Home
မြန်မာသတင်း
မိုးညှင်းမြို့တွင် လေဆင်နှာမောင်းပုံစံ လေပြင်းတိုက်၊ အိမ် ၂၂ လုံး ပြိုကျ
DVB
·
August 6, 2019
ကချင်ပြည်နယ် မိုးညှင်းမြို့နဲ့ ၈ မိုင်ခန့် ကွာဝေးတဲ့ အုံးစံဆိုင်ရွာမှာ သြဂုတ် ၅ ရက်ည ၉ နာရီလောက်ကနေ ၁၂ နာရီလောက်အထိ လေဆင်နှာမောင်းပုံစံ လေပြင်းတိုက်ခတ်ပြီး မိုးကြိုးပစ် မိုးရွာသွန်းခဲ့ပါတယ်။  အဲဒီလေပြင်းအတွင်း ကျေးရွာထဲက အိမ် ၂၂ လုံး ပြိုကျခဲ့ပြီး အမိုးတွေ လွင့်ပါသွားသလို စပါးကျီတိုက်တွေလည်း ပျက်စီးကုန်တယ်လို့ ရွာသားတွေက ပြောပါတယ်။ နှစ်ပေါင်း ၆၀ ကျော်အတွင်း ဒီတခါ လေပြင်းတိုက်တာမျိုး မကြုံခဲ့ဖူးဘူးလို့ ဒေသခံ ဦးဘရွှေက ပြောပါတယ်။  အိမ်ပြိုလဲသူ ဒေါ်မြင့်ဌေးက “ည ၁၁ နာရီလောက်တော့ အိမ်ကြီး ပြိုလဲသွားပါတယ်။ အပြေးသန်လို့သာ လူတွေ မထိခိုက်တာပါ။ သူများအိမ်မှာ သွားစုနေခဲ့ရပါတယ်” လို့ ပြောပါတယ်။ “လျှပ်စစ်မီးကြိုးတွေ မီးပွင့်ကုန်တယ်၊ အိမ်ခေါင်မိုးသွပ်တွေက နေရာအနှံ့ လွင့်ကုန်တယ်၊ လေပွေလို တိုက်ခတ်သွားပါတယ်” လို့ ရွာသား ဦးမြအောင်က ဆိုပါတယ်။ ဒီကနေ့မနက်မှာတော့ အဲဒီကျေးရွာကို မြို့နယ်ထွေအုပ်၊ ရဲတပ်ဖွဲ့၊ မီးသတ်အဖွဲ့တွေ သွားရောက်စစ်ဆေးကာ ကူညီဆောင်ရွက်ပေးနေကြပါတယ်။ သတင်း - မုန်းမုန်းမင်း ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version မိုးညႇင္းၿမိဳ႕တြင္ ေလဆင္ႏွာေမာင္းပုံစံ ေလျပင္းတိုက္၊ အိမ္ ၂၂ လုံး ၿပိဳက် DVB ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕နဲ႔ ၈ မိုင္ခန႔္ ကြာေဝးတဲ့ အုံးစံဆိုင္႐ြာမွာ ၾသဂုတ္ ၅ ရက္ည ၉ နာရီေလာက္ကေန ၁၂ နာရီေလာက္အထိ ေလဆင္ႏွာေမာင္းပုံစံ ေလျပင္းတိုက္ခတ္ၿပီး မိုးႀကိဳးပစ္ မိုး႐ြာသြန္းခဲ့ပါတယ္။ အဲဒီေလျပင္းအတြင္း ေက်း႐ြာထဲက အိမ္ ၂၂ လုံး ၿပိဳက်ခဲ့ၿပီး အမိုးေတြ လြင့္ပါသြားသလို စပါးက်ီတိုက္ေတြလည္း ပ်က္စီးကုန္တယ္လို႔ ႐ြာသားေတြက ေျပာပါတယ္။ ႏွစ္ေပါင္း ၆၀ ေက်ာ္အတြင္း ဒီတခါ ေလျပင္းတိုက္တာမ်ိဳး မႀကဳံခဲ့ဖူးဘူးလို႔ ေဒသခံ ဦးဘေ႐ႊက ေျပာပါတယ္။ အိမ္ၿပိဳလဲသူ ေဒၚျမင့္ေဌးက “ည ၁၁ နာရီေလာက္ေတာ့ အိမ္ႀကီး ၿပိဳလဲသြားပါတယ္။ အေျပးသန္လို႔သာ လူေတြ မထိခိုက္တာပါ။ သူမ်ားအိမ္မွာ သြားစုေနခဲ့ရပါတယ္” လို႔ ေျပာပါတယ္။ “လွ်ပ္စစ္မီးႀကိဳးေတြ မီးပြင့္ကုန္တယ္၊ အိမ္ေခါင္မိုးသြပ္ေတြက ေနရာအႏွံ႔ လြင့္ကုန္တယ္၊ ေလေပြလို တိုက္ခတ္သြားပါတယ္” လို႔ ႐ြာသား ဦးျမေအာင္က ဆိုပါတယ္။ ဒီကေန႔မနက္မွာေတာ့ အဲဒီေက်း႐ြာကို ၿမိဳ႕နယ္ေထြအုပ္၊ ရဲတပ္ဖြဲ႕၊ မီးသတ္အဖြဲ႕ေတြ သြားေရာက္စစ္ေဆးကာ ကူညီေဆာင္႐ြက္ေပးေနၾကပါတယ္။ သတင္း - မုန္းမုန္းမင္း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024