DVB Logo
Home
ရင်ဖွင့်စာ/ပေးစာ
ဧည့်စာရင်းအတွက် ငွေကြေးများစွာ ကောက်ခံနေမှု အရေးယူပေးပါ
DVB
·
December 7, 2012
ဧည့်စာရင်းအတွက် ငွေကြေးများစွာ ကောက်ခံနေမှု အရေးယူပေးပါ
Donate to DVB

တရုတ် နယ်စပ် ရွှေလီ၊ ဝမ်တိန်၊ ကျန်ဖုံနဲ့ ရင်ကျန်မြို့ပေါ်တွင် သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားများ အစုလိုက် အဖမ်းခံ နှင်ထုတ်ခံနေရပါတယ်။ ရွှေလီမြို့ ရဲဌာနအတွင်းမှာ လက်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားပေါင်း ၂၅၀၀ လောက် ချုပ်ထားခံရပါတယ်။ အဖမ်းဆီးများနေလို့ ကျနော်တို့နိုင်ငံ ပြန်တဲ့အခါမှာလည်း ဧည့်စာရင်းဒုက္ခ နဲ့ ကြုံတွေ့ရပုံကို တင်ပြလိုက်ရပါတယ်။

ကျနော်တို့ မူဆယ်မြို့မှာ ဧည့်စာရင်း တိုင်ကြားခြင်းမပြုရင်လည်း ဒဏ်ကြေးရိုက်နေပါတယ်။ မူဆယ်မြို့ပေါ် ရပ်ကွက် ၉ ခုမှာ တခုနဲ့ တခုငွေကြေးယူပုံမတူပါ။ တချို့ရပ်ကွက်တွေမှာ ဧည့်စာရင်း မတိုင်ပါက ကျပ် ၃,၀၀၀၊ ၅,၀၀၀ ဒဏ်ရိုက်နေပါတယ်။

အဆိုးဆုံးကတော့ အမှတ် ၉ တော်ရွတ်ရပ်ကွက် ဖြစ်ပါတယ်။ လူတဦးလျှင် ၁၀ ရက်စာ ဧည့်စာရင်းခ ၅၀၀ ကျပ်ကောက်ခံပါတယ်။ ရက်လွန် မတိုင်ပါက ၅,၀၀၀ ကျပ်ကစပြီး အခုနောက်ဆုံးအကြိမ် အမြင့်ဆုံး ကြေးအဖြစ် ရက်လွန် မတိုင်မိပါက ဧည့်သည် ၁ ဦးလျှင် ကျပ် ၄၀,၀၀၀၊ အိမ်ရှင်အတွက် ဧည့်သည်လက်ခံအဖြစ် ဧည့်သည် ၁ ဦးလျှင် ကျပ် ၂ သောင်းနှုန်း ဒဏ်ရိုက်ကောက်ခံနေပါတယ်။

အသက် ၆၀ ကျော် အမျိုးသမီးတဦးဆိုရင် ၁ ရက်တည်းနဲ့ ငွေကျပ် ၁ သိန်း ၅ သောင်းကျော် ဒဏ်ရိုက်ခံရလို့ ငွေတိုးပြေးရှာ ဆပ်ပေးခဲ့ရပါတယ်။ မပေးဆောင်နိုင်ပါက နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ပြီး အကျပ်ကိုင်ပါတယ်။

ဒါ့အပြင် ရပ်ကွက်ရန်ပုံငွေအဖြစ် ၁၀ ပေ ပတ်လည်အခန်း ၁ ခန်းလျှင် ကျပ် ၆ ထောင်နှုန်း ၁ နှစ်စာနဲ့ တွက်ပြီး ငွေကောက်ခံပြီးဖြစ်ပါတယ်။

ဒီအတွက်ကြောင့် ဧည့်စာရင်းတိုင်နေရမှုနဲ့ ငွေကြေးကောက်ခံနေမှုကို နိုင်ငံတော် ဒုတိယ သမ္မတကြီး ဒေါက်တာစိုင်းမောက်ခမ်းအနေနဲ့ အရေးယူပေးဖို့ ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။

မူဆယ်မြို့ ကုန်ထမ်းသမားတဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013