Home
မြန်မာသတင်း
မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးကို အသနားခံစာများ စိစစ်ရေးကော်မတီ စစ်ဆေး
ဇေယျာချမ်းအေး
·
August 6, 2019
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီက မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးကို တတိယအကြိမ်အဖြစ် သြဂုတ်လ ၆ ရက်နေ့က ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ “တရားရုံးတွေ ဘက်မလိုက်ဖို့ မျက်နှာမလိုက်ဖို့ ရည်ရွယ်ပါတယ်။ အမှုတွေကို ဆွဲဆန့်တာတွေ ရှိနေတယ်။ တရားလိုတွေဘက်က တိုင်ကြားမှုတွေရှိလို့ စစ်ဆေးရတာပါ” လို့ ကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင်က ပြောပါတယ်။ ငွေကြေးတတ်နိုင်သူတွေက တရားရုံးတွေမှာ ထင်သလို လုပ်နေတာတွေ၊ ငွေကြေးမတတ်နိုင်တဲ့သူတွေ အချုပ်ထဲမှာ ကာလရှည် နေထိုင်နေရတာတွေ မရှိအောင်လည်း ဆောင်ရွက်ပေးဖို့ ကော်မတီက တရားရုံးကို တိုက်တွန်းပါတယ်။ “လူ့သဘာဝအရ ရှုံးတဲ့သူက မကျေနပ်လို့ တိုင်ကြားကြပါတယ်။ မှားလို့ ရှုံးရှုံး၊ မှန်လို့ ရှုံးရှုံး တိုင်ကြားတတ်ကြပါတယ်။ ဒီလို သဘာဝရှိပါတယ်” လို့ မင်္ဂတောင်ညွန့်မြို့နယ်တရားသူကြီး ဦးခင်ကျော်က ပြန်လည်ပြောဆိုပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္တရား႐ုံးကို အသနားခံစာမ်ား စိစစ္ေရးေကာ္မတီ စစ္ေဆး ေဇယ်ာခ်မ္းေအး ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ တရားစီရင္ေရး၊ ဥပေဒစိုးမိုးေရးနဲ႔ တိုင္ၾကားစာမ်ား၊ အသနားခံစာမ်ား စိစစ္ေရးေကာ္မတီက မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ တရား႐ုံးကို တတိယအႀကိမ္အျဖစ္ ၾသဂုတ္လ ၆ရက္ေန႔က ဝင္ေရာက္စစ္ေဆးခဲ့ပါတယ္။ “တရား႐ုံးေတြ ဘက္မလိုက္ဖို႔ မ်က္ႏွာမလိုက္ဖို႔ ရည္႐ြယ္ပါတယ္။ အမႈေတြကို ဆြဲဆန႔္တာေတြ ရွိေနတယ္။ တရားလိုေတြဘက္က တိုင္ၾကားမႈေတြရွိလို႔ စစ္ေဆးရတာပါ” လို႔ ေကာ္မတီဥကၠ႒ ဦးျမင့္လြင္က ေျပာပါတယ္။ ေငြေၾကးတတ္ႏိုင္သူေတြက တရား႐ုံးေတြမွာ ထင္သလို လုပ္ေနတာေတြ၊ ေငြေၾကးမတတ္ႏိုင္တဲ့သူေတြ အခ်ဳပ္ထဲမွာ ကာလရွည္ ေနထိုင္ေနရတာေတြ မရွိေအာင္လည္း ေဆာင္႐ြက္ေပးဖို႔ ေကာ္မတီက တရား႐ုံးကို တိုက္တြန္းပါတယ္။ “လူ႔သဘာဝအရ ရႈံးတဲ့သူက မေက်နပ္လို႔ တိုင္ၾကားၾကပါတယ္။ မွားလို႔ ရႈံးရႈံး၊ မွန္လို႔ ရႈံးရႈံး တိုင္ၾကားတတ္ၾကပါတယ္။ ဒီလို သဘာဝရွိပါတယ္” လို႔ မဂၤေတာင္ၫြန႔္ၿမိဳ႕နယ္တရားသူႀကီး ဦးခင္ေက်ာ္က ျပန္လည္ေျပာဆိုပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024