DVB Logo
Home
မြန်မာသတင်း
မြို့ ၆ မြို့ရဲ့မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ
DVB
·
August 7, 2019
မြို့ ၆ မြို့ရဲ့မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ
Donate to DVB

မြို့ ၆ မြို့ရဲ့မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပြီး မြို့ ၃ မြို့ကတော့ စိုးရိမ်ရေမှတ်ရောက်ဖို့ နီးစပ်နေတယ်လို့ မိုးဇလက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ် ၁၀၇၀ ကနေ ၁၂၁၆ စင်တီမီတာ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့ရဲ့ စိုးရိမ်ရေမှတ် ၇၀၀ ကနေ ၈၁၄ စင်တီမီတာ၊ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ် ၇၅၀ ကနေ ၈၃၃ စင်တီမီတာ၊ သောင်ရင်းမြစ်ရေဟာ မြ၀တီမြို့ရဲ့ စိုးရိမ်ရေမှတ် ၄၆၃ ကနေ ၄၈၈ စင်တီမီတာ၊ ငဝန်မြစ်ရေဟာ သာပေါင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ၆၂၀ ကနေ ၆၂၉ စင်တီမီတာ၊ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၀၂၂ ကနေ ၁၀၃၅ စင်တီမီအထိ အသီးသီးကျော်လွန်နေတယ်လို့ ဆိုပါတယ်။

စိုးရိမ်ရေမှတ် ရောက်ဖို့ နီးစပ်နေတဲ့ မြို့တွေကတော့ ငါးသိုင်းချောင်းမြို့၊ ပုသိမ်မြို့နဲ့ မအူပင်မြို့တို့ ဖြစ်ပါတယ်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ နောက် ၁၂ နာရီအတွင်း ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ် ရောက်ရှိနိုင်ပြီး အိန္ဒိယနိုင်ငံ၊ ဩရိဿ ကမ်းခြေကို ဘလာဆောမြို့ (Blasore) အနီးမှ ဖြတ်ကျော်ဝင်ရောက်မယ်လို့ ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းငယ်အရှိန်ကြောင့် လေပြင်းတိုက် မိုးသည်းထန်စွာရွာသွန်းပြီး လျှပ်တစ်ပြက်ရေကြီး၊ မြေပြိုခြင်းတွေ ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီးနဲ့  မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှု၊ ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလက တိုက်တွန်းထားပါတယ်။

ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေနဲ့ ကြိုတင်သတိပြုကြဖို့လည်း အကြံပြုထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ၿမိဳ႕ ၆ ၿမိဳ႕ရဲ႕ျမစ္ေရ စိုးရိမ္ေရမွတ္အထက္ ေက်ာ္လြန္ေန

DVB

ၿမိဳ႕ ၆ ၿမိဳ႕ရဲ႕ျမစ္ေရဟာ စိုးရိမ္ေရမွတ္အထက္ကို ေက်ာ္လြန္ေနၿပီး ၿမိဳ႕ ၃ ၿမိဳ႕ကေတာ့ စိုးရိမ္ေရမွတ္ေရာက္ဖို႔ နီးစပ္ေနတယ္လို႔ မိုးဇလက ဒီေန႔မနက္ ထုတ္ျပန္ပါတယ္။

စစ္ေတာင္းျမစ္ေရဟာ မေဒါက္ၿမိဳ႕ရဲ႕ စိုးရိမ္ေရမွတ္ ၁၀၇၀ ကေန ၁၂၁၆ စင္တီမီတာ၊ ေ႐ႊက်င္ျမစ္ေရဟာ ေ႐ႊက်င္ၿမိဳ႕ရဲ႕ စိုးရိမ္ေရမွတ္ ၇၀၀ ကေန ၈၁၄ စင္တီမီတာ၊ သံလြင္ျမစ္ေရဟာ ဘားအံၿမိဳ႕ရဲ႕ စိုးရိမ္ေရမွတ္ ၇၅၀ ကေန ၈၃၃ စင္တီမီတာ၊ ေသာင္ရင္းျမစ္ေရဟာ ျမ၀တီၿမိဳ႕ရဲ႕ စိုးရိမ္ေရမွတ္ ၄၆၃ ကေန ၄၈၈ စင္တီမီတာ၊ ငဝန္ျမစ္ေရဟာ သာေပါင္းၿမိဳ႕ရဲ႕ စိုးရိမ္ေရမွတ္ ၆၂၀ ကေန ၆၂၉ စင္တီမီတာ၊ ဘီးလင္းျမစ္ေရဟာ ဘီးလင္းၿမိဳ႕ရဲ႕ စိုးရိမ္ေရမွတ္ ၁၀၂၂ ကေန ၁၀၃၅ စင္တီမီအထိ အသီးသီးေက်ာ္လြန္ေနတယ္လို႔ ဆိုပါတယ္။

စိုးရိမ္ေရမွတ္ ေရာက္ဖို႔ နီးစပ္ေနတဲ့ ၿမိဳ႕ေတြကေတာ့ ငါးသိုင္းေခ်ာင္းၿမိဳ႕၊ ပုသိမ္ၿမိဳ႕နဲ႔ မအူပင္ၿမိဳ႕တို႔ ျဖစ္ပါတယ္။

ဘဂၤလားပင္လယ္ေအာ္ အေနာက္ေျမာက္ပိုင္းတြင္ ျဖစ္ေပၚေနတဲ့ မုန္တိုင္းငယ္ဟာ ေနာက္ ၁၂ နာရီအတြင္း ပိုမိုအားေကာင္းလာကာ အားေကာင္းေသာမုန္တိုင္းငယ္ ေရာက္ရွိႏိုင္ၿပီး အိႏၵိယႏိုင္ငံ၊ ဩရိႆ ကမ္းေျခကို ဘလာေဆာၿမိဳ႕ (Blasore) အနီးမွ ျဖတ္ေက်ာ္ဝင္ေရာက္မယ္လို႔ ထုတ္ျပန္ထားပါတယ္။

မုန္တိုင္းငယ္အရွိန္ေၾကာင့္ ေလျပင္းတိုက္ မိုးသည္းထန္စြာ႐ြာသြန္းၿပီး လွ်ပ္တစ္ျပက္ေရႀကီး၊ ေျမၿပိဳျခင္းေတြ ျဖစ္ေပၚႏိုင္လို႔ ကုန္းျမင့္ေဒသအနီးနဲ႔  ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ားအနီး ေနထိုင္ၾကသူေတြအေနနဲ႔ ေျမၿပိဳမႈ၊ ေရႀကီး၊ ေရလွ်ံမႈမ်ား ျဖစ္ေပၚႏိုင္တာေၾကာင့္ ႀကိဳတင္သတိျပဳေနထိုင္ၾကဖို႔ မိုးဇလက တိုက္တြန္းထားပါတယ္။

ျပည္တြင္း ေလေၾကာင္းပ်ံသန္းေရး၊ ျမန္မာ့ကမ္း႐ိုးတန္းတေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္းေဝး ငါးဖမ္းေရယာဥ္မ်ား၊ သေဘၤာမ်ားအေနနဲ႔ ႀကိဳတင္သတိျပဳၾကဖို႔လည္း အႀကံျပဳထားပါတယ္။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013