DVB Logo
Home
Lead Story
နေတိုးနှင့် ဝါရင့်သရုပ်ဆောင်များစွာပါဝင်သည့် ‘နိုင်ငံကြီးသား’ရုပ်ရှင် သြဂုတ် ၈ ရက် ရုံတင်မည် (နမူနာ)
DVB
·
August 7, 2019
နေတိုးနှင့် ဝါရင့်သရုပ်ဆောင်များစွာပါဝင်သည့် ‘နိုင်ငံကြီးသား’ရုပ်ရှင် သြဂုတ် ၈ ရက် ရုံတင်မည် (နမူနာ)
Donate to DVB

သရုပ်ဆောင်မင်းသား နေတိုးအပါအဝင် နာမည်ကြီးသရုပ်ဆောင်တွေ အများကြီး ပါဝင်ထားကြတဲ့ မြန်မာရုပ်ရှင် ‘နိုင်ငံကြီးသား’ ကို သြဂုတ် ၈ ရက် ရုံတင် ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ အားမာန်ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး မောင်မြတ်ဆွေရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ စတီးလ်က ရိုက်ကူးပုံဖော်ပေးထားတာပါ။

ဒီကားထဲမှာတော့ လတ်တလော အခြေအနေတွေကို ထင်ဟပ်ပြသနေတဲ့ တကယ် အမှားလုပ်နေတဲ့သူတွေကို ဆွဲထုတ်ပြီး အမှန်တရားကို ဖော်ထုတ်ပြသဖို့၊ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရ ဆိုတဲ့ စကားအတိုင်း ဘယ်လို ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ဖန်တီးထားမလဲ ဆိုတာကို ပရိသတ်တွေက စောင့်မျှော်အားပေးကြရမှာ ဖြစ်ပါတယ်။ 

ဒီကားထဲမှာ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသား နေတိုးနဲ့အတူ တခြား နာမည်ကြီး သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေ ထက်လင်း၊ ရွှေသမီး၊ အော်န်ဆိုင်းစတဲ့ သရုပ်ဆောင်တွေအပြင် တခြားသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်အားဖြည့်ထားကြတာပါ။

နိုင်ငံကြီးသား ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကား Trailer ဟာ လတ်တလောမှာတော့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။




ေနတိုးႏွင့္ ဝါရင့္သ႐ုပ္ေဆာင္မ်ားစြာပါဝင္သည့္ ‘ႏိုင္ငံႀကီးသား’႐ုပ္ရွင္ ၾသဂုတ္ ၈ ရက္ ႐ုံတင္မည္ (နမူနာ)
ဒီဗြီဘီ
သ႐ုပ္ေဆာင္မင္းသား ေနတိုးအပါအဝင္ နာမည္ႀကီးသ႐ုပ္ေဆာင္ေတြ အမ်ားႀကီး ပါဝင္ထားၾကတဲ့ ျမန္မာ႐ုပ္ရွင္ ‘ႏိုင္ငံႀကီးသား’ ကို ၾသဂုတ္ ၈ ရက္ ႐ုံတင္ ျပသေတာ့မွာ ျဖစ္ပါတယ္။

ဒီကားကိုေတာ့ အားမာန္႐ုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္လိုက္တာျဖစ္ၿပီး ေမာင္ျမတ္ေဆြရဲ႕ ဇာတ္ၫႊန္းကို ဒါ႐ိုက္တာ စတီးလ္က ႐ိုက္ကူးပုံေဖာ္ေပးထားတာပါ။

ဒီကားထဲမွာေတာ့ လတ္တေလာ အေျခအေနေတြကို ထင္ဟပ္ျပသေနတဲ့ တကယ္ အမွားလုပ္ေနတဲ့သူေတြကို ဆြဲထုတ္ၿပီး အမွန္တရားကို ေဖာ္ထုတ္ျပသဖို႔၊ ဥပေဒအထက္မွာ ဘယ္သူမွ မရွိေစရ ဆိုတဲ့ စကားအတိုင္း ဘယ္လို ဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔ ပုံေဖာ္ဖန္တီးထားမလဲ ဆိုတာကို ပရိသတ္ေတြက ေစာင့္ေမွ်ာ္အားေပးၾကရမွာ ျဖစ္ပါတယ္။

ဒီကားထဲမွာ ပရိသတ္အခ်စ္ေတာ္ သ႐ုပ္ေဆာင္မင္းသား ေနတိုးနဲ႔အတူ တျခား နာမည္ႀကီး သ႐ုပ္ေဆာင္ မင္းသား မင္းသမီးေတြ ျဖစ္ၾကတဲ့ မင္းေမာ္ကြန္း၊ ထြန္းထြန္း၊ ေန ထက္လင္း၊ ေ႐ႊသမီး၊ ေအာ္န္ဆိုင္းစတဲ့ သ႐ုပ္ေဆာင္ေတြအျပင္ တျခားသ႐ုပ္ေဆာင္ေတြလည္း အမ်ားႀကီး ပါဝင္အားျဖည့္ထားၾကတာပါ။

ႏိုင္ငံႀကီးသား ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၅ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ သမၼတ ႐ုပ္ရွင္႐ုံမွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

ဒီ႐ုပ္ရွင္ကား Trailer ဟာ လတ္တေလာမွာေတာ့ ေဖ့စ္ဘြတ္ခ္ေပၚမွာ ဝင္ေရာက္ ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၃ သန္းေက်ာ္ ရွိေနခဲ့တာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013