဲဒီအခါ ေျပာတဲ့သူေတြက ဘယ္စိတ္ေတြနဲ႔ ေျပာၾကမွာလဲ။ နားေထာင္တဲ့ လူေတြကေကာ ဘယ္စိတ္ေတြနဲ႔ နားေထာင္ၾကမွာလဲ။ စဥ္းစားပါတယ္။ ၃၁ ႏွစ္ ဆိုတဲ့အခ်ိန္ဟာ က်ေနာ္တို႔ကိုယ္တိုင္ ဒါေတြကို ေျပာရမယ့္အစား ေနာက္မ်ိဳးဆက္ေတြက ေဟာဒီအျဖစ္အပ်က္ေတြကို ေကာင္းစြာသိရွိၿပီး သူတို႔ကိုယ္တိုင္ ေဝဖန္သုံးသပ္ၾက၊ အနာဂတ္ကို ေမွ်ာ္ရည္ၿပီး သူတို႔ရဲ႕ စိတ္ကူးႏိုင္ငံေတာ္သစ္ကို တည္ေဆာက္ၾကရမယ့္ အခ်ိန္လည္းသင့္ၿပီလို႔ က်ေနာ္ နားလည္ပါတယ္။ က်ေနာ္တို႔ႏိုင္ငံဟာ တာထြက္ အင္မတန္ ေစာခဲ့ပါတယ္။ ၁၉၈၈ မွာ က်ေနာ္တို႔ႏိုင္ငံက တပါတီ အာဏာရွင္စနစ္ကေန ဒီမိုကေရစီစနစ္ကို ေတာင္းတယ္ဆိုတာ အင္မတန္ ေစာပါတယ္။ အေရွ႕ဥေရာပတခုလုံးဟာ က်ေနာ္တို႔ရဲ႕ေနာက္မွာ ဒီမိုကေရးစီေရးေတြ ေတာင္းဆိုၿပီးေတာ့ ျမန္ဆန္တဲ့ ကာလတခုအတြင္းမွာ အထိအခိုက္ အက်အဆုံး အနည္းဆုံးနဲ႔ ေျပာင္းလဲႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။ က်ေနာ္တို႔အားလုံးရဲ႕ တိုက္ပြဲဝင္သီခ်င္း ျဖစ္တဲ့ ကမာၻမေၾကဘူးဆိုတဲ့ သီခ်င္းကို ဆိုေနရင္း ကိုရီးယားႏိုင္ငံမွာ ဂြမ္က်ဴးအေရးေတာ္ပုံတုန္းက ပါခဲ့တဲ့ ေက်ာင္းသားေတြ ဒီကေန႔အထိ ဂြမ္က်ဴးၿမိဳ႕မွာ ႏွစ္စဥ္ ႏွစ္စဥ္ ေရာက္တိုင္း သူတို႔ရဲ႕ တိုက္ပြဲဝင္သီခ်င္းကို ရာသီဥတု ဘယ္ေလာက္ၾကမ္းၾကမ္း၊ တခ်ိဳ႕အမ်ိဳးသမီးေတြဆိုရင္ ဆံပင္ျဖဴၿပီးေတာ့ အဘြားႀကီးေတြ ျဖစ္တဲ့အ႐ြယ္ထဲကို ေရာက္ေနၿပီ။ ဒါေပမဲ့ သူတို႔ အားနဲ႔မာန္နဲ႔အျပည့္ ဆိုေနတုန္းပဲ။ သူတို႔ေတြလည္း စိုးရိမ္တာက ေႏွာင္းလူေတြ တန္ဖိုးထားမႈ ေလ်ာ့မွာကို စိုးရိမ္တယ္။ ဘယ္ေလာက္ ၾကမ္းၾကမ္းတမ္းတမ္း ေပးဆပ္ခဲ့ရတယ္ ဆိုတာကို သိေစခ်င္တယ္။ အေရွ႕ဥေရာပမွာဆိုရင္ ဘယ္ေလာက္ ညင္ညင္သာသာ ကူးေျပာင္းခဲ့သလဲဆိုရင္ ကတၱီပါေတာ္လွန္ေရးလို႔ ေခၚရေလာက္ေအာင္ ေသြးထြက္သံယို အထိအခိုက္ အက်အဆုံး အနည္းဆုံးလမ္းကို ေ႐ြးႏိုင္ခဲ့တဲ့ ႏိုင္ငံေတြ၊ ေအာင္ေအာင္ျမင္ျမင္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ေျပာင္းႏိုင္ခဲ့တဲ့ ႏိုင္ငံေတြကို ေတြ႕ရမွာ ျဖစ္ပါတယ္။ ဘာေတြ ကြာသလဲဆိုေတာ့ လူေတြ အသက္ေတြ ရာ ေထာင္ေသာင္းခ်ီၿပီး စေတးမွ ႏွစ္ေပါင္းမ်ားစြာ တိုင္းျပည္ဟာ တလိမ့္ေခါက္ေကြး နာက်င္ၿပီးမွ အေျပာင္းအလဲေတြ ရတဲ့ တိုင္းျပည္ရွိသလို ဉာဏ္အေျမာ္အျမင္ ႀကီးႀကီးနဲ႔ ေျပာင္းႏိုင္ခဲ့တဲ့ တိုင္းျပည္မ်ားကိုလည္း ေတြ႕ရပါလိမ့္မယ္။ အညင္သာဆုံးနဲ႔ အျမန္ဆုံး  ေျပာင္းႏိုင္ခဲ့တဲ့ တိုင္းျပည္ေတြကို ၾကည့္ရင္ အဲဒီတိုင္းျပည္က ျပည္သူေတြနဲ႔ အာဏာရွင္အစိုးရနဲ႔ ထိပ္တိုက္ေတြ႕တဲ့ပြဲမွာ ျပည္သူေတြက ျပန္ၿပီး ႏွစ္ေပါင္းမ်ားစြာ ဖိႏွိပ္ခဲ့သမွ်၊ အႏိုင္က်င့္သမွ်ကို ျပန္တြန္းလွန္တဲ့အခါမွာ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားဟာ အဲဒီအာဏာရွင္အစိုးရကို မကာကြယ္ခဲ့သလို ျပည္သူကိုလည္း လက္လြတ္စပယ္ အႏိုင္က်င့္ အၾကမ္းဖက္ မၿဖိဳခြင္းခဲ့ဘူး ဆိုတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။ ျပည္သူလူထုနဲ႔ တသားတည္း အတူပူးေပါင္းၿပီးေတာ့ အာဏာရွင္ေတြကို မ်က္ႏွာခ်င္းဆိုင္တဲ့ ျပည္သူ႔ဘက္ေတာ္သားမ်ားအျဖစ္ ျပတ္ျပတ္သားသား ရပ္ခဲ့တာကို ေတြ႕ရပါလိမ့္မယ္။ ဒါေၾကာင့္ ႏိုင္ငံတႏိုင္ငံရဲ႕ အကူးအေျပာင္းဟာ ဘယ္ေလာက္ ညင္သာတယ္၊ ဘယ္ေလာက္ ၾကမ္းတမ္းတယ္၊ ဘယ္ေလာက္ လြယ္တယ္၊ ခက္တယ္၊ ဘယ္ေလာက္ နာတယ္၊ ဘယ္ေလာက္ သာတယ္ ဆိုတာဟာ အဲဒီႏိုင္ငံမွာ ရွိေနတဲ့ လက္နက္ကိုင္ အဖြဲ႕အစည္းေတြရဲ႕ ဉာဏ္အေျမာ္အျမင္၊ ေရွ႕ေရးကို ေတြးေတာႏိုင္မႈနဲ႔ စိတ္ေစတနာအေပၚမွာလည္း မ်ားစြာ မူတည္တယ္ ဆိုတာလည္း ေတြ႕ၾကရမွာပါ။ က်ေနာ္တို႔ ျပည္သူေတြဘက္ကေတာ့ ယုံၾကည္တာ ရွိပါတယ္။ ျပည္သူေတြနဲ႔ ပူးေပါင္းမယ့္၊ ျပည္သူေတြ ဆႏၵအမွန္ကို တရားမွ်တမႈအတြက္ လိုက္ေလ်ာမယ့္ လက္နက္ကိုင္အဖြဲ႕အစည္းေတြ၊ ပူးေပါင္းမယ့္ အဖြဲ႕အစည္းေတြကို  ျပည္သူေတြက ႀကိဳေနမွာ ျဖစ္သလို၊ ျပည္သူေတြနဲ႔ ဆန႔္က်င္မွ၊ ျပည္သူေတြနဲ႔ မ်က္ႏွာခ်င္းဆိုင္ၿပီး ျပည္သူ႔အေရးေတာ္ပုံကို ဖ်က္လိုဖ်က္ဆီး အေႏွာင့္အယွက္ေပးမယ္ဆိုတဲ့ ဘယ္အဖြဲ႕အစည္းကိုမဆို ျပည္သူလူထုရဲ႕ ႏွစ္ေပါင္းမ်ားစြာ အေတြ႕အႀကဳံက ေကာင္းစြာ ဆုံးျဖတ္ေပးမွာပါ။ လြန္ခဲ့တဲ့ ၃၁ ႏွစ္တုန္းက ႀကိဳးဖုန္းတလုံးကို တရပ္ကြက္လုံး စုၿပီး သုံးခဲ့ရတဲ့ဘဝ၊ အဆက္အသြယ္ အင္မတန္ ခက္တယ္။ အဲဒီၾကားထဲက ရေအာင္ က်ေနာ္တို႔ တြန္းလွန္ခဲ့တယ္။ အဲဒီအခ်ိန္မွာ အတိုက္အခံပါတီရယ္လို႔ ရွိဖို႔ေဝးစြ၊ ႏိုင္ငံေရးအရ ဘာမွ ဖြဲ႕စည္းခြင့္မရတဲ့အခ်ိန္ ျပည္သူလူထုဟာ ႏိုင္ငံေရးေနာက္ခံ အဖြဲ႕အစည္း မရွိဘဲနဲ႔ အာဏာရတဲ့ တခုတည္းေသာ ပါတီကို ဆန႔္က်င္ရတယ္၊ အန္တုရတယ္ဆိုတာ လြယ္တဲ့ကိစၥေတာ့ မဟုတ္ပါဘူး။ အခ်င္းခ်င္း သစၥာရွိမႈ၊ အလုပ္လုပ္မႈ၊ စည္း႐ုံးႏိုင္မႈေတြဟာ ဘာေတြနဲ႔ လုပ္ခဲ့ၾကလဲဆိုေတာ့ ေသခ်ာတာက ဓနအင္အားနဲ႔လည္း လုပ္လို႔မရဘူး၊ ဆက္သြယ္ေရးကိရိယာေတြလည္း အင္မတန္ ခ်ိဳ႕ငဲ့တဲ့ေခတ္၊ စာတေစာင္ ထုတ္ခ်င္တယ္ဆိုရင္ေတာင္ က်ေနာ္တို႔ဟာ မီးေခ်ာင္းနဲ႔ဖိၿပီးေတာ့ မင္ခံစကၠဴေပၚမွာ ေဘာပန္ကို နစ္သြားခြၽန္ခြၽန္နဲ႔ ေရးခဲ့ရတဲ့ေခတ္။ စာတေစာင္ မိတၱဴကူးၿပီးထြက္လာရင္ က်ေနာ္တို႔မွာ အင္မတန္ ေပ်ာ္ခဲ့ရတာ။ ဒီကေန႔လို ကလစ္ တခ်က္ႏွိပ္လိုက္႐ုံနဲ႔ တကမာၻလုံး ျပန႔္တာ မဟုတ္ခဲ့ဘူး။ ဒါေပမဲ့ က်ေနာ္တို႔ ရေအာင္ လုပ္ႏိုင္ခဲ့တယ္။ က်ေနာ္တို႔လူထုက အဲဒီအခ်ိန္မွာ စိတ္အားျဖင့္ ၫႊတ္လိုက္ၿပီဆိုရင္ တရားမွ်တ လြတ္လပ္ျခင္းနဲ႔ တန္းတူညီမွ်ျခင္း ဆိုတဲ့ အားလုံးအတြက္ မည္သူ သေဘာတူတဲ့အခ်က္ကို ၫႊတ္လို႔ရတယ္။ ဘယ္တစုံတေယာက္ကမွ၊ ဘယ္တစုတဖြဲ႕ကမွ အမိန႔္ေပးစရာမလိုေလာက္ေအာင္ က်ေနာ္တို႔ ျပည္သူေတြ သိတတ္ခဲ့တယ္၊ ညီခဲ့ၾကတယ္။ ဒါနဲ႔ က်ေနာ္တို႔ရဲ႕ မြဲေတေနတဲ့ အေျခအေနကေနပဲ ပိုစတာေတြ ရေအာင္ ကပ္ခဲ့ၾကတယ္။ နံရံမွာ ေဆးနဲ႔ မေရးႏိုင္‌ေပမယ့္ ေပတရာလမ္းေပၚမွာ ေသြးနဲ႔ ေရးႏိုင္တယ္၊ က်ေနာ္တို႔မွာ စကၠဴေကာင္းေကာင္း မရွိေပမယ့္ အိမ္ေတြမွာရွိတဲ့ ျပကၡဒိန္ေနာက္ေက်ာေတြကို ျဖဳတ္ၿပီးေတာ့ က်ေနာ္တို႔ ပိုစတာေရးခဲ့ၾကပါတယ္။ အခုလို စပီကာေကာင္းေကာင္းနဲ႔ စကားမေျပာႏိုင္ေပမယ့္ တိုက္ပြဲရဲ႕အစမွာ ႀကဳံးေအာ္တဲ့အခ်ိန္မွာ အရပ္ထဲမွာ ေရနံဆီေရာင္းတဲ့ ေအာ္လံေလးနဲ႔ က်ေနာ္တို႔ တိုက္ပြဲေခၚႏိုင္ခဲ့ၾကတယ္။ ေဟာဒီ ၿမိဳ႕ေတာ္ခန္းမတဝိုက္ ရွစ္ေလးလုံးမွာ စၿပီးေတာ့ ခ်ီတက္ၾကၿပီဆိုတဲ့အခ်ိန္မွာ အလံေတြ မရွိတုန္းကလည္း က်ေနာ္တို႔ရဲ႕ စိတ္ဓာတ္ကို ေအာင္လံလို သေဘာထားၿပီးေတာ့ တက္ခဲ့ၾကတယ္။ တိုက္နံရံ ေလွကားကပ္ေထာင္ၿပီးေတာ့ တေယာက္ၿပီးတေယာက္ လႈံ႕ေဆာ္ႏိုင္ခဲ့တယ္။ စည္း႐ုံးႏိုင္ခဲ့တယ္။ အဲဒီေလာက္ အရည္အေသြးျပည့္တဲ့ ျပည္သူေတြ ႏွစ္ေပါင္းမ်ားစြာ ႀကံ့ႀကံ့ခံၿပီးေတာ့ ရင္ဆိုင္လာတာ ဒီကေန႔ ဒီအခ်ိန္ေတာ့ ေရာက္ၿပီ။ လႊတ္ေတာ္ဆိုတာ ေပၚလာၿပီ။ ဒီမိုကေရစီအစိုးရ အမည္ေခၚၾကတဲ့ အစိုးရအဖြဲ႕ေတြလည္း ရွိလာၿပီ။ ရာႏႈန္းျပည့္မေရာက္ေသးဘူး ဆိုတာလည္း သိပါလိမ့္မယ္။ မ်ားစြာေသာ အခက္အခဲေတြ အတားအဆီးေတြ ရွိေနတာလည္း က်ေနာ္တို႔ သေဘာေပါက္ၿပီးသားပါ။ က်ေနာ္တို႔ျပည္သူေတြ ဆက္ေလွ်ာက္ရမယ့္ခရီးမွာ ဘယ္သို႔ေသာ ၿခိမ္းေျခာက္မႈေတြ ရွိပါေစ၊ အခက္အခဲေတြ ရွိပါေစ၊ က်ေနာ္တို႔ရဲ႕ အေတြ႕အႀကဳံေတြ ႏွစ္ေပါင္းမ်ားစြာ ကြၽန္မခံဘူးဆိုတဲ့ စိတ္နဲ႔ ႐ုန္းကန္ခဲ့ရတဲ့ လူေတြကေတာ့ ေျပာင္းလဲမွာ မဟုတ္ဘူး။ ငုပ္လွ်ိဳးသြားမွာ မဟုတ္ဘူး။ ရွစ္ေလးလုံးဆိုတဲ့ သမိုင္းဟာ ကမာၻႀကီးက အသိအမွတ္ျပဳရတဲ့ တကယ့္အခ်ိဳးအေကြ႕ႀကီးပါ။ က်ေနာ္တို႔ႏိုင္ငံမွာ ျဖစ္ၿပီးတဲ့ေနာက္မွာ ဥေရာပ၊ အေရွ႕ဥေရာပ တတိုက္လုံးနီးပါး ေျပာင္းလဲခဲ့တယ္။ ဘာလင္တံတိုင္း ၿပိဳက်တယ္။ က်ေနာ္တို႔ထက္ ေစာခဲ့တဲ့ ဖိလစ္ပိုင္လို၊ ကိုရီးယားလို ေရွ႕ေခတ္က လုပ္သြားခဲ့တဲ့ ျပည္သူေတြရဲ႕ သတၱိကိုလည္း က်ေနာ္တို႔ အတုယူခဲ့တယ္။ အခ်ိန္တန္လို႔ လူ႔ရဲ႕ ဇရာသေဘာအရ ေပ်ာက္ၾက၊ ေသၾကမယ္ဆိုရင္ေတာင္ ျပည္သူေတြရဲ႕သတၱိကို ကမာၻႀကီးက သတိရေနမွာပါ။ ကမာၻႀကီး တုန္လႈပ္ေအာင္ ေျပာင္းလဲႏိုင္ခဲ့တဲ့ လူသတ္ပြဲေတြၾကားထဲက၊ တေယာက္က် တေယာက္တက္ခဲ့တဲ့ ျပည္သူေတြရဲ႕သတၱိ၊ စြမ္းေဆာင္မႈေတြေၾကာင္ ဒီကေန႔ ဒီအေျခအေနကို ေရာက္တယ္ဆိုတာ ဝန္ခံခ်င္ပါတယ္။ အဲဒီအညတရ ျပည္သူေတြရဲ႕နာမည္ကို အကုန္လုံး က်ေနာ္တို႔ လိုက္မေမးႏိုင္ပါဘူး။ တခ်ိဳ႕ေတြလည္း မသိၾကေတာ့ပါဘူး။ အဓိကကေတာ့ ေခတ္တိုင္း စနစ္တိုင္း ေတာ္လွန္ေရး အေရးေတာ္ပုံတိုင္းမွာ အညတရ နာမည္မသိလိုက္ရတဲ့ ျပည္သူေတြရဲ႕ ေပးဆပ္မႈသာလွ်င္ ေအာက္ဆုံးက အ႐ိုးေတြအျပည့္ ခင္းရတာ ျဖစ္ပါတယ္။ အဖြဲ႕အစည္းေတြ၊ လက္ရွိ ဦးေဆာင္ေနသူေတြ တာဝန္အသီးသီး ယူေနရသူေတြရဲ႕ ႏႈတ္ထြက္စကား၊ စိတ္သေဘာထားေတြတိုင္းမွာ အဲဒီက်ဆုံးခဲ့တဲ့၊ ေပးဆပ္ခဲ့တဲ့ အညတရ ျပည္သူေတြရဲ႕ တန္ဖိုးနဲ႔ ဂုဏ္သိကၡာ၊ သူတို႔ရဲ႕ စြမ္းေဆာင္မႈေတြကို ဘယ္ေတာ့မွ မေမ့မေလ်ာ့စတမ္း ဂုဏ္ျပဳႏိုင္ပါေစလို႔လည္း ဆႏၵျပဳပါတယ္။ ရွစ္ေလးလုံးဟာ ဘယ္ေလာက္ပင္ အက်အဆုံး မ်ားခဲ့လည္း က်ေနာ္တို႔ေတြရဲ႕ ေအာင္ပြဲလို႔ ၿမဲၿမဲမွတ္ပါ။ က်ေနာ္တို႔လူထု တကယ္ညီရင္ ဘယ္ေလာက္ အားႀကီးတဲ့ အာဏာရွင္ ျဖစ္ပါေစ၊ ဘယ္ေလာက္ ျငင္းဆန္ပါေစ၊ က်ေနာ္တို႔ ရေအာင္ တက္ႏိုင္ခဲ့တယ္၊ ေရာက္ေအာင္ ခ်ီႏိုင္ခဲ့တယ္ ဆိုတာ ျပတာက ရွစ္ေလးလုံး စိတ္ပါ။ ရွစ္ေလးလုံးဟာ တကယ္ေတာ့ ေအာင္စိတ္ပါ။ အဲဒီေအာင္စိတ္နဲ႔သာ ဆက္ၿပီး ခြၽန္ၾကပါစို႔လို႔ တိုက္တြန္းရင္း အဆုံးသတ္ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up