Home
မြန်မာသတင်း
အိန္ဒု-ကော့ကရိတ်လမ်း လျော်ကြေးကိစ္စ အငြင်းပွားမှုဖြေရှင်းရေးကော်မတီကို ဆက်တင်ပြမည်
DVB
·
August 3, 2019
အိန္ဒု-ကော့ကရိတ်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းမှာ ပါဝင်တဲ့ ထိခိုက်နစ်နာသူတွေကို လျော်ကြေးငွေ သတ်မှတ်ပေးတဲ့အပေါ် နစ်နာမှုတွေရှိတဲ့အတွက် GRN (အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာကော်မတီ) ကို ဆက်လက်တင်ပြသွားမယ်လို့ ဒေသခံအချို့က ပြောပါတယ်။ ဩဂုတ် ၁ ရက်နေ့ နေ့လယ် ၁ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမှာ ကျင်းပတဲ့ တတိယအကြိမ်မြောက် လျော်ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားမှာ ဒေသခံတချို့က ပြောပါတယ်။ အဆိုပါ ထိခိုက်နစ်နာမှုအတွက် လျော်ကြေးပေးအပ်ရာမှာ ရယူသူ ၇၅ ဦးရှိပြီး လျော်ကြေးငွေပေးအပ်တဲ့အပေါ် ကျေနပ်မှုမရှိတဲ့ ဒေသခံ ၁၀ ဦးက လျော်ကြေးငွေလက်မခံတဲ့အပြင် အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ ကော်မတီကို ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။ ဘားအံမြို့နယ်၊ ခရဲကျေးရွာအုပ်စု(မနီကုန်း) ဒေါ်ပန်းချစ်က “GRN နဲ့ ဆက်တက်ဖို့ စီစဉ်ထားတယ်။ နစ်နာတဲ့မြေဖိုးကအစ တအားကွာတယ်။ လျော်လာခဲ့တဲ့ တလျှောက်လုံးမှာ အခုပြန်တွက်ပေးတာ တအားကွာတာ။ အခုက တန်ရာတန်ကြေးလောက်တောင် မလျော်ပေးဘူး” လို့ ပြောပါတယ်။ အိန္ဒု-ကော့ကရိတ်လမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်း (PMU) အဖွဲ့ဝင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဗညားထော်က “ယခင် ဖြေရှင်းခဲ့တာအားလုံး အဆင်ပြေတယ်။ အခုနောက်ပိုင်းမှာ တချို့ မကျေနပ်ကြဘူး။ ဖြေရှင်းပေးတဲ့ဟာကိုမှ မကျေနပ်ဘူး ဆိုရင်တော့ နောက်ဆုံး ပြည်နယ်ရဲ့အဆုံးအဖြတ်ကို ခံယူရမှာဖြစ်တယ်” လို့ ပြောပါတယ်။ ဘားအံမြို့နယ်၊ ဒူရိန်ကျေးရွာ၊ ဒေါ်နန်းစန်းမော်က “အစတုန်းကတော့ မကျေနပ်ဘူး။ ထိထားတာက များတယ်။ ရတာက နည်းတယ်။ အခု ထိတာနဲ့ လျော်ကြေးရတာကတော့ ထိုက်တန်တာပေါ့” လို့ ပြောပါတယ်။ အခု တတိယအကြိမ် စီမံကိန်းမှာပါဝင်တဲ့ ထိခိုက်နစ်နာသူ ၇၅ ဦးအတွက် ကျပ်သန်းပေါင်း ၄၉၀ ကျော်ကို တာဝန်ရှိသူတွေက လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလက ပထမအကြိမ် ထိခိုက်နစ်နာသူ ၇၆ ဦးကို ကျပ်သန်း ၇၄၀ ကျော်၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ဒုတိယအကြိမ် ထိခိုက်နစ်နာသူ ၁၀၄ ဦးကို ကျပ်သန်း ၁၁၀၀ ကျော် ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ စီမံကိန်းအတွက် မြေသိမ်းယူမှု ၃.၄ ကီလိုမီတာ၊ နေရာရွှေ့ပြောင်းမှုအတွက် အိမ်နဲ့ အိမ်ဆိုင် ၉ လုံး၊ တစိတ်တပိုင်း ထိခိုက်မှု အိမ်နဲ့အိမ်ဆိုင် ၅ လုံး၊ မြေအသုံးပြုမှုကြောင့် ထိခိုက်သူ ၁၂၃ ဦးရဲ့ စုစုပေါင်းမြေ ၃၉၂၉၂ စတုရန်းမီတာ ထိခိုက်နစ်နာခဲ့တယ်လို့ စစ်တမ်းများအရ သိရပါတယ်။ လမ်းပိုင်း အဆင့်မြှင့်တင်ဖို့ ကမ္ဘာ့ဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ အာဆီယံ အခြေခံအဆောက်အဦဆိုင်ရာ ရန်ပုံငွေအဖွဲ့ကနေ အမေရိကန်ဒေါ်လာ သန်း ၂၀ ချေးယူပြီး လုပ်ဆောင်နေတဲ့ စီမံကိန်း ဖြစ်ပါတယ်။ သတင်း - ရဲမင်းခေါင်
အိႏၵဳ-ေကာ့ကရိတ္လမ္း ေလ်ာ္ေၾကးကိစၥ အျငင္းပြားမႈေျဖရွင္းေရးေကာ္မတီကို ဆက္တင္ျပမည္ DVB အိႏၵဳ-ေကာ့ကရိတ္လမ္းပိုင္း အဆင့္ျမႇင့္တင္ျခင္း စီမံကိန္းမွာ ပါဝင္တဲ့ ထိခိုက္နစ္နာသူေတြကို ေလ်ာ္ေၾကးေငြ သတ္မွတ္ေပးတဲ့အေပၚ နစ္နာမႈေတြရွိတဲ့အတြက္ GRN (အျငင္းပြားမႈ ေျဖရွင္းေရးဆိုင္ရာေကာ္မတီ) ကို ဆက္လက္တင္ျပသြားမယ္လို႔ ေဒသခံအခ်ိဳ႕က ေျပာပါတယ္။ ဩဂုတ္ ၁ ရက္ေန႔ ေန႔လယ္ ၁ နာရီက ဘားအံၿမိဳ႕ ဇြဲကပင္ခန္းမွာ က်င္းပတဲ့ တတိယအႀကိမ္ေျမာက္ ေလ်ာ္ေၾကးေငြ ေပးအပ္ပြဲ အခမ္းအနားမွာ ေဒသခံတခ်ိဳ႕က ေျပာပါတယ္။ အဆိုပါ ထိခိုက္နစ္နာမႈအတြက္ ေလ်ာ္ေၾကးေပးအပ္ရာမွာ ရယူသူ ၇၅ ဦးရွိၿပီး ေလ်ာ္ေၾကးေငြေပးအပ္တဲ့အေပၚ ေက်နပ္မႈမရွိတဲ့ ေဒသခံ ၁၀ ဦးက ေလ်ာ္ေၾကးေငြလက္မခံတဲ့အျပင္ အျငင္းပြားမႈေျဖရွင္းေရးဆိုင္ရာ ေကာ္မတီကို ဆက္လက္တင္ျပသြားမွာ ျဖစ္ပါတယ္။ ဘားအံၿမိဳ႕နယ္၊ ခရဲေက်း႐ြာအုပ္စု(မနီကုန္း) ေဒၚပန္းခ်စ္က “GRN နဲ႔ ဆက္တက္ဖို႔ စီစဥ္ထားတယ္။ နစ္နာတဲ့ေျမဖိုးကအစ တအားကြာတယ္။ ေလ်ာ္လာခဲ့တဲ့ တေလွ်ာက္လုံးမွာ အခုျပန္တြက္ေပးတာ တအားကြာတာ။ အခုက တန္ရာတန္ေၾကးေလာက္ေတာင္ မေလ်ာ္ေပးဘူး” လို႔ ေျပာပါတယ္။ အိႏၵဳ-ေကာ့ကရိတ္လမ္း အဆင့္ျမႇင့္တင္ျခင္း စီမံကိန္း (PMU) အဖြဲ႕ဝင္၊ လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးမင္းဗညားေထာ္က “ယခင္ ေျဖရွင္းခဲ့တာအားလုံး အဆင္ေျပတယ္။ အခုေနာက္ပိုင္းမွာ တခ်ိဳ႕ မေက်နပ္ၾကဘူး။ ေျဖရွင္းေပးတဲ့ဟာကိုမွ မေက်နပ္ဘူး ဆိုရင္ေတာ့ ေနာက္ဆုံး ျပည္နယ္ရဲ႕အဆုံးအျဖတ္ကို ခံယူရမွာျဖစ္တယ္” လို႔ ေျပာပါတယ္။ ဘားအံၿမိဳ႕နယ္၊ ဒူရိန္ေက်း႐ြာ၊ ေဒၚနန္းစန္းေမာ္က “အစတုန္းကေတာ့ မေက်နပ္ဘူး။ ထိထားတာက မ်ားတယ္။ ရတာက နည္းတယ္။ အခု ထိတာနဲ႔ ေလ်ာ္ေၾကးရတာကေတာ့ ထိုက္တန္တာေပါ့” လို႔ ေျပာပါတယ္။ အခု တတိယအႀကိမ္ စီမံကိန္းမွာပါဝင္တဲ့ ထိခိုက္နစ္နာသူ ၇၅ ဦးအတြက္ က်ပ္သန္းေပါင္း ၄၉၀ ေက်ာ္ကို တာဝန္ရွိသူေတြက လႊဲေျပာင္းေပးအပ္ခဲ့ပါတယ္။ ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလက ပထမအႀကိမ္ ထိခိုက္နစ္နာသူ ၇၆ ဦးကို က်ပ္သန္း ၇၄၀ ေက်ာ္၊ ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလက ဒုတိယအႀကိမ္ ထိခိုက္နစ္နာသူ ၁၀၄ ဦးကို က်ပ္သန္း ၁၁၀၀ ေက်ာ္ ေပးအပ္ခဲ့ၿပီး ျဖစ္ပါတယ္။ အဆိုပါ စီမံကိန္းအတြက္ ေျမသိမ္းယူမႈ ၃.၄ ကီလိုမီတာ၊ ေနရာေ႐ႊ႕ေျပာင္းမႈအတြက္ အိမ္နဲ႔ အိမ္ဆိုင္ ၉ လုံး၊ တစိတ္တပိုင္း ထိခိုက္မႈ အိမ္နဲ႔အိမ္ဆိုင္ ၅ လုံး၊ ေျမအသုံးျပဳမႈေၾကာင့္ ထိခိုက္သူ ၁၂၃ ဦးရဲ႕ စုစုေပါင္းေျမ ၃၉၂၉၂ စတုရန္းမီတာ ထိခိုက္နစ္နာခဲ့တယ္လို႔ စစ္တမ္းမ်ားအရ သိရပါတယ္။ လမ္းပိုင္း အဆင့္ျမႇင့္တင္ဖို႔ ကမာၻ႔ဘဏ္ကေန အေမရိကန္ေဒၚလာ သန္း ၁၀၀ အာဆီယံ အေျခခံအေဆာက္အဦဆိုင္ရာ ရန္ပုံေငြအဖြဲ႕ကေန အေမရိကန္ေဒၚလာ သန္း ၂၀ ေခ်းယူၿပီး လုပ္ေဆာင္ေနတဲ့ စီမံကိန္း ျဖစ္ပါတယ္။ သတင္း - ရဲမင္းေခါင္
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024