Home
မြန်မာသတင်း
ပေါင်မြို့နယ်တွင် လေဆင်နှာမောင်းကြောင့် နေအိမ် ၁၅ လုံး အမိုးလန် ပျက်စီး
DVB
·
August 5, 2019
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ရင်းငြိမ်မြောက် ကျေးရွာအုပ်စု၊ သဗြုချောင်ကျေးရွာမှာ သြဂုတ်လ ၄ ရက်နေ့ နေ့လယ်ပိုင်းက လေဆင်နှာမောင်း တိုက်ခတ်ခဲ့တာကြောင့် လူနေအိမ်တွေ ပျက်စီးခဲ့ပါတယ်။ သဗြုချောင်ကျေးရွာ ရပ်ကွက် ၅ မှာ နေထိုင်တဲ့ ကိုအောင်ထိုက်က “ကျနော်က ဒီမှာနေလာတာ ကြာပါပြီ။ တခါမှ ဒီလိုဖြစ်စဉ်မျိုး မကြုံဖူးဘူး။ ကျောင်းသားတွေ နေ့လယ် ထမင်းစားပြန်ပြီး ကျောင်းပြန်သွားတော့ လယ်ကွင်းအောက်ဘက်ကနေ မည်းမည်းအလုံးကြီး တက်လာတယ်။ ကျနော်လည်း ကြောက်ပြီး အပြင်ပြေးထွက်တာပေါ့။ တော်သေးလို့ အိမ်ခေါင်မိုးလောက်ပဲ လန်သွားတာ။ အိမ်ပါပြိုသွားရင်တော့ ဘဝပျက်ပါပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။ လေဆင်နှာမောင်း တိုက်ခတ်ခဲ့တာကြောင့် လူနေအိမ် ၁၄ လုံးအနက် တချို့မှာ အိမ်လုံးကျွတ် သွပ်ခေါင်မိုးတွေ လန်ထွက်ခဲ့ပြီး တချို့မှာ အိမ်ခေါင်မိုးသွပ် အနည်းငယ်သာ လန်ထွက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပေါင်မြို့နယ်၊ ရင်းငြိမ်မြောက် ကျေးရွာအုပ်စု၊ သဗြုချောင်ကျေးရွာရှိ ရပ်ကွက် ၅ နဲ့ ရပ်ကွက် ၈ အကြားမှာ သြဂုတ် ၄ ရက်နေ့ နေ့လယ်ပိုင်းက လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်တာကြောင့် လူနေအိမ်ခေါင်မိုးတွေ ပျက်စီးဆုံးရှုံးခဲ့တာပါ။ ရင်းငြိမ်မြောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်က “အခုလိုဖြစ်စဉ်မျိုးက လွန်ခဲ့တဲ့ ၆ နှစ်လောက်က ကုလားချောင်ဘက်မှာ ဖြစ်ဖူးပါတယ်။ ဒီလောက်တော့ မများဘူး။ အခုလည်း သက်ဆိုင်ရာတွေကို အကြောင်းကြားပြီး ကူညီထောက်ပံ့ရေးတွေ လုပ်ဆောင်ပေးသွားမှာပါ” လို့ ပြောပါတယ်။ လေဆင်နှာမောင်း တိုက်ခတ်ခဲ့တာကြောင့် လူနဲ့ တိရစ္ဆာန် ထိခိုက်မှုမရှိဘဲ ခန့်မှန်းတန်ဖိုးငွေ ကျပ် သိန်း ၂၂ သိန်းကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံး မှတ်တမ်းအရ သိရပါတယ်။ သတင်း - ယူမင်းစိုး ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #Zawgyi_version ေပါင္ၿမိဳ႕နယ္တြင္ ေလဆင္ႏွာေမာင္းေၾကာင့္ ေနအိမ္ ၁၅ လုံး အမိုးလန္ ပ်က္စီး DVB မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္ ရင္းၿငိမ္ေျမာက္ ေက်း႐ြာအုပ္စု၊ သျဗဳေခ်ာင္ေက်း႐ြာမွာ ၾသဂုတ္လ ၄ ရက္ေန႔ ေန႔လယ္ပိုင္းက ေလဆင္ႏွာေမာင္း တိုက္ခတ္ခဲ့တာေၾကာင့္ လူေနအိမ္ေတြ ပ်က္စီးခဲ့ပါတယ္။ သျဗဳေခ်ာင္ေက်း႐ြာ ရပ္ကြက္ ၅ မွာ ေနထိုင္တဲ့ ကိုေအာင္ထိုက္က “က်ေနာ္က ဒီမွာေနလာတာ ၾကာပါၿပီ။ တခါမွ ဒီလိုျဖစ္စဥ္မ်ိဳး မႀကဳံဖူးဘူး။ ေက်ာင္းသားေတြ ေန႔လယ္ ထမင္းစားျပန္ၿပီး ေက်ာင္းျပန္သြားေတာ့ လယ္ကြင္းေအာက္ဘက္ကေန မည္းမည္းအလုံးႀကီး တက္လာတယ္။ က်ေနာ္လည္း ေၾကာက္ၿပီး အျပင္ေျပးထြက္တာေပါ့။ ေတာ္ေသးလို႔ အိမ္ေခါင္မိုးေလာက္ပဲ လန္သြားတာ။ အိမ္ပါၿပိဳသြားရင္ေတာ့ ဘဝပ်က္ပါၿပီ” လို႔ ဒီဗြီဘီကို ေျပာပါတယ္။ ေလဆင္ႏွာေမာင္း တိုက္ခတ္ခဲ့တာေၾကာင့္ လူေနအိမ္ ၁၄ လုံးအနက္ တခ်ိဳ႕မွာ အိမ္လုံးကြၽတ္ သြပ္ေခါင္မိုးေတြ လန္ထြက္ခဲ့ၿပီး တခ်ိဳ႕မွာ အိမ္ေခါင္မိုးသြပ္ အနည္းငယ္သာ လန္ထြက္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေပါင္ၿမိဳ႕နယ္၊ ရင္းၿငိမ္ေျမာက္ ေက်း႐ြာအုပ္စု၊ သျဗဳေခ်ာင္ေက်း႐ြာရွိ ရပ္ကြက္ ၅ နဲ႔ ရပ္ကြက္ ၈ အၾကားမွာ ၾသဂုတ္ ၄ ရက္ေန႔ ေန႔လယ္ပိုင္းက ေလဆင္ႏွာေမာင္း ဝင္ေရာက္တိုက္ခတ္တာေၾကာင့္ လူေနအိမ္ေခါင္မိုးေတြ ပ်က္စီးဆုံးရႈံးခဲ့တာပါ။ ရင္းၿငိမ္ေျမာက္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးထြန္းျမင့္က “အခုလိုျဖစ္စဥ္မ်ိဳးက လြန္ခဲ့တဲ့ ၆ ႏွစ္ေလာက္က ကုလားေခ်ာင္ဘက္မွာ ျဖစ္ဖူးပါတယ္။ ဒီေလာက္ေတာ့ မမ်ားဘူး။ အခုလည္း သက္ဆိုင္ရာေတြကို အေၾကာင္းၾကားၿပီး ကူညီေထာက္ပံ့ေရးေတြ လုပ္ေဆာင္ေပးသြားမွာပါ” လို႔ ေျပာပါတယ္။ ေလဆင္ႏွာေမာင္း တိုက္ခတ္ခဲ့တာေၾကာင့္ လူနဲ႔ တိရစာၦန္ ထိခိုက္မႈမရွိဘဲ ခန႔္မွန္းတန္ဖိုးေငြ က်ပ္ သိန္း ၂၂ သိန္းေက်ာ္ဖိုး ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး႐ုံး မွတ္တမ္းအရ သိရပါတယ္။ သတင္း - ယူမင္းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024