DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ရေကြီးရေလျှံမှုကြောင့် စာသင်ကျောင်း ၂၄ ကျောင်း ယာယီပိတ်ထားရ
DVB
·
August 8, 2019
ဧရာဝတီတိုင်းတွင် ရေကြီးရေလျှံမှုကြောင့် စာသင်ကျောင်း ၂၄ ကျောင်း ယာယီပိတ်ထားရ
Donate to DVB

ဧရာဝတီတိုင်းအတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် စာသင်ကျောင်းပေါင်း ၂၄ ကျောင်း ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းအတွင်း ဒေသအချို့မှာ ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်နေ့ကစပြီး မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် ဩဂုတ်လ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီအထိ စာရင်းတွေအရ စာသင်ကျောင်းပေါင်း ၂၄ ကျောင်းကို ပိတ်ထားရတယ်လို့ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးမန်းသိန်းကျော်က ပြောပါတယ်။

စာသင်ကျောင်းအားလုံး ရေဝင်တာ မဟုတ်ပေမယ့် ရေလမ်းသွားရတဲ့ ကလေးငယ်တွေ အန္တရာယ်ကင်းအောင် ပိတ်ထားရတာလို့ ဦးမန်းသိန်းကျော်က ပြောပါတယ်။ 

ရေကျပြီး အန္တရာယ်ကင်းသွားရင်တော့ စာသင်ကျောင်းတွေ ပြန်ဖွင့်မှာဖြစ်ပြီး ပိတ်ရက်တွေမှာ သင်ခန်းစာတွေကို အစားထိုး သင်ကြားသွားမယ်လို့ ပြောပါတယ်။

ဧရာဝတီတိုင်း ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မှာ မိုးရွာသွန်းပြီး ဒီရေမြင့်တက်မှုကြောင့် လူဦးရေ ၁၀၅ ဦးဟာ တင်းချောင်းကျေးရွာရှိ မြစ်တရာဘုန်းကြီးကျောင်းမှာ အသီးသီးရွှေ့ပြောင်း နေထိုင်ကြပြီး စပါး ၂၁၇ တင်း ရေးစိုပျက်စီးဆုံးရှုံးခဲ့ပါတယ်၊

မြောင်းမြမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးနေတာကြောင့် လူဦးရေ ၇၀၀ ဝန်းကျင် ရေဘေးရှောင်စခန်းတွေမှာ ခိုလှုံနေရပါတယ်။

ဧရာဝတီတိုင်းမှာ မိုးဆက်တိုက် ရွာသွန်းနေပေမယ့် မြစ်ရေကြီးပြီး ရေမြုပ်လေ့ရှိတဲ့ဒ ဒေသတွေမှာတော့ ထူခြားတဲ့ ရေကြီး နစ်မြုပ်မှုတွေ မရှိသေးဘဲ မိုးကြီးရေလျှံတဲ့ အခြေအနေသာရှိ နေတာပါ။

ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်ကစတင်ပြီး ဆက်တိုက်ဆိုသလို မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် မြောင်းမြမြို့က အနိမ့်ပိုင်း ရပ်ကွက်တခုဖြစ်တဲ့ ကံ့ကော်မြိုင်ရပ်ကွက်မှာ ရေလွှမ်းမှု ဖြစ်ပေါ်နေပါတယ်။

ရေဘေးရှောင်စခန်း သုံးခု ဖွင့်ထားရသလို အဲဒီစခန်းတွေမှာ လူဦးရေ ၇၀၀ လောက် ခိုလှုံနေကြတာပါ။

မြောင်းမြမြို့ဟာ ရေကြီးနစ်မြုပ်လေ့ရှိတဲ့ဒေသ မဟုတ်ပေမယ့် အနိမ့်ပိုင်းရပ်ကွက် တချို့မှာတော့ မိုးများတဲ့အခါမှသာ ‌ရေကြီးရေလျှံလေ့ ရှိတာပါ။ ပြီးခဲ့တဲ့ ၂၀၁၅ ခုကလည်း  အခုလို ရေကြီးမှု တကြိမ် ဖြစ်ပွားခဲ့ဖူးပါတယ်။

လက်ရှိမှာတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေက ကူညီထောက်ပံ့တာတွေ ပြုလုပ်ပေးနေပါတယ်။ 

တိုင်းနဲ့ပြည်နယ် ၄ ခု၊ မြို့နယ် ၁၂ မြို့နယ်မှာတော့ မြစ်ရေမြင့်တက်ပြီး ရေကြီးရေလျှံ ဖြစ်တာကြောင့် လူဦးရေ စုစုပေါင်း ၁၅၀၀၀ ကျော် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြတယ်လို့ သိရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဧရာဝတီတိုင္းတြင္ ေရႀကီးေရလွ်ံမႈေၾကာင့္ စာသင္ေက်ာင္း ၂၄ ေက်ာင္း ယာယီပိတ္ထားရ

ဧရာဝတီတိုင္းအတြင္းမွာ မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ေရႀကီးေရလွ်ံမႈေၾကာင့္ စာသင္ေက်ာင္းေပါင္း ၂၄ ေက်ာင္း ယာယီပိတ္ထားရတယ္လို႔ သိရပါတယ္။

ဧရာဝတီတိုင္းအတြင္း ေဒသအခ်ိဳ႕မွာ ၿပီးခဲ့တဲ့ ဩဂုတ္ ၄ ရက္ေန႔ကစၿပီး မိုးသည္းထန္စြာ ႐ြာသြန္းေနတာေၾကာင့္ ဩဂုတ္လ ၇ ရက္ေန႔ မြန္းလြဲ ၂ နာရီအထိ စာရင္းေတြအရ စာသင္ေက်ာင္းေပါင္း ၂၄ ေက်ာင္းကို ပိတ္ထားရတယ္လို႔ ဧရာဝတီတိုင္းေဒသႀကီး အေျခခံပညာဦးစီးဌာနက ဒုတိယၫႊန္ၾကားေရးမႉး ဦးမန္းသိန္းေက်ာ္က ေျပာပါတယ္။

စာသင္ေက်ာင္းအားလုံး ေရဝင္တာ မဟုတ္ေပမယ့္ ေရလမ္းသြားရတဲ့ ကေလးငယ္ေတြ အႏၲရာယ္ကင္းေအာင္ ပိတ္ထားရတာလို႔ ဦးမန္းသိန္းေက်ာ္က ေျပာပါတယ္။

ေရက်ၿပီး အႏၲရာယ္ကင္းသြားရင္ေတာ့ စာသင္ေက်ာင္းေတြ ျပန္ဖြင့္မွာျဖစ္ၿပီး ပိတ္ရက္ေတြမွာ သင္ခန္းစာေတြကို အစားထိုး သင္ၾကားသြားမယ္လို႔ ေျပာပါတယ္။

ဧရာဝတီတိုင္း ပုသိမ္ခ႐ိုင္၊ ငပုေတာၿမိဳ႕နယ္မွာ မိုး႐ြာသြန္းၿပီး ဒီေရျမင့္တက္မႈေၾကာင့္ လူဦးေရ ၁၀၅ ဦးဟာ တင္းေခ်ာင္းေက်း႐ြာရွိ ျမစ္တရာဘုန္းႀကီးေက်ာင္းမွာ အသီးသီးေ႐ႊ႕ေျပာင္း ေနထိုင္ၾကၿပီး စပါး ၂၁၇ တင္း ေရးစိုပ်က္စီးဆုံးရႈံးခဲ့ပါတယ္၊

ေျမာင္းျမၿမိဳ႕မွာ မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ေရႀကီးေနတာေၾကာင့္ လူဦးေရ ၇၀၀ ဝန္းက်င္ ေရေဘးေရွာင္စခန္းေတြမွာ ခိုလႈံေနရပါတယ္။

ဧရာဝတီတိုင္းမွာ မိုးဆက္တိုက္ ႐ြာသြန္းေနေပမယ့္ ျမစ္ေရႀကီးၿပီး ေရျမဳပ္ေလ့ရွိတဲ့ဒ ေဒသေတြမွာေတာ့ ထူျခားတဲ့ ေရႀကီး နစ္ျမဳပ္မႈေတြ မရွိေသးဘဲ မိုးႀကီးေရလွ်ံတဲ့ အေျခအေနသာရွိ ေနတာပါ။

ၿပီးခဲ့တဲ့ ဩဂုတ္ ၄ ရက္ကစတင္ၿပီး ဆက္တိုက္ဆိုသလို မိုးသည္းထန္စြာ ႐ြာသြန္းေနတာေၾကာင့္ ေျမာင္းျမၿမိဳ႕က အနိမ့္ပိုင္း ရပ္ကြက္တခုျဖစ္တဲ့ ကံ့ေကာ္ၿမိဳင္ရပ္ကြက္မွာ ေရလႊမ္းမႈ ျဖစ္ေပၚေနပါတယ္။

ေရေဘးေရွာင္စခန္း သုံးခု ဖြင့္ထားရသလို အဲဒီစခန္းေတြမွာ လူဦးေရ ၇၀၀ ေလာက္ ခိုလႈံေနၾကတာပါ။

ေျမာင္းျမၿမိဳ႕ဟာ ေရႀကီးနစ္ျမဳပ္ေလ့ရွိတဲ့ေဒသ မဟုတ္ေပမယ့္ အနိမ့္ပိုင္းရပ္ကြက္ တခ်ိဳ႕မွာေတာ့ မိုးမ်ားတဲ့အခါမွသာ ‌ေရႀကီးေရလွ်ံေလ့ ရွိတာပါ။ ၿပီးခဲ့တဲ့ ၂၀၁၅ ခုကလည္း  အခုလို ေရႀကီးမႈ တႀကိမ္ ျဖစ္ပြားခဲ့ဖူးပါတယ္။

လက္ရွိမွာေတာ့ သက္ဆိုင္ရာတာဝန္ရွိသူေတြနဲ႔ လူမႈေရးအသင္းအဖြဲ႕ေတြက ကူညီေထာက္ပံ့တာေတြ ျပဳလုပ္ေပးေနပါတယ္။

တိုင္းနဲ႔ျပည္နယ္ ၄ ခု၊ ၿမိဳ႕နယ္ ၁၂ ၿမိဳ႕နယ္မွာေတာ့ ျမစ္ေရျမင့္တက္ၿပီး ေရႀကီးေရလွ်ံ ျဖစ္တာေၾကာင့္ လူဦးေရ စုစုေပါင္း ၁၅၀၀၀ ေက်ာ္ ကယ္ဆယ္ေရးစခန္းေတြမွာ ခိုလႈံေနၾကတယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013