Home
မေးမြန်းခန်း
မြေယာပြဿနာ (ဥပဒေရေးရာ အမေးအဖြေ)
DVB
·
August 3, 2019
မြေယာပြဿနာနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်က မေးမြန်းလာတာတွေကို ဦးဇော်မင်း (မြေယာဥပဒေနှင့် မြေယာ စီမံခန့်ခွဲရေး လုပ်ထုံးလုပ်နည်းများ အတိုင်ပင်ခံ ) အား ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - ကျနော်တို့ သူငယ်ချင်းနှစ်ယောက်က ပုံစံ-၇ ကျပြီးသား လယ်ယာမြေကို နှစ်ဦးစပ်တူ အရောင်းအဝယ် ပြုထားပါတယ်။ နှစ်ဦးစပ် ဖြစ်တဲ့အတွက် ပုံစံ-၇ ကို အုပ်ချုပ်ရေးမှူးက သိမ်းထားပါတယ်။ အခုချိန်မှာ ဝယ်ထားသူ ကာယကံရှင် နှစ်ဦးက ပြန်တောင်းတော့ အုပ်ချုပ်ရေးမှူးက ပြန်မပေးပါဘူး။ ဘယ်လို ဆက်လက်ဆောင်ရွက်ရမလဲ ဆိုတာကို အကြံပြုစေချင်ပါတယ်။  ဖြေ - မေးထားသည့် မေးခွန်းက မရှင်းပါဘူး။ ဘယ်တုန်းက ဝယ်ထားတာလဲ၊ ဘာကြောင့် ရောင်းသူထံက ပုံစံ ၇ ကို ဝယ်သူများက မရဘဲ အုပ်ချုပ်ရေးမှူးက သိမ်းထားတာလဲ၊ အမှန်ကတော့ ရောင်းသူနှင့် ဝယ်သူအကြား ပုံစံ−၇ အလွှဲအပြောင်း လုပ်တာကို အုပ်ချုပ်ရေးမှူးက သိမ်းထားစရာ အကြောင်း မရှိပါဘူး။ တစ်ခုခု မှားနေပါတယ်။ ငွေကြေး စရိတ်စက အကုန်အကျခံ ဝယ်ထားပြီးမှတော့ ပိုင်ရှင်ထံမှ ပုံစံ−၇ ကို ဝယ်သူက ရယူထားလေ့ ရှိပါတယ်။ ဘာကြောင့် သိမ်းသလဲ၊ မြေပေါ်မှာ ဝယ်သူတွေ လက်ရှိ လက်ရောက်ရထား မထား..စသည့် အချက်များ ပါခဲ့လျှင် ဆွေးနွေးရတာ ပိုပြည့်စုံပါမယ်။ လယ်ယာမြေဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (ခ) မှာ “လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူသည် လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့် ရရှိစေရမည်”..ဟု ပြဋ္ဌာန်းထားပေမယ့် ဥပဒေ ပြဋ္ဌာန်းခဲ့သည့် ၂၀၁၂ မှ ယခုထိ တရားဝင် အရောင်းအဝယ် အလွှဲအပြောင်း မဆောင်ရွက်နိုင်ခဲ့ကြပါဘူး။ တရားမဝင် လွှဲပြောင်းမှု Illegally Transaction သဘောသာ ဖြစ်နေပါတယ်။ နည်းဥပဒေ ၂၄၊ နည်းဥပဒေ ၂၅ ပါ အချက်များနှင့်အညီ ဆောင်ရွက် လွှဲပြောင်းခြင်း မလုပ်နိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုလျှင် လယ်ယာမြေ လုပ်ပိုင်ခွင့် လွှဲပြောင်းရောင်းချခြင်း လုပ်ငန်းစဉ်တွင် အရေးကြီးဆုံးဖြစ်သည့် လယ်ယာမြေ လုပ်ပိုင်ခွင့်အား လွှဲပြောင်း ချုပ်ဆိုသည့် စာချုပ်၌ သတ်မှတ် တံဆိပ်ခေါင်းခွန် ထမ်းဆောင်နိုင်ရေးအတွက် လယ်ယာမြေဥပဒေ ပုဒ်မ ၁၈ ပါ လယ်ယာမြေ၏ ဒေသန္တရတန်ဖိုးအား သတ်မှတ်ပေးရမည့် လယ်စီအဖွဲ့ မည်သည့်အဖွဲ့ ဖြစ်သည်ကို တာဝန်ပေးအပ်မှုနှင့် လုပ်ငန်းညွှန်ကြားချက်များ မရှိသေးသည့်အတွက် ဖြစ်ပါတယ်။ လယ်ယာမြေ လွှဲပြောင်း ရောင်းဝယ်မှုများ ရှိနေလင့်ကစား တံဆိပ်ခွန်ထမ်းဆောင်၍ တရားဝင် စာချုပ် ချုပ်ဆိုခြင်း၊ ယင်းစာချုပ်အား ဦးစီးဌာနတွင် မှတ်ပုံတင်ပေးခြင်း၊ အဆိုပါ မှတ်ပုံတင်စာချုပ်အရ လုပ်ပိုင်ခွင့်ရရှိသူ အမည် ပြောင်းလဲပေးခြင်းများ  မလုပ်နိုင်ခဲ့ပါ။ ယခုအခါ လယ်ယာမြေလုပ်ပိုင်ခွင့်အား ရောင်း၊ ပေါင်၊ ငှား၊ လဲလှယ်၊ ပေးကမ်းခြင်း ကိစ္စများအတွက် ပုဒ်မ ၉၊ ပုဒ်မခွဲ (ခ) ပါ အခွင့်အရေးများ ရရှိစေရန် ဗဟိုလယ်စီအဖွဲ့မှ (၁၆-၅-၂၀၁၉) ရက်စွဲဖြင့် ညွှန်ကြားချက် (၃) စောင် ထုတ်ပြန်ထားပါတယ်။ (က) လယ်ယာမြေဥပဒေ ပုဒ်မ ၁၈  ပါ ပြဋ္ဌာန်းချက်အရ လယ်ယာမြေ၏ ဒေသန္တရ တန်ဖိုး နှုန်းထား သတ်မှတ်ဆောင်ရွက်ရန် တာဝန်ကို မြို့နယ်လယ်စီအဖွဲ့သို့ တာဝန်ပေး အာဏာအပ်နှင်းသည့် ဗဟိုလယ်စီအဖွဲ့၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) ဖြစ်ပါတယ်။ (ခ) ထိုနောက် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း ဆောင်ရွက်ကြသည့်အခါ ကျေးရွာလယ်စီနှင့် မြို့နယ်လယ်စီတို့မှ စာချုပ် ချုပ်ဆို တင်ပြမှုများကို စိစစ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ညွှန်ကြားသည့် ဗဟိုလယ်စီအဖွဲ့၏ ညွှန်ကြားချက် အမှတ် ( ၃/၂၀၁၉) ဖြစ်ပါတယ်။ (ဂ) ထို့အပြင် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံ ခြင်း၊ ငှားရမ်းခြင်းများအတွက် စာချုပ်ချုပ်ဆို လွှဲပြောင်းမှုများကို လယ်ယာမြေဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ မှတ်ပုံတင်ပေးပြီးနောက် လက်ခံရရှိသူ အမည်ဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့် ပြောင်းလဲပေးခြင်း၊ နည်းလမ်း ညွှန်ကြားချက်အမှတ် (၄/၂၀၁၉) ဖြစ်ပါတယ်။ သို့ဖြစ်ရာ ယခုအခါတွင် (၁-၆-၂၀၁၉) နေ့ရက်မှ အစပြု၍ လယ်ယာမြေလုပ်ပိုင်ခွင့် ရောင်း၊ ပေါင်၊ ငှား၊ လဲလှယ်နှင့် ပေးကမ်းခြင်း စာချုပ်များကို မြို့နယ်လယ်စီအဖွဲ့မှ ဒေသန္တရ တန်ဖိုး စိစစ် သတ်မှတ်ပေးမည်ဖြစ်ပြီး ယင်းသတ်မှတ်သော ဒေသန္တရတန်ဖိုးအလိုက် ထိုက်သင့် တံဆိပ်ခေါင်းခွန်များ ကပ်နှိပ်ထားသည့် စာချုပ်များကို ရပ်ကျေးလယ်စီရှေ့မှောက်တွင် ချုုပ်ဆိုခြင်း၊ ယင်း စာချုပ်ကို မှတ်ပုံတင်ခပေးသွင်း၍ ဦးစီးဌာန (at DALMS Office, not in Registration Office) တွင် မှတ်ပုံတင်ခြင်း၊ ယင်းမှတ်ပုံတင်စာချုပ်အရ လုပ်ပိုင်ခွင့်ရသူ အမည်ပြောင်းခြင်းတို့ကို အဆိုပါ ညွှန်ကြားချက်များနှင့်အညီ စတင် ဆောင်ရွက်ပေးလျက် ရှိပါတယ်။ မေးခွန်းရှင်အနေဖြင့် မူလ နှစ်ဦးစပ်တူ အရောင်းအဝယ် ပြုခဲ့သည့် လယ်ယာမြေ လုပ်ပိုင်ခွင့်အတွက် ယခု စာချုပ်အသစ် ပြန်ချုပ်ဆိုရပါမယ်။ လယ်ယာမြေ၏ ဒေသန္တရ တန်ဖိုးကို မြို့နယ်လယ်စီက သတ်မှတ်ပေးသည့်အတိုင်း ထိုက်သင့်တံဆိပ်ခွန်များ ထမ်းဆောင်ရပါမယ်။ လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ-၇ ရခဲ့သူ၊ သို့မဟုတ် ၎င်း၏ တရားဝင် လွှဲအပ်ခြင်းခံရသော ကိုယ်စားလှယ်၊ သက်သေ ၂ ဦးတို့ဖြင့် တံဆိပ်ခွန် ထမ်းဆောင်ထားသော စာချုပ်ဖြင့် ရပ်ကျေး လယ်စီအဖွဲ့ ရှေ့မှောက်တွင် လယ်ယာမြေလုပ်ပိုင်ခွင့် အရောင်းအဝယ် စာချုပ် ပြန်လည် ချုပ်ဆို ရပါမည်။ ရပ်ကျေးလယ်စီမှ စိစစ် ချုပ်ဆိုခွင့်ပြုပြီးပြီးမှသာ ယင်းစာချုပ်ကို ဦးစီးဌာနတွင် မှတ်ပုံတင်ခြင်း၊ မိမိတို့ ၂ ဦး အမည်သို့ ပြောင်းလဲပေးရန် ပုံစံ-၇ အမည်ပြောင်းခြင်းတို့ ဆက်လက် ဆောင်ရွက်ရန် ဖြစ်ပါတယ်။  မေး - စားကျက်မြေပေါ်မှာ ကျုးကျော်တယ် ဆိုပြီး ကျနော် အပါအဝင် လူငါးဆယ်လောက်ကို ပုဒ်မ ၅၉ နဲ့ တရားစွဲထားပါတယ်။ စားကျက်မြေဆိုတာ ဘာလဲ။ ပုဒ်မ ၅၉ ဆိုတာ ဘာလဲ။ တကယ်လို့ ပြစ်ဒဏ်ချမယ်ဆိုရင် ဘယ်လောက်အထိ ကျခံရမလဲဆိုတာကို သိပါရစေ ဆရာ။ ဖြေ - အမေးတွင်ပါရှိသော ပုဒ်မ ၅၉ အရ အရေးယူသည် ဆိုခြင်းမှာ အကြားမှားခြင်း ဖြစ်ပါမည်။ အောက်မြန်မာပြည် မြေနှင့်အခွန်တော် နည်းဥပဒေ ၆၉ ဖြစ်ပါလိမ့်မည်။ စားကျက်မြေဆိုတာ ကျွဲ၊ နွား စားကျက်မြေကို ဆိုလိုခြင်း ဖြစ်ပါတယ်။ မြေနှင့် အခွန်တော် ဥပဒေများမှာ Grazing Ground ဟု ဖော်ပြ သတ်မှတ်ပါတယ်။ အောက်မြန်မာပြည် မြေနှင့် အခွန်တော် ဥပဒေ၊ နည်းဥပဒေ ၆၆ မှ ၇၁ အထိတွင်လည်းကောင်း၊ အထက်မြန်မာပြည် မြေနှင့် အခွန်တော် စည်းမျဉ်းဥပဒေ၊ နည်းဥပဒေ ၇၅ မှ ၇၉ အထိတွင် လည်းကောင်း ကျွဲ၊ နွား စားကျက်မြေများ သတ်မှတ်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်းများအတွက် ပြဋ္ဌာန်းချက်များ သတ်မှတ်ခဲ့ပါတယ်။ စားကျက်ဆိုတာ ကျွဲ၊ နွားများ အညောင်းအညာပြေ လွှတ်ကျောင်းရန်အတွက် လည်းကောင်း၊ အစာရေစာ ရှာဖွေစားသောက်နိုင်သည့် စားကျက်များအဖြစ် အသုံးပြုနိုင်ရန် လည်းကောင်း ရည်ရွယ် သတ်မှတ်ပေးခြင်း ဖြစ်ပါတယ်။ အောက်မြန်မာပြည်မှာတော့ အရေးပိုင်မှ တရားဝင် အမိန့် ကြေညာစာ ထုတ်ပြန်သတ်မှတ်ပေးသည့် စားကျက်များ ဖြစ်သော်လည်း အထက်မြန်မာပြည်မှာတော့ ထိုသို့ ပြန်တမ်း ထုတ်ပြန် သတ်မှတ်တာ ရှိသလို အရေးပိုင်က မသတ်မှတ်ဘဲ ဒေသဆိုင်ရာ လိုအပ်ချက်အရ သတ်မှတ် အသုံးပြုစေသည့် အရပ်စားကျက်များ ရှိပါတယ်။ မြေစာရင်းဌာနမှ နှစ်စဉ် ပြုစုရသော မြေအမျိုးအစားအလိုက် အသုံးပြုသော ဧရိယာစာရင်း နှစ်ချုပ်ပြုစုရာတွင် စားကျက်မြေအား ထိုသို့ ၂ မျိုး ၂ စား ခွဲခြား ပြုစုပေးရပါတယ်။ အောက်အရပ်တွင် ကျွဲအသုံးပြုမှု များသည့်အားလျော်စွာ မိုးအခါ ရေပြင်ဖြစ်နေသည့် ရေနက်ကွင်းများ လဟာများနှင့် ပင်လယ်ကမ်းစပ် သောင်ပြင်များ၊ ဒီရောက်တောများကို စားကျက်မြေအဖြစ် အများအားဖြင့် သတ်မှတ်ပေးခဲ့တာ တွေ့ရပြီး နွားအသုံးပြုမှု များသည့် မြန်မာနိုင်ငံ အထက်ပိုင်းတွင်မူ ကွင်းပြောင်များ၊ တောင်ကုန်းများကို စားကျက်အဖြစ် သတ်မှတ်ခဲ့တာ များကြောင်း တွေ့ရပါတယ်။ အရေးပိုင်ခရိုင်ဝန်မှ စားကျက် လိုအပ်သည်ဟု ထင်မြင်ယူဆရသည့် ကျေးရွာသားများအတွက် ၎င်းကျေးရွာများအနီး သင့်လျော်သည့် စားကျက်မြေကို လျာထားရွေးချယ်ပြီး မှတ်တိုင်များ စိုက်ထူ မြေတိုင်းတာ ပုံထုတ်စေပါတယ်။ ယင်းမြေပုံနှင့် နို့တစ်ကြေညာစာကို အဆိုပါ မြေနှင့် နီးစပ်ရာ ကျေးရွာများရှိ သူကြီးအိမ်များမှာ စွဲကပ်စေပြီး ကန့်ကွက်လွှာ ၁၅ ရက် ခေါ်ရပါတယ်။ ကန့်ကွက်မှုများကို စုံစမ်းစစ်ဆေးပြီးနောက် ယင်းမြေကို စားကျက်အဖြစ် သတ်မှတ်သင့်သည်ဟု ထင်မြင်ပါက စားကျက်မြေအဖြစ် အမိန့်ထုတ်ဆင့်ပါတယ်။ အမိန့်စာမှာ ယင်းစားကျက်သည် အကျယ်အဝန်း မည်မျှရှိကြောင်း၊ မည်သည့် ကျေးရွာများနှင့် အကျိုး သက်ဆိုင်ကြောင်း အမိန့်စာမှာ ပါရှိရပါတယ်။ စားကျက်မြေ ဆိုသည်မှာ စားကျက် သီးသန့်သာမက စားကျက်သို့ ကျွဲ၊ နွားများ ဝင်ထွက်နိုင်ရန် ပယ်လမ်းများကိုပါ စားကျက်အဖြစ် သတ်မှတ်ပေးရပါတယ်။ စားကျက်မြေအတွင်း စိုက်ပျိုးမှု အိမ်ရာဆောက်လုပ်မှု ခွင့်မပြုရပါဘူး။ စိုက်ပျိုးရေးအတွက် Grant, Lease အငှားချထားခြင်းများလည်း မပြုရပါဘူး။ စားကျက်နှင့် မပတ်သက်သည့် ကျေးရွာမှ သူများ ကျွဲ၊ နွား စားကျက် လာချပါက လည်းကောင်း၊ မည်သူမဆို စားကျက်ချထားခြင်းကိစ္စမှ လွဲ၍ အခြားနည်းလမ်း တရပ်ရပ် အသုံးပြုခြင်း၊ နေထိုင်ခြင်း၊ အမိန့်မရဘဲ စားကျက်မြေအတွင်းမှ သစ်ပင် ချုံနွယ်မှအစ မြက် စသည်တို့ကို ရိတ်ဖြတ် ခုတ်လှဲ ရွှေ့ပြောင်း သယ်ဆောင်ခြင်း ပြုလျှင်လည်းကောင်း၊ စားကျက်ကို ကျူးကျော် အသုံးပြုလျှင်သော်လည်းကောင်း တရားစွဲဆို အရေးယူခံရမည် ဖြစ်ပါတယ်။ ပြစ်မှု ထင်ရှားပါက ကျပ် ၂၀ဝ ထိ ငွေဒဏ်ဖြစ်စေ၊ သို့မဟုတ် တလထိ ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ၊ ကျခံစေရမည်ဟု အောက်မြန်မာပြည် မြေနှင့်အခွန်တော် နည်းဥပဒေ ၆၉ တွင် ပြဋ္ဌာန်းထားပါတယ်။ အထက်မြန်မာပြည် စားကျက်ကျူးများအတွက်မူ အထက်မြန်မာပြည် မြေနှင့် အခွန်တော်စည်းမျဉ်း နည်းဥပဒေ ၇၈ အရ  ကျပ် ၂၀ဝ ထိ ငွေဒဏ် ထမ်းဆောင်စေရန်နှင့် ဒဏ်ငွေ မဆောင်နိုင်က ၁၅ ရက်အထိ ထောင်ဒဏ် ကျခံစေရန် သတ်မှတ်ထားပါတယ်။ စားကျက်ကျူးအတွက် မြေခွန်၏ ၂ ဆ ကိုလည်း ပေးဆောင်စေရပါတယ်။ စားကျက်မြေ ထိန်းသိမ်းရန်အတွက် ဗဟိုမြေယာကော်မတီ၏ စားကျက်မြေများအတွင်း ဝင်ရောက် စိုက်ပျိုးခြင်းနှင့် အခြား ကျူးကျော်မှုများအား အရေးယူရန် ၁၉၆၅-၆၆ မတိုင်မီက ညွှန်ကြားချက်မှာ စားကျက်ကျူးကျော် စိုက်ပျိုးမှုအတွက် စိုက်ပျိုးသော သီးနှံအား ရိတ်သိမ်းခွင့် မပြုဘဲ  သက်ဆိုင်ရာ မြေယာကော်မတီများမှ သိမ်းယူ၍ သီးနှံပေါ်သည့်အခါ စိုက်ပျိုးခဲ့သူအား စိုက်ပျိုး ကုန်ကျစရိတ် ပေးချေပြီးနောက် ကျန်သီးနှံ တစ်ဝက်ကို စိုက်ပျိုးသူအား ပြန်ပေးရန်၊ တစ်ဝက်ကို အစိုးရဒိုင်သို့ ရောင်းချပြီး ရငွေကို ဗဟိုမြေယာကော်မတီထံ တင်ပြ လမ်းညွှန်ချက် ခံယူ သုံးစွဲစေရန်ဟု ဖြစ်ပါတယ်။ ၁၉၆၆ နောက်ပိုင်းတွင်မူ စားကျက်ကျူးလွန် စိုက်ပျိုးသူများအား လုံးဝ ခံစားခွင့်မပေးတော့ဘဲ မြေယာကော်မတီများကသာ သီးနှံကို အကြွင်းမဲ့ သိမ်းယူ ရောင်းချရန်နှင့် ရောင်းချရငွေ အသုံးပြုရေးအတွက် ဗဟိုမြေယာကော်တီသို့ တင်ပြရန်ဟု ပြောင်းလဲ ညွှန်ကြားခဲ့တာ တွေ့ရပါတယ်။ ထိုနောက် ဗဟိုလုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီမှ ၁၉၇၃ ခုနှစ် မေလ ၃၁ နောက်ပိုင်း စားကျက် ကျူးကျော်မှုများကို ရှင်းလင်း အရေးယူရန် ညွှန်ကြားခဲ့ပြီး ဆောင်ရွက်သော်လည်း စားကျက်ကျူး ကိစ္စအား မထိန်းသိမ်းနိုင်ခဲ့ပါ။ ယခုလည်း သက်ဆိုင်ရာဝန်ကြီးဌာနမှ စားကျက် ကျူး အရေးယူရန် ညွှန်ကြားချက်များကို ထုတ်ပြန်ဆောင်ရွက်ဆဲဖြစ်ကြောင်း တွေ့နေရပါတယ်။ စားကျက်မြေနှင့် ပတ်သက်၍ မလိုအပ်တော့သည့်၊ အသုံးမပြုနိုင်တော့သည့် စားကျက်မြေများကို ပယ်ဖျက်ရေး၊ လိုအပ်သည့်နေရာများတွင် ပြန်လည်သတ်မှတ်ရေးနှင့် အသစ်ထူထောင်ပေးရေး ကိစ္စကို နိုင်ငံ တော်အနေဖြင့် စိစစ်ဆောင်ရွက်သင့်ပြီ ဖြစ်ပါတယ်။ စားကျက်ကျူး ပြစ်ဒဏ်အနေဖြင့် အောက်မြန်မာပြည် မြေနှင့်အခွန်တော် နည်းဥပဒေ ၆၉ အရ အရေးယူခြင်း ဆိုပါက ဒဏ်ငွေ ၂၀ဝ ကျပ် ဖြစ်စေ၊ ထောင်ဒဏ် တစ်လအထိ ဖြစ်စေ ကျခံရပါမယ်။ အထက်မြန်မာပြည်အတွက် ဖြစ်ပါက အထက်မြန်မာနိုင်ငံ မြေနှင့်အခွန်တော်စည်းမျဉ်း၊ နည်း ဥပဒေ ၇၈ အရ  ကျပ် ၂၀ဝိ ထိ ငွေဒဏ် ထမ်းဆောင်ရန်နှင့် ဒဏ်ငွေ မဆောင်နိုင်က ၁၅ ရက်အထိ ထောင်ဒဏ် ကျခံစေရန် သတ်မှတ်ထားပါတယ်။ မေး - ပုံစံ-၇ က ကျွန်မယောကျ်ားဖြစ်သူရဲ့ အမည်နဲ့  ပေါက်နေပါတယ်။ အခုချိန်မှာ နှစ်ဦး သဘောတူ ကွာရှင်းရန် အကြောင်းဖြစ်လာတဲ့အတွက် ကွာရှင်းချိန်မှာ ဒီလယ်ယာမြေကို အမွေပုံထဲမှာ ထည့်ရမည်လား။ ထည့်မည်ဆိုလျှင် ဘယ်လို ခွဲဝေရမလဲ၊ ဘယ်လို လုပ်ထုံးလုပ်နည်းတွေ ရှိသလဲ ဆိုတာကို သိပါရစေ။ ဖြေ - မေးခွန်းက တစ်ဖက်က ကြည့်ရင် လယ်ယာမြေ လုပ်ပိုင်ခွင့်ကို လင်ရော မယားပါ ပူးတွဲ လက်ရှိထား ပိုင်ဆိုင်ခွင့် ရှိတာမို့ တူညီသော အကျိုးခံစားခွင့်အတွက် ပစ္စည်းခွဲဝေခွင့် ရှိသည်ဟု သတ်မှတ်သည့် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ စဉ်းစားရမည့် အချက်များ ရှိသလို တစ်ဖက်ကလည်း လယ်ယာမြေဥပဒေပါ ပြဋ္ဌာန်းချက်များကို လက်မလွတ်စေဘဲ သုံးသပ် ဆောင်ရွက်ရန်ဟု သဘော ရရှိပါတယ်။  ပုံစံ-၇ ဆိုတာ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ဖြစ်ပါတယ်။ လယ်ယာမြေ လုပ်ပိုင်ခွင့်နှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ဆိုသည်တို့အား ဥပဒေမှာ အဓိပ္ပာယ် ဖွင့်ဆိုထားမှုကို ဒီလို တွေ့ရပါတယ်။ “လယ်ယာမြေ လုပ်ပိုင်ခွင့် ဆိုသည်မှာ နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်း ပိုင်ရှင် ဖြစ်၍ လယ်ယာမြေကို စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန် အလို့ငှာ “ဤဥပဒေ၊ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် အညီ လက်ဝယ်ထားရှိ၍   စိုက်ပျိုး လုပ်ကိုင် အသုံးချခွင့်ပြုခြင်း" ကို ဆိုသည်။ သို့ရာ တွင် မြေပေါ်မြေအောက်ရှိ ကျောက်မျက်၊ သတ္တု၊ ရေနံနှင့် ဓါတ်ငွေ့စသည့် သဘာဝသယံဇာတများ ထုတ်ယူအသုံးချခွင့် မပါဝင်"- (လယ်ယာမြေပုဒ်မ ၃ (ဃ)) “လယ်ယာမြေ လုပ်ပိုင်အသုံးပြုခွင့်လက်မှတ် ဆိုသည်မှာ လယ်ယာမြေကို လုပ်ပိုင်ခွင့် ပြုကြောင်း လယ်ယာမြေဥပဒေအရ ထုတ်ပေးသည့် ခွင့်ပြုလက်မှတ်ကို ဆိုသည်” (လယ်ယာမြေ နည်းဥပဒေ ၂ (က) ) ဟု ဖွင့်ဆိုထားပါတယ်။ လယ်ယာမြေ လုပ်ပိုင်ခွင့်ဆိုတာ လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လယ်ယာမြေကို လက်ဝယ်ထားရှိ၍   စိုက်ပျိုးလုပ်ကိုင် အသုံးချခွင့်ပြုခြင်းလို့ ဆိုထားရာမှာ ယင်းစကားရပ်မှာကိုက အခွင့်အရေး ၃ ရပ် ရှိနေတာ သတိပြုမိပါတယ်။ (၁) လက်ဝယ်ထားရှိခွင့် In Possession Right.. (၂) စိုက်ပျိုး လုပ်ကိုင်ခွင့် Cultivation Right .(၃) အသုံးချခွင့် Land Use Right များကို ခွင့်ပြုထားခြင်းဟု နားလည်မိပါတယ်။ လက်ဝယ်ထားခွင့် In possession right ဆိုတာ အတော်ကျယ်ပြန့်ပါတယ်။ မြေနှင့် အခွန်တော် ဥပဒေများအရ အမွေဆက်ခံခြင်း၊ ရောင်းချခြင်း၊ ပေါင်နံခြင်း၊ ငှားရမ်းခြင်း၊ ပေးကမ်းခြင်း၊ လက်ဝယ် ထား အသုံးချခြင်း၊ စသည့် အခွင့်အရေးများသည် လက်ဝယ်ထားခွင့်မှာ ပါရှိနေပါတယ်။ ယင်းအခွင့်အရေးများကို ခွဲဝေနိုင်သည့် ၊ အမွေဆက်ခံနိုင်သည့် သဘော ရှိပါတယ်။ တစ်ဖက်က ကြည့်ပြန်တော့ လယ်ယာမြေ လုပ်ပိုင်အသုံးပြုခွင့်လက်မှတ် ဆိုတာ လယ်ယာမြေဥပဒေအရ ထုတ်ပေးသည့် လယ်ယာမြေကို လုပ်ပိုင်ခွင့်ပြုကြောင်း ခွင့်ပြုလက်မှတ်လို့ ဆိုထားတာကြောင့် ယင်းလက်မှတ်ပါ အခွင့်အရေးသည် လယ်ယာမြေလုပ်ပိုင်ခွင့် ပြုရသည့် အခြေခံ ပြဋ္ဌာန်းချက်များအရသာ ခံစားခွင့် ရရှိစေရမှာလည်း ဖြစ်ပါတယ်။ Right to use the Farmland ဟု ဖော်ပြထားသည့် လယ်ယာမြေလုပ်ပိုင်ခွင့်အား ခွဲဝေခြင်း၊  လွှဲပြောင်း ပေးကမ်းခြင်းများအတွက် အဓိက လိုက်နာကျင့်သုံးရသည့် ပြဋ္ဌာန်းချက်ကတော့ ပုဒ်မ ၉ ၊ ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့ ဖြစ်ပါတယ်။ ပုဒ်မ ၉ (ခ) ။ “လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူသည် လယ်ယာမြေကို အားလုံး ဖြစ်စေ၊ တစိတ်တစ်ပိုင်း ဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့် ရရှိစေရမည်”.. ပုဒ်မ ၉ (ဂ) ။ “လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့် စပ်လျဉ်း၍ အငြင်းပွါးမှု ပေါ်ပေါက်ပါက တည်ဆဲဥပဒေနဲ့အညီ သက်ဆိုင်ရာ တရားရုံး၏ အဆုံးအဖြတ် ခံယူနိုင်ခွင့် ရှိသည်” ဟု ပြဋ္ဌာန်းထားချက်များအရ - လင်မယား ၂ ယောက်၏ လယ်ယာမြေ လုပ်ပိုင်ခွင့်အား ခွဲဝေလုပ်ကိုင်ခွင့် ရရှိရန်အတွက် တရားရုံးတွင် အမွေပုံပစ္စည်း ခွဲဝေပေးရန် စွဲဆိုခြင်းထက် လယ်ယာမြေ ဥပဒေ၏ ဘောင်အတွင်းမှသာ လယ်ယာမြေ လုပ်ပိုင်ခွင့် ခွဲဝေနိုင်ရေးကို တောင်းခံ ဖြေရှင်းခြင်းက ပိုမိုသင့်လျော်မည် ဖြစ်ပါတယ်။  လက်ရှိ မေးမြန်းသည့် ပြဿနာသည် အမွေဆိုင်ပစ္စည်း၊ အမွေဆက်ခံပစ္စည်းကို ခွဲဝေလိုခြင်း မဟုတ်ဘဲ လယ်ယာမြေလုပ်ပိုင်ခွင့်အား ခွဲဝေရရှိလိုခြင်းဟု သတ်မှတ်နိုင်ပါတယ်။ သည့်အတွက် ပုဒ်မ ၉ (ဂ) အရ တရားရုံးသွားရန် မလိုအပ်ဟု ယူဆပါတယ်။ လယ်ယာမြေ လုပ်ပိုင်ခွင့်အတွက် တရားရုံးမှ ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။ လယ်ယာမြေလုပ်ပိုင်ခွင့် လွှဲပြောင်းခြင်း၊ ပေးကမ်းခြင်း ကိစ္စများအတွက် လယ်ယာမြေ၊ နည်းဥပဒေများတွင် လည်းကောင်း၊ ဗဟိုလယ်စီအဖွဲ့၏ လတ်တလော ထုတ်ပြန်ထားသော ညွှန်ကြား ချက် (၂/၂၀၁၉)၊ (၃/၂၀၁၉)၊ နှင့် (၄/၂၀၁၉) များတွင်လည်းကောင်း၊ လယ်ယာမြေ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းများ ဆောင်ရွက်ရန် လုပ်ငန်းစဉ်များ သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ နည်းဥပဒေ ၂၄ နှင့် နည်းဥပဒေ  ၂၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပေးကမ်းခွဲစိတ် လွှဲပြောင်းခြင်း ဆောင်ရွက်နိုင်သည့်အတွက် လင်မယား ကွာရှင်းသည့်အခါ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို နှစ်ဦးသဘောတူ ညှိနှိုင်းချက်ဖြင့် စာချုပ် ချုပ်ဆို ခွဲစိတ် လွှဲပြောင်းနိုင်ပါတယ်။ ယောကျ်ားက မိန်းမကို သူ့အမည်နှင့် ပုံစံ-၇ ရထားသည့် လယ်ယာမြေ လုပ်ပိုင်ခွင့်မှ နှစ်ဦး ညှိနှိုင်းရရှိသည့် လယ်ယာမြေအ ားလုံး၊ သို့မဟုတ် တစိတ်တပိုင်းကို ခွဲစိတ်ပေးကမ်း စာချုပ် ချုပ်ဆိုပြီး ပေးကမ်းနိုင်ပါတယ်။  သို့သော် ပုဒ်မ ၉(ခ) ပါအတိုင်း ထိုသို့ဆောင်ရွက်ပေးနိုင်ပါလျက် ယောက်ျားဖြစ်သူက သဘောတူ ဆောင်ရွက်မပေးလျှင်၊ ခွဲစိတ်လွှဲပြောင်းပေးရန် လုံးဝ သဘောမတူဘဲ ငြင်းဆိုခဲ့လျှင် ဘာလုပ်မလဲ ဆိုတဲ့ ပြဿနာ ပေါ်ပေါက်နိုင်ပါတယ်။ ထိုအခါ ယောက်ျားအမည်နှင့် ရထားသည့် ပုံစံ-၇ အား မိမိလည်း မည်သို့ ပါဝင် လုပ်ကိုင်ခဲ့ကြောင်း၊ ယခု အခြေအနေအရ ၎င်းတစ်ဦးတည်းသို့ ချထားခြင်းအစား မိမိအမည်ဖြင့်ပါ ခွဲဝေလုပ်ပိုင်ခွင့် ချထားပေးရန် ပုဒ်မ ၂၂ အရ ရပ်ကျေးလယ်စီထံ မူလ မှုခင်း ဖွင့်လှစ် ဆောင်ရွက်သင့်ကြောင်း အကြံပြုလိုပါတယ်။ မေး -လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ပုဂံမှာ ဂရန်ကျထားတဲ့ မြေကွက်တကွက်ကို တစ်ပိုင်းခွဲ ရောင်းလို့ စာချုပ်နဲ့ ဝယ်ထားပါတယ်။ ဂရန်ကိုလည်း ကျနော်က ယူထားပါတယ်။ ပုံစံ-၁၀၅ လည်း ရပြီးပါပြီ။ အခုချိန်မှာ အဲဒီမြေကွက်ကို ခြံခတ်ဖို့လုပ်တော့ ကွယ်လွန်သူ အမွေရှင်ရဲ့ သားသမီးတွေက သူတို့အပိုင်းက မြေပါ ပါသွားမှာ စိုးရိမ်မှုဖြင့် ခြံကာခွင့် မပြုပါဘူး။ တရားဝင် ခြံခတ်လို့ ရအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို အကြံပေးစေချင်ပါတယ်။  ဖြေ - တရားဝင် ဂရန်ချပေးထားသည့် မြေမှ ပိုင်းစိတ်ဝယ်ယူခြင်းအတွက် ကြီးမားသည့် ပြဿနာ မရှိနိုင်ဟု ယူဆပါတယ်။ ပြဿနာ ရှင်းနိုင်ရန်အတွက် အဆိုပါ ဂရန်မြေအား ဝယ်ယူခဲ့စဉ်က အရပ် စာချုပ်နှင့်လား၊ တရားဝင် မှတ်ပုံတင်စာချုပ်ဖြင့် ဝယ်ယူထားခဲ့သလား စဉ်းစားရန် လိုပါမယ်။ ဂရန်မြေ လွှဲပြောင်း ရောင်းဝယ်မှုကို တရားဝင် စာချုပ်စာတမ်း မှတ်ပုံတင်ခဲ့ပါက ဂရန် ခွဲခွင့် လျှောက်ထားနိုင်ပါတယ်။ မိမိတို့အပိုင်းအတွက် မြေကွက် ခွဲစိတ်ခွင့် တောင်းခံ၊ မှတ်ပုံတင်စာချုပ်ပါ ဧရိယာအတိုင်း ဌာန၏ တရားဝင် မြေတိုင်းတာမှုဖြင့် မြေပုံရေးဆွဲ၊ မိမိ အမည်ပေါက် ဂရန်ခွဲ လျှောက်နိုင်ပါတယ်။ အရပ်စာချုပ်ဖြင့် ဝယ်ယူထားပါက မြေခွဲစိတ်မှု တရားဝင် ဖြစ်ရန် ကြန့်ကြာနိုင်ပါတယ်။ ထိုက်သင့် တံဆိပ်ခွန် ထမ်းဆောင်၍ တရားဝင် စာချုပ်စာတမ်းအဖြစ် မှတ်ပုံတင်မထားသော စာချုပ်သည် တံဆိပ်ခွန်ဥပဒေ ပုဒ်မ ၃၅ နှင့် ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ ပုဒ်မ ၅၃ တို့အရ သက်သေခံမဝင်ခြင်း၊ မိမိတို့မှ ပိုင်ဆိုင်ကြောင်း မကြေညာနိုင်ခြင်း၊ ၂၀၁၈ စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေ ပုဒ်မ ၄၉ အရ စာချုပ်စာတမ်းပါ ပစ္စည်းနှင့်သက်ဆိုင်သော ကတိနှင့် စည်းကမ်းချက်များသည်  တရားဝင် မဖြစ်ခြင်းတို့ကို တွေ့ရပါတယ်။ အရပ်စာချုပ် ဖြစ်နေလျှင် မိမိတို့ မြေပိုင်နက် တရားဝင် ဖြစ်စေရန် ဆောင်ရွက်လေ့ရှိတဲ့ နည်းလမ်း တစ်ခုတော့ ရှိပါတယ်။ ရောင်းချသူအား အရောင်းအဝယ်စာချုပ်ကို ပဋိညာဉ်အတိုင်း ဆောင်ရွက် မှတ်ပုံတင်ပေးစေလိုမှုနဲ့ စွဲဆိုရပါတယ်။ အရောင်းအဝယ်စာချုပ် ချုပ်ဆိုပြီးနောက် မှတ်ပုံတင်ပေးရန် ပျက်ကွက်သည့်ကိစ္စရပ်သဘော ဖြစ်ပါတယ်။ ယင်းအရပ်စာချုပ်တွင် ဤအရောင်းအဝယ် စာချုပ်အား  တရားဝင်မှတ်ပုံတင်ပေးရန် ကိစ္စအတွက် ရောင်းသူမှ လိုအပ်သလို လိုက်ပါ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း နှစ်ဦးသဘောတူ ပဋိညာဉ်ပြုချက် ရှိရပါမယ်။ ထိုအရပ်စာချုပ်ပါအတိုင်း ယနေ့ထိ တရားဝင်မှတ်ပုံတင်လုပ်ငန်းအတွက် လိုက်ပါဆောင်ရွက်ပေးရန် ပျက်ကွက်နေမှုကြောင့် ပဋိညာဉ်အတိုင်း တရားဝင် မှတ်ပုံတင်ပေးရန် ဒီကရီ အမိန့် ချမှတ်ပေးပါရန် တရားရုံးသို့ လျှောက်ထားလာသည့် ကိစ္စရပ်များအတွက် တရားမကျင့်ထုံး ဥပဒေ အမိန့် ၂၁ ၊ နည်း (၃၄) ပါ ပြဋ္ဌာန်းချက်များအရ ဆောင်ရွက်စီရင်ပြီး တရားဝင် မှတ်ပုံတင်ပေးရန် အမိန့်ချမှတ်မှုအပေါ် ဆက်လက် ဆောင်ရွက်ခြင်းဖြင့် အဆိုပါ အရောင်းအဝယ် စာချုပ်သည် တရားဝင်မှတ်ပုံတင်စာချုပ် ဖြစ်လာပြီး ယင်းမြေကွက်နှင့် သက်ဆိုင်ရာ အခွင့်အရေးများ ရရှိလာနိုင်ခြင်းဖြင့်လည်း ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ တရားဝင် မြေတိုင်းတာမှု ပြုလိုက်လျှင်တော့ ပြေလည်သွားနိုင်မည့် ပြဿနာ ဖြစ်ပါတယ်။ မေး - သိမ်းဆည်းခံထားရတဲ့ ကျွန်တော့်ရဲ့မြေပေါ်မှာ လွန်ခဲ့တဲ့ ၇ နှစ်လောက်ကတည်းက ဆက်သွယ်ရေးတာဝါ တိုင် လာစိုက်ထားပါတယ်။ ငှားရမ်းခတွေ မြေရှင် မရပါဘူး။ တကယ်လို့ အဲဒီသိမ်းဆည်းမြေက မူလပိုင်ရှင်ရဲ့ လက်ထဲကို ပြန်ရောက်မှ မြေငှားခ ပြန်ရမှာလား ဆိုတာ သိလိုပါတယ်။ ဖြေ - မိမိ၏ မြေသည် ဌာနအဖွဲ့အစည်း တရပ်ရပ်၏ အကြောင်းတရပ်ရပ်ကြောင့် သိမ်းဆည်းခြင်း ခံနေရပြီး ထိုသို့ သိမ်းယူထားမြေတွင် တာဝါတိုင် စိုက်ထား၍ ငှားရမ်းခကို ပိုင်ရှင်မရဘူးလို့ ဆိုပါတယ်။ မြေငှားတာက မူလ မြေပိုင်ရှင်က ငှားတာ မဟုတ်ဘဲ မြေသိမ်းဆည်း လက်ရောက် ရယူထားသော ဌာန/ အဖွဲ့အစည်းက ငှားထားတာလို့ နားလည်ရပါတယ်။ မြေရယူထားသော အဖွဲအစည်းနှင့် တာဝါတိုင် စိုက်ထူသည့် ဆက်သွယ်ရေးကုမ္ပဏီ၊ သို့မဟုတ် အစိုးရ ဆက်သွယ်ရေးဌာနတို့  သဘောတူညီချက်တစ်ရပ် ရှိရပေမည်။ မြေငှား စာချုပ်စာတမ်း လည်း ရှိနိုင်ပါတယ်။ ဆက်သွယ်ရေးဥပဒေ အခန်း (၁၃)၊ ကွန်ရက် အထောက်အကူပြု ပစ္စည်း များ တပ်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပြုပြင်မွမ်းမံခြင်း အခန်းမှာ ဖေါ်ပြာ်ပြပါရှိသည့် အချက်များ အရ မြေတစ်ရရပ်ကို အသုံးပြု၍ ဆက်သွယ်ရေး တာဝါတိုင်များ တပ်ဆင်ရန်အတွက် မြေပိုင်ရှင် နှင့် သဘောတူညှိနှိုင်းပြီးမှ ဆောင်ရွက်ခွင့် ရှိပါတယ်။ ထို့ကြောင့် ယခု တာဝါတိုင်အတွက် မြေ ကို လက်ရောက် ရထားသည့်သူ (မြေသိမ်းဆည်းထားသူ) ထံမှ သဘောတူ ညှိနှိုင်းချက်၊ သို့မ ဟုတ် သဘောတူ ခွင့်ပြုချက် ရရှိပြီး ဖြစ်ပါမည်။ ပုဒ်မ ၄၁၊ ၄၂ အရ ဆိုသော် သဘောတူညီချက် မရဘဲနဲ့တော့ မြေလက်ဝယ်ထားရှိသူ သို့တည်းမဟုတ် ပိုင်ရှင်အား ကြိုတင်အသိပေးခြင်း ခွင့်ပြု ချက် တောင်းခံခြင်း၊ ပိုင်ရှင်နှင့် သဘောတူညှိနှိုင်းခြင်း မရရှိဘဲ မြေပေါ် မဝင်နိုင်ပါဘူး။ အခု မေးခွန်းက မူလပိုင်ရှင် သဘောတူသည် ဖြစ်စေ၊ မတူသည်ဖြ ဖြစ်စေ၊ အကြောင်းတစ်ရရပ် ရပ်ကြောင့် မြေလက်ဝယ် ရရှိထားရှိသူ (ထားရှိခွင့်ရှိသူ) က တာဝါတိုင်အတွက် မြေငှားခြင်းကို နှစ်ဦးနှစ်ဖက် သဘောတူ စာချုပ်အရ ငှားရမ်းခဲ့ပြီးပါပြီ။ မေးခွန်းမှာ ပါသလို တာဝါတိုင်စိုက် ထူ ထားသည့် မြေသည် သိမ်းဆည်းမြေ ဖြစ်နေသည့်အတွက် မူလ ပိုင်ရှင်မှ မြေပြန်ရလျှင် ငှားခ ရပါမည်လား ဆိုတော့ သိမ်းဆည်းခံမြေအတွက် မူလပိုင်ရှင်မှ  ပြန်တောင်းခံနေပြီလား၊ ပြန် ရော ရမည်ဟု အာမခံချက် ရနေပြီလား။ မြေပြန်ရလျှင် မည်သို့ ဆက်ဆောင်ရွက်ရမလဲ ဆို တာ စဉ်းစားစရာဖြစ်ပါတယ်။  အစိုးရဌာန သို့မဟုတ် ကုမ္ပဏီက အစောကတည်းကပင် ဤကိစ္စအလို့ငှာ သိမ်းထားသည့် မြေ လား.။ .ထိုသို့ဆိုလျှင်တော့ ပြန်မပေးဘဲ ဆက်သုံးမှာဘဲ ထင်ပါတယ်။ မြေအတွက် လျော်ကြေး ပေးချင်ပေးနိုင်ပါတယ်။ ဒါမှမဟုတ်ဘဲ မူလ သိမ်းယူသည့်အဖွဲ့အစည်းက အခြား ကိစ္စတစ်ရပ် အတွက် သိမ်းခဲ့တယ်၊ အဲဒီထဲက ပိုနေတဲ့မြေကို တာဝါတိုင်အတွက် ငှားရမ်းတယ်၊ ငှားခ ယူ နေတယ် ဆိုလျှင်တော့ သိမ်းဆည်းမြေမူဝါဒတွေနဲ့ ငြိစွန်းတဲ့အတွက် ပြန်ပေးရဘို့ များပါတယ်။ အကယ်၍ပြန်ပေးခဲ့လျှင် ဘယ်လိုဖြစ်လာမလဲ စဉ်းစားကြည့်ပါတယ်။ သိမ်းဆည်းမြေ စွန့်လွှတ် ခြင်းဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များအရ စွန့်လွှတ်မြေ၏ အနေအထားနဲ့ ပြန်လည် အပ်နှံခံရ သူ၏ အသုံးပြုလိုမှုအရ လယ်ယာမြေအဖြစ် ပြန်လည်ဖေါ်ထုတ် အသုံးပြုမယ်ဆို ပုံစံ ၇ ထုတ် ပေးရန်နှင့် မြေပေါ် အဆောက်အအုံ၊ ကန်၊ လမ်း၊ ကျင်းချိုင့်နဲ့ စိုက်ပျိုး မရတော့လို့ အခြား နည်းဘဲ ဆက်သုံး ချင်လျှင် လယ ၃၀ ရရှိရေး ဆောင်ရွက်ပေးရန် ဆိုပြီး ညွှန်ကြားထားတယ်။ ဒီတော့ မေးခွန်းရှင်က မြေပြန်ရပါပြီတဲ့..ဘာလုပ်မှာလဲ..စိုက်ပျိုးရေးလုပ်မယ်ဆို တာဝါတိုင် ရွှေ့ပေးရေး ပြဿနာ ဖြေရှင်းကြပေါ့။ ဒီအတိုင်းဘဲ ဆက်သုံးစေမယ်ဆို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၄၂ အရ “ လုပ်ငန်းလိုင်စင် ရရှိသူသည် ပုဒ်မ ၄၁ ပါ လုပ်ငန်းကိစ္စများ ဆောင်ရွက်ရန် သဘော တူညီမှု ရရှိထားသည့် မြေနှင့် အဆောက်အအုံ ပိုင်ရှင်ပြောင်းလဲမှု ဖြစ်ပေါ်ပါက အဆိုပါမြေ နှင့် အဆောက်အအုံတွင် ကွန်ယက် အထောက်အကူပြုပစ္စည်းများ တပ်ဆင်ခြင်း သို့မဟုတ် ချိတ်ဆက် အသုံးပြုခြင်း တို့ကို ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် သဘောတူ ညီမှု ရယူ ထားရမည်။” ဆိုသည့်အတိုင်း ကုမ္ပဏီနှင့် ညှိနှိုုင်းသဘောတူညီချက် ဆက်လက်ရယူရမှာ ဖြစ်ပြီး ထိုအခါမှ သာ မြေငှားခ ရနိုင်မယ်လို့ သုံးသပ်ပါတယ်။ သို့သော် မူလ အငှားစာချုပ်မှာကတည်းက ထိုသို့ မြေ နှင့် အဆောက်အအုံပိုင်ရှင် အလွှဲအပြောင်းဖြစ်က မူလသဘောတူညီချက်အတိုင်းပင် ဆက် လက် သုံးစွဲခွင့် ရရှိစေရမည်ဆိုတဲ့ စကားရပ်တွေ၊ ပဋိညာဉ်ပြုချက်တွေ ပါနေရင်တော့ ဆက်သွယ် ရေးဥပဒေနဲ့တင် ဖြေရှင်းပေးလို့မရနိုင်တော့ဘဲ တရားရုံးတက်ရမည့်ကိစ္စ ဖြစ် ကောင်း ဖြစ်လာနိုင် တယ်လို့  ဖြေချင်ပါတယ်။
Zawgyi Version ေျမယာျပႆနာ (ဥပေဒေရးရာ အေမးအေျဖ) DVB ေျမယာျပႆနာနဲ႔ပတ္သက္ၿပီး လူမႈကြန္ရက္ေပၚက ေမးျမန္းလာတာေတြကို ဦးေဇာ္မင္း (ေျမယာဥပေဒႏွင့္ ေျမယာ စီမံခန႔္ခြဲေရး လုပ္ထုံးလုပ္နည္းမ်ား အတိုင္ပင္ခံ ) အား ဒီဗြီဘီက ေတြ႕ဆုံေမးျမန္းထားပါတယ္။ ေမး - က်ေနာ္တို႔ သူငယ္ခ်င္းႏွစ္ေယာက္က ပုံစံ-၇ က်ၿပီးသား လယ္ယာေျမကို ႏွစ္ဦးစပ္တူ အေရာင္းအဝယ္ ျပဳထားပါတယ္။ ႏွစ္ဦးစပ္ ျဖစ္တဲ့အတြက္ ပုံစံ-၇ ကို အုပ္ခ်ဳပ္ေရးမႉးက သိမ္းထားပါတယ္။ အခုခ်ိန္မွာ ဝယ္ထားသူ ကာယကံရွင္ ႏွစ္ဦးက ျပန္ေတာင္းေတာ့ အုပ္ခ်ဳပ္ေရးမႉးက ျပန္မေပးပါဘူး။ ဘယ္လို ဆက္လက္ေဆာင္႐ြက္ရမလဲ ဆိုတာကို အႀကံျပဳေစခ်င္ပါတယ္။ ေျဖ - ေမးထားသည့္ ေမးခြန္းက မရွင္းပါဘူး။ ဘယ္တုန္းက ဝယ္ထားတာလဲ၊ ဘာေၾကာင့္ ေရာင္းသူထံက ပုံစံ ၇ ကို ဝယ္သူမ်ားက မရဘဲ အုပ္ခ်ဳပ္ေရးမႉးက သိမ္းထားတာလဲ၊ အမွန္ကေတာ့ ေရာင္းသူႏွင့္ ဝယ္သူအၾကား ပုံစံ−၇ အလႊဲအေျပာင္း လုပ္တာကို အုပ္ခ်ဳပ္ေရးမႉးက သိမ္းထားစရာ အေၾကာင္း မရွိပါဘူး။ တစ္ခုခု မွားေနပါတယ္။ ေငြေၾကး စရိတ္စက အကုန္အက်ခံ ဝယ္ထားၿပီးမွေတာ့ ပိုင္ရွင္ထံမွ ပုံစံ−၇ ကို ဝယ္သူက ရယူထားေလ့ ရွိပါတယ္။ ဘာေၾကာင့္ သိမ္းသလဲ၊ ေျမေပၚမွာ ဝယ္သူေတြ လက္ရွိ လက္ေရာက္ရထား မထား..စသည့္ အခ်က္မ်ား ပါခဲ့လွ်င္ ေဆြးေႏြးရတာ ပိုျပည့္စုံပါမယ္။ လယ္ယာေျမဥပေဒ ပုဒ္မ ၉၊ ပုဒ္မခြဲ (ခ) မွာ “လယ္ယာေျမ လုပ္ပိုင္ခြင့္ ရရွိသူသည္ လယ္ယာေျမကို အားလုံးျဖစ္ေစ၊ တစ္စိတ္တစ္ပိုင္းျဖစ္ေစ၊ လုပ္ပိုင္ခြင့္အား သတ္မွတ္ထားေသာ စည္းကမ္းခ်က္မ်ားႏွင့္အညီ ေရာင္းခ်ခြင့္၊ ေပါင္ႏွံခြင့္၊ ငွားရမ္းခြင့္၊ လဲလွယ္ခြင့္ႏွင့္ ေပးကမ္းခြင့္ ရရွိေစရမည္”..ဟု ျပ႒ာန္းထားေပမယ့္ ဥပေဒ ျပ႒ာန္းခဲ့သည့္ ၂၀၁၂ မွ ယခုထိ တရားဝင္ အေရာင္းအဝယ္ အလႊဲအေျပာင္း မေဆာင္႐ြက္ႏိုင္ခဲ့ၾကပါဘူး။ တရားမဝင္ လႊဲေျပာင္းမႈ Illegally Transaction သေဘာသာ ျဖစ္ေနပါတယ္။ နည္းဥပေဒ ၂၄၊ နည္းဥပေဒ ၂၅ ပါ အခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္ လႊဲေျပာင္းျခင္း မလုပ္ႏိုင္ခဲ့ပါဘူး။ ဘာေၾကာင့္လဲဆိုလွ်င္ လယ္ယာေျမ လုပ္ပိုင္ခြင့္ လႊဲေျပာင္းေရာင္းခ်ျခင္း လုပ္ငန္းစဥ္တြင္ အေရးႀကီးဆုံးျဖစ္သည့္ လယ္ယာေျမ လုပ္ပိုင္ခြင့္အား လႊဲေျပာင္း ခ်ဳပ္ဆိုသည့္ စာခ်ဳပ္၌ သတ္မွတ္ တံဆိပ္ေခါင္းခြန္ ထမ္းေဆာင္ႏိုင္ေရးအတြက္ လယ္ယာေျမဥပေဒ ပုဒ္မ ၁၈ ပါ လယ္ယာေျမ၏ ေဒသႏၲရတန္ဖိုးအား သတ္မွတ္ေပးရမည့္ လယ္စီအဖြဲ႕ မည္သည့္အဖြဲ႕ ျဖစ္သည္ကို တာဝန္ေပးအပ္မႈႏွင့္ လုပ္ငန္းၫႊန္ၾကားခ်က္မ်ား မရွိေသးသည့္အတြက္ ျဖစ္ပါတယ္။ လယ္ယာေျမ လႊဲေျပာင္း ေရာင္းဝယ္မႈမ်ား ရွိေနလင့္ကစား တံဆိပ္ခြန္ထမ္းေဆာင္၍ တရားဝင္ စာခ်ဳပ္ ခ်ဳပ္ဆိုျခင္း၊ ယင္းစာခ်ဳပ္အား ဦးစီးဌာနတြင္ မွတ္ပုံတင္ေပးျခင္း၊ အဆိုပါ မွတ္ပုံတင္စာခ်ဳပ္အရ လုပ္ပိုင္ခြင့္ရရွိသူ အမည္ ေျပာင္းလဲေပးျခင္းမ်ား  မလုပ္ႏိုင္ခဲ့ပါ။ ယခုအခါ လယ္ယာေျမလုပ္ပိုင္ခြင့္အား ေရာင္း၊ ေပါင္၊ ငွား၊ လဲလွယ္၊ ေပးကမ္းျခင္း ကိစၥမ်ားအတြက္ ပုဒ္မ ၉၊ ပုဒ္မခြဲ (ခ) ပါ အခြင့္အေရးမ်ား ရရွိေစရန္ ဗဟိုလယ္စီအဖြဲ႕မွ (၁၆-၅-၂၀၁၉) ရက္စြဲျဖင့္ ၫႊန္ၾကားခ်က္ (၃) ေစာင္ ထုတ္ျပန္ထားပါတယ္။ (က) လယ္ယာေျမဥပေဒ ပုဒ္မ ၁၈  ပါ ျပ႒ာန္းခ်က္အရ လယ္ယာေျမ၏ ေဒသႏၲရ တန္ဖိုး ႏႈန္းထား သတ္မွတ္ေဆာင္႐ြက္ရန္ တာဝန္ကို ၿမိဳ႕နယ္လယ္စီအဖြဲ႕သို႔ တာဝန္ေပး အာဏာအပ္ႏွင္းသည့္ ဗဟိုလယ္စီအဖြဲ႕၏ ၫႊန္ၾကားခ်က္ အမွတ္ (၂/၂၀၁၉) ျဖစ္ပါတယ္။ (ခ) ထိုေနာက္ လယ္ယာေျမလုပ္ပိုင္ခြင့္ကို ေရာင္းခ်ျခင္း၊ လဲလွယ္ျခင္း၊ ေပးကမ္းျခင္း၊ ေပါင္ႏွံျခင္း၊ ငွားရမ္းျခင္း ေဆာင္႐ြက္ၾကသည့္အခါ ေက်း႐ြာလယ္စီႏွင့္ ၿမိဳ႕နယ္လယ္စီတို႔မွ စာခ်ဳပ္ ခ်ဳပ္ဆို တင္ျပမႈမ်ားကို စိစစ္ ေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္မ်ားအား ၫႊန္ၾကားသည့္ ဗဟိုလယ္စီအဖြဲ႕၏ ၫႊန္ၾကားခ်က္ အမွတ္ ( ၃/၂၀၁၉) ျဖစ္ပါတယ္။ (ဂ) ထို႔အျပင္ လယ္ယာေျမလုပ္ပိုင္ခြင့္ကို ေရာင္းခ်ျခင္း၊ လဲလွယ္ျခင္း၊ ေပးကမ္းျခင္း၊ ေပါင္ႏွံ ျခင္း၊ ငွားရမ္းျခင္းမ်ားအတြက္ စာခ်ဳပ္ခ်ဳပ္ဆို လႊဲေျပာင္းမႈမ်ားကို လယ္ယာေျမဥပေဒ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ မွတ္ပုံတင္ေပးၿပီးေနာက္ လက္ခံရရွိသူ အမည္ျဖင့္ လယ္ယာေျမ လုပ္ပိုင္ခြင့္ ေျပာင္းလဲေပးျခင္း၊ နည္းလမ္း ၫႊန္ၾကားခ်က္အမွတ္ (၄/၂၀၁၉) ျဖစ္ပါတယ္။ သို႔ျဖစ္ရာ ယခုအခါတြင္ (၁-၆-၂၀၁၉) ေန႔ရက္မွ အစျပဳ၍ လယ္ယာေျမလုပ္ပိုင္ခြင့္ ေရာင္း၊ ေပါင္၊ ငွား၊ လဲလွယ္ႏွင့္ ေပးကမ္းျခင္း စာခ်ဳပ္မ်ားကို ၿမိဳ႕နယ္လယ္စီအဖြဲ႕မွ ေဒသႏၲရ တန္ဖိုး စိစစ္ သတ္မွတ္ေပးမည္ျဖစ္ၿပီး ယင္းသတ္မွတ္ေသာ ေဒသႏၲရတန္ဖိုးအလိုက္ ထိုက္သင့္ တံဆိပ္ေခါင္းခြန္မ်ား ကပ္ႏွိပ္ထားသည့္ စာခ်ဳပ္မ်ားကို ရပ္ေက်းလယ္စီေရွ႕ေမွာက္တြင္ ခ်ဳုပ္ဆိုျခင္း၊ ယင္း စာခ်ဳပ္ကို မွတ္ပုံတင္ခေပးသြင္း၍ ဦးစီးဌာန (at DALMS Office, not in Registration Office) တြင္ မွတ္ပုံတင္ျခင္း၊ ယင္းမွတ္ပုံတင္စာခ်ဳပ္အရ လုပ္ပိုင္ခြင့္ရသူ အမည္ေျပာင္းျခင္းတို႔ကို အဆိုပါ ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ စတင္ ေဆာင္႐ြက္ေပးလ်က္ ရွိပါတယ္။ ေမးခြန္းရွင္အေနျဖင့္ မူလ ႏွစ္ဦးစပ္တူ အေရာင္းအဝယ္ ျပဳခဲ့သည့္ လယ္ယာေျမ လုပ္ပိုင္ခြင့္အတြက္ ယခု စာခ်ဳပ္အသစ္ ျပန္ခ်ဳပ္ဆိုရပါမယ္။ လယ္ယာေျမ၏ ေဒသႏၲရ တန္ဖိုးကို ၿမိဳ႕နယ္လယ္စီက သတ္မွတ္ေပးသည့္အတိုင္း ထိုက္သင့္တံဆိပ္ခြန္မ်ား ထမ္းေဆာင္ရပါမယ္။ လယ္ယာေျမ လုပ္ပိုင္ခြင့္ ပုံစံ-၇ ရခဲ့သူ၊ သို႔မဟုတ္ ၎၏ တရားဝင္ လႊဲအပ္ျခင္းခံရေသာ ကိုယ္စားလွယ္၊ သက္ေသ ၂ ဦးတို႔ျဖင့္ တံဆိပ္ခြန္ ထမ္းေဆာင္ထားေသာ စာခ်ဳပ္ျဖင့္ ရပ္ေက်း လယ္စီအဖြဲ႕ ေရွ႕ေမွာက္တြင္ လယ္ယာေျမလုပ္ပိုင္ခြင့္ အေရာင္းအဝယ္ စာခ်ဳပ္ ျပန္လည္ ခ်ဳပ္ဆို ရပါမည္။ ရပ္ေက်းလယ္စီမွ စိစစ္ ခ်ဳပ္ဆိုခြင့္ျပဳၿပီးၿပီးမွသာ ယင္းစာခ်ဳပ္ကို ဦးစီးဌာနတြင္ မွတ္ပုံတင္ျခင္း၊ မိမိတို႔ ၂ ဦး အမည္သို႔ ေျပာင္းလဲေပးရန္ ပုံစံ-၇ အမည္ေျပာင္းျခင္းတို႔ ဆက္လက္ ေဆာင္႐ြက္ရန္ ျဖစ္ပါတယ္။ ေမး - စားက်က္ေျမေပၚမွာ က်ဳးေက်ာ္တယ္ ဆိုၿပီး က်ေနာ္ အပါအဝင္ လူငါးဆယ္ေလာက္ကို ပုဒ္မ ၅၉ နဲ႔ တရားစြဲထားပါတယ္။ စားက်က္ေျမဆိုတာ ဘာလဲ။ ပုဒ္မ ၅၉ ဆိုတာ ဘာလဲ။ တကယ္လို႔ ျပစ္ဒဏ္ခ်မယ္ဆိုရင္ ဘယ္ေလာက္အထိ က်ခံရမလဲဆိုတာကို သိပါရေစ ဆရာ။ ေျဖ - အေမးတြင္ပါရွိေသာ ပုဒ္မ ၅၉ အရ အေရးယူသည္ ဆိုျခင္းမွာ အၾကားမွားျခင္း ျဖစ္ပါမည္။ ေအာက္ျမန္မာျပည္ ေျမႏွင့္အခြန္ေတာ္ နည္းဥပေဒ ၆၉ ျဖစ္ပါလိမ့္မည္။ စားက်က္ေျမဆိုတာ ကြၽဲ၊ ႏြား စားက်က္ေျမကို ဆိုလိုျခင္း ျဖစ္ပါတယ္။ ေျမႏွင့္ အခြန္ေတာ္ ဥပေဒမ်ားမွာ Grazing Ground ဟု ေဖာ္ျပ သတ္မွတ္ပါတယ္။ ေအာက္ျမန္မာျပည္ ေျမႏွင့္ အခြန္ေတာ္ ဥပေဒ၊ နည္းဥပေဒ ၆၆ မွ ၇၁ အထိတြင္လည္းေကာင္း၊ အထက္ျမန္မာျပည္ ေျမႏွင့္ အခြန္ေတာ္ စည္းမ်ဥ္းဥပေဒ၊ နည္းဥပေဒ ၇၅ မွ ၇၉ အထိတြင္ လည္းေကာင္း ကြၽဲ၊ ႏြား စားက်က္ေျမမ်ား သတ္မွတ္ျခင္း၊ ႀကီးၾကပ္ကြပ္ကဲျခင္း၊ စည္းကမ္းထိန္းသိမ္းျခင္းမ်ားအတြက္ ျပ႒ာန္းခ်က္မ်ား သတ္မွတ္ခဲ့ပါတယ္။ စားက်က္ဆိုတာ ကြၽဲ၊ ႏြားမ်ား အေညာင္းအညာေျပ လႊတ္ေက်ာင္းရန္အတြက္ လည္းေကာင္း၊ အစာေရစာ ရွာေဖြစားေသာက္ႏိုင္သည့္ စားက်က္မ်ားအျဖစ္ အသုံးျပဳႏိုင္ရန္ လည္းေကာင္း ရည္႐ြယ္ သတ္မွတ္ေပးျခင္း ျဖစ္ပါတယ္။ ေအာက္ျမန္မာျပည္မွာေတာ့ အေရးပိုင္မွ တရားဝင္ အမိန႔္ ေၾကညာစာ ထုတ္ျပန္သတ္မွတ္ေပးသည့္ စားက်က္မ်ား ျဖစ္ေသာ္လည္း အထက္ျမန္မာျပည္မွာေတာ့ ထိုသို႔ ျပန္တမ္း ထုတ္ျပန္ သတ္မွတ္တာ ရွိသလို အေရးပိုင္က မသတ္မွတ္ဘဲ ေဒသဆိုင္ရာ လိုအပ္ခ်က္အရ သတ္မွတ္ အသုံးျပဳေစသည့္ အရပ္စားက်က္မ်ား ရွိပါတယ္။ ေျမစာရင္းဌာနမွ ႏွစ္စဥ္ ျပဳစုရေသာ ေျမအမ်ိဳးအစားအလိုက္ အသုံးျပဳေသာ ဧရိယာစာရင္း ႏွစ္ခ်ဳပ္ျပဳစုရာတြင္ စားက်က္ေျမအား ထိုသို႔ ၂ မ်ိဳး ၂ စား ခြဲျခား ျပဳစုေပးရပါတယ္။ ေအာက္အရပ္တြင္ ကြၽဲအသုံးျပဳမႈ မ်ားသည့္အားေလ်ာ္စြာ မိုးအခါ ေရျပင္ျဖစ္ေနသည့္ ေရနက္ကြင္းမ်ား လဟာမ်ားႏွင့္ ပင္လယ္ကမ္းစပ္ ေသာင္ျပင္မ်ား၊ ဒီေရာက္ေတာမ်ားကို စားက်က္ေျမအျဖစ္ အမ်ားအားျဖင့္ သတ္မွတ္ေပးခဲ့တာ ေတြ႕ရၿပီး ႏြားအသုံးျပဳမႈ မ်ားသည့္ ျမန္မာႏိုင္ငံ အထက္ပိုင္းတြင္မူ ကြင္းေျပာင္မ်ား၊ ေတာင္ကုန္းမ်ားကို စားက်က္အျဖစ္ သတ္မွတ္ခဲ့တာ မ်ားေၾကာင္း ေတြ႕ရပါတယ္။ အေရးပိုင္ခ႐ိုင္ဝန္မွ စားက်က္ လိုအပ္သည္ဟု ထင္ျမင္ယူဆရသည့္ ေက်း႐ြာသားမ်ားအတြက္ ၎ေက်း႐ြာမ်ားအနီး သင့္ေလ်ာ္သည့္ စားက်က္ေျမကို လ်ာထားေ႐ြးခ်ယ္ၿပီး မွတ္တိုင္မ်ား စိုက္ထူ ေျမတိုင္းတာ ပုံထုတ္ေစပါတယ္။ ယင္းေျမပုံႏွင့္ ႏို႔တစ္ေၾကညာစာကို အဆိုပါ ေျမႏွင့္ နီးစပ္ရာ ေက်း႐ြာမ်ားရွိ သူႀကီးအိမ္မ်ားမွာ စြဲကပ္ေစၿပီး ကန႔္ကြက္လႊာ ၁၅ ရက္ ေခၚရပါတယ္။ ကန႔္ကြက္မႈမ်ားကို စုံစမ္းစစ္ေဆးၿပီးေနာက္ ယင္းေျမကို စားက်က္အျဖစ္ သတ္မွတ္သင့္သည္ဟု ထင္ျမင္ပါက စားက်က္ေျမအျဖစ္ အမိန႔္ထုတ္ဆင့္ပါတယ္။ အမိန႔္စာမွာ ယင္းစားက်က္သည္ အက်ယ္အဝန္း မည္မွ်ရွိေၾကာင္း၊ မည္သည့္ ေက်း႐ြာမ်ားႏွင့္ အက်ိဳး သက္ဆိုင္ေၾကာင္း အမိန႔္စာမွာ ပါရွိရပါတယ္။ စားက်က္ေျမ ဆိုသည္မွာ စားက်က္ သီးသန႔္သာမက စားက်က္သို႔ ကြၽဲ၊ ႏြားမ်ား ဝင္ထြက္ႏိုင္ရန္ ပယ္လမ္းမ်ားကိုပါ စားက်က္အျဖစ္ သတ္မွတ္ေပးရပါတယ္။ စားက်က္ေျမအတြင္း စိုက္ပ်ိဳးမႈ အိမ္ရာေဆာက္လုပ္မႈ ခြင့္မျပဳရပါဘူး။ စိုက္ပ်ိဳးေရးအတြက္ Grant, Lease အငွားခ်ထားျခင္းမ်ားလည္း မျပဳရပါဘူး။ စားက်က္ႏွင့္ မပတ္သက္သည့္ ေက်း႐ြာမွ သူမ်ား ကြၽဲ၊ ႏြား စားက်က္ လာခ်ပါက လည္းေကာင္း၊ မည္သူမဆို စားက်က္ခ်ထားျခင္းကိစၥမွ လြဲ၍ အျခားနည္းလမ္း တရပ္ရပ္ အသုံးျပဳျခင္း၊ ေနထိုင္ျခင္း၊ အမိန႔္မရဘဲ စားက်က္ေျမအတြင္းမွ သစ္ပင္ ခ်ဳံႏြယ္မွအစ ျမက္ စသည္တို႔ကို ရိတ္ျဖတ္ ခုတ္လွဲ ေ႐ႊ႕ေျပာင္း သယ္ေဆာင္ျခင္း ျပဳလွ်င္လည္းေကာင္း၊ စားက်က္ကို က်ဴးေက်ာ္ အသုံးျပဳလွ်င္ေသာ္လည္းေကာင္း တရားစြဲဆို အေရးယူခံရမည္ ျဖစ္ပါတယ္။ ျပစ္မႈ ထင္ရွားပါက က်ပ္ ၂၀ဝ ထိ ေငြဒဏ္ျဖစ္ေစ၊ သို႔မဟုတ္ တလထိ ေထာင္ဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံး ျဖစ္ေစ၊ က်ခံေစရမည္ဟု ေအာက္ျမန္မာျပည္ ေျမႏွင့္အခြန္ေတာ္ နည္းဥပေဒ ၆၉ တြင္ ျပ႒ာန္းထားပါတယ္။ အထက္ျမန္မာျပည္ စားက်က္က်ဴးမ်ားအတြက္မူ အထက္ျမန္မာျပည္ ေျမႏွင့္ အခြန္ေတာ္စည္းမ်ဥ္း နည္းဥပေဒ ၇၈ အရ  က်ပ္ ၂၀ဝ ထိ ေငြဒဏ္ ထမ္းေဆာင္ေစရန္ႏွင့္ ဒဏ္ေငြ မေဆာင္ႏိုင္က ၁၅ ရက္အထိ ေထာင္ဒဏ္ က်ခံေစရန္ သတ္မွတ္ထားပါတယ္။ စားက်က္က်ဴးအတြက္ ေျမခြန္၏ ၂ ဆ ကိုလည္း ေပးေဆာင္ေစရပါတယ္။ စားက်က္ေျမ ထိန္းသိမ္းရန္အတြက္ ဗဟိုေျမယာေကာ္မတီ၏ စားက်က္ေျမမ်ားအတြင္း ဝင္ေရာက္ စိုက္ပ်ိဳးျခင္းႏွင့္ အျခား က်ဴးေက်ာ္မႈမ်ားအား အေရးယူရန္ ၁၉၆၅-၆၆ မတိုင္မီက ၫႊန္ၾကားခ်က္မွာ စားက်က္က်ဴးေက်ာ္ စိုက္ပ်ိဳးမႈအတြက္ စိုက္ပ်ိဳးေသာ သီးႏွံအား ရိတ္သိမ္းခြင့္ မျပဳဘဲ  သက္ဆိုင္ရာ ေျမယာေကာ္မတီမ်ားမွ သိမ္းယူ၍ သီးႏွံေပၚသည့္အခါ စိုက္ပ်ိဳးခဲ့သူအား စိုက္ပ်ိဳး ကုန္က်စရိတ္ ေပးေခ်ၿပီးေနာက္ က်န္သီးႏွံ တစ္ဝက္ကို စိုက္ပ်ိဳးသူအား ျပန္ေပးရန္၊ တစ္ဝက္ကို အစိုးရဒိုင္သို႔ ေရာင္းခ်ၿပီး ရေငြကို ဗဟိုေျမယာေကာ္မတီထံ တင္ျပ လမ္းၫႊန္ခ်က္ ခံယူ သုံးစြဲေစရန္ဟု ျဖစ္ပါတယ္။ ၁၉၆၆ ေနာက္ပိုင္းတြင္မူ စားက်က္က်ဴးလြန္ စိုက္ပ်ိဳးသူမ်ားအား လုံးဝ ခံစားခြင့္မေပးေတာ့ဘဲ ေျမယာေကာ္မတီမ်ားကသာ သီးႏွံကို အႂကြင္းမဲ့ သိမ္းယူ ေရာင္းခ်ရန္ႏွင့္ ေရာင္းခ်ရေငြ အသုံးျပဳေရးအတြက္ ဗဟိုေျမယာေကာ္တီသို႔ တင္ျပရန္ဟု ေျပာင္းလဲ ၫႊန္ၾကားခဲ့တာ ေတြ႕ရပါတယ္။ ထိုေနာက္ ဗဟိုလုံၿခဳံေရးႏွင့္အုပ္ခ်ဳပ္မႈေကာ္မတီမွ ၁၉၇၃ ခုႏွစ္ ေမလ ၃၁ ေနာက္ပိုင္း စားက်က္ က်ဴးေက်ာ္မႈမ်ားကို ရွင္းလင္း အေရးယူရန္ ၫႊန္ၾကားခဲ့ၿပီး ေဆာင္႐ြက္ေသာ္လည္း စားက်က္က်ဴး ကိစၥအား မထိန္းသိမ္းႏိုင္ခဲ့ပါ။ ယခုလည္း သက္ဆိုင္ရာဝန္ႀကီးဌာနမွ စားက်က္ က်ဴး အေရးယူရန္ ၫႊန္ၾကားခ်က္မ်ားကို ထုတ္ျပန္ေဆာင္႐ြက္ဆဲျဖစ္ေၾကာင္း ေတြ႕ေနရပါတယ္။ စားက်က္ေျမႏွင့္ ပတ္သက္၍ မလိုအပ္ေတာ့သည့္၊ အသုံးမျပဳႏိုင္ေတာ့သည့္ စားက်က္ေျမမ်ားကို ပယ္ဖ်က္ေရး၊ လိုအပ္သည့္ေနရာမ်ားတြင္ ျပန္လည္သတ္မွတ္ေရးႏွင့္ အသစ္ထူေထာင္ေပးေရး ကိစၥကို ႏိုင္ငံ ေတာ္အေနျဖင့္ စိစစ္ေဆာင္႐ြက္သင့္ၿပီ ျဖစ္ပါတယ္။ စားက်က္က်ဴး ျပစ္ဒဏ္အေနျဖင့္ ေအာက္ျမန္မာျပည္ ေျမႏွင့္အခြန္ေတာ္ နည္းဥပေဒ ၆၉ အရ အေရးယူျခင္း ဆိုပါက ဒဏ္ေငြ ၂၀ဝ က်ပ္ ျဖစ္ေစ၊ ေထာင္ဒဏ္ တစ္လအထိ ျဖစ္ေစ က်ခံရပါမယ္။ အထက္ျမန္မာျပည္အတြက္ ျဖစ္ပါက အထက္ျမန္မာႏိုင္ငံ ေျမႏွင့္အခြန္ေတာ္စည္းမ်ဥ္း၊ နည္း ဥပေဒ ၇၈ အရ  က်ပ္ ၂၀ဝိ ထိ ေငြဒဏ္ ထမ္းေဆာင္ရန္ႏွင့္ ဒဏ္ေငြ မေဆာင္ႏိုင္က ၁၅ ရက္အထိ ေထာင္ဒဏ္ က်ခံေစရန္ သတ္မွတ္ထားပါတယ္။ ေမး - ပုံစံ-၇ က ကြၽန္မေယာက်္ားျဖစ္သူရဲ႕ အမည္နဲ႔  ေပါက္ေနပါတယ္။ အခုခ်ိန္မွာ ႏွစ္ဦး သေဘာတူ ကြာရွင္းရန္ အေၾကာင္းျဖစ္လာတဲ့အတြက္ ကြာရွင္းခ်ိန္မွာ ဒီလယ္ယာေျမကို အေမြပုံထဲမွာ ထည့္ရမည္လား။ ထည့္မည္ဆိုလွ်င္ ဘယ္လို ခြဲေဝရမလဲ၊ ဘယ္လို လုပ္ထုံးလုပ္နည္းေတြ ရွိသလဲ ဆိုတာကို သိပါရေစ။ ေျဖ - ေမးခြန္းက တစ္ဖက္က ၾကည့္ရင္ လယ္ယာေျမ လုပ္ပိုင္ခြင့္ကို လင္ေရာ မယားပါ ပူးတြဲ လက္ရွိထား ပိုင္ဆိုင္ခြင့္ ရွိတာမို႔ တူညီေသာ အက်ိဳးခံစားခြင့္အတြက္ ပစၥည္းခြဲေဝခြင့္ ရွိသည္ဟု သတ္မွတ္သည့္ ျမန္မာ့ဓေလ့ထုံးတမ္း ဥပေဒအရ စဥ္းစားရမည့္ အခ်က္မ်ား ရွိသလို တစ္ဖက္ကလည္း လယ္ယာေျမဥပေဒပါ ျပ႒ာန္းခ်က္မ်ားကို လက္မလြတ္ေစဘဲ သုံးသပ္ ေဆာင္႐ြက္ရန္ဟု သေဘာ ရရွိပါတယ္။ ပုံစံ-၇ ဆိုတာ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳ လက္မွတ္ ျဖစ္ပါတယ္။ လယ္ယာေျမ လုပ္ပိုင္ခြင့္ႏွင့္ လယ္ယာေျမ လုပ္ပိုင္ခြင့္ျပဳလက္မွတ္ ဆိုသည္တို႔အား ဥပေဒမွာ အဓိပၸာယ္ ဖြင့္ဆိုထားမႈကို ဒီလို ေတြ႕ရပါတယ္။ “လယ္ယာေျမ လုပ္ပိုင္ခြင့္ ဆိုသည္မွာ ႏိုင္ငံေတာ္သည္ ေျမယာအားလုံး၏ ပင္ရင္း ပိုင္ရွင္ ျဖစ္၍ လယ္ယာေျမကို စိုက္ပ်ိဳးထုတ္လုပ္မႈ တိုးတက္ျမင့္မားေစရန္ အလို႔ငွာ “ဤဥပေဒ၊ ဤဥပေဒအရ ထုတ္ျပန္သည့္ နည္းဥပေဒ၊ စည္းမ်ဥ္း စည္းကမ္းမ်ားႏွင့္ အညီ လက္ဝယ္ထားရွိ၍   စိုက္ပ်ိဳး လုပ္ကိုင္ အသုံးခ်ခြင့္ျပဳျခင္း" ကို ဆိုသည္။ သို႔ရာ တြင္ ေျမေပၚေျမေအာက္ရွိ ေက်ာက္မ်က္၊ သတၱဳ၊ ေရနံႏွင့္ ဓါတ္ေငြ႕စသည့္ သဘာဝသယံဇာတမ်ား ထုတ္ယူအသုံးခ်ခြင့္ မပါဝင္"- (လယ္ယာေျမပုဒ္မ ၃ (ဃ)) “လယ္ယာေျမ လုပ္ပိုင္အသုံးျပဳခြင့္လက္မွတ္ ဆိုသည္မွာ လယ္ယာေျမကို လုပ္ပိုင္ခြင့္ ျပဳေၾကာင္း လယ္ယာေျမဥပေဒအရ ထုတ္ေပးသည့္ ခြင့္ျပဳလက္မွတ္ကို ဆိုသည္” (လယ္ယာေျမ နည္းဥပေဒ ၂ (က) ) ဟု ဖြင့္ဆိုထားပါတယ္။ လယ္ယာေျမ လုပ္ပိုင္ခြင့္ဆိုတာ လယ္ယာေျမဥပေဒ၊ နည္းဥပေဒ၊ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ လယ္ယာေျမကို လက္ဝယ္ထားရွိ၍   စိုက္ပ်ိဳးလုပ္ကိုင္ အသုံးခ်ခြင့္ျပဳျခင္းလို႔ ဆိုထားရာမွာ ယင္းစကားရပ္မွာကိုက အခြင့္အေရး ၃ ရပ္ ရွိေနတာ သတိျပဳမိပါတယ္။ (၁) လက္ဝယ္ထားရွိခြင့္ In Possession Right.. (၂) စိုက္ပ်ိဳး လုပ္ကိုင္ခြင့္ Cultivation Right .(၃) အသုံးခ်ခြင့္ Land Use Right မ်ားကို ခြင့္ျပဳထားျခင္းဟု နားလည္မိပါတယ္။ လက္ဝယ္ထားခြင့္ In possession right ဆိုတာ အေတာ္က်ယ္ျပန႔္ပါတယ္။ ေျမႏွင့္ အခြန္ေတာ္ ဥပေဒမ်ားအရ အေမြဆက္ခံျခင္း၊ ေရာင္းခ်ျခင္း၊ ေပါင္နံျခင္း၊ ငွားရမ္းျခင္း၊ ေပးကမ္းျခင္း၊ လက္ဝယ္ ထား အသုံးခ်ျခင္း၊ စသည့္ အခြင့္အေရးမ်ားသည္ လက္ဝယ္ထားခြင့္မွာ ပါရွိေနပါတယ္။ ယင္းအခြင့္အေရးမ်ားကို ခြဲေဝႏိုင္သည့္ ၊ အေမြဆက္ခံႏိုင္သည့္ သေဘာ ရွိပါတယ္။ တစ္ဖက္က ၾကည့္ျပန္ေတာ့ လယ္ယာေျမ လုပ္ပိုင္အသုံးျပဳခြင့္လက္မွတ္ ဆိုတာ လယ္ယာေျမဥပေဒအရ ထုတ္ေပးသည့္ လယ္ယာေျမကို လုပ္ပိုင္ခြင့္ျပဳေၾကာင္း ခြင့္ျပဳလက္မွတ္လို႔ ဆိုထားတာေၾကာင့္ ယင္းလက္မွတ္ပါ အခြင့္အေရးသည္ လယ္ယာေျမလုပ္ပိုင္ခြင့္ ျပဳရသည့္ အေျခခံ ျပ႒ာန္းခ်က္မ်ားအရသာ ခံစားခြင့္ ရရွိေစရမွာလည္း ျဖစ္ပါတယ္။ Right to use the Farmland ဟု ေဖာ္ျပထားသည့္ လယ္ယာေျမလုပ္ပိုင္ခြင့္အား ခြဲေဝျခင္း၊  လႊဲေျပာင္း ေပးကမ္းျခင္းမ်ားအတြက္ အဓိက လိုက္နာက်င့္သုံးရသည့္ ျပ႒ာန္းခ်က္ကေတာ့ ပုဒ္မ ၉ ၊ ပုဒ္မခြဲ (ခ) ႏွင့္ (ဂ) တို႔ ျဖစ္ပါတယ္။ ပုဒ္မ ၉ (ခ) ။ “လယ္ယာေျမလုပ္ပိုင္ခြင့္ ရရွိသူသည္ လယ္ယာေျမကို အားလုံး ျဖစ္ေစ၊ တစိတ္တစ္ပိုင္း ျဖစ္ေစ၊ လုပ္ပိုင္ခြင့္အား သတ္မွတ္ထားေသာ စည္းကမ္းခ်က္မ်ားႏွင့္အညီ ေရာင္းခ်ခြင့္၊ ေပါင္ႏွံခြင့္၊ ငွားရမ္းခြင့္၊ လဲလွယ္ခြင့္ႏွင့္ ေပးကမ္းခြင့္ ရရွိေစရမည္”.. ပုဒ္မ ၉ (ဂ) ။ “လယ္ယာေျမလုပ္ပိုင္ခြင့္ကို အေမြဆက္ခံျခင္းႏွင့္ စပ္လ်ဥ္း၍ အျငင္းပြါးမႈ ေပၚေပါက္ပါက တည္ဆဲဥပေဒနဲ႔အညီ သက္ဆိုင္ရာ တရား႐ုံး၏ အဆုံးအျဖတ္ ခံယူႏိုင္ခြင့္ ရွိသည္” ဟု ျပ႒ာန္းထားခ်က္မ်ားအရ - လင္မယား ၂ ေယာက္၏ လယ္ယာေျမ လုပ္ပိုင္ခြင့္အား ခြဲေဝလုပ္ကိုင္ခြင့္ ရရွိရန္အတြက္ တရား႐ုံးတြင္ အေမြပုံပစၥည္း ခြဲေဝေပးရန္ စြဲဆိုျခင္းထက္ လယ္ယာေျမ ဥပေဒ၏ ေဘာင္အတြင္းမွသာ လယ္ယာေျမ လုပ္ပိုင္ခြင့္ ခြဲေဝႏိုင္ေရးကို ေတာင္းခံ ေျဖရွင္းျခင္းက ပိုမိုသင့္ေလ်ာ္မည္ ျဖစ္ပါတယ္။ လက္ရွိ ေမးျမန္းသည့္ ျပႆနာသည္ အေမြဆိုင္ပစၥည္း၊ အေမြဆက္ခံပစၥည္းကို ခြဲေဝလိုျခင္း မဟုတ္ဘဲ လယ္ယာေျမလုပ္ပိုင္ခြင့္အား ခြဲေဝရရွိလိုျခင္းဟု သတ္မွတ္ႏိုင္ပါတယ္။ သည့္အတြက္ ပုဒ္မ ၉ (ဂ) အရ တရား႐ုံးသြားရန္ မလိုအပ္ဟု ယူဆပါတယ္။ လယ္ယာေျမ လုပ္ပိုင္ခြင့္အတြက္ တရား႐ုံးမွ ဆုံးျဖတ္ပိုင္ခြင့္ မရွိပါဘူး။ လယ္ယာေျမလုပ္ပိုင္ခြင့္ လႊဲေျပာင္းျခင္း၊ ေပးကမ္းျခင္း ကိစၥမ်ားအတြက္ လယ္ယာေျမ၊ နည္းဥပေဒမ်ားတြင္ လည္းေကာင္း၊ ဗဟိုလယ္စီအဖြဲ႕၏ လတ္တေလာ ထုတ္ျပန္ထားေသာ ၫႊန္ၾကား ခ်က္ (၂/၂၀၁၉)၊ (၃/၂၀၁၉)၊ ႏွင့္ (၄/၂၀၁၉) မ်ားတြင္လည္းေကာင္း၊ လယ္ယာေျမ လုပ္ပိုင္ခြင့္အား သတ္မွတ္ထားေသာ စည္းကမ္းခ်က္မ်ားႏွင့္အညီ ေရာင္းခ်ျခင္း၊ ေပါင္ႏွံျခင္း၊ ငွားရမ္းျခင္း၊ လဲလွယ္ျခင္းႏွင့္ ေပးကမ္းျခင္းမ်ား ေဆာင္႐ြက္ရန္ လုပ္ငန္းစဥ္မ်ား သတ္မွတ္ထားၿပီး ျဖစ္ပါတယ္။ နည္းဥပေဒ ၂၄ ႏွင့္ နည္းဥပေဒ  ၂၅ ပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ ေပးကမ္းခြဲစိတ္ လႊဲေျပာင္းျခင္း ေဆာင္႐ြက္ႏိုင္သည့္အတြက္ လင္မယား ကြာရွင္းသည့္အခါ လယ္ယာေျမ လုပ္ပိုင္ခြင့္ကို ႏွစ္ဦးသေဘာတူ ညႇိႏႈိင္းခ်က္ျဖင့္ စာခ်ဳပ္ ခ်ဳပ္ဆို ခြဲစိတ္ လႊဲေျပာင္းႏိုင္ပါတယ္။ ေယာက်္ားက မိန္းမကို သူ႔အမည္ႏွင့္ ပုံစံ-၇ ရထားသည့္ လယ္ယာေျမ လုပ္ပိုင္ခြင့္မွ ႏွစ္ဦး ညႇိႏႈိင္းရရွိသည့္ လယ္ယာေျမအ ားလုံး၊ သို႔မဟုတ္ တစိတ္တပိုင္းကို ခြဲစိတ္ေပးကမ္း စာခ်ဳပ္ ခ်ဳပ္ဆိုၿပီး ေပးကမ္းႏိုင္ပါတယ္။ သို႔ေသာ္ ပုဒ္မ ၉(ခ) ပါအတိုင္း ထိုသို႔ေဆာင္႐ြက္ေပးႏိုင္ပါလ်က္ ေယာက္်ားျဖစ္သူက သေဘာတူ ေဆာင္႐ြက္မေပးလွ်င္၊ ခြဲစိတ္လႊဲေျပာင္းေပးရန္ လုံးဝ သေဘာမတူဘဲ ျငင္းဆိုခဲ့လွ်င္ ဘာလုပ္မလဲ ဆိုတဲ့ ျပႆနာ ေပၚေပါက္ႏိုင္ပါတယ္။ ထိုအခါ ေယာက္်ားအမည္ႏွင့္ ရထားသည့္ ပုံစံ-၇ အား မိမိလည္း မည္သို႔ ပါဝင္ လုပ္ကိုင္ခဲ့ေၾကာင္း၊ ယခု အေျခအေနအရ ၎တစ္ဦးတည္းသို႔ ခ်ထားျခင္းအစား မိမိအမည္ျဖင့္ပါ ခြဲေဝလုပ္ပိုင္ခြင့္ ခ်ထားေပးရန္ ပုဒ္မ ၂၂ အရ ရပ္ေက်းလယ္စီထံ မူလ မႈခင္း ဖြင့္လွစ္ ေဆာင္႐ြက္သင့္ေၾကာင္း အႀကံျပဳလိုပါတယ္။ ေမး -လြန္ခဲ့တဲ့ ေျခာက္ႏွစ္ေလာက္က ပုဂံမွာ ဂရန္က်ထားတဲ့ ေျမကြက္တကြက္ကို တစ္ပိုင္းခြဲ ေရာင္းလို႔ စာခ်ဳပ္နဲ႔ ဝယ္ထားပါတယ္။ ဂရန္ကိုလည္း က်ေနာ္က ယူထားပါတယ္။ ပုံစံ-၁၀၅ လည္း ရၿပီးပါၿပီ။ အခုခ်ိန္မွာ အဲဒီေျမကြက္ကို ၿခံခတ္ဖို႔လုပ္ေတာ့ ကြယ္လြန္သူ အေမြရွင္ရဲ႕ သားသမီးေတြက သူတို႔အပိုင္းက ေျမပါ ပါသြားမွာ စိုးရိမ္မႈျဖင့္ ၿခံကာခြင့္ မျပဳပါဘူး။ တရားဝင္ ၿခံခတ္လို႔ ရေအာင္ ဘယ္လို လုပ္ရမလဲ ဆိုတာကို အႀကံေပးေစခ်င္ပါတယ္။ ေျဖ - တရားဝင္ ဂရန္ခ်ေပးထားသည့္ ေျမမွ ပိုင္းစိတ္ဝယ္ယူျခင္းအတြက္ ႀကီးမားသည့္ ျပႆနာ မရွိႏိုင္ဟု ယူဆပါတယ္။ ျပႆနာ ရွင္းႏိုင္ရန္အတြက္ အဆိုပါ ဂရန္ေျမအား ဝယ္ယူခဲ့စဥ္က အရပ္ စာခ်ဳပ္ႏွင့္လား၊ တရားဝင္ မွတ္ပုံတင္စာခ်ဳပ္ျဖင့္ ဝယ္ယူထားခဲ့သလား စဥ္းစားရန္ လိုပါမယ္။ ဂရန္ေျမ လႊဲေျပာင္း ေရာင္းဝယ္မႈကို တရားဝင္ စာခ်ဳပ္စာတမ္း မွတ္ပုံတင္ခဲ့ပါက ဂရန္ ခြဲခြင့္ ေလွ်ာက္ထားႏိုင္ပါတယ္။ မိမိတို႔အပိုင္းအတြက္ ေျမကြက္ ခြဲစိတ္ခြင့္ ေတာင္းခံ၊ မွတ္ပုံတင္စာခ်ဳပ္ပါ ဧရိယာအတိုင္း ဌာန၏ တရားဝင္ ေျမတိုင္းတာမႈျဖင့္ ေျမပုံေရးဆြဲ၊ မိမိ အမည္ေပါက္ ဂရန္ခြဲ ေလွ်ာက္ႏိုင္ပါတယ္။ အရပ္စာခ်ဳပ္ျဖင့္ ဝယ္ယူထားပါက ေျမခြဲစိတ္မႈ တရားဝင္ ျဖစ္ရန္ ၾကန႔္ၾကာႏိုင္ပါတယ္။ ထိုက္သင့္ တံဆိပ္ခြန္ ထမ္းေဆာင္၍ တရားဝင္ စာခ်ဳပ္စာတမ္းအျဖစ္ မွတ္ပုံတင္မထားေသာ စာခ်ဳပ္သည္ တံဆိပ္ခြန္ဥပေဒ ပုဒ္မ ၃၅ ႏွင့္ ပစၥည္းလႊဲေျပာင္းျခင္းဥပေဒ ပုဒ္မ ၅၃ တို႔အရ သက္ေသခံမဝင္ျခင္း၊ မိမိတို႔မွ ပိုင္ဆိုင္ေၾကာင္း မေၾကညာႏိုင္ျခင္း၊ ၂၀၁၈ စာခ်ဳပ္စာတမ္း မွတ္ပုံတင္ဥပေဒ ပုဒ္မ ၄၉ အရ စာခ်ဳပ္စာတမ္းပါ ပစၥည္းႏွင့္သက္ဆိုင္ေသာ ကတိႏွင့္ စည္းကမ္းခ်က္မ်ားသည္  တရားဝင္ မျဖစ္ျခင္းတို႔ကို ေတြ႕ရပါတယ္။ အရပ္စာခ်ဳပ္ ျဖစ္ေနလွ်င္ မိမိတို႔ ေျမပိုင္နက္ တရားဝင္ ျဖစ္ေစရန္ ေဆာင္႐ြက္ေလ့ရွိတဲ့ နည္းလမ္း တစ္ခုေတာ့ ရွိပါတယ္။ ေရာင္းခ်သူအား အေရာင္းအဝယ္စာခ်ဳပ္ကို ပဋိညာဥ္အတိုင္း ေဆာင္႐ြက္ မွတ္ပုံတင္ေပးေစလိုမႈနဲ႔ စြဲဆိုရပါတယ္။ အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆိုၿပီးေနာက္ မွတ္ပုံတင္ေပးရန္ ပ်က္ကြက္သည့္ကိစၥရပ္သေဘာ ျဖစ္ပါတယ္။ ယင္းအရပ္စာခ်ဳပ္တြင္ ဤအေရာင္းအဝယ္ စာခ်ဳပ္အား  တရားဝင္မွတ္ပုံတင္ေပးရန္ ကိစၥအတြက္ ေရာင္းသူမွ လိုအပ္သလို လိုက္ပါ ေဆာင္႐ြက္ေပးမည္ ျဖစ္ေၾကာင္း ႏွစ္ဦးသေဘာတူ ပဋိညာဥ္ျပဳခ်က္ ရွိရပါမယ္။ ထိုအရပ္စာခ်ဳပ္ပါအတိုင္း ယေန႔ထိ တရားဝင္မွတ္ပုံတင္လုပ္ငန္းအတြက္ လိုက္ပါေဆာင္႐ြက္ေပးရန္ ပ်က္ကြက္ေနမႈေၾကာင့္ ပဋိညာဥ္အတိုင္း တရားဝင္ မွတ္ပုံတင္ေပးရန္ ဒီကရီ အမိန႔္ ခ်မွတ္ေပးပါရန္ တရား႐ုံးသို႔ ေလွ်ာက္ထားလာသည့္ ကိစၥရပ္မ်ားအတြက္ တရားမက်င့္ထုံး ဥပေဒ အမိန႔္ ၂၁ ၊ နည္း (၃၄) ပါ ျပ႒ာန္းခ်က္မ်ားအရ ေဆာင္႐ြက္စီရင္ၿပီး တရားဝင္ မွတ္ပုံတင္ေပးရန္ အမိန႔္ခ်မွတ္မႈအေပၚ ဆက္လက္ ေဆာင္႐ြက္ျခင္းျဖင့္ အဆိုပါ အေရာင္းအဝယ္ စာခ်ဳပ္သည္ တရားဝင္မွတ္ပုံတင္စာခ်ဳပ္ ျဖစ္လာၿပီး ယင္းေျမကြက္ႏွင့္ သက္ဆိုင္ရာ အခြင့္အေရးမ်ား ရရွိလာႏိုင္ျခင္းျဖင့္လည္း ျပႆနာကို ေျဖရွင္းႏိုင္ပါတယ္။ တရားဝင္ ေျမတိုင္းတာမႈ ျပဳလိုက္လွ်င္ေတာ့ ေျပလည္သြားႏိုင္မည့္ ျပႆနာ ျဖစ္ပါတယ္။ ေမး - သိမ္းဆည္းခံထားရတဲ့ ကြၽန္ေတာ့္ရဲ႕ေျမေပၚမွာ လြန္ခဲ့တဲ့ ၇ ႏွစ္ေလာက္ကတည္းက ဆက္သြယ္ေရးတာဝါ တိုင္ လာစိုက္ထားပါတယ္။ ငွားရမ္းခေတြ ေျမရွင္ မရပါဘူး။ တကယ္လို႔ အဲဒီသိမ္းဆည္းေျမက မူလပိုင္ရွင္ရဲ႕ လက္ထဲကို ျပန္ေရာက္မွ ေျမငွားခ ျပန္ရမွာလား ဆိုတာ သိလိုပါတယ္။ ေျဖ - မိမိ၏ ေျမသည္ ဌာနအဖြဲ႕အစည္း တရပ္ရပ္၏ အေၾကာင္းတရပ္ရပ္ေၾကာင့္ သိမ္းဆည္းျခင္း ခံေနရၿပီး ထိုသို႔ သိမ္းယူထားေျမတြင္ တာဝါတိုင္ စိုက္ထား၍ ငွားရမ္းခကို ပိုင္ရွင္မရဘူးလို႔ ဆိုပါတယ္။ ေျမငွားတာက မူလ ေျမပိုင္ရွင္က ငွားတာ မဟုတ္ဘဲ ေျမသိမ္းဆည္း လက္ေရာက္ ရယူထားေသာ ဌာန/ အဖြဲ႕အစည္းက ငွားထားတာလို႔ နားလည္ရပါတယ္။ ေျမရယူထားေသာ အဖြဲအစည္းႏွင့္ တာဝါတိုင္ စိုက္ထူသည့္ ဆက္သြယ္ေရးကုမၸဏီ၊ သို႔မဟုတ္ အစိုးရ ဆက္သြယ္ေရးဌာနတို႔  သေဘာတူညီခ်က္တစ္ရပ္ ရွိရေပမည္။ ေျမငွား စာခ်ဳပ္စာတမ္း လည္း ရွိႏိုင္ပါတယ္။ ဆက္သြယ္ေရးဥပေဒ အခန္း (၁၃)၊ ကြန္ရက္ အေထာက္အကူျပဳ ပစၥည္း မ်ား တပ္ဆင္ျခင္း၊ ထိန္းသိမ္းျခင္းႏွင့္ ျပဳျပင္မြမ္းမံျခင္း အခန္းမွာ ေဖၚျပာ္ျပပါရွိသည့္ အခ်က္မ်ား အရ ေျမတစ္ရရပ္ကို အသုံးျပဳ၍ ဆက္သြယ္ေရး တာဝါတိုင္မ်ား တပ္ဆင္ရန္အတြက္ ေျမပိုင္ရွင္ ႏွင့္ သေဘာတူညႇိႏႈိင္းၿပီးမွ ေဆာင္႐ြက္ခြင့္ ရွိပါတယ္။ ထို႔ေၾကာင့္ ယခု တာဝါတိုင္အတြက္ ေျမ ကို လက္ေရာက္ ရထားသည့္သူ (ေျမသိမ္းဆည္းထားသူ) ထံမွ သေဘာတူ ညႇိႏႈိင္းခ်က္၊ သို႔မ ဟုတ္ သေဘာတူ ခြင့္ျပဳခ်က္ ရရွိၿပီး ျဖစ္ပါမည္။ ပုဒ္မ ၄၁၊ ၄၂ အရ ဆိုေသာ္ သေဘာတူညီခ်က္ မရဘဲနဲ႔ေတာ့ ေျမလက္ဝယ္ထားရွိသူ သို႔တည္းမဟုတ္ ပိုင္ရွင္အား ႀကိဳတင္အသိေပးျခင္း ခြင့္ျပဳ ခ်က္ ေတာင္းခံျခင္း၊ ပိုင္ရွင္ႏွင့္ သေဘာတူညႇိႏႈိင္းျခင္း မရရွိဘဲ ေျမေပၚ မဝင္ႏိုင္ပါဘူး။ အခု ေမးခြန္းက မူလပိုင္ရွင္ သေဘာတူသည္ ျဖစ္ေစ၊ မတူသည္ျဖ ျဖစ္ေစ၊ အေၾကာင္းတစ္ရရပ္ ရပ္ေၾကာင့္ ေျမလက္ဝယ္ ရရွိထားရွိသူ (ထားရွိခြင့္ရွိသူ) က တာဝါတိုင္အတြက္ ေျမငွားျခင္းကို ႏွစ္ဦးႏွစ္ဖက္ သေဘာတူ စာခ်ဳပ္အရ ငွားရမ္းခဲ့ၿပီးပါၿပီ။ ေမးခြန္းမွာ ပါသလို တာဝါတိုင္စိုက္ ထူ ထားသည့္ ေျမသည္ သိမ္းဆည္းေျမ ျဖစ္ေနသည့္အတြက္ မူလ ပိုင္ရွင္မွ ေျမျပန္ရလွ်င္ ငွားခ ရပါမည္လား ဆိုေတာ့ သိမ္းဆည္းခံေျမအတြက္ မူလပိုင္ရွင္မွ  ျပန္ေတာင္းခံေနၿပီလား၊ ျပန္ ေရာ ရမည္ဟု အာမခံခ်က္ ရေနၿပီလား။ ေျမျပန္ရလွ်င္ မည္သို႔ ဆက္ေဆာင္႐ြက္ရမလဲ ဆို တာ စဥ္းစားစရာျဖစ္ပါတယ္။ အစိုးရဌာန သို႔မဟုတ္ ကုမၸဏီက အေစာကတည္းကပင္ ဤကိစၥအလို႔ငွာ သိမ္းထားသည့္ ေျမ လား.။ .ထိုသို႔ဆိုလွ်င္ေတာ့ ျပန္မေပးဘဲ ဆက္သုံးမွာဘဲ ထင္ပါတယ္။ ေျမအတြက္ ေလ်ာ္ေၾကး ေပးခ်င္ေပးႏိုင္ပါတယ္။ ဒါမွမဟုတ္ဘဲ မူလ သိမ္းယူသည့္အဖြဲ႕အစည္းက အျခား ကိစၥတစ္ရပ္ အတြက္ သိမ္းခဲ့တယ္၊ အဲဒီထဲက ပိုေနတဲ့ေျမကို တာဝါတိုင္အတြက္ ငွားရမ္းတယ္၊ ငွားခ ယူ ေနတယ္ ဆိုလွ်င္ေတာ့ သိမ္းဆည္းေျမမူဝါဒေတြနဲ႔ ၿငိစြန္းတဲ့အတြက္ ျပန္ေပးရဘို႔ မ်ားပါတယ္။ အကယ္၍ျပန္ေပးခဲ့လွ်င္ ဘယ္လိုျဖစ္လာမလဲ စဥ္းစားၾကည့္ပါတယ္။ သိမ္းဆည္းေျမ စြန႔္လႊတ္ ျခင္းဆိုင္ရာ မူဝါဒလမ္းၫႊန္ခ်က္မ်ားအရ စြန႔္လႊတ္ေျမ၏ အေနအထားနဲ႔ ျပန္လည္ အပ္ႏွံခံရ သူ၏ အသုံးျပဳလိုမႈအရ လယ္ယာေျမအျဖစ္ ျပန္လည္ေဖၚထုတ္ အသုံးျပဳမယ္ဆို ပုံစံ ၇ ထုတ္ ေပးရန္ႏွင့္ ေျမေပၚ အေဆာက္အအုံ၊ ကန္၊ လမ္း၊ က်င္းခ်ိဳင့္နဲ႔ စိုက္ပ်ိဳး မရေတာ့လို႔ အျခား နည္းဘဲ ဆက္သုံး ခ်င္လွ်င္ လယ ၃၀ ရရွိေရး ေဆာင္႐ြက္ေပးရန္ ဆိုၿပီး ၫႊန္ၾကားထားတယ္။ ဒီေတာ့ ေမးခြန္းရွင္က ေျမျပန္ရပါၿပီတဲ့..ဘာလုပ္မွာလဲ..စိုက္ပ်ိဳးေရးလုပ္မယ္ဆို တာဝါတိုင္ ေ႐ႊ႕ေပးေရး ျပႆနာ ေျဖရွင္းၾကေပါ့။ ဒီအတိုင္းဘဲ ဆက္သုံးေစမယ္ဆို ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၄၂ အရ “ လုပ္ငန္းလိုင္စင္ ရရွိသူသည္ ပုဒ္မ ၄၁ ပါ လုပ္ငန္းကိစၥမ်ား ေဆာင္႐ြက္ရန္ သေဘာ တူညီမႈ ရရွိထားသည့္ ေျမႏွင့္ အေဆာက္အအုံ ပိုင္ရွင္ေျပာင္းလဲမႈ ျဖစ္ေပၚပါက အဆိုပါေျမ ႏွင့္ အေဆာက္အအုံတြင္ ကြန္ယက္ အေထာက္အကူျပဳပစၥည္းမ်ား တပ္ဆင္ျခင္း သို႔မဟုတ္ ခ်ိတ္ဆက္ အသုံးျပဳျခင္း တို႔ကို ဆက္လက္ ေဆာင္႐ြက္ႏိုင္ေရးအတြက္ သေဘာတူ ညီမႈ ရယူ ထားရမည္။” ဆိုသည့္အတိုင္း ကုမၸဏီႏွင့္ ညႇိႏႈိုင္းသေဘာတူညီခ်က္ ဆက္လက္ရယူရမွာ ျဖစ္ၿပီး ထိုအခါမွ သာ ေျမငွားခ ရႏိုင္မယ္လို႔ သုံးသပ္ပါတယ္။ သို႔ေသာ္ မူလ အငွားစာခ်ဳပ္မွာကတည္းက ထိုသို႔ ေျမ ႏွင့္ အေဆာက္အအုံပိုင္ရွင္ အလႊဲအေျပာင္းျဖစ္က မူလသေဘာတူညီခ်က္အတိုင္းပင္ ဆက္ လက္ သုံးစြဲခြင့္ ရရွိေစရမည္ဆိုတဲ့ စကားရပ္ေတြ၊ ပဋိညာဥ္ျပဳခ်က္ေတြ ပါေနရင္ေတာ့ ဆက္သြယ္ ေရးဥပေဒနဲ႔တင္ ေျဖရွင္းေပးလို႔မရႏိုင္ေတာ့ဘဲ တရား႐ုံးတက္ရမည့္ကိစၥ ျဖစ္ ေကာင္း ျဖစ္လာႏိုင္ တယ္လို႔  ေျဖခ်င္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024