Home
မြန်မာသတင်း
မင်းလှမြို့နယ်တွင် ရေနံစိမ်းတင် ကားတစီး မီးလောင်ကျွမ်း
DVB
·
August 2, 2019
မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ထန်းကိုင်းရေနံမှော်အတွင်းမှာ သြဂုတ် ၁ ရက်နေ့ ညပိုင်းက ရေနံစိမ်တွေ တင်ဆောင်လာတဲ့ ကားတစီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ထန်းကိုင်းရေနံမှော် အတွင်းမှာ ရေနံစိမ်းတွေ တင်ထားတဲ့ မော်တော်ယာဉ်တစီး ချောက်ထဲ ထိုးကျပြီး မီးလောင်ကျွမ်းနေတယ်လို့ သတင်းရတဲ့အတွက် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တယ်လို့ မင်းလှမြို့မစခန်းမှူး ဒုရဲမှူးသန်းလှိုင်က ပြောပါတယ်။ “ဖြစ်စဉ်ကတော့ စူပါကာစတန် ကားနဲ့ ရေနံစိမ်းပေပါ ၅ လုံး တင်ဆောင်ပြီး ရေနံမှော်အတွင်းက မောင်းနှင်လာရာ နောက်ပြန်လိမ့်ကျကာ ဝါယာရှော့ ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တာပါ။ ပျက်စီး ဆုံးရှုံးမှု တန်ဖိုးကတော့ ၁၅ သိန်းကျပ်ဖိုးခန့် ရှိပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်လို့ ယာဉ်မောင်း နေထက်လင်းအား မင်းလှမြို့မရဲစခန်းမှာ မော်တော်ယာဉ်အား ပေါ့ဆစွာ မောင်းနှင်ပြီး မီးလောင်ကျွမ်းစေတဲ့အတွက် မီးပေါ့ဆမှု ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-မင်းထီး ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version မင္းလွၿမိဳ႕နယ္တြင္ ေရနံစိမ္းတင္ ကားတစီး မီးေလာင္ကြၽမ္း DVB မေကြးတိုင္း၊ မင္းလွၿမိဳ႕နယ္၊ ထန္းကိုင္းေရနံေမွာ္အတြင္းမွာ ၾသဂုတ္ ၁ ရက္ေန႔ ညပိုင္းက ေရနံစိမ္ေတြ တင္ေဆာင္လာတဲ့ ကားတစီး မီးေလာင္ကြၽမ္းမႈ ျဖစ္ပြားခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။ ထန္းကိုင္းေရနံေမွာ္ အတြင္းမွာ ေရနံစိမ္းေတြ တင္ထားတဲ့ ေမာ္ေတာ္ယာဥ္တစီး ေခ်ာက္ထဲ ထိုးက်ၿပီး မီးေလာင္ကြၽမ္းေနတယ္လို႔ သတင္းရတဲ့အတြက္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ဦးေဆာင္တဲ့ ရဲတပ္ဖြဲ႕ဝင္ေတြ၊ မီးသတ္တပ္ဖြဲ႕ဝင္ေတြ၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္ေတြနဲ႔ ေဒသခံျပည္သူေတြ ဝိုင္းဝန္းျငႇိမ္းသတ္ခဲ့တယ္လို႔ မင္းလွၿမိဳ႕မစခန္းမႉး ဒုရဲမႉးသန္းလႈိင္က ေျပာပါတယ္။ “ျဖစ္စဥ္ကေတာ့ စူပါကာစတန္ ကားနဲ႔ ေရနံစိမ္းေပပါ ၅ လုံး တင္ေဆာင္ၿပီး ေရနံေမွာ္အတြင္းက ေမာင္းႏွင္လာရာ ေနာက္ျပန္လိမ့္က်ကာ ဝါယာေရွာ့ ျဖစ္ၿပီး မီးစတင္ေလာင္ကြၽမ္းခဲ့တာပါ။ ပ်က္စီး ဆုံးရႈံးမႈ တန္ဖိုးကေတာ့ ၁၅ သိန္းက်ပ္ဖိုးခန႔္ ရွိပါတယ္” လို႔ ဒီဗြီဘီကို ေျပာပါတယ္။ အဆိုပါျဖစ္စဥ္နဲ႔ပတ္သက္လို႔ ယာဥ္ေမာင္း ေနထက္လင္းအား မင္းလွၿမိဳ႕မရဲစခန္းမွာ ေမာ္ေတာ္ယာဥ္အား ေပါ့ဆစြာ ေမာင္းႏွင္ၿပီး မီးေလာင္ကြၽမ္းေစတဲ့အတြက္ မီးေပါ့ဆမႈ ပုဒ္မ ၂၈၅ နဲ႔ အမႈဖြင့္အေရးယူထားတယ္လို႔ သိရပါတယ္။ သတင္း-မင္းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024