Home
ဆောင်းပါး
၈၈ ရဲ့ သမိုင်းမဝင် စာမတင်ခဲ့သော မှတ်စုလေးများ
DVB
·
August 8, 2019
၈၈ အရေးတော်ပုံဆိုတာကြီးက ကျယ်ဝန်းလွန်းတယ်။ အပြည့်အစုံ ပြောဖို့ဆိုရင် စာမျက်နှာပေါင်းများစွာ ပြောမှ ရမယ်ထင်တယ်။ မတ်လကနေ စတွက်ရင် သပိတ်ကာလဟာ ၆ လလောက် ကြာခဲ့တယ်။ ဒီကာလတွေအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ပေါင်းက ထောင်သောင်းမက။ နေရာဒေသကလည်း တနေရာတည်းမဟုတ်။ နေရာအနှံ့၊ မြို့ကြီးမြို့လေး ကျေးရွာဇနပုဒ် မကျန် တပြည်လုံး ဟုန်းဟုန်းတောက်ခဲ့တာပေသကိုး။ ဒီတော့ ဘယ်သူတွေ ဦးဆောင်ခဲ့လဲဆိုရင် ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ် မဆလကို မကျေနပ်သူတွေ ဦးဆောင် ပါဝင်ခဲ့တာလို့ပဲ ဖြေရမှာပါ။ အောင်မြင်မှုမှာ ဖခင်များစွာ ရှိစမြဲပဲလေ။ ၈၈ မြင်ကွင်းတွေကို ကြုံတွေ့ဖြတ်သန်းလာသူတယောက်အနေနဲ့ ပြန်ပြောချင်တယ်။ အထူးသဖြင့် စက်တင်ဘာ ၁၉ ရက်နေ့ပေါ့။ ၁၈ ရက်နေ့ ညနေမှာ ကျနော်တို့ဟာ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမထဲမှာ ရှိနေခဲ့တယ်။ အဲဒီနေ့က တနေ့လုံး အစည်းအဝေး ထိုင်ကြတာ။ မှတ်မိသမျှ ကိုကြီး (ယခု ပြည်သူ့ပါတီဥက္ကဋ္ဌ)၊ ကိုဇော်မင်း (မကသ)၊ ကိုမင်းဇေယျ (မကသ)၊ ဆရာကြီးဦးစံတင် (တကသဆရာအသင်း)၊ ကိုမြင့်လှိုင် (တကသဆရာအသင်း)၊ ကိုဌေးလွင် (တကသဆရာအသင်း)၊ ယုယုမော်၊ ကိုလေး (၈၈ရွေးကောက်ပွဲကော်မရှင်)၊ ဦးမျိုးညွန့် (ရှေ့နေ)၊ ဦးသန်းညွန့် (GSC အထွေထွေသပိတ်ကော်မတီ) တို့ပါပဲ။ တခြားသူတွေလည်း ရှိပါသေးတယ်။ မှတ်မိသလောက် ပြောတာပါ။ အပြည့်အစုံတော့ မဟုတ်ဘူး။ အဲဒီနေ့က တနေကုန် ငြင်းခုံလို့ မပြီးဘူး။ ကျနော်လည်း စိတ်ညစ်ညူးလာတာနဲ့ ဝိဇ္ဇာအဆောက်အုံမှာ ကျနော့်အတွက် ပေးထားတဲ့အခန်းမှာ သော့ဖွင့်ပြီး ဆေးလိပ်သောက်နေလိုက်တယ်။ ညနေ သုံးနာရီခွဲလောက်ရောက်တော့ ကျနော် အခန်းပိတ်နေစဉ် အစောင့်ရောက်လာရင်း သူက “ဆရာရေ တညနေလုံး ရေဒီယိုကနေ ထူးထူးခြးခြား စစ်ချီတက်တဲ့ သီချင်းတွေပဲ ထပ်ကာထပ်ကာ လာနေတယ်” တဲ့။ ဟုတ်လားဗျ။ အာဏာသိမ်းတော့မယ် ထင်တယ်လို့ ပြောတော့ သူက “ဟုတ်တယ် ဆရာရေ၊ ကင်တင်းမှာလည်း ကိုအောင်ရင် (လက်ဖက်ရည်ဆိုင်) တို့လည်း အဲဒီအတိုင်း ပြောနေကြတယ်” တဲ့။ ကျနော်လည်း ဘွဲ့နှင်းသဘင်ခန်းမဆီ အမြန်သွားပြီး ဆရာကြီးဦးစံတင်ကို ခေါ်ထုတ်လိုက်တယ်။ ကိုမြင့်လှိုင်လည်း လိုက်လာတ,်။ “ဆရာကြီး ကျနော်တို့ ပြန်ရအောင်။ ဒီနေ့ည အာဏာသိမ်းတော့မယ် ထင်တယ်။ တချိန်လုံး စစ်ချီသီချင်းတွေပဲ ရေဒီယိုကနေ ဖွင့်နေတယ်” လို့ ပြောတော့ ဆရာကြီးက “အစည်းအဝေး ဆုံးဖြတ်ချက် မပြတ်သေးဘူးကွ” တဲ့။ ကျနော်လည်း “ဆရာကြီး ထားပစ်ခဲ့တော့ ဆရာကြီးအိမ် ပို့ပြီး ကျနော်နဲ့ ကိုမြင့်လှိုင်က သရက်တောပြန်မယ်” ဆိုပြီး ဆရာကြီးကို စမ်းချောင်းအိမ် ပြန်ပို့ပြီး သပိတ်ကော်မတီရှိရာ သရက်တောကျောင်းတိုက်ကို ပြန်လာခဲ့တယ်။ ကျောင်းတိုက်ရောက်တော့ လသာ အ.ထ.က (၂) ထဲမှာ အစည်းအဝေးပွဲ မပြတ်သေးတဲ့ဆီ ရောက်တယ်။ စုဝေးနေတဲ့ လူတွေအားလုံးမှာတော့ တီးတိုးပြောနေကာတာကတော့ တချိန်လုံး စစ်သီချင်းတွေ ဖွင့်နေတဲ့ မြန်မာ့အသံ ရေဒီယိုအကြောင်းပါပဲ။ အားလုံးကတော့ ည ၈ နာရီ သတင်းကိုပဲ စောင့်ကြည့်ရမှာပါ။ ညနေ အိမ်ပြန်ရောက်တော့ မိသားစုအသီးသီး မြန်မာ့ရုပ်မြင်သံကြားရှေ့နဲ့ ရေဒီယိုဘေးမှာ အာရုံစိုက်နေကြတယ်။ ၈ နာရီမှာတော့ အထူးသတင်းအဖြစ် တပ်မတော်က အာဏာလွှဲပြောင်းယူလိုက်ကြောင်း ကြေညာလိုက်ပါတယ်။ အားလုံး မျက်နှာမှာ စိတ်ပျက် ဝမ်းနည်းရုပ်ထွက်နေတယ်။ ကဲ… ဘာဆက်လုပ်ကြမလဲ။ အဲဒီညက ဘာမျှမစဉ်းစားတော့ဘဲ အိပ်ပစ်လိုက်တယ်။ မနက်လင်းတော့ ပဲပြုတ်နဲ့ ထမင်းစားပြီး ချီတက်မယ့် ကျောင်းသားတွေကို အချိန်မီ တားနိုင်အောင် သရက်တောကျောင်းဘက် ထွက်လာခဲ့တယ်။ အလုံလမ်းတလျှောက် ချီတက်နေတဲ့ အထက်တန်းကျောင်းသားလေးတွေနဲ့ ဆရာတချို့ တွေ့လို့ ဆက်မချီတက်ဖို့ တားပေမယ့် မရတော့ဘူး။ ကျနော် သရက်တောကျောင်းတိုက်ထဲ ရောက်တော့ ဆန္ဒပြဖို့ ချီတက်သွားကြပြီ။ မရှိကြတော့ဘူး။ အရင်နေ့က အစီအစဉ်အတိုင်း ချီတက်သွားကြပြီတဲ့။ ကျနော်လည်း တားလို့ မီလို့မီငြား ရလိုရငြား သူတို့နောက် အမီလိုက်သွားတယ်။ ကျနော် ဆူးလေလမ်းကို ကျော်ပြီးချိန်မှာတော့ နောက်လူတွေ ဆက်ကျော်လို့ မရတော့ဘူး။ ဝန်ကြီးများရုံးဘက်ဆီမှ သေနတ်သံတွေ ဆူဆူညံညံ ထွက်ပေါ်နေတယ်။ ရှေ့ဆက်သွားလို့ မရ၊ နောက်ဆုတ်လို့လည်း မရတော့။ အဲဒီအချိန် ဗိုလ်အောင်ကျော်လမ်းဘက်ဆီကနေ အမောတကော ပြေးလာတဲ့ ကျောင်းသားတယောက်က “ဆရာ.. ဆက်မသွားနဲ့။ ဆရာဦးလှတင်တော့ သေနတ်မှန်သွားပြီ။ အလောင်းလည်း ကောက်မရခဲ့ဘူး ဆရာ..” တဲ့။ ကျနော်လည်း အံ့အားသင့်ပြီး ငေးနေမိတယ်။ ပြီးမှ “သင်္ချာဌာနက ဆရာဦးလှတင်လား” လို့ မေးရင်း သူ့အဖြေ မစောင့်တော့ဘဲ ဆက်ထွက်လာတော့ သူက ကျနော့်လက်ကို ဆွဲထားရင်း ဆရာ ဆက်သွားလို့ မရတော့ဘူးလို့ ပြောချိန်မှာပဲ သေနတ်သံတွေ ဆူညံလာပြန်တယ်။ နောက်လှည့်ပြေးခဲ့ပေမယ့် ၃၃ လမ်းထက် ပိုပြေးမရတော့။ ၃၃ လမ်းထဲ ဝင်လိုက်တယ်။ ဆူးလေတလျှောက်မှာလည်း သေနတ်သံတွေ တဖောင်းဖောင်း တဒိုင်းဒိုင်းသံတွေ။ ဝှီခနဲ ဝှစ်ခနဲ ရွှီခနဲ ကျည်ဆန်တွေ ပြေးနေသံ။ ကျနော် ရေမြောင်းထဲ ဆင်းဝပ်နေတယ်။ ခေါင်းမထောင်ရဲဘူး။ ဖျောက်ခနဲ ဖျောက်ခနဲ သေနတ်သံ ကျဲသွားတော့မှ ဘေးကိုကြည့်တော့ ကျနော့်ဘေးမှာ ရုပ်ရှင်မင်းသား ထွန်းထွန်းဝင်း။ သူလည်း ကျနော့်ကို ပြုံးပြရင်း ခေါင်းညိတ်ပြီး မြောင်းထဲက ပြိုင်တူထလိုက်ကြတယ်။ ဆရာဦးလှတင် အလောင်းကောက်ဖို့ စိတ်စောပြီး သိမ်ဖြူလမ်းဆီ လျှောက်လာပေမယ့် လမ်း ၄၀ အရောက်မှာ ပစ်ခတ်သံတွေ ထွက်လာတဲ့အတွက် လမ်း ၄၀ ထဲ ဝင်ပြေးရပြန်ရော။ လမ်း ၄၀ တလျှောက် အောက်ဘက် ဆက်လျှောက်လာစဉ်မှာပဲ မဟာဗန္ဓုလမ်းတလျှောက် ပန်းခြံဘက်မှာလည်း သေနတ်သံတွေ ရပ်လိုက် ပစ်လိုက်နဲ့။ ဘားလမ်း (ပန်းခြံလမ်း) ကို ဖြတ်မရတော့။ မြင်ကွင်းက တကယ့်ဝရုန်းသုန်းကား။ ကျနော်ရောက်တော့ ပစ်ခတ်သံတွေ ကျိုးတိုးကျဲတဲ။ လဲနေသူတွေက အတုံးအရုံး။ သွေးအလိမ်းလိမ်း။ အလံတချို့ ပြန့်ကျဲ၊ တချို့က အလံ ဆုပ်ကိုင်ထားဆဲ၊ အသက်ရှိတော့ဟန် မတူ။ အဖြူအစိမ်းဝတ် ကလေးတွေ။ အလုံလမ်းတလျှောက်မှာ တွေ့ခဲ့ရတဲ့ ကလေးတွေများ ဖြစ်နေလေမလား။ သေနတ်သံ ခဏစဲသွားချိန်မှာ ကြက်ခြေနီအလံ ထူထားတဲ့ ကားတစီးနဲ့ လူငယ်တစု (နောင်တွင် ဆေးတက္ကသိုလ် ၁/၂ မှ ကျောင်းသားများဟု သိရ) တို့က အလောင်းကောက်၊ လူနာ သယ်ယူနေတယ်။ သေနတ်သံတွေကြားထဲက မကြောက်မရွံ့ ကယ်လို့ရသမျှ ကယ်နေကြဟန်ပဲ။ ကိုယ့်အသက်ကိုယ် ပဓာနမထား စွန့်ရဲသူတွေ။ ရဲဘော်ရဲဘက်စိတ်ဆိုတာ ဒါပဲ ထင်ပါရဲ့။ အတန်ကြာ စောင့်ကြည့်နေရင်း သေနတ်သံတွေ ရပ်သွားတော့ အခြားလူတွေနဲ့အတူ အိမ်ကြိုအိမ်ကြားတွေထဲက ဖြတ်သန်းရင်း သရက်တောကျောင်းတိုက်ဆီ ပြန်ရောက်လာခဲ့တယ်။ ကျောင်းတိုက်မှာ လူသူရှင်းနေပြီ။ ဒီတော့ သက်ပြင်းတချက်ချရင်း တက္ကသိုလ်ကျောင်းဆီကို ခြေဦးလှည့် ထွက်ခွာလာခဲ့ပါတော့တယ်။ လမ်းတလျှောက်မှာတော့ ဆရာဦးလှတင် အလောင်းလည်း မကောက်နိုင်ခဲ့၊ သေနတ်ပစ်ခံရတဲ့ ကလေးတွေကိုလည်း မကယ်နိုင်ခဲ့။ ကျောင်းသားလေးတွေ ချီတက်ခြင်းကိုတောင် ရအောင် မတားနိုင်ခဲ့ခြင်းကိုပင် စိတ်မှာ မတင်မကျ ဖြစ်နေမိတယ်။ ကျနော်ဟာ သတ္တိနည်းခဲ့သူတယောက်အဖြစ် တစိမ့်စိမ့် ခံစားနေမိပါတယ်။ ဘာပဲဖြစ်ဖြစ် အခုတော့ သမိုင်းမဝင် စာမတင်နိုင်ခဲ့တဲ့ အညတရ သူရဲကောင်းတို့အတွက် ဂုဏ်ပြုတင်ဆက် အလေးပြုလိုက်ရပါတယ်။ အညတရ သူရဲကောင်းအားလုံး ကောင်းရာသုဂတိ ရောက်နိုင်ကြပါစေ…။ ထွန်းဇော်ဌေး
Zawgyi Version ၈၈ ရဲ႕ သမိုင္းမဝင္ စာမတင္ခဲ့ေသာ မွတ္စုေလးမ်ား ထြန္းေဇာ္ေဌး ၈၈ အေရးေတာ္ပုံဆိုတာႀကီးက က်ယ္ဝန္းလြန္းတယ္။ အျပည့္အစုံ ေျပာဖို႔ဆိုရင္ စာမ်က္ႏွာေပါင္းမ်ားစြာ ေျပာမွ ရမယ္ထင္တယ္။ မတ္လကေန စတြက္ရင္ သပိတ္ကာလဟာ ၆ လေလာက္ ၾကာခဲ့တယ္။ ဒီကာလေတြအတြင္း ျဖစ္ပ်က္ခဲ့တဲ့ အျဖစ္အပ်က္ေပါင္းက ေထာင္ေသာင္းမက။ ေနရာေဒသကလည္း တေနရာတည္းမဟုတ္။ ေနရာအႏွံ႔၊ ၿမိဳ႕ႀကီးၿမိဳ႕ေလး ေက်း႐ြာဇနပုဒ္ မက်န္ တျပည္လုံး ဟုန္းဟုန္းေတာက္ခဲ့တာေပသကိုး။ ဒီေတာ့ ဘယ္သူေတြ ဦးေဆာင္ခဲ့လဲဆိုရင္ ကိုယ့္အရပ္နဲ႔ ကိုယ့္ဇာတ္ မဆလကို မေက်နပ္သူေတြ ဦးေဆာင္ ပါဝင္ခဲ့တာလို႔ပဲ ေျဖရမွာပါ။ ေအာင္ျမင္မႈမွာ ဖခင္မ်ားစြာ ရွိစၿမဲပဲေလ။ ၈၈ ျမင္ကြင္းေတြကို ႀကဳံေတြ႕ျဖတ္သန္းလာသူတေယာက္အေနနဲ႔ ျပန္ေျပာခ်င္တယ္။ အထူးသျဖင့္ စက္တင္ဘာ ၁၉ ရက္ေန႔ေပါ့။ ၁၈ ရက္ေန႔ ညေနမွာ က်ေနာ္တို႔ဟာ ရန္ကုန္တကၠသိုလ္ ဘြဲ႕ႏွင္းသဘင္ ခန္းမထဲမွာ ရွိေနခဲ့တယ္။ အဲဒီေန႔က တေန႔လုံး အစည္းအေဝး ထိုင္ၾကတာ။ မွတ္မိသမွ် ကိုႀကီး (ယခု ျပည္သူ႔ပါတီဥကၠ႒)၊ ကိုေဇာ္မင္း (မကသ)၊ ကိုမင္းေဇယ် (မကသ)၊ ဆရာႀကီးဦးစံတင္ (တကသဆရာအသင္း)၊ ကိုျမင့္လႈိင္ (တကသဆရာအသင္း)၊ ကိုေဌးလြင္ (တကသဆရာအသင္း)၊ ယုယုေမာ္၊ ကိုေလး (၈၈ေ႐ြးေကာက္ပြဲေကာ္မရွင္)၊ ဦးမ်ိဳးၫြန႔္ (ေရွ႕ေန)၊ ဦးသန္းၫြန႔္ (GSC အေထြေထြသပိတ္ေကာ္မတီ) တို႔ပါပဲ။ တျခားသူေတြလည္း ရွိပါေသးတယ္။ မွတ္မိသေလာက္ ေျပာတာပါ။ အျပည့္အစုံေတာ့ မဟုတ္ဘူး။ အဲဒီေန႔က တေနကုန္ ျငင္းခုံလို႔ မၿပီးဘူး။ က်ေနာ္လည္း စိတ္ညစ္ညဴးလာတာနဲ႔ ဝိဇၨာအေဆာက္အုံမွာ က်ေနာ့္အတြက္ ေပးထားတဲ့အခန္းမွာ ေသာ့ဖြင့္ၿပီး ေဆးလိပ္ေသာက္ေနလိုက္တယ္။ ညေန သုံးနာရီခြဲေလာက္ေရာက္ေတာ့ က်ေနာ္ အခန္းပိတ္ေနစဥ္ အေစာင့္ေရာက္လာရင္း သူက “ဆရာေရ တညေနလုံး ေရဒီယိုကေန ထူးထူးျခးျခား စစ္ခ်ီတက္တဲ့ သီခ်င္းေတြပဲ ထပ္ကာထပ္ကာ လာေနတယ္” တဲ့။ ဟုတ္လားဗ်။ အာဏာသိမ္းေတာ့မယ္ ထင္တယ္လို႔ ေျပာေတာ့ သူက “ဟုတ္တယ္ ဆရာေရ၊ ကင္တင္းမွာလည္း ကိုေအာင္ရင္ (လက္ဖက္ရည္ဆိုင္) တို႔လည္း အဲဒီအတိုင္း ေျပာေနၾကတယ္” တဲ့။ က်ေနာ္လည္း ဘြဲ႕ႏွင္းသဘင္ခန္းမဆီ အျမန္သြားၿပီး ဆရာႀကီးဦးစံတင္ကို ေခၚထုတ္လိုက္တယ္။ ကိုျမင့္လႈိင္လည္း လိုက္လာတ,္။ “ဆရာႀကီး က်ေနာ္တို႔ ျပန္ရေအာင္။ ဒီေန႔ည အာဏာသိမ္းေတာ့မယ္ ထင္တယ္။ တခ်ိန္လုံး စစ္ခ်ီသီခ်င္းေတြပဲ ေရဒီယိုကေန ဖြင့္ေနတယ္” လို႔ ေျပာေတာ့ ဆရာႀကီးက “အစည္းအေဝး ဆုံးျဖတ္ခ်က္ မျပတ္ေသးဘူးကြ” တဲ့။ က်ေနာ္လည္း “ဆရာႀကီး ထားပစ္ခဲ့ေတာ့ ဆရာႀကီးအိမ္ ပို႔ၿပီး က်ေနာ္နဲ႔ ကိုျမင့္လႈိင္က သရက္ေတာျပန္မယ္” ဆိုၿပီး ဆရာႀကီးကို စမ္းေခ်ာင္းအိမ္ ျပန္ပို႔ၿပီး သပိတ္ေကာ္မတီရွိရာ သရက္ေတာေက်ာင္းတိုက္ကို ျပန္လာခဲ့တယ္။ ေက်ာင္းတိုက္ေရာက္ေတာ့ လသာ အ.ထ.က (၂) ထဲမွာ အစည္းအေဝးပြဲ မျပတ္ေသးတဲ့ဆီ ေရာက္တယ္။ စုေဝးေနတဲ့ လူေတြအားလုံးမွာေတာ့ တီးတိုးေျပာေနကာတာကေတာ့ တခ်ိန္လုံး စစ္သီခ်င္းေတြ ဖြင့္ေနတဲ့ ျမန္မာ့အသံ ေရဒီယိုအေၾကာင္းပါပဲ။ အားလုံးကေတာ့ ည ၈ နာရီ သတင္းကိုပဲ ေစာင့္ၾကည့္ရမွာပါ။ ညေန အိမ္ျပန္ေရာက္ေတာ့ မိသားစုအသီးသီး ျမန္မာ့႐ုပ္ျမင္သံၾကားေရွ႕နဲ႔ ေရဒီယိုေဘးမွာ အာ႐ုံစိုက္ေနၾကတယ္။ ၈ နာရီမွာေတာ့ အထူးသတင္းအျဖစ္ တပ္မေတာ္က အာဏာလႊဲေျပာင္းယူလိုက္ေၾကာင္း ေၾကညာလိုက္ပါတယ္။ အားလုံး မ်က္ႏွာမွာ စိတ္ပ်က္ ဝမ္းနည္း႐ုပ္ထြက္ေနတယ္။ ကဲ… ဘာဆက္လုပ္ၾကမလဲ။ အဲဒီညက ဘာမွ်မစဥ္းစားေတာ့ဘဲ အိပ္ပစ္လိုက္တယ္။ မနက္လင္းေတာ့ ပဲျပဳတ္နဲ႔ ထမင္းစားၿပီး ခ်ီတက္မယ့္ ေက်ာင္းသားေတြကို အခ်ိန္မီ တားႏိုင္ေအာင္ သရက္ေတာေက်ာင္းဘက္ ထြက္လာခဲ့တယ္။ အလုံလမ္းတေလွ်ာက္ ခ်ီတက္ေနတဲ့ အထက္တန္းေက်ာင္းသားေလးေတြနဲ႔ ဆရာတခ်ိဳ႕ ေတြ႕လို႔ ဆက္မခ်ီတက္ဖို႔ တားေပမယ့္ မရေတာ့ဘူး။ က်ေနာ္ သရက္ေတာေက်ာင္းတိုက္ထဲ ေရာက္ေတာ့ ဆႏၵျပဖို႔ ခ်ီတက္သြားၾကၿပီ။ မရွိၾကေတာ့ဘူး။ အရင္ေန႔က အစီအစဥ္အတိုင္း ခ်ီတက္သြားၾကၿပီတဲ့။ က်ေနာ္လည္း တားလို႔ မီလို႔မီျငား ရလိုရျငား သူတို႔ေနာက္ အမီလိုက္သြားတယ္။ က်ေနာ္ ဆူးေလလမ္းကို ေက်ာ္ၿပီးခ်ိန္မွာေတာ့ ေနာက္လူေတြ ဆက္ေက်ာ္လို႔ မရေတာ့ဘူး။ ဝန္ႀကီးမ်ား႐ုံးဘက္ဆီမွ ေသနတ္သံေတြ ဆူဆူညံညံ ထြက္ေပၚေနတယ္။ ေရွ႕ဆက္သြားလို႔ မရ၊ ေနာက္ဆုတ္လို႔လည္း မရေတာ့။ အဲဒီအခ်ိန္ ဗိုလ္ေအာင္ေက်ာ္လမ္းဘက္ဆီကေန အေမာတေကာ ေျပးလာတဲ့ ေက်ာင္းသားတေယာက္က “ဆရာ.. ဆက္မသြားနဲ႔။ ဆရာဦးလွတင္ေတာ့ ေသနတ္မွန္သြားၿပီ။ အေလာင္းလည္း ေကာက္မရခဲ့ဘူး ဆရာ..” တဲ့။ က်ေနာ္လည္း အံ့အားသင့္ၿပီး ေငးေနမိတယ္။ ၿပီးမွ “သခ်ၤာဌာနက ဆရာဦးလွတင္လား” လို႔ ေမးရင္း သူ႔အေျဖ မေစာင့္ေတာ့ဘဲ ဆက္ထြက္လာေတာ့ သူက က်ေနာ့္လက္ကို ဆြဲထားရင္း ဆရာ ဆက္သြားလို႔ မရေတာ့ဘူးလို႔ ေျပာခ်ိန္မွာပဲ ေသနတ္သံေတြ ဆူညံလာျပန္တယ္။ ေနာက္လွည့္ေျပးခဲ့ေပမယ့္ ၃၃ လမ္းထက္ ပိုေျပးမရေတာ့။ ၃၃ လမ္းထဲ ဝင္လိုက္တယ္။ ဆူးေလတေလွ်ာက္မွာလည္း ေသနတ္သံေတြ တေဖာင္းေဖာင္း တဒိုင္းဒိုင္းသံေတြ။ ဝွီခနဲ ဝွစ္ခနဲ ႐ႊီခနဲ က်ည္ဆန္ေတြ ေျပးေနသံ။ က်ေနာ္ ေရေျမာင္းထဲ ဆင္းဝပ္ေနတယ္။ ေခါင္းမေထာင္ရဲဘူး။ ေဖ်ာက္ခနဲ ေဖ်ာက္ခနဲ ေသနတ္သံ က်ဲသြားေတာ့မွ ေဘးကိုၾကည့္ေတာ့ က်ေနာ့္ေဘးမွာ ႐ုပ္ရွင္မင္းသား ထြန္းထြန္းဝင္း။ သူလည္း က်ေနာ့္ကို ၿပဳံးျပရင္း ေခါင္းညိတ္ၿပီး ေျမာင္းထဲက ၿပိဳင္တူထလိုက္ၾကတယ္။ ဆရာဦးလွတင္ အေလာင္းေကာက္ဖို႔ စိတ္ေစာၿပီး သိမ္ျဖဴလမ္းဆီ ေလွ်ာက္လာေပမယ့္ လမ္း ၄၀ အေရာက္မွာ ပစ္ခတ္သံေတြ ထြက္လာတဲ့အတြက္ လမ္း ၄၀ ထဲ ဝင္ေျပးရျပန္ေရာ။ လမ္း ၄၀ တေလွ်ာက္ ေအာက္ဘက္ ဆက္ေလွ်ာက္လာစဥ္မွာပဲ မဟာဗႏၶဳလမ္းတေလွ်ာက္ ပန္းၿခံဘက္မွာလည္း ေသနတ္သံေတြ ရပ္လိုက္ ပစ္လိုက္နဲ႔။ ဘားလမ္း (ပန္းၿခံလမ္း) ကို ျဖတ္မရေတာ့။ ျမင္ကြင္းက တကယ့္ဝ႐ုန္းသုန္းကား။ က်ေနာ္ေရာက္ေတာ့ ပစ္ခတ္သံေတြ က်ိဳးတိုးက်ဲတဲ။ လဲေနသူေတြက အတုံးအ႐ုံး။ ေသြးအလိမ္းလိမ္း။ အလံတခ်ိဳ႕ ျပန႔္က်ဲ၊ တခ်ိဳ႕က အလံ ဆုပ္ကိုင္ထားဆဲ၊ အသက္ရွိေတာ့ဟန္ မတူ။ အျဖဴအစိမ္းဝတ္ ကေလးေတြ။ အလုံလမ္းတေလွ်ာက္မွာ ေတြ႕ခဲ့ရတဲ့ ကေလးေတြမ်ား ျဖစ္ေနေလမလား။ ေသနတ္သံ ခဏစဲသြားခ်ိန္မွာ ၾကက္ေျခနီအလံ ထူထားတဲ့ ကားတစီးနဲ႔ လူငယ္တစု (ေနာင္တြင္ ေဆးတကၠသိုလ္ ၁/၂ မွ ေက်ာင္းသားမ်ားဟု သိရ) တို႔က အေလာင္းေကာက္၊ လူနာ သယ္ယူေနတယ္။ ေသနတ္သံေတြၾကားထဲက မေၾကာက္မ႐ြံ႕ ကယ္လို႔ရသမွ် ကယ္ေနၾကဟန္ပဲ။ ကိုယ့္အသက္ကိုယ္ ပဓာနမထား စြန႔္ရဲသူေတြ။ ရဲေဘာ္ရဲဘက္စိတ္ဆိုတာ ဒါပဲ ထင္ပါရဲ႕။ အတန္ၾကာ ေစာင့္ၾကည့္ေနရင္း ေသနတ္သံေတြ ရပ္သြားေတာ့ အျခားလူေတြနဲ႔အတူ အိမ္ႀကိဳအိမ္ၾကားေတြထဲက ျဖတ္သန္းရင္း သရက္ေတာေက်ာင္းတိုက္ဆီ ျပန္ေရာက္လာခဲ့တယ္။ ေက်ာင္းတိုက္မွာ လူသူရွင္းေနၿပီ။ ဒီေတာ့ သက္ျပင္းတခ်က္ခ်ရင္း တကၠသိုလ္ေက်ာင္းဆီကို ေျခဦးလွည့္ ထြက္ခြာလာခဲ့ပါေတာ့တယ္။ လမ္းတေလွ်ာက္မွာေတာ့ ဆရာဦးလွတင္ အေလာင္းလည္း မေကာက္ႏိုင္ခဲ့၊ ေသနတ္ပစ္ခံရတဲ့ ကေလးေတြကိုလည္း မကယ္ႏိုင္ခဲ့။ ေက်ာင္းသားေလးေတြ ခ်ီတက္ျခင္းကိုေတာင္ ရေအာင္ မတားႏိုင္ခဲ့ျခင္းကိုပင္ စိတ္မွာ မတင္မက် ျဖစ္ေနမိတယ္။ က်ေနာ္ဟာ သတၱိနည္းခဲ့သူတေယာက္အျဖစ္ တစိမ့္စိမ့္ ခံစားေနမိပါတယ္။ ဘာပဲျဖစ္ျဖစ္ အခုေတာ့ သမိုင္းမဝင္ စာမတင္ႏိုင္ခဲ့တဲ့ အညတရ သူရဲေကာင္းတို႔အတြက္ ဂုဏ္ျပဳတင္ဆက္ အေလးျပဳလိုက္ရပါတယ္။ အညတရ သူရဲေကာင္းအားလုံး ေကာင္းရာသုဂတိ ေရာက္ႏိုင္ၾကပါေစ…။ ထြန္းေဇာ္ေဌး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024