DVB Logo
Home
မြန်မာသတင်း
ရခိုင် စစ်ရှောင်များအတွက် စားနပ်ရိက္ခာများ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း လှူဒါန်း
DVB
·
August 7, 2019
ရခိုင် စစ်ရှောင်များအတွက် စားနပ်ရိက္ခာများ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း လှူဒါန်း
1 / 8
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း တပ်မတော်နဲ့ အေအေတပ်တို့ တိုက်ပွဲတွေကြောင့် ဘုန်းကြီးကျောင်း ၃ ကျောင်းမှာ ခိုလှုံရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဖောင်ဒေးရှင်း တာဝန်ခံ ဒေါက်တာသန့်သော်ကောင်းက ပြောပါတယ်။ 

အိမ်ထောင်စု ၂၇၆ စု၊ လူဦးရေ ၉၉၈ ဦးတို့အတွက် ကြက်သွန်နီ၊ ဆီ၊ ဆား၊ ငရုတ်သီး စတဲ့ စားနပ်ရိက္ခာတွေကို သြဂုတ် ၅ ရက်နေ့က သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့တယ်လို့ ဆိုပါယ်။

အခု ထောက်ပံ့လှူဒါန်းမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး အိမ်ထောင်စု တစုလျှင် ၁ လီတာ ဆီ ၂ ဘူး၊ ဆား ၁ ထုပ်၊ ကြက်သွန်နီ ၁ ပိဿာ၊ ငရုတ်သီးကြမ်းမှုန့် ၁၀ ထုပ်နှုန်း၊ စုစုပေါင်း ကြက်သွန်နီ ၂၇၆ ပိဿာ၊ ၁ လီတာ ဆီ ၅၆၀ ဘူး၊ ဆား ၂၇၆ ထုပ်၊ ငရုတ်သီးကြမ်းမှုန့် ၂၇၆၀ ထုပ် စုစုပေါင်းတန်ဖိုး ၁၇ သိန်းကျော် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။




DVB



Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013